Posts

Showing posts from January, 2014

Jackie Chan's Police Story Series

Jackie Chan's Police Story Series #ရုပ်ရှင်မိတ်ဆက် Jackie ရဲ့  Police Story 2013 က ပရိတ်သတ်တွေအကြိုက် အက်ရှင်သိုင်းကား တစ်ကားဖြစ်ခဲ့ပါတယ်။ Jackie Chan ရဲ့ ပရိတ်သတ်တွေလည်း အကြိုက်တွေ့ခဲ့သလို မြန်မာပရိတ်သတ်ကြီးလည်း ကြည့်ပြီး သားဖြစ်မှာပါ။ ကျွန်တော်အခုပြောချင်တာကတော့ Jackie Chan ရဲ့ အရင်တုန်းက ထွက်ခဲ့ပြီးသား Police Story အကြောင်း နည်းနည်းပြန်ပြောပြချင်ပါတယ်။ Jackie က ၁၉၈၅ Police Story ဆိုပြီး ဇာတ်ကားတစ်ကား ထွက်လာခဲ့ပြီးတော့ Chan Ka Kui ဆိုတဲ့ နာမည်နဲ့ သရုပ်ဆောင်ခဲ့ပြီး (နောက်ပိုင်းမှာ Inspector Chan ဆိုပြီး ဖြစ်လာမဲ့ဇာတ်ရုပ်) Police Story 2, Supercop, Supercop 2 နဲ့ Jackie Chan's First Strike တွေမှာ အဲ့ဒီဇာတ်ရုပ်နဲ့သရုပ်ဆောင်ခဲ့ပါတယ်။ Supercop မှာ နာမည်ကြီး မင်းသမီး မီရှဲယိုနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ကျွန်တော်အကြိုက်ဆုံးနဲ့ အကောင်းဆုံး Police Story ဇာတ်ကားဖြစ်တဲ့ New Police Story ဇာတ်ကားထွက်လာပေမယ့် အဲ့ဒီကားမှာတော့ Jackie Chan က ဇာတ်ကောင်အသစ်၊ နာမည် အသစ်နဲ့ Senior Insp. Chan Kwok-Wing ဆိုပြီး သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ လူကြီးသားသမီးတွေက ဘဏ်တွေက

I, Frankenstein (2014)

I, Frankenstein (2014) - Movie Link Included ဒီကားကတော့ ကျွန်တော် ကြိုခန့်မှန်းခဲ့သလိုပဲ သာမန် Sci-fi ကားတစ်ကားထက်မပိုခဲ့ပါဘူး။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းမရှိသလို၊ သရုပ်ဆောင်တွေကလည်း သာမန်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း ထုံးစံအတိုင်း သမရိုးကျ ဇာတ်လမ်းမျိုးသာဖြစ်ပြီး Preview မှာပြောခဲ့သလိုပဲ၊ Demons တွေက ကမ္ဘာကြီးကို ကြီးစိုးချင်တယ်၊ Gargoyle တွေက Demons တွေကို နှိမ်နှင်းဖို့ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ Victor Frankenstein က Monster တစ်ကောင်ကို အသက်သွင်းခဲ့ပါတယ်။ (ဒီဇာတ်လမ်းက ဇာတ်ကားတော်တော်များများမှာ ယူသုံးထား တာကို ပရိတ်သတ်ကြီးမှတ်မိကြမှာပါ။ အနီးစပ်ဆုံးက Van Helsing ဇာတ်ကားမှာဖြစ်ပါတယ်။ Frankenstien's Monster လို့လူသိများတဲ့ သတ္တ၀ါက Adam, Monster, Frankenstein's Creature ဆိုပြီး နာမည် အမျိုးစုံ ရှိပေမယ့် အထင်ရှားဆုံးကတော့ သူကိုအသက်သွင်းပေးခဲ့တဲ့ Victor ရဲ့နာမည်ဖြစ်တဲ့ Frankenstein ပဲဖြစ်ပါတယ်။) ဒီကားမှာတော့ Adam လို့ သူ့ကို Gargoyle တွေက နာမည် ပေးခဲ့ပါတယ်။ Adam ( Monster played by Aaron Eckhart) က Victor ရဲ့မိန်းမကို သတ်ပြီး ထွက်ပြေးသွားရာမှာ Victor က သူ့နောက်ကလိုက်ပြီ

Jack Ryan: Shadow Recruit (2014)

