Posts

Showing posts from May, 2014

X-Men: Days of Future Past

X-Men: Days of Future Past (May 23, 2014) #ရုပ်ရှင်မိတ်ဆက် ဒီဇာတ်ကားကတော့ ပရိတ်သတ်တွေ တော်တော်များများ စောင့်မျှော်နေတဲ့ကားဖြစ်ပြီး၊ စောင့်ရကြိုးနပ်တယ်လို့ ပဲပြောပါရစေ။ အကောင်းဆုံး Superhero ကားမဟုတ်ရင်တောင်မှ အကောင်း ဆုံး X-Men ဇာတ်ကားတစ်ကား ဖြစ်သလို၊ လက်ရှိ နွေရာသီရဲ့ အကောင်းဆုံး ဇာတ်ကား ဖြစ်ပါတယ်။ Godzilla နဲ့ X-Men က ဒီနှစ်နွေရာသီရဲ့ ကျွန်တော့်အကြိုက်ဆုံး ဇာတ်ကားတွေဖြစ်ပါတယ်။ ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့ ကြည့်ဖူးထားဖို့လိုပါမယ်။ သာမန်ရုပ်ရှင်ကြည့် ပရိတ်သတ်ဆိုရင် ကြည့်ထားဖို့ပိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားနှစ်ကားနဲ့ လက်ရှိ ဇာတ်ကား က အဆက်အစပ်ရှိနေလို့ပါ။ ကာတွန်းကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းတွေသိပြီးသား ဖြစ်လို့ ရုပ်ရှင်ကြည့်ဖူးထားစရာသိပ်မလိုပါဘူး။ ဇာတ်လမ်းမပြောခင် Spoiler အနည်းငယ်ပါမယ်လို့ကြိုသတိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ The Wolverine ဇာတ်ကားအပြီး ကနေဆက်ထားပြီး၊ ဇာတ်လမ်းအစမှာ Trailer မှာပါတဲ့ Sentinel တွေနဲ့ X-Men တွေ တိုက်ခိုက်တဲ့အခန်းနဲ့စထားပါတယ်။ ဒီမှာ X-Men အဖ

Neighbors (9 May 2014) - Move Reviews

Neighbors (9 May 2014) - Move Reviews (Non-Family Oriented, Rated-R for sex & nudity) #ရုပ်ရှင်မိတ်ဆက် ဒီကား က ထွေလာထဲမှာကောင်းပေမယ့် ဒီလောက်အကောင်းကြီးမဟုတ်ပါဘူး။ ဟာသ တွေကလည်း သိပ်မရီရသလို၊ ဇာတ်လမ်းကလည်း အဲ့ဒီလောက်အကောင်းကြီးမဟုတ်ပါဘူး။ Rated-R (Stupid) ဟာသကားတွေထဲမှာ ကျွန်တော့်အကြိုက်ဆုံး ဇာတ်ကား ၃ကားရှိပါတယ်။ Hangover (original) American Pie နဲ့ Ted တို့ဖြစ်ပါတယ်။ ဒီကားကတော့ သူတို့နှစ်ကားကိုလုံးဝမမှီပါဘူး။ Seth Rogen သရုပ်ဆောင်ကောင်းပေမယ့် မလိုအပ်တဲ့အခန်းတွေများနေသလို၊ တစ်ချို့အခန်းတွေမှာ စကားအပိုတွေပြောပြီး ဇာတ်လမ်း ကို အဓိပ္ပာယ်မရှိ ရှည်စေပါတယ်။ ဇာတ်လမ်းကတော့ လူငယ်တွေမကြည့်သင့်သလို၊ မိသားစုလည်း မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအစကို လင်မယားနှစ်ယောက် ရဲ့ Sex scene နဲ့ စထားပါတယ်။ ဟာသအနေနဲ့ ပြထားတာဖြစ်လို့ Sexual မဖြစ်ပေမယ့် နောက်လာမယ့် ဇာတ်လမ်းမှာ ဘာတွေပါမယ်ဆိုတာ ခန့်မှန်းမိမှာပါ။ ဇာတ်လမ်း စစပိုင်းကတော့ ကလေးရသွားပြီးတဲ့ အိမ်ထောင်သည် လင်မယားနှစ်ယောက် ရဲ့ လူနေမှုဘ၀ ပုံစံပါပြောင်းသွားပုံကို ပြထားပါတယ်။ လင်မယားသဘာဝ အတူတူလည်း ကောင်းမနေရ၊ ကလေး ကိုထိမ်းကျောင်းရ၊ ညအိပ်ရင်လည်း ကလေးငိုရင် ထ

