Posts

Showing posts from 2014

The Interview

The Interview (2014) #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ လတ်တလော သတင်းကြီးနေပြီး Sony က ပြမယ်ပြောလိုက် မပြဘူးပြောလိုက် လုပ်နေရာက နေ Youtube, Google Play စတဲ့ အွန်လိုင်း Video Hosting တွေကနေ စတင် ငှားရမ်း ပြသရာကနေ အခု ရုံတွေမှာပါ တင်ပြီး ပြနေပြီဖြစ်ပါတယ်။ ဇာတ်လမ်းက James Franco က Talk Show Host တစ်ယောက်ဖြစ်ပြီး Seth Rogen က Producer ဖြစ်ပါတယ်။ သူတို့ရဲ့ Show က အတည်ပေါက် Interview မဟုတ်ပဲနဲ့ ဟာသဆန်ဆန်ဖြစ်နေတာကြောင့် လူတွေလေးစားလောက်မယ့် Interview မျိုးလုပ်ချင်နေပါတယ်။ တစ်နေ့မှာ စာစောင်တစ်ခုက ဆောင်းပါးမှာ Kim Jong-un က သူတို့ Show ရဲ့ ပရိတ်သတ်ဖြစ်တယ်လို့ သိသွားရာကနေ Interview လုပ်ဖို့ဖြစ်လာပါတယ်။ ဒီကနေ အားလုံးသိတဲ့အတိုင်း CIA က Kim Jong-un ကို သတ်ပေးဖို့ တာဝန်ပေးလာပါတယ်။ တကယ်တမ်းမြောက်ကိုရီးယားကို ရောက်သွားတော့ James Franco ရဲ့ Character ဖြစ်တဲ့ Dave Skylark က Kim Jong-un ရဲ့ ညာတာခံရပြီး အစီအစဉ်တွေပြောင်းသွား ပုံကို ဟာသဆန်ဆန်တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကအရမ်းမကောင်းပေမယ့် ကြည့်ပျော်ရှုပျော်တော့ရှိပါတယ်။ James Franco ရဲ့ ဇာတ်ကောင်က ဘာကိုမှ အလေးအနက်မထားတဲ့ ပုံစံမျိုး ပီပြင်အောင်သရုပ်ဆောင်ထားသလိ

Interstellar

Interstellar (2014) - Movie Review :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ထွက်တာကြာပြီဖြစ်ပေမယ့် မအားလို့မတင်ပေးဖြစ်တဲ့ကားပါ။ ဒီကားက ဒါရိုက်တာ Nolan ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် ၀င်ငွေတော့သိပ်မကောင်းခဲ့ပါဘူး။ အကြောင်းအရင်းကတော့ ဒါရိုက်တာက ဒီကားကို ကြည့်တဲ့သူတွေ အာကာသထဲရောက်နေ ခံစားချက်မျိုးရအောင် ရိုက်ကူးထားတဲ့အတွက် ဒီကားကို 70mm IMAX, 70mm Film, Regular IMAX တွေမှာပဲ ပြသ ခွင့်ပြုခဲ့ပြီး၊ 35mm Film, 35mm Regular, 4k Digital, Regular Digital နဲ့ပြတဲ့ ရုံတွေမှာ သူ့ကားကို ပြခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် အမေရိကားမှာဆို ရုံတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ပဲ ပြသနိုင်ခဲ့ပြီး၊ တစ်ချို့ ရပ်ကွက်တွေကလူတွေ ဆို မကြည့်ရတဲ့သူတွေတောင်ရှိပါတယ်။ ဇာတ်လမ်းကလည်း Inception လိုပဲ တွေးသသ ဖြစ်စေမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး၊ ကျွန်တော်ဆို Review သေချာရေးဖို့အတွက်၂ခါလောက်ပြန် ကြည့်ခဲ့ရပါတယ်။ ဇာတ်လမ်းအစမှာ ကမ္ဘာကြီးက မြေဆီမြေသြဇာတွေ ကုန်ခမ်းလာပြီး အစားအသောက်ရှားပါးလာပါတယ်။ ဒီကြားထဲသဲမုန်တိုင်းကလည်း တိုက်လိုက်ပါသေးတယ်။ Cooper (Matthew McConaughey) က အရင်တုန်းက အင်ဂျင်နီယာတစ်ဦး ဖြစ်သလို အာကာ

Terminator Genesis Trailer

Terminator Genesis Trailer #ရုပ်ရှင်မိတ်ဆက် 2015 မှာ ရုံတင်မယ့် Terminator Genesis ဇာတ်ကားအတွက် ပထမဆုံး ထွေလာ ထွက်လာပြီဖြစ်ပါတယ်။ Trailer အစမှာ Terminator စက်ရုပ်တွေကြီးစိုးနေတဲ့ ကမ္ဘာကြီးကိုပြထားပြီး၊ John Connor (Jason Clarke, Dawn of the planet of the Apes) နဲ့ Kyle Reese (Jai Courtney, Die Hard 4) တို့ကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် Nuclear ဗုံးတွေအပြန်အလှန် ပစ်ကြတာကိုလည်း အာကသထဲကနေ ရိုက်ပြထားပါသေးတယ်။ အဲ့ဒီနောက်မှာတော့ John Corner က Kyle Reese ကို အတိတ်က သူ့အမေ Sarah Connor (Emilia Clarke, Game of Throne) ကို ကယ