Jack Ryan: Shadow Recruit #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ အက်ရှင်ကားတစ်ကားဖြစ်တဲ့ Jack Ryan နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော် Preview မှာပြောခဲ့သလို ပဲ စုံထောက် ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး Jack Ryan ဇာတ်ကောင်နေရာကို မင်းသားတော်တော်များများ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျန်မင်းသားတွေ က Jack Ryan (Chris Pine) တစ်ယောက် CIA မှာ နေရာရလာပြီး နောက်ပိုင်း ဘ၀ကို သရုပ်ဆောင်တာဖြစ်ပြီး၊ ဒီကားမှာတော့ သူ့ရဲ့ လူငယ်ဘ၀ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ Jack Ryan က လန်ဒန်မှာ ကျောင်းတက်နေတုန်း၊ New York မှာ 9/11 (World Trade Center ကို အကြမ်းဖက်တိုက်ခိုက်ခံရတဲ့)သတင်း ကိုတွေ့ပြီး ကျောင်းဆက်မတက်တော့ပဲ စစ်ထဲဝင်ပြီး တိုင်းပြည်အတွက် စစ်မှုထမ်းခဲ့ပါတယ်။ အာဖဂန် မှာ စစ်မှုထမ်းနေရင်းနဲ့ ဒဏ်ရာအကြီးအကျယ်ရပြီး အနားယူခဲ့ရပါတယ်။ သူဆေးရုံမှာ ဆေးကုသနေတုန်း၊ သူ့ကို Kevin Costner က CIA အတွက် အလုပ်လုပ်ပေးဖို့ လာပြီး စည်းရုံးပါတယ်။ သူတို့ရဲ့အစီအစဉ်ကတော့ Jack ကို London မှာကျောင်းဆက်တက်ပြီး Ph.D ရအောင် လုပ် ပြီးရင် Wall Street မှာ အလုပ်ဝင်လုပ်ပြီး၊ Terrorist တွေရဲ့ ငွေကြေးတွေ ရင်းနှီးမြုပ်နှံမှ

American Hustle (2013) - Movie Link Included

American Hustle (2013) - Movie Link Included (Not Family-Oriented, Rate R) #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ အကယ်ဒီမှာ မင်းသားဆု၊ ဇာတ်ပို့အမျိုးသား၊ အမျိုးသမီးဆု၊ မင်းသမီးဆု၊ ဇာတ်ကားဆု တွေ စကာတင်စာရင်းဝင်ခဲ့ပြီး၊ ရွှေကမ္ဘာလုံးဆုမှာ မင်းသမီးဆုနဲ့ ဇာတ်ပို့ဆု ရခဲ့တဲ့ American Hustle နဲ့မိတ်ဆက်ပေးချင်ပါတယ်။ လက်ရှိခေတ်ရဲ့ နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့ Christian Bale (The Dark Knight) နဲ့ Bradley Cooper (Hangover) တို့ခေါင်းဆောင်ပါဝင်ထားသလို  အကယ်ဒမီဆုရှင် Jennifer Lawrence (Hunger Game) နဲ့ Amy Adam (Men Of Steel) တို့ ကလည်း  မင်းသားနှစ်ယောက်နဲ့အပြိုင် သရုပ်ဆောင်ထားပါတယ်။ ဒါအပြင် Jeremy Renner (The Bourne Lagecy) ကလည်း New Jersey ရဲ့ မြို့တော်ဝန် အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက မင်းသား Christian Bale က Con-man (အယောင်ဆောင်လူလိမ်) တစ်ယောက်ဖြစ်ပြီး Amy Adam က သူနဲ့ လုပ်ဖော်ကိုင်ဖက် (လိမ်ဖော်လိမ်ဖက်ဖြစ်သလို)၊ သူနဲ့ မေတ္တာသက်ဝင်နေပါတယ်။ ဒါပေမယ့် Christian Bale က စိတ်ဖောက်ပြားတတ်တဲ့ Jennifer Lawrence နဲ့ လက်ထပ်ထားသလို၊ Jennifer Lawrence ရဲ့သားကိုလည်း သူ့သားအရင်းအဖြစ်မွေးစားထားပါတယ်။ Amy

Bruce Almighty - Movie Link included

Bruce Almighty - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ Family Comedy ကားလေးတစ်ကားဖြစ်တဲ့ Bruce Almightyနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ရယ်မောအပန်း ဖြေနိုင်သလို ပညာပေးလေးလည်း ဖြစ်တဲ့ ကားကောင်းတစ်ကားပါ။ ဒီကားမှာ Jim Carrey (The Mask, Ace Ventura), Morgan Freeman (Shawshank Redemption), Jennifer Aniston (We're the Miller) တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Bruce Nolan (Jim Carrey) နဲ့ Grace Connelly (Jennifer) တို့က အတူနေ ချစ်သူတွေဖြစ်ပြီး Bruce က Reporter တစ်ယောက်ဖြစ်ပြီး၊ သတင်းကြေငြာသူအဖြစ် ရာထူးတိုးဖို့ ကြိုးစား မျှော်လင့်နေသူဖြစ်ပါတယ်။ သူနဲ့ အပြိုင် Evan (Steve Carell) က သတင်းကြေငြာ သူဖြစ်သွားတဲ့ အခါမှာတော့ စိတ်မထိန်းနိုင်ပဲ၊ Live News မှာ ထပေါက်ကွဲလို့ အလုပ်က ထုတ်ခံရပါတယ်။ Bruce က သူ့ဘ၀မှ အဆင်မပြေတာ တွေ ကြုံလာတိုင်း God ကိုပဲအပြစ်တင်လေ့ရှိပြီး ဒီတစ်ခါမှာလည်း God က အလုပ်ကို ကောင်းကောင်းမလုပ်သလို၊ Evan ကို ပဲ ကြည့်ရှုစောင်မနေပြီး၊ သူ့ကို တော့ လျစ်လျူရှုထားတယ်လို့ ဒေါသတကြီး အပြစ်တင်ဝေဖန်ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ Pager က ဖုန်းဝင်လာပြီး ဖုန်နံပါတ် 555-01

Brave

Brave (2012) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ပရိတ်သတ် သိပြီးသားဖြစ်သလို ကြည့်ပြီးသားဆိုပေမယ့် အမေများနေ့မှာ ပရိတ်သတ်ကြီး အမှတ်တရ ပြန်ကြည့်နိုင်အောင် ပြန်တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၂ ခုနှစ်ထုတ် Brave ကာတွန်းကားက Disney နဲ့ Pixer က ထုတ်တာဖြစ်လို့ ကောင်းမကောင်းက မေးစရာတောင်မလိုပါဘူး။ Pixer က ထုတ်တဲ့ကာတွန်း ကား ဆို ကောင်းပြီးသားဖြစ်သလို၊ Disney ကလည်း တကယ့်ကို Drama ကားတွေနဲ့အပြိုင် ကောင်းတဲ့ ကာတွန်းကားတွေ ထုတ်လုပ်ထားသူဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စကော့တလန် က ဘုရင်မနဲ့ ဘုရင်ရဲ့ သမီးလေးက သူတို့ ရိုးရာထုံးစံအတိုင်း အရွယ်ရောက်လာတဲ့အခါမှာ ထိမ်းမြားလက်ထပ်ဖို့အတွက် အခြား တိုင်းပြည်တွေက မင်းသားတွေကို ရွေးချယ်ရပါတယ်။ ဒါပေမယ့် မင်းသမီးလေးက တိုင်းပြည်အုပ်ချုပ်ဖို့၊ သူ့အမေဘုရင်မကြီးလို ရိုးရာဓလေ့ ထုံးစံတွေ၊ တော်ဝင်စံစံ ရှေးရိုးကျကျ နေရပြောရတာကို သဘောမကျသလို၊ ယောက်ျားကိုလည်း မိဘပေးစားတာယူရတာကို သဘောမကျပါဘူး။ ဒါကြောင့် ကြံရာမရတဲ့အဆုံး မှော်ဆရာမ တစ်ယောက်ရဲ့အကူအညီနဲ့ သူ့အမေစိတ်ပြောင်းအောင် လုပ်ဖို့လုပ်ရာ နားလည်မှုလွဲသွားပြီး အမေကို ၀က်ဝံအဖြစ်ပြောင်း သွားအောင် လုပ်မိသွားပါတယ်။ ဒီမှာ သူ့ရ

Lone Survivor (2014)

Lone Survivor (2014) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် စစ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အက်မင် #Jisu ကြိုတင်ခန့်မှန်းခဲ့သလိုပဲ ၂၀၁၄ အစရဲ့ အက်ရှင်ကားကောင်း တစ်ကားဖြစ်ခဲ့ပါတယ်။ ဒီကားက တကယ့် ဖြစ်ရပ်မှန် Red Wings Operation ကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး၊ ကျဆုံးသွားတဲ့ စစ်သားတွေကို အမှတ်တရ ဂုဏ်ပြုထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Trailer မှာပါတဲ့အတိုင်း Navy SEAL လေးယောက်က တာလီဘန် ခေါင်းဆောင် တစ်ယောက်ကို အပြတ်ရှင်းဖို့ သွားတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ရှိနေတဲ့နေရာကို ဆိတ်ကျောင်းသား သားအဖကရောက်လာ ပြီးတွေ့သွားတဲ့အခါမှာတော့ Rules of Engagement (စစ်ပွဲတစ်ပွဲရဲ့စည်းကမ်းတွေလို့ ယေဘူယျ ဘာသာပြန်လို့ရပါတယ်) အရ ကလေးတွေ၊ လက်နှက်ကိုင် မဟုတ်တဲ့ အရပ်သားတွေကို မသတ်ပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲ့လိုပြန်လွှတ်ပေးလိုက်ရင် သူတို့ နောက်မှာ တာလီဘန် တွေလိုက်လာမှာကို သိရဲ့နဲ့ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အထူးလေ့ကျင့်ပေးထားတဲ့ Navy SEAL လေးယောက်နဲ့ တာလီဘန် အယောက် ၂၀၀ကျော်ရဲ့ အပြန်အလှန် တိုက်ပွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်အရလည်း

The Wolf of Wall Street (2013)

The Wolf of Wall Street (2013) #ရုပ်ရှင်မိတ်ဆက် (Not Family-Orientated, Rated R for Sex, Drug and Nudity, No Children under 18) ဒီကားကို တင်ပေးသင့်မတင်ပေးသင့် စဉ်းစားနေတာနဲ့ ကြာသွားတာပါ။ ဒီကား Martin Scorsese ရဲ့ကား ဖြစ်တဲ့အတိုင်း ဆေးချတာတွေ၊ ကိုယ်လုံးတီးတွေ၊ sex တွေ အများအပြားပါပါတယ်။ ပြောလို့ပြောတာမဟုတ်ပါဘူး မြန်မာပြည်မှာသာ ရုံတင်မယ်ဆိုရင် ရုပ်ရှင်ကား က ၁နာရီခွဲလောက်ပဲ ကြာပါလိမ့်မယ်။ ဒါကြောင့် မိသားစုတူတူ မကြည့်သင့်သလို၊ မိန်းကလေးတွေ လည်း သတိထားကြည့်သင့်ပါတယ်။ စုံတွဲတွေတူတူ မကြည့်သင့်ပဲ၊ အရွယ်ရောက်ပြီးသူ များသာ ပညာရအောင် ကြည့်သင့်ပါတယ်။ သတိပေးပြီးပြီဆိုတော့ ဇာတ်လမ်းကို ပြောရရင်၊ Jordan Belfort (Leonardo DiCaprio) က အသက် ၂၂ နှစ်မှာ Stock Broker အဖြစ်နဲ့ Wall Street မှာ အလုပ်လာလုပ်ပါတယ်။ Wall Street ကိုမသိတဲ့သူတွေ အတွက်က ကတော့ Wall Street ဆိုတာ New York က Stock Exchange ကုမ္ပဏီတွေ ရှိပါတယ်။ Stock Broker ဆိုတာ Public လုပ်ထားတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို လူတွေ ရင်းနှီးမြုပ်နှံအောင် ရောင်းချပေးရတဲ့ ရှယ်ယာ ပွဲစားဖြစ်ပါတယ်။ အဲ့လိုရောင်းရရင် ရာခိုင်နှုန်းတစ်ခု အနေနဲ့ ကော်မရှင်စ

About Time (2013) - Movie Link Included

About Time (2013) - Movie Link Included (Must See Movie, Not Family-Oriented, Rated R for Sex and some Nudity) #ရုပ်ရှင်မိတ်ဆက် ဒီတစ်တော့ Drama ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီကားက Drama ကားဆိုပေမယ့် အချစ်အကြောင်း သီးသန့်တော့မဟုတ်ပါဘူး။ ပိုပြီးထူးခြားတာက ရှားရှားပါးပါး Comedy/Drama/Sci-Fi ဖြစ်နေလို့ပါ။ ဇာတ်လမ်းက Tim ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့အပြီးမှာ သူ့ရဲ့အဖေက Tim ကို သူတို့မိသားစုရဲ့ လှို့ဝှက်ချက် တစ်ခုကိုပြောပြပါတယ်။ သူတို့ မိသားစုက ၂၁ နှစ်ပြည့်ပြီးသားယောက်ျားလေးတွေအကုန်လုံး သူတို့ဘ၀ထဲက သူတို့မှတ်မိတဲ့ အချိန် ကာလ တစ်ခုကို ကြိုက်သလို ပြန်သွားလို့ရပါတယ်။ ဇာတ်လမ်းမှာ အဓိက အားဖြင့် ၃ပိုင်းခွဲလို့ရပါတယ်။ Time Travel လုပ်လို့ရတဲ့ အကြောင်းကိုသိပြီးတဲ့ နောက်မှာတော့ Tim က သူ့ရဲ့ ဘ၀ကို သူစိတ်ကြိုက် ပြန်ပြန် ပြုပြင်  ပြီး စိတ်တိုင်းကျ နေတာကို ဇာတ်လမ်း ရဲ့ ပထမ ပိုင်းနဲ့ Fantasy Drama ပိုင်းဖြစ်ပါတယ်။ ဒီကာလမှာ သူ့ချစ်သူနဲ့ တွေ့ခဲ့သလို၊ အလွဲလေးတစ်ချို့ကိုလည်း ပြင်ခဲ့ရတာတွေ၊ ပြင်ရင်းနဲ့ လွဲသွားတာတွေ လည်းရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ နှစ်ဦး လက်ထပ်ပြီး သမီး ကလေးမွေးပြီးတဲ့ က