Millions Dollar Arm

Millions Dollar Arm (May 16, 2014) #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ကျွန်တော်လုံးဝမထင်မှတ်ထားတဲ့ ကားကောင်းလေးတစ်ကားပါ။ အထူးသဖြင့် Spider-Man, X-Men, Godzilla တို့ နဲ့ ဟော့နေတဲ့ အချိန်မှာ ဒီကား ကို လူတွေသတိမထားမိကြတာမဆန်းပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း သတိမထားမိသလို၊ ကြည့်ဖို့တောင် အစီအစဉ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ ကြည့်ပြီးသွားတဲ့အချိန်မှာတော့ ကျွန်တော်ကိုယ်တိုင် အံ့အားသင့်ခဲ့ရသလို၊ မထင်မှတ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ အားကစားနဲ့ ပတ်သက်တဲ့ကားတွေကို စိတ်ဝင်စားကြည့်ဖူးသလို၊ အများစုအမေရိကန် တွေ နဲ့ ဥရောပ သားတွေအကြောင်းပဲ များပါတယ်။ ဒီကားကတော့ အမေရိကန် တွေအကြိုက် အားကစား တစ်မျိုးဖြစ်တဲ့ Baseball မှာ ကစားဖို့ အိန္ဒိယ ကလူငယ်လေးတွေကို သွားရှာပြီး လေ့ကျင့်ပေးတဲ့ အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ တကယ့် ဖြစ်ရပ်မှန်လည်းဖြစ်သလို Rinku နဲ့ Dinesh တို့အကြောင်း ကို ရိုက်ကူးထားပါတယ်။ အိန္ဒိယ က Cricket ကစားနည်း အများဆုံးကစားတဲ့ နိုင်ငံဖြစ်သလို၊ ဘောလုံးပစ်ရတာခြင်း တူတာကြောင့်၊ J.B. Bernstein ဆိုတဲ့ အားကစား အေးဂျင့်က အိန္ဒိယမှာ သွားပြီး လူသစ်စုဆောင်းဖို့ အကြံရခဲ့ပါတယ်။ JB မှာလည်း သူရဲ့ အားကစား အေးဂျင်
အောက်ကဇာတ်ဝင်ခန်းလေးကတော့ ကျွန်တော့် အကြိုက် ဆုံး TV Series တစ်ခုဖြစ်တဲ့ Frasier (1993-2004) အမေရိကန် ဟာသ ဇာတ်လမ်းတွက်တစ်ခုကဖြစ်ပါတယ်။ ကျွန်တော်ဒီစာကို ရေးတုန်းက ကျွန်တော့်အဖေနဲ့ အိမ်မှာ အဆင်မပြေ ဖြစ်နေတဲ့အချိန်ပါ။ ဒီကားလေးကို ကြည့်မိတဲ့အချိန်မှာ လူကြီးတွေရဲ့ ခံစားချက်ကိုနားလည်လာပါတယ်။ အထူးသဖြင့် အဖေတစ်ယောက် ရဲ့ ခံစားချက်ကို နားလည်လာပါတယ်။ ဘာကိုပြောချင်တာလည်းဆိုတော့ ဇာတ်လမ်းမှာ မင်းသားနဲ့ သူ့အဖေက တူတူနေကြပြီး သူဖေ့က ခြေထောက်မကောင်းလို့ သားဖြစ်သူနဲ့ အတူ လာနေနေရပါတယ်။ အဲ့ဒီအခါမှာ သားက သူ့အိမ်ဖြစ်တာကြောင့် အဖေ့ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့၊ ဒါလုပ် ဆိုပြီး ပြောတဲ့အခါမှာ အဖေဖြစ်သူ အနေနဲ့ စိတ်ကသိကအောက် ဖြစ်လာပါတယ်။  ဒီလိုပဲ အပြင်ဘ၀တွေမှာလည်း အဖေဆိုတာ တစ်ချိန်းတုန်းက အိမ်ထောင်ဦးစီး၊ သားသမီးကို ထိမ်းကျောင်းလာပြီး၊ အရာအားလုံးကို စီမံခန့်ခွဲ့လာရာနေ၊ သားက အရွယ်ရောက် အဖေ့နေရာကို ၀င်ပြီး စီမံခန့်ခွဲတဲ့အခါ သူတို့ အနေနဲ့ စိတ်မတင် မကျဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဒီကားမှာ မင်းသားပြောသွားသလို၊ "You know, Dad, a lot of people confuse not being in charge with not being respected.  I hope y

