Posts

Showing posts from 2013

47 Ronin

47 Ronin (2013) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ တစ်ချိန်က နာမည်ကြီးမင်းသား Keanu Reeves ပါဝင်သရုပ်ဆောင်ထားပြီး ဂျပန် ရဲ့ သမိုင်းဝင် သူရဲကောင်း ၄၇ ယောက်ရဲ့ တကယ့်အဖြစ်အပျက်တွေက နေ အိုင်ဒီယာယူပြီး Sci-Fi, Fantasy ဇာတ်ကားအနေနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကိုမပြောခင်မှာ တစ်ခုကြိုပြောချင်တာက ဒီကားကို ကြည့်တဲ့အခါ ဒီကားက လက်ရှိကျွန်တော် တို့ ကမ္ဘာထဲမှာဖြစ်နေတာမဟုတ်ပဲ တစ်ခြား Parallel ကမ္ဘာတစ်ခုမှာ ဖြစ်နေတာလို့ သဘောထားပြီး ကြည့်ရင်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဟယ်ရီပေါ်တာတို့၊ Batman: The Dark Knight Return (Animation) တို့ လိုမျိုးပါ။ ဟယ်ရီပေါ်တာလို တကယ်မရှိတာကို စိတ်ကူးယဉ် ဆန်ဆန် လက်ရှိကမ္ဘာနဲ့ တွဲရိုက်ထားပြီး၊ Batman ကာတွန်းလို့ လက်ရှိ Batman Main stream ကာတွန်းမှာ မဟုတ်တဲ့ ဇာတ်လမ်းကို တစ်ခြားစင်္ကြာဝဠာတစ်ခု (Parallel Universe) အနေနဲ့ ရိုက်ကူးထားပါတယ်။ တစ်ချို့က ဒီကားကိုကြည့်ပြီး မကောင်းဘူး၊ ဂျပန် ၇ိုးရာကို စော်ကားတယ် လို့ ပြောနေတာဟာ အထက်က ကျွန်တော် ပြောသလို သဘောမထားလို့ပါ။ ဒီကားက သမိုင်း ကြောင်းပြန်ပြောပြတဲ့၊ History, Biography မဟုတ်ပါဘူး။ Fantasy ကားပါ။ ဇာတ်လမ်း

ရုပ်ရှင်ကို ခံစားကြည့်ရှုခြင်း

Image
ရုပ်ရှင်ကို ခံစားကြည့်ရှုခြင်း

Home Alone (1990)

Home Alone (1990) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်သတ်နဲ့ ရင်းနှီးပြီးသား ရုပ်ရှင်ကားဖြစ်တဲ့ Home Alone ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက Christmas ကာလကို ဇာတ်အိမ်တည်ရိုက်ကူးထား သလို အကောင်းဆုံး Christmas ဇာတ်လမ်းတွေထဲက တစ်ကားဖြစ်လို့ အခုလို အချိန်မှာ မိတ်ဆက်ပေး တာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိပြီးတဲ့ အတိုင်း ၈နှစ်သား Kevin က မိသားစု ခရီးမှာ ပါမသွားပဲ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ ဒီအချိန်မှာ ရပ်ကွက်ထဲမှာ လှည့်ပြီး ခိုးနေတဲ့ သူခိုး နှစ်ယောက် ကို တစ်ယောက်တည်း ရင်ဆိုင် ရပုံကို ဟာသနှောပြီး တင်ဆက်ထားသလို၊ လမ်းတစ်ဝက်ရောက်မှ သားဖြစ်သူ မပါလာတာကို သိလိုက်ရတဲ့ Kevin ရဲ့အမေ က ပြင်သစ်ကိုရောက်ရောက်ချင်း လေဆိပ်က နေ လှည့်ပြန်ဖို့ ကြိုးစားပေမယ့် Christmas ကာလဖြစ်တာ ကြောင့် လေယာဉ်တွေအားလုံး လူပြည့်နေပါတယ်။ ဒါ့အပြင် သူ့အိမ်ကိုလည်း ဖုန်းခေါ်လို့မရ၊ အိမ်နီးနားချင်းတွေ အကုန်လုံးလည်း ခရီးသွားနေကြတာ မို့ သားဖြစ်သူကို စိုးရိမ် စိတ်နဲ့ သောကေ၇ာက်ရပုံ၊ Chicago က နေအိမ်ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ အရောက် ပြန်ပုံ တို့ကို ပညာသားပါပါ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီကားက ကျွန်တော်မွေ

