White House Down (2013)

White House Down (28 June 2013)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

ပရိတ်သတ်ကြီးကို ဒီတစ်ခါ အက်ရှင်ဇာတ်ကားကောင်းတစ်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ White House Down ဇာတ်လမ်းကို Director Roland Emmerich က ရိုက်ကူးထားပြီး မင်းသား Channing Tatum (G.I Joe, Dear John, The Vow) နဲ့ Jamie Foxx (Collateral, Django, Law Abiding Citizen) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားကိုရိုက်တဲ့ ဒါရိုက်တာနဲ့အရင် မိတ်ဆက်ပေးပါရစေ။ တစ်ချို့တွေကသူကို သိပေမယ့် အများစုကတော့ သိမယ်မထင်ပါဘူး။ Roland Emmerich က တစ်ခြားဒါရိုက်တာတွေနဲ့မတူ ပဲ တစ်မူထူးခြားတာကတော့ သူ့ရဲ့ နာမည်ကြီးဇာတ်ကားတွေအကုန်လုံးက အပျက်အစီး များများနဲ့ ဇာတ်လမ်းဇာတ်အိမ်ကြီးကြီးမားမား ဆင်ပြီးရိုက်ထားတာ များပါတယ်။ 

Independence Day (Will Smith, 1996), Godzilla (Matthew Broderick, 1996), The Patriot (Mel Gibson, 2000), The Day After Tomorrow (Dennis Quake, Jake Gyllenhaal, 2004), 10,000BC (2008), 2012 (John Cusack, 2009) တို့ကတော့ သူရဲ့ လူသိများတဲ့ကားတွေဖြစ်ပြီး သရုပ်ဆောင် အင်အားများများနဲ့ ရိုက်ကူးထားတာတွေ့ရမှာပါ။
ဒီဇာတ်ကားတွေကို ကြိုက်နှစ်သက်ခဲ့တဲ့ ပရိတ်သတ်တွေကတော့ White House Down မှာ Roland Emmerich ရဲ့ လက်၇ာကို ပြန်ပြီးခံစားကြရမှာပါ။

ဇာတ်လမ်းကတော့
အမေရိကန်သမ္မတ (Jamie Foxx) က အရှေ့အလယ်ပိုင်းက နေ အမေရိကန် တပ်တွေကို ပြန်ဆုတ်ခွာဖို့ အဆိုတင်သွင်းထားပါတယ်။ ဒါကို ကာကွယ်ရေး (စစ်တပ်) နဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရထဲကလူတစ်ချို့က သဘောမကျပါဘူး။ ဒါကြောင့် သမ္မတအိမ်ဖြူကို ၀င်စီးချိန်မှာ မင်းသား Channing Tatum က အိမ်ဖြူတော်မှာ Secret Service (သမ္မတရဲ့ လုံခြုံရေးအဖွဲ) အလုပ်အတွက် အင်တာဗျူးလာရင်း သူ့သမီးကို အိမ်ဖြူတော် ထဲ အလည်ခေါ်လာတာနဲ့ ကြုံပြီး Channing Tatum က သမ္မတကို ကယ်တင်ဖို့ တစ်ကိုယ်တော် စွန့်စားရတဲ့ ဇာတ်လမ်းပါ။

ရုပ်ရှင်ကတော့ ရိုးရိုး သာမန် အက်ရှင်ဇာတ်ကား တွေလိုပါပဲ။ ထူးထူးခြားခြား ကောင်းတာက အက်ရှင်ခန်းတွေပါ။ အက်ရှင်ကြိုက် ပရိတ်သတ်တွေ တ၀ကြီးကြည့်ရမှာပါ။ နောက်ပြီး Independence Day နဲ့ The Day After Tomorrow မှာလို အမေရိကန်အစိုးရ၊ စစ်တပ်၊ နဲ့ လူတွေအများကြီး ပါဝင်တဲ့ အက်ရှင်ခန်းတွေ၊ စကားပြောခန်းတွေ နဲ့ မရိုးရအောင် ရိုက်ထားပါတယ်။ တစ်ခုပဲပြောစရာရှိတာက ဇာတ်လမ်း အစပျိုးနေတဲ့အချိန်မှာ ၁၉၉၀ ကျော် ခေတ်က ဇာတ်ကားတွေလိုမျိုး ပရိတ်သတ်ကို သဲလွန်စတွေ ပေးထားတာတွေ့ရပါတယ်။ နောက်အခန်းမှာပြန်ပါမယ့် အချက်တွေကို အရှေ့ပိုင်း စကားပြောခန်းတွေမှာ သုံးထားတာတွေဟာ သိသာလွန်းပါတယ်။ ဒါပေမယ့် ဇာတ်ရှိန်မြင့်လာတာနဲ့ အမျှ ဇာတ်လမ်းက ပရိတ်သတ်တွေကို မပျင်းရအောင် စွဲဆောင်သွားနိုင်တာကြောင့် ဒီနှစ်ထဲမှာ လက်ရှိအချိန်ထိ ကျွန်တော် အကြိုက်ဆုံးကား တစ်ကားလို့ပြောချင်ပါတယ်။ 

ဒါအပြင် အမေရိကန် သမ္မတအိမ်ဖြူတော် ရဲ့ဖွဲစည်းပုံ၊ လုံခြုံရေးတင်းကြပ်ထားပုံတွေအပြင် အစိုးရရဲ့ ဖွဲ့စည်းပုံ၊ အစိုးရကို အကြမ်းဖက်တိုက်ခိုက်လာရင် ဘယ်လို တုန့်ပြန်ရတယ်ဆိုတာတွေ၊ အချိန်နဲ့တပြေးညီ အပြောင်းအလဲ လုပ်နိုင်တာတွေ အစရှိတဲ့ လေ့လာစရာအချက်တွေလည်းပါပါတယ်။

အက်ရှင်ပရိတ်သတ်တွေ အတွက် မလွတ်တမ်းကြည့်သင့်တဲ့ကားဖြစ်ပြီး၊ ကျန်ပရိတ်သတ်တွေကလည်း ဒီကားကိုကြည့်ချင်းအားဖြင့်အက်ရှင်အစစ် အမှန်ကို ခံစားရမှာဖြစ်ပါတယ်။။ မိသားစုအတူတူကြည့်ဖို့သင့်တော်ပါတယ်။ Rated PG-13 ဖြစ်ပြီး No Sex, No Nudity, No Gory ပါ။ 

အရမ်းကောင်းတဲ့ဇာတ်ကားပါ။

(ဒီနှစ်အတွက်အကြိုက်ဆုံးကားဖြစ်ပါတယ်။)

#Sololay

Movie link
http://viooz.co/movies/19827-white-house-down-2013.html

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2