Godzilla (May 15th 2014) - Movie Review

Godzilla (May 15th 2014) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ဟောလိဝုဒ်က ဂျပန်တွေရဲ့ Godzilla ဇာတ်လမ်းကို ကောင်းအောင် ရိုက်နိုင်ခဲ့ပါပြီ။ ၁၉၉၈ တုန်းက နာမည်ပျက်ခဲ့တဲ့ Godzilla ဇာတ်ကား နဲ့ဒီကားက တစ်ခြားစီပါပဲ။ လက်ရှိ Godzilla ဇာတ်ကားက ဂျပန် တွေတီထွင်ခဲ့တဲ့ Gojira (Godzilla) ရဲ့ မူလ ဇာတ်လမ်းကို မှီငြမ်းပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၅၄ ကျော်လောက်ကတည်း Castle Bravo Nuclear Bomb Testing လုပ်တာကို ပြခဲ့ပြီး အဲ့ဒီတုန်းက ဗုံးက စမ်းသပ်ဗုံးမဟုတ်ပဲ Godzilla ကို သတ်ဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် မှာတော့ ဖီလစ်ပိုင်မှာ ဂေါ်ဇီလာရုပ်ကြွင်းကိုတွေခဲ့သလို ဥနှစ်လုံးကိုလည်း တွေ့ခဲ့ပါတယ်။ တစ်လုံးကတော့ ဥပေါက်သွားပြီး ထွက်သားပြီးဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ Breaking Bad မင်းသား Bryan Cranston (Joe Brody) နဲ့ သူ့မိန်းမက ဂျပန် Nuclear Plant မှာ အလုပ်လုပ်နေတာဖြစ်ပြီး၊ ရုတ်တရက် ငလျင် လှုပ်ခတ်သွားသလို၊ EMP (Electromagnetic Pulse) ကြောင့် မီးတွေလည်းပျက်သွားခဲ့သလို Power Plant ပြိုကျမှုကြောင့် (Trailer ထဲမှာပါတဲ့) သူ့မိန်းမ လည်း သေသွားခဲ့ပါတယ်။ သူ့မိန်းမသေတဲ့ အခန်းက ရိုက်ထာ

Justice League vs Avengers

Image
Justice League vs Avengers #ရုပ်ရှင်မိတ်ဆက် ဒီတစ်ပတ် တော့ လူကြိုက်အများဆုံး Superheros အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ Justice League (DC) နဲ့ Avengers (Marvel) တို့ကို တွဲပေးထားပါတယ်။ အရင်တစ်ပတ်က ပွဲမှာ အနိုင်ရသွားသူကတော့ အားလုံး ကြိုက်ကြတဲ့ The Flash ပဲဖြစ်ပါတယ်။ Quicksilver ကို လူတွေမသိကြသေးတာသိသာပြီး QS က Vote တစ်ခုမှာတောင်မရခဲ့ပါဘူး။ X-Men နဲ့ Avengers ထွက်လာရင်တော့ ပိုသိသွားကြမှာပါ။ ဒီတစ်ပတ်ပွဲကို ပြန်ပြောရရင် ဒီနှစ်ဖွဲ့က သက်ဆိုင်ရာ Comic စာအုပ်တွေမှာ နာမည်ကြီး ဟီးရိုးတွေ တော်တော် များများ ပါဝင်ဖူးပါတယ်။ ဒီတစ်ပတ်ကတော့ အဖွဲ့နှစ်ဖွဲ့ ကို စတင်တည်ထောင် သူတွေ အချင်းချင်း ပဲ ယှဉ်ပြိုင်ထားမှာဖြစ်ပါတယ်။ Justice League JLA or Justice League or Justice League of America ကို စတင်တည်ထောင်ခဲ့သူတွေထဲမှာ Batman, Superman, Wonder Woman, Green Lantern, The Flash တို့ က ဘယ်အမြဲတမ်း အဖွဲဝင်တွေ အဖြစ်နဲ့ ဇာတ်လမ်းတိုင်းမှာ ပါဝင်ပေမယ့် ကျန်တဲ့ နှစ်ယောက်ကတော့ အချိန် အခါပေါ်မူ တည်ပြီး ပြောင်းလေ့ရှိပါတယ်။ ပထမဆုံး ဇာတ်လမ်းတွေမှာတော့ Martian Manhunter နဲ့ Aquaman တို့ဖြစ်ပြီး၊ ကာတွန်း Series မှာတော့ Aquam

The Amazing Spider-Man 2 - Movie Review

The Amazing Spider-Man 2 - Movie Review :) :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် Spider-Man လည်း တင်ပေးမယ်ဆိုပြီး တစ်ပတ်နောက်ကျသွားပါတယ်။ အလုပ်များနေပြီး စာမေးပွဲလည်းရှိလို့ မကြည့်ဖြစ်တာပါ။ အခုတော့ တင်ပေးလိုက်ပါပြီ။ ကျွန်တော် ကြိုသတိပေးထား သလိုပဲ ဒီ Review က Spoiler တွေပါမှာဖြစ်ပြီး ဒါ Full Movie Review ပါ။ တကယ်လို့ မကြည့်ရသေးလို့ ကြို မသိချင်ရင် Review ကို နောက်မှ ဖတ်တာပိုကောင်းပါမယ်။ You have been warned..... အရင်ဆုံးပြောချင်တာက  ကျွန်တော့် အကြိုက်ဆုံး Superhero နှစ်ယောက် က Spider-Man နဲ့ Batman ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ထွက်တိုင်း အမြဲ သွားကြည့်ဖြစ်ပါတယ်။ ၂၀၁၃ တုန်းက The Dark Knight Rises နဲ့ Amazing Spider-Man ကို တစ်နေ့ထဲ နှစ်ကားဆက် ကြည့်ခဲ့ဖူးပါတယ်။ ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ြ

Brick Mansion (2014) - Movie Review

Brick Mansion (2014) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ Paul Walker ရဲ့ ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ကားဖြစ်ပါ တယ်။ Brick Mansion နဲ့ Fast & Furious 7 က Paul Walker မသေခင် နောက်ဆုံး ရိုက်ကူးထားခဲ့တဲ့ကားတွေဖြစ်လို့ ဒီကားပြီးရင် Fast 7 ပဲကျန်တော့မှာပါ။ ဒီကားက 2004 ခုနှစ်ထုတ် ပြင်သစ်ရုပ်ရှင်ကား District B13 ကို Remake ပြန်လုပ်ထားတာဖြစ်ပါတယ်။ Paul Walker, David Belle (District B13), RZA (The Man with Iron Fists) တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Remake တွေရဲ့ထုံးစံအတိုင်း Original ကကောင်းနေရင် Remake က လိုက်မမှီတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ဒီကားကို Review လုပ်ရာမှာ Original နဲ့ မနှိုင်းယှဉ်ပဲ လုပ်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Trailer အရ Brick Mansion ရပ်ကွက်က အရမ်းဆိုးသွမ်းလာလို့ သူ့ပတ်ပတ် လည်ကို ခြံစည်းရိုးကာပြီး အစောင့် တွေချထားပါတယ်။ ဒါပေမယ့် အခု တော့ လူဆိုးခေါင်းဆောင်က Nuclear ဗုံးဖောက်မယ်ဖို့ ချိန်းခြောက်ထားလို့ မင်းသား Paul Walker က Undercover အနေနဲ့ မြို့ထဲကိုဝင်ပြီး တားဆီးရမှာဖြစ်ပါတယ်။  ထူးခြားတာက District B13 မှာတုန်းက မင်းသားရဲ့ Partner အဖြစ်သရုပ်ဆေ

The Next Three Day (2010) - Movie Review

The Next Three Day (2010) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါလည်း မင်းသားကြီး Russell Crowe ရဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ၂၀၁၀ ခုနှစ်ရဲ့ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားဖြစ်သလို၊ ဒီကားရဲ့ ဇာတ်လမ်းနဲ့ ဆင်တူယိုးမှား ဇာတ်လမ်းလည်း သိပ်မတွေ့ရပါဘူး။ ထောင်ဖောက်တာကိုပြောတာမဟုတ်ပါဘူး။ွှအရမ်းကောင်းတဲ့ဇာတ်ကားပါ။ အက်ရှင်၊ ဒရမ်မာ အပြည့်အစုံပါပြီး၊ ဇာတ်လမ်းအတက်အကျ၊ အရမ်းကောင်းပါတယ်။ ဇာတ်ရှိန် မြင့်သင့်တဲ့နေရာမြင့်သလို ဇာတ်လမ်းကောင်းပီပီ အလိုအပို ဇာတ်ကွက် လုံးဝမပါပဲ တစ်ကားလုံး မပျင်းရအောင် ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။ ကြည့်ကိုကြည့်သင့် တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ဒေါသစိတ်တစ်ခု တိုက်ရိုက်မဟုတ်တာတောင် သွယ်ဝိုက် သောအားဖြင့် ကိုယ့်ကို ဘယ်လို ဒုက္ခပေးနိုင်တယ်ဆိုတာ သံဝေဃရစေပါတယ်။ Rated PG-13 ဖြစ်ပြီး No Sex, No nudity ပါ။ ---Spoiler Alert---- အတတ်နိုင်ဆုံး ဇာတ်လမ်း ကို မပြောမိအောင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ လင်မယား နှစ်ယောက်နဲ့ သားလေးတစ်ယောက် ရှိတဲ့ မိသားစုကို အခြေခံရိုက်ကူးထားပါတယ်။ တစ်နေ့မှာ မိန်းမက ရုံးက အထက်အရာရှိမနဲ့ စကားများရန်ဖြစ်ပြီး ရုံးကနေအိမ်ပြန်လာပ