The Hobbit: The Desolation of Smaug (December 13 2013) - Movie Review

The Hobbit: The Desolation of Smaug (December 13 2013) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ အများမျှော်လင့်နေကြတဲ့ The Hobbit ဒုတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားက Lord of the Rings Trilogy ရဲ့ Prequel ဖြစ်ပြီး The Hobbit Trilogy ရဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။ ဒီကားမှာ Lord of the Rings ထဲက မင်းသားချော Orlando Bloom က Legolas အဖြစ်ပြန်လည်ပါဝင်လာပြီး၊ အခြား ဇာတ်ကောင်အသစ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ပထမဇာတ်ကား အစပိုင်းမှာ Dwarf တွေရဲ့ ရတနာတွေ ကြောင့် နဂါးကြီးတစ်ကောင်က Dwarf တွေ မြို့ကို ကျူးကျော်ဝင်ရောက် ခဲ့သလို Dwarf တွေလည်း သူတို့ရဲ့ မြို့ကိုစွန့်ခွာခဲ့ရပါတယ်။ ဒီကားမှာ Dwarf တွေက Gandalf နဲ့ Bilbo (Frodo ရဲ့ ဦးလေးဖြစ်သူ) ရဲ့အကူအညီနဲ့ သူတို့ မြို့ထဲကို ခိုးဝင်ပြီး နဂါးကြီးစောင့်ကြပ်နေတဲ့ ရတနာတွေထဲက Dwarf ဘုရင် ရဲ့ ရတနာ ဖြစ်တဲ့ Arkenstone ကို ၀င်ခိုးရမှာဖြစ်ပြီး၊ ဒီရတနာရှိမှသာ တခြား Dwarf တွေကို ဆင့်ခေါ်နိုင်မှာဖြစ်ပါတယ်။ ဇာတ်ကားက ထုံးစံအတိုင်း Action/Adventure ပုံစံရိုက်ကူးထားတာဖြစ်ပြီး လိုရာခရီးကို ရောက်အောင်သွားရင်းနဲ့ အန္တာရာယ်ကြုံတွေ့တာတွေ၊ စွန့်စားခန်းေ

Good Will Hunting

Good Will Hunting - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်သတ်ကြိုက်မင်းသား Matt Daemon ရဲ့ Oscar ဆုရ ဇာတ်ကား Good Will Hunting နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို Matt Daemon နဲ့ Ben Afleck တို့ နှစ်ယောက် ဇာတ်လမ်းရေးသားခဲ့ပြီး၊ ဇာတ်လမ်းဆုနဲ့ ဇာတ်ပို့ဆု နဲ့ အကယ်ဒီမီ၂ခုရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ မင်းသား Matt Daemon (Will Hunting) က MIT (Massachusetts Institute of Technology) တက္ကသိုလ်မှာ သန့်ရှင်းရေးအဖြစ်အလုပ်လုပ်ပြီး၊ သူက ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီး ပညာရှာသလို၊ ဥာဏ်ရည်ထက်မြက်သူတစ်ဦးလည်းဖြစ်ပါတယ်။ ထူးချွန်သူတစ်ဦးဖြစ်သလို သူမှာ၊ photographic memory လို့ခေါ်တဲ့ တစ်ခါကြည့်ရုံနဲ့ မှတ်မိနိုင်လောက်တဲ့ မှတ်ဥာဏ် ပိုင်ရှင်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ MIT က Professor Lambeau က သူ့ရဲ့တပည့်တွေကို ပညာစမ်းဖို့ မေးခွန်းတစ်ခု ကို Notice Board မှာတင်လိုက်ပါတယ်။ ဒါကို Will က လွယ်လွယ်ကူကူ အဖြေထုတ်ပေးလိုက်ပေမယ့် အမည်မဖော်ပဲ ဒီတိုင်းပဲ ဖြေပေးလိုက်ပါတယ်။ ဒါကြောင့် Prof: Lambeau က နောက်တစ်ကြိမ် ထပ်မေးခွန်းထုတ်ခဲ့ပြီး ဖြေဆိုတဲ့သူကို သိအောင်လုပ်ပေမယ့် ဒီတစ်ကြိမ်မှာ လည်း Will က ရှောင်ထွက်သွားခဲ

Homefront (2013) - Movie Link Included

Homefront (2013) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။ မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ၀င်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ဖြန့်ပေးဖို့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းက စတားလုံး၊ မင်းသားက Jason ဆိုတော့ ဇာတ်လမ်းကလည်း ကျွန်တော်တို့ ခေတ်က အက်ရှင်ကားကောင်း တစ်ကားရဲ့ အငွေ့အသက် အပြည့်အ၀ပါပါတယ်

Running Scared (2006) - Movie Link Included

Image
Running Scared (2006) - Movie Link Included #ရုပ်ရှင်မိတ်ဆက်

The Hunger Games: Catching Fire (2013) - Movie Link Included (Poor Quality)

Image
The Hunger Games: Catching Fire (2013) - Movie Link Included (Poor Quality) ရုပ်ရှင်မိတ်ဆက်

Fast Five - Movie Link Included

Image
Fast Five (2011) - Movie Link Included ရုပ်ရှင်မိတ်ဆက်

Drive (2011) - Movie Link Included

Image
Drive (2011) - Movie Link Included ရုပ်ရှင်မိတ်ဆက်

Foolproof (2003) - Movie link Included

Foolproof (2003) ရုပ်ရှင်မိတ်ဆက်

The Dark Knight (2008) - Movie Preview by ရုပ်ရှင်မိတ်ဆက် Movie link included

Image
The Dark Knight (2008) ရုပ်ရှင်မိတ်ဆက်

Sabotage (2014) - Movie Preview

Image
Sabotage (April 2014) ရုပ်ရှင်မိတ်ဆက်

The Wolverine (2013) - Movie Review by ရုပ်ရှင်မိတ်ဆက် - Movie link Included

Image
The Wolverine (2013) ရုပ်ရှင်မိတ်ဆက်

Last Vegas (2013) - Movie Review by ရုပ်ရှင်မိတ်ဆက်

Image
Last Vegas (2013) - Movie Review ရုပ်ရှင်မိတ်ဆက်

Maleficent (2014) - Movie Preview

Image
Maleficent

Catch Me If You Can - Movie Review by ရုပ်ရှင်မိတ်ဆက် - Movie link Included

Image
Catch Me If You Can (2002) ရုပ်ရှင်မိတ်ဆက်

The Flash Origin by ရုပ်ရှင်မိတ်ဆက်

Image
The Flash Character မိတ်ဆက် ရုပ်ရှင်မိတ်ဆက်

Thor: The Dark World - Movie Review by ရုပ်ရှင်မိတ်ဆက်

Image
Thor: The Dark World (2013) ရုပ်ရှင်မိတ်ဆက်

Lucky You (2007) - Movie Review by ရုပ်ရှင်မိတ်ဆက် - Movie Link Included

Image
Lucky You (2007) ရုပ်ရှင်မိတ်ဆက်

Despicable Me 1 + 2 - Movie Review by ရုပ်ရှင်မိတ်ဆက် - Movie Links Included

Image
Despicable Me 1 + 2 (2010, 2013) ရုပ်ရှင်မိတ်ဆက်

50 First Dates - Movie Review (2004) by ရုပ်ရှင်မိတ်ဆက် - Movie Link Included

Image
50 First Dates (2004) ရုပ်ရှင်မိတ်ဆက်

Ender's Game (2013) - Movie Review

Image
Ender's Game (2013) ရုပ်ရှင်မိတ်ဆက်

Superman Vs Batman (2015) - Movie Preview

Image
Superman vs Batman (2015) - Movie Preview

Leon: The Professional (1994)

Image
Leon: The Professional (1994) ရုပ်ရှင်မိတ်ဆက်

47 Ronin (December 25, 2013) - Movie Preview

Image
47 Ronin - Preview ရုပ်ရှင်မိတ်ဆက်

Captain Phillips (2013) - Movie Review

Image
Captain Phillips (2013) ရုပ်ရှင်မိတ်ဆက်

Superman Origin By ရုပ်ရှင်မိတ်ဆက်

Image
Superman Character မိတ်ဆက် ရုပ်ရှင်မိတ်ဆက်  Superman ကို DC Comic က 1938 ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး ယနေ့အချိန်ထိ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး နဲ့ စံထားရတဲ့ Superhero ဖြစ်ခဲ့ပါတယ်။

Batman Origin by ရုပ်ရှင်မိတ်ဆက်

Image
Batman Character မိတ်ဆက် ရုပ်ရှင်မိတ်ဆက် Batman ကတော့ မြန်မာပရိတ်သတ်တွေနဲ့ အထူးမိတ်ဆက်ပေးဖို့မလိုဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဇာတ်ကြောင်းကိုတော့ သိပ်သိကြမှာမဟုတ်ပါဘူး။  Comic Book Heroes တွေရဲ့ ထုံးစံ အတိုင်း ဟီးရိုးတွေကို ခေတ်ကာလ နဲ့ အညီ အသစ်ပြန်ပြန်ပြီး မိတ်ဆက်ရပါတယ်။ ဒါကြောင့် Batman မှာလည်း ကွဲပြားတဲ့ ဇာတ်လမ်းတွေရှိပါတယ်။

Thor (2011) - Movie Link Included

Image
Thor (2011) ရုပ်ရှင်မိတ်ဆက်

Thor Origin by ရုပ်ရှင်မိတ်ဆက်

Image
Thor Character မိတ်ဆက်

3:10 to Yuma (2007) - Movie Link Included

Image
3:10 to Yuma (2007) ရုပ်ရှင်မိတ်ဆက်

Saving Private Ryan (1998) - Movie link Included

Image
Saving Private Ryan (1998)

Prisoner (2013) Video Review

Image
http://www.youtube.com/watch?v=c4Z4-q1qsEA&feature=youtu.be

Gravity (2013) - Movie Review

Image
Gravity (2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ကြည့်ကိုကြည့်သင့်တဲ့ကားပါ. .။ ကဲစထဲကပြောထားလိုက်ပြီ။ မကြိုက်တဲ့ သူတွေက ဘာလို့ မကြိုက်ကြလည်းတော့မသိဘူး။ အကောင်းတကာ့ အကောင်းဆုံးကားတွေထဲမှာ ဒီကားလည်းပါပါတယ်။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Godfather ဇာတ်လမ်းတွေ၊ Nolan ရဲ့ The Dark Knight ၃ကားနဲ့ တန်းတူ အောင်မြင်ပြီး အရည်အသွေးကောင်းတဲ့ကားပါ။ အခုထဲကတောင် Oscar Nomination မှာ ထိပ်ဆုံးက စာရင်းပြေးနေပါပြီ။ Best Actress, Best Achievement in Visual Effect, Best Writing, Director, စတဲ့ ဆုတွေအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ဖို့လည်း ကြိမ်းသေနေပါတယ်။ ဒီကားကိုကြည့်ရင်းနဲ့ မြန်မာပြည်ကိုတောင် ပြန်သတိရမိပါတယ်။

Escape Plan (2013) - Arnold & Stallone

Image
Escape Plan (2013) - Movie Review #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒီဇာတ်ကားက ထင်ထားတာထက်ပိုကောင်းတဲ့ ဇာတ်ကားပါ။ Action Hero Icon နှစ်ယောက်ပထမဆုံး ခေါင်းဆောင်ပါဝင်ထားတဲ့ကားဖြစ်ပြီး၊ သူတို့ရဲ့ပရိတ်သတ်တွေ နှစ်ပေါင်း ၂၀ နီးပါး မျှော်လင့်စောင့်စားခဲ့ရတာတွေကို ဒီကားက စိတ်ကျေနပ်မှုရစေမှာပါ။ Expendables ကားနှစ်ကားမှာ တူတူ တွဲသရုပ်ဆောင်ဖူးပေမယ့် အခု Escape Plan မှာမှ သူတို့ နှစ်ယောက် အဓိက သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ California Governor ဖြစ်သွားတဲ့ ၂၀၀၃ ခုနှစ်ထဲက ရုပ်ရှင်လောက ကနေအနားယူသွားတဲ့ Arnold နဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ နာမည်ကျသွားခဲ့ပြီး Rambo ( မြန်မာပြည်ကို ဇာတ်အိမ်တည်ထားတဲ့ကား) နဲ့ နာမည်ပြန်ရလာတဲ့ Stallone တို့ နှစ်ဦးရဲ့ Action တွေကို ဒီကားမှာ ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Stallone က ထောင်တွေကို လုံခြုံစိတ်ချရမှုရှိမရှိ၊

The Counselor - 2013 ( Brad Pitt ) - Preview

Image
ဒီဇာတ်ကားကလည်း သာမန် Crime/Thriller/Drama ကားတစ်ကားပါပဲ။ သာမန်ရှေ့နေတစ်ယောက်က မူးယစ်ဆေးဝါး ခိုးသွင်းရာကနေ ဘိန်သမားတွေ၊ လူဆိုးဂိုဏ်းတွေ နဲ့ ပတ်သက်မိပြီး သူရဲ့ ဘ၀ကို ပါ ဒုက္ခပေးလာတယ်ဆိုတဲ့ ဇာတ်လမ်းပါ။ Trailer မှာ ဇာတ်လမ်းကို သေချာမပြထားတော့ ဘာကို မှမျှော်လင့်လို့မရနိုင်ပါဘူး။ အထူးသဖြင့်

The Hobbit: The Desolation of Smaug - Preview

Image
ဒီတစ်ခါတော့ Lord Of the Rings သုံးကားရဲ့အရှေ့က ဖြစ်ပျက်ခဲ့တာတွေကို ဇာတ်အိမ်တည်ထားတဲ့ Hobbit ဇာတ်လမ်းတွဲတွေထဲက ဒုတိယမြောက်ကားပါ။ The Hobbit: An Unexpected Journey တုန်းက အောင်မြင်မှုရရှိခဲ့သလို

Wolrd War Z (2013) - Movie Link Included

Image
World War Z (2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar သမရိုးကျ Zombie ကားတွေလိုပါပဲ၊ ရောဂါပိုး ဖြစ်ပွားရာကနေစပြီး လူတွေ က အသားစား အသေကောင် (Zombie) တွေအဖြစ် ပြောင်းကုန်ပြီး Zombie ကပ်ဆိုက်ပါတယ်။ ဒီကားထဲမှာ ပရိတ်သတ်အချစ်တော် မင်းသားချော Brad Pitt က N.A.T.O နဲ့ U.N က ထိပ်တန်းအရာရှိဟောင်းတစ်ဦး  ဖြစ်ပြီး ကပ်ဆိုက်လာတဲ့အချိန်မှာ လူအတော်များများက ကုန်းမြေကို စွန့်ခွာပြီး U.S.S.R လေယာဉ်တင်သင်္ဘောကြီးတွေ ပေါ်ကို ထွက်ပြေးကြပါတယ်။ အဲ့ဒီမှာ ရောဂါကုသဆေး ထုတ်နိုင်ဖို့အတွက် လူငယ်ဆရာဝန်တစ်ဦးနဲ့  Brad Pitt ကို ဒီ Zombie စဖြစ်တယ်လို့ ယူဆရတဲ့ Korea နိုင်ငံကို စေလွှတ်ပြီး သဲလွန်စရှာခိုင်းခဲ့ပါတယ်။ ဇာတ်လမ်းက Brad Pitt က သဲလွန်စ တစ်ခုပြီး တစ်ခု တွေပြီး တစ်နေရာပြီး တစ်နေရာ သွားပြီး ဖြစ်ပျက်ပုံ အဆင့်ဆင့်ကို စုံစမ်းရပါတယ်။ ဒီလိုစုံစမ်းရင်းနဲ့ Brad Pitt တစ်ယောက် Zombie ဖြစ်သွားမလား..၊ 

Rush (2013) - (Children Under 17 Required Parent/Guardian)

Image
Rush (2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒီဇာတ်လမ်းကတော့ ၁၉၇၀ ပြည့်နှစ်များက နာမည်ကြီးကားမောင်းသမား ၂ဦး ဖြစ်တဲ့ Niki Lauda နဲ့ James Hunt တို့ အကြောင်းကို Action/Drama/ Biography အနေနဲ့ပြန်ရိုက်ထားတာပါ။ Biography တွေကိုစိတ်ဝင်စားတဲ့သူတွေ၊ Formula One ကားပြိုင်ပွဲတွေကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်ကတော့ ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားကို လက်ရှိအချိန်ထိသက်ရှိထင်ရှားရှိနေသေးတဲ့ Niki Lauda ကိုယ်တိုင် ပြန်ပြောပြထားတာကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ ။ 

Now You See Me (2013) - Review

Image
Now You See Me (2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar နာမည်ကြီးနေတဲ့ မျက်လှည့်ရုပ်ရှင်ကားပါ။ မထွက်ခင်ကတည်းကလည်း လူတွေစိတ်ဝင်စားပါတယ်။ ကြည့်လို့လည်းကောင်းပြီး Graphic တွေကလည်း သေသပ်လှပပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မျက်လှည့်ဆရာလေးယောက်ကို လူတစ်ယောက်က ညွှန်ကြားချက်တွေပေးပြီး သူ့နဲ့ ရန်ကြွေးရှိထားတဲ့ လူနှစ်ယောက်ကို ပြန်ပြီး လက်စားချေခိုင်းတာပါ။ ရန်ကြွေးရှိရတဲ့အကြောင်းကတော့ သူ့ရဲ့ အဖေက မျက်လှည့်ဆရာ တစ်ဦးဖြစ်ပြီး တစ်နေ့မှာ မီးခံသေတ္တာထဲ ၀င်ေ၇အောက်ထဲကို ပစ်ချပြီး ကိုယ်လွတ်ပြန်ရုံးပြတဲ့ ပြကွက် ကို လုပ်ပြနေတုန်း မီးခံသေတ္တာ က စံချိန်မမှီ တဲ့အတွက် တံခါးဖွင့်လို့မရဖြစ်ပြီး သူ့အဖေက အထဲမှာပိတ်မိပြီးသေ သွားပါတယ်။ အဲ့လို သေသွားပြီးနောက် သူ့အဖေရဲ့ အသက်အာမခံ ကုမ္ပဏီကလည်း လျော်ကြေးမပေးလို့ သူတို့မိသားစုတွေနစ်နာခဲ့ရပါတယ်။ ဒါကြောင့် အာမခံကုမ္ပဏီပိုင်ရှင်ရယ် ဘဏ်ရယ်၊ မီးခံသေတ္တာထုတ်တဲ့ ကုမ္ပဏီရယ်၊ နောက်ဆုံး သူ့အဖေကို အရှက်ခွဲတဲ့ သူရယ်ကို ပြန်လက်စားချေတာပါ။ ပြန်လက်စားချေတဲ့နေရာမှာ ဇာတ်ကားထဲက အဓိကသရုပ်ဆောင် ၄ယောက်က (မျက်လှည့်ဆရာလေးယောက်က) မျက်လှည့်ပွဲ ၃ ပွဲ လုပ်ပြီး တစ်ပွဲမှာ တစ်ယောက်စီကို ပြန်ကလဲ့စားချေထ

Seven Pounds (2008)

Image
Seven Pounds (2008) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒရမ်မာကားကောင်းကြိုက်တဲ့သူ တွေ၊ ရုပ်ရှင်ကြည့်ဝါသနာ ပါသူတွေအတွက် ကတော့ အရမ်းကောင်းတဲ့ကားလေးတစ်ကား ပါ။ ဇာတ်လမ်းလေးကတော့ Will Smith က M.I.T ဘွဲ့ရ Aerospace Engineer (အာကာသယဉ် တည်ဆောက်တဲ့ အင်ဂျင်နီယာ)၊ ပိုက်ဆံလည်း ချမ်းသာတယ်၊ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်လည်းရှိတယ်။ တစ်နေ့မှာ ကားမောင်းပြန်လာရင်းနဲ့ ကားအက်ဆီးဒင့် ဖြစ်ပြီး တစ်ဖက်ကားက လူ၆ယောက်နဲ့ သူ့ ချစ်သူက ပွဲချင်းပြီး သေသွားတယ်။ အက်ဆီဒင့်ဖြစ်ပြီး တစ်နှစ်အကြာမှာ သူ့ညီက အဆုတ်ကင်ဆာဖြစ်ပြီး အဆုတ် ၂ဖက်လုံး လဲဖို့ လိုလာပါတယ်။ ဒါပေမယ့် အကိုဖြစ်သူက တစ်ဖက်ပဲပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီကစလို့ သူ့ချစ်သူ မရှိတော့ တဲ့ ဘ၀မှာ မနေချင်တော့တာရယ် သူ့ရဲ့ညီဖြစ်သူ ကို ကယ်တင်ဖို့ အစီစဉ်နဲ့ သူ့ရဲ့ ကိုယ်တွင်း အင်္ဂါ အစိတ်ပိုင်းတွေကို သာမက ပစ္စည်းဥစ္စာတွေကိုပါ စိတ်ကောင်းရှိပြီး အများအကျိုးပြုတဲ့သူ၊ တကယ် လိုအပ်တဲ့သူတွေကို ပေးခဲ့ဖို့ စီစဉ်ပါတယ်။

Pacific Rim (2013)

Image
Pacific Rim (2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar Pacific Rim ဆိုတာ ရုံမတင်ခင်ကတည်းက လူတွေရဲ့အာရုံကို Trailer တိုတိုလေးနဲ့တင် ဖမ်းစားနိုင်ခဲ့ပါတယ်။ Godzilla (1954, Japan)ပြီးကတည်းက ပထမဆုံးအကြိမ် အဖြစ် စက်ရုပ်တွေနဲ့ ဂြိုလ်သားတွေ ချတာကို ကြည့်ရမှာဖြစ်တဲ့အတွက် လူတော်တော် များများ အားပေးခဲ့ပါတယ်။

Man Of Steel

Image
Man Of Steel (2013) # ရုပ်ရှင်မိတ်ဆက် # MoviesForMyanmar   ဒီတစ်ခါတော့ မြန်မာပရိတ်သတ်နဲ့လည်းမစိမ်းတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Man of Steel လို့ ခေါ်တဲ့ Superman ဇာတ်ကားသစ်က Superman 1,2,3,4 ဇာတ်လမ်းတွဲတွေ ထွက်ခဲ့ပြီး ၁၉ နှစ်ကြာမှာ Reboot ပြန်လုပ်တာဖြစ်ပါတယ်။ Batman ဇာတ်လမ်းတွေကိုလည်း George Clooney ရဲ့ Batman & Robin ဇာတ်ကားအပြီးမှာ ကွာလတီညံ့ဖျင်းလာတာကြောင့် Warner Brothers က Reboot လုပ်ခဲ့ပြီး Batman Begins, The Dark Knight, The Dark Knight rises တို့ အောင်မြင်မှုရခဲ့တာကြောင့် Superman ဇာတ်လမ်းကိုလည်း ပြန်ပြီး Reboot လုပ်တာဖြစ်ပါတယ်။ နောက်တစ်ချက်က Marvel က Avengers ရိုက်ကူးနေချိန်မှာ၊ DC Comic ကလည်း Justic League ဇာတ်ကားကို ရိုက်ကူးဖို့အတွက် ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။ Justice League မှာ Superman, Batman, Green Lantern, Wonder Woman, Flash, Hawkgirl နဲ့ Martian Manhunter တို့ပါဝင်ပြီး လက်ရှိမှာ Superman, Batman နဲ့ Green Lantern ဇာတ်လမ်းတို့ပဲ ထွက်ထားပြီးဖြစ်ပါတယ်။

Monsters University (2013)

Image
Monsters University (2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒီတစ်ခါ ရုပ်ရှင်ပရိသတ်အတွက် ဒီနှစ်ထဲမှာထွက်ထားတဲ့ နာမည်ကြီး ကားသစ်လည်းဖြစ်၊ လူကြီးလူငယ် အရွယ်စုံကြိုက်မဲ့ ကာတွန်းဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကာတွန်းကားနဲ့ ပတ်သက်လို့ လူတော်တော်များရှိပြီးသား အစွဲနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။ ကာတွန်းကားဆိုတာနဲ့ အများထင်သလို ကလေးပဲ ကြည့်ရမယ်ဆိုတာ မဟုတ်ပါဘူး။ Hero လူစွမ်းကောင်းဇာတ်လမ်းတွေ ( ဥပမာ - Spider Man, Despicable Me, Super Man) တော်တော်များများ ကလေးတွေကို အဓိကဦးတည်ပြီးရိုက်ထားတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အခု မိတ်ဆက်မဲ့ Monsters ဇာတ်လမ်းကတော့ သာမန်ကလေးကာတွန်းဇာတ်လမ်းတွေနဲ့ မတူကွဲထွက်ထားတဲ့ လူကြီးတွေနဲ့ပါ သက်ဆိုင်တဲ့ ကားဖြစ်တယ်ဆိုတာ ဇာတ်လမ်းအကျဉ်းကို ဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ Monsters University ကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော် (၂၀၀၁ ခုနှစ်) က ထွက်ထားတဲ့ Monsters Inc ရဲ့ ဒုတိယကား၊ ဇာတ်လမ်းအားဖြင့် အရှေ့က ဖြစ်ရပ်(Prequel) ပါ။  ဇာတ်လမ်းအကျဉ်းကတော့

Monsters Inc. (2001)

Image
Monsters Inc. (2001) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒီဇာတ်လမ်းကတော့ ၂၀၀၁ ခုနှစ်ကတည်းက ထွက်ထားပေမဲ့ မကြည့်ရသေးသူများ၊ Monsters ကာတွန်းဇာတ်ကောင်နဲ့ အကျွမ်းတ၀င်မရှိသေးသူများအတွက် ဒီရုပ်ရှင်နဲ့ အနည်းငယ် မိတ်ဆက်ပေးလိုပါတယ်။ Monsters Incorporation ဆိုတာက

Tropic Thunder ( 13 August 2008)

Image
Tropic Thunder ( 13 August 2008) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒီတစ်ခါတော့ အက်ရှင်ဟာသကားလေးတစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ Tropic Thunder လို့ခေါ်တဲ့ ဇာတ်ကားမှာ Iron Man မင်းသား Robert Downing Jr. ၊ Fockers ကားတွေနဲ့ ပရိတ်သတ်ကြိုက် မင်းသားဖြစ်လာတဲ့ Ben Stiller တို့အဓိကသရုပ်ဆောင်ထားပါတယ် ။ ( နာမည်ကြီးမင်းသား Tom Cruise လည်း ပါတယ်နော်။ ရုပ်ရှင်ကြည့်ရင်းနဲ့ တွေ့အောင်ရှာကြပါ) ဇာတ်လမ်းထဲမှာပါတဲ့ သရုပ်ဆောင်

White House Down (2013)

Image
White House Down (28 June 2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ပရိတ်သတ်ကြီးကို ဒီတစ်ခါ အက်ရှင်ဇာတ်ကားကောင်းတစ်ကား  နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ White House Down ဇာတ်လမ်းကို Director Roland Emmerich က ရိုက်ကူးထားပြီး မင်းသား Channing Tatum (G.I Joe, Dear John, The Vow) နဲ့ Jamie Foxx (Collateral, Django, Law Abiding Citizen) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားကိုရိုက်တဲ့ ဒါရိုက်တာနဲ့အရင် မိတ်ဆက်ပေးပါရစေ။ တစ်ချို့တွေကသူကို သိပေမယ့် အများစုကတော့ သိမယ်မထင်ပါဘူး။ Roland Emmerich က တစ်ခြားဒါရိုက်တာတွေနဲ့မတူ ပဲ တစ်မူထူးခြားတာကတော့ သူ့ရဲ့ နာမည်ကြီးဇာတ်ကားတွေအကုန်လုံးက အပျက်အစီး များများနဲ့ ဇာတ်လမ်းဇာတ်အိမ်ကြီးကြီးမားမား ဆင်ပြီးရိုက်ထားတာ များပါတယ်။  Independence Day (Will Smith, 1996), Godzilla (Matthew Broderick, 1996), The Patriot (Mel Gibson, 2000), The Day After Tomorrow (Dennis Quake, Jake Gyllenhaal, 2004), 10,000BC (2008), 2012 (John Cusack, 2009) တို့ကတော့ သူရဲ့ လူသိများတဲ့ကားတွေဖြစ်ပြီး သရုပ်ဆောင် အင်အားများများနဲ့ ရိုက်ကူးထားတာတွေ့ရမှာပါ။ ဒီဇာတ္ကားေ

Prisoners (2013)

Image
Prisoners (20 September 2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒီတပတ်အသစ်တင်တဲ့ Prisoners ဆိုတဲ့ကား အကြောင်း ပရိတ်သတ်ကြီးကို ပြောချင်လို့ပါ။ မထွက်ခင်ကလည်း ဒီကားကို ကျွန်တော် Preview လုပ်ထားပါသေးတယ်။ Prisoners ကားက ကျွန်တော်အတွက်တော့ ဒီနှစ်ထဲမှာတင် မကပဲ ထွက်ဖူးသမျှ Crime/Drama/Thriller အကောင်းဆုံးကားတွေထဲက တစ်ကားပါလို့ ပြောချင်ပါတယ်။ ဇာတ်လမ်းကတော့ Kelly Dover (Hugh Jackman) နဲ့ Franklin Birch (Terrence Howard) တို့က သမီးနှစ်ယောက် ပျောက်သွားလို့ ပြန်လိုက်ရှာရတဲ့ အဖေတွေနေရာက သရုပ်ဆောင် ထားပါတယ်။ (No one is guilty until proven, သက်သေမပြနိုင်သရွေ့ ဘယ်သူမှအပြစ်မရှိဘူးဆိုတဲ့အ တိုင်း) ဇာတ်လမ်းကြော်ငြာမှာတော့ ကောင်မလေးနှစ်ယောက် ကို ဖမ်းသွားတယ်လို့ သံသယရှိသူ (Alex Jones played by Paul Dano) ကိုလည်း မိထားရဲ့သားနဲ့ အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ သံသယရှိလို့ဖမ်းထားသူကို သက်သေအထောက်အထား ရှိမှ သို့မဟုတ် စွဲချက်တင်နိုင်မှအချုပ်ချထားလို့ရမယ်ဆိုတော့ တရားခံကို ပြန်လွှတ်ရပါတယ်။ ဒီမှာ Hugh Jackman (Wolverine မင်းသားက) သမီးကို ကယ်တင်ဖို့ကြိုးစားထားပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ Jake Gyllenhall (P

The Conjuring (2013) ကြောက်တတ်သူများမကြည့်ရ

Image
The Conjuring ( 19 July 2013 ) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar သရဲကားကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်အတွက် ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ပရိသတ်တော်တော်များများ စိတ်ဝင်စားတဲ့ The Conjuring နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့ အိမ်မှာ ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ။  ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာ Carolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ) ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြားစရာတွေ ဆက်တိုက်လို ကြုံတွေရတာတွေကို ကူညီပေးရင်း ဘ၀တစ်ပါးသို့ မကူးပြောင်းဘဲ အိမ်မှာ ကျန်ရစ်နေတဲ့ ၀ိဥာဏ် ဥစ္စာစောင့်နတ်ဆိုးက မိသားစုဝင်အားလုံးကို ဘယ်လို အနှောင့်အယှက်ပေးတယ်၊ ထိတ်လန့်မှုတွေပေးတယ်၊ နောက်ဆုံး အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။  ဇာတ်လမ်းအစမှာထဲက

The Family (2013)

Image
The Family (13 September 2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒီတပတ်ကတော့ The Family ဆိုတဲ့ အက်ရှင်၊ဟာသကားနဲ့ မိတ်ဆက်ပေးသွားပါမယ်။ ဇာတ်လမ်းကောင်းမဟုတ်ပေမယ့် အသစ်ထွက်ကားဖြစ်လို့ ဇာတ်လမ်းအကြောင်း ပရိတ်သတ်ကြီးသိအောင် တင်ဆက်ပေးထားတာပါ.။  ဇာတ်လမ်းအကျဉ်းကတော့..

The World's End (2013)

Image
The Wolrd's End (23 August 2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာထွက်တဲ့ ကားတွေထဲမှာ ဒုတိယမြောက် Alien ကိုဟာသနှောပြီး တင်ဆက်ထားတဲ့ ကားလို့ပြောလို့ရပါတယ်။ (ပထမဇာတ်လမ်းကတော့ This Is The End ပါ။) ဒီဇာတ်ကားကတော့ အင်္ဂလန်နိုင်ငံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပြီး၊ ဇာတ်လမ်းကတော့

After Earth (2013)

Image
#AfterEarth  (31 May 2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar Will Smith နဲ့ သူ့သား Jaden Smith တို့တူတူတွဲရိုက်ထားတဲ့ဇာတ် လမ်းပါ။ ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်တုန်းက လူသားတွေက ကမ္ဘာကြီးကိုစွန့်ခွာပြီး တစ်ခြားကမ္ဘာကို ပြောင်းသွားကြတယ်။ Will Smith တို့လက်ထက်မှာ Earth ကိုတောင် တော်ရုံ ဘယ်သူမှမသိတော့ဘူး၊ အန္တရာယ်ရှိတဲ့ြ ဂိုလ်တစ်ခုအဖြစ်ပဲ သတ်မှတ်ထားတယ်။ သားအဖနှစ်ယောက်က အာကာသယာဉ်ပျက်ကျပြီး လူတွေစွန့်ခွာခဲ့တဲ့ ကမ္ဘာပေါ်ကိုရောက်သွားတယ်။ ပျက်ကျတုန်းက ယာဉ်ပျံက နှစ်ပိုင်းပြတ်ထွက်သွားပြီး  Will Smith တို့ပါတဲ့အပိုင်းက Emergency Beacon (အရေးပေါ်ဆက်သွယ်ရေးကိရိယာ) ကပျက်စီးသွားပြီး Will Smith က ဒဏ်ရာ အကြီးအကျယ်ရသွားတယ်။ အဲ့ဒီမှာ သူသားကို သူတို့ယာဉ်ရဲ့ပြတ်ထွက်သွားတဲ့အပိုင်းက Emergency Beacon ကိုသွားယူခိုင်းရာက Jaden Smith ရဲ့ စွန့်စားခန်းစပါတယ်။ ဇာတ်လမ်းတစ်ခုလုံးက

Taken (2008)

Image
Taken (30 January 2009) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar အက်ရှင်ကားကြိုက်ပရိတ်သတ်တွေအတွက် ကျွန်တော် ဇာတ်ကားတစ်ကားလောက်မိတ်ဆက်ေ ပးချင်ပါတယ်။ နောက်ပြီး ဒီဇာတ်ကားက ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်က Taken ပါ။ မင်းသားက နာမည်ကြီး Liam Neeson (မြန်မာပြည်မှာတော့သူကို သိပ်မသိကြပါဘူး) ဖြစ်ပြီး ၂၀၀၉ခုနှစ်မှာထွက်ထားတာပါ။ ဇာတ်လမ်းအကြောင်းကိုပြောရရင်