Leon: The Professional (1994)

Leon: The Professional (1994)







ရုပ်ရှင်မိတ်ဆက်


Jean Reno (The Da Vinci Code), Gary Oldman (Batman Trilogy), Natalie Portman (Black Swan) တို့ပါဝင်ထားတဲ့ ၁၉၉၀ ခုနှစ် ကာလတွေက အကောင်းဆုံး Crime, Drama ကား လို့သတ်မှတ်ထားတဲ့ ကားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ မင်းသား Jean Reno က Leon ဆိုတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ဖြစ်ပြီး သူလုပ်တဲ့ အလုပ်မှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူဖြစ်ပါတယ်။ သူနေတဲ့ တိုက်မှာပဲ မင်းသမီး Natalie Portman (အသက်၁၄နှစ်) က သူ့ အမေရယ် မောင်လေးရယ်၊ ပထွေးရယ်၊ ပထွေးဘက်က ပါတဲ့ ကလေးတွေရယ်နဲ့ နေရပြီး ပထွေးကနှိပ်စက် အမေက အသုံးမကျတဲ့ မိသားစုမှာ ကြီးပြင်းလာသူဖြစ်ပါတယ်။ သူက သူအမေထက် သူ့မောင်လေးကို ပိုချစ်ပြီး ဒီမောင်လေးကြောင့်လည်း အိမ်က ထွက်မပြေးတာဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ ပထွေးက DEA (Durg Enforcement Agency) က အကျင့်ပျက်ရဲတွေနဲ့ အတူ ဘိန်း အေ၇ာင်းအ၀ယ်လုပ်ရာက တစ်နေ့မှာ ဘိန်းဖြူတစ်ချို့ ပျောက်နေလို့ ရဲတွေက အိမ်ကို ၀င်ဆီးရင်းနဲ့ တစ်မိသားစုလုံးကို လက်စဖျောက်ပစ်ပါတယ်။ Mathilda (Natalie Portman) က အပြင်က ပြန်လာတဲ့ အချိန်မှာ အကုန်သေနေတာ တွေ့တော့ သူက သူ့အိမ်ကို မ၀င်ပဲနဲ့ Leon ရဲ့ အိမ်တံခါးကို သွားခေါက်ရာက နေ Leon က သူ့ကို ကယ်တင်လိုက်ရပါတော့တယ်။ 

ဒီလိုနဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ အသက်၄၀ ကျော်လူသတ်သမား တို့ကြားက သံယောစဉ် ဖြစ်တည်လာပုံကို ပညာသားပါပါ ရိုက်ကူးထားတာဖြစ်ပါတယ်။ Mathilda က စိတ်လှုပ်ရှားတတ်ခါစ အရွယ်ဆိုတော့ အနားမှာရှိတဲ့ Leon ကို သမီးရည်းစားလိုချစ်သွားပြီး ဖွင့်ပြောတာတောင်မှာ Leon က ညီမလေးလို သမီးလေးလို ဂရုစိုက် စောင့်ရှောက်ပြီး နောက်ဆုံး အသက်ပေး ကယ်တင်သွား တဲ့ Crime/Drama ကားကောင်းလေးပါ။
သွေးထွက်သံယိုများလို့ Rated-R ဖြစ်သလို တစ်ချို့အခန်းတွေမှာ ကလေးက လူကြီးကို မြုဆွယ်တဲ့ ပုံပေါက်တဲ့ အခန်း မျိုး လေးတွေ ပါပါတယ်။ မိသားစုတူတူ ကြည့်လို့ အဆင်ပြေပေမယ့် အချို့ အခန်းတွေက ကလေးတွေ မကြည့်သင့်ပါဘူး။ (No Nudity, one sex scene)

ကြည့်သင့်တဲကားလေးတစ်ကားပါ။


#Sololay

Movie link


P.S
အခုလေးတင်ပဲ Facebook မှာ တင်ထားတာတွေ့လိုက်လို့ဗျာ.။ ဘယ့်နဲ့ လူမင်းကနေ လူပျင်းလို့ပဲပြောင်းခေါ်ရတော့မလိုဖြစ်နေပြီ။ မြန်မာကားကို တော့မကြည့်ရသေးပါဘူး ရှဲထားတဲ့သူကတော့ အကုန်ကူးတယ်လို့ပြောထားတာပဲ။ 
မြန်မာကား (နှင်းဆီ) က နာမည်ကြီး ဟောလိဝုဒ် ရုပ်ရှင် Leon: The Professional ကားကိုကော်ပီကူးထားတာဖြစ်ပါတယ်။ Jean Reno (The Da Vinci Code), Gary Oldman (Batman Trilogy), Natalie Portman (Black Swan) တို့ပါဝင်ထားတဲ့ ၁၉၉၀ ခုနှစ် ကာလတွေက အကောင်းဆုံး Crime, Drama ကားကို ပြန်ကူးထားတာ ဆိုတော့ ဘယ်လို နေမလည်း မသိဘူး။ Jean Renoကတော့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်တော်တော် ကောင်းသလို၊ ကြေးစားလူ သတ်သမားတစ်ယောက်က ဆယ်ကျော်သက် ကလေးမလေးတစ်ယောက်ကို ညီမလို သမီး လို စောင့်ရှောက့်ရတဲ့ ဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားတာပါ။ 

ကိုလူဖျင်း အဲ.. ကိုလူမင်းကတော့ ဘယ်လို လာမလည်းမသိဘူး။ Hollywood လည်း Remake တွေလုပ်တာပဲ၊ နာမည်ကြီးထဲကဆိုရင် The Departed (တရုတ်နာမည်ကြီး infernal affairs) ကိုပြန်ရိုက်ထားတာဖြစ်ပြီး Original ထက်တောင် ပိုကောင်းတယ်လို့ ဆိုထားပါတယ်။ Oscar ၄ဆုရခဲ့ပါတယ်။ My Sassy Girl ( My Sassy Girl ကိုရီးယားကား) Remake ဖြစ်ပြီး ကိုရီးယားကားလောက်မကောင်းပေမယ့် အဆင့်အတန်း ရှိတဲ့ကား တစ်ကားဖြစ်ပါတယ်။ ဒါကြောင့် မကူးနဲ့မဟုတ်ပါဘူး ကူးပါ။ သေချာလေးတော့ ကူးပါ။ ယွန်း လိုမျိုးတော့ Taken ကို နာမည်မဖျက်ပါနဲ့လို့.။

မြန်မာကားလင့်ခ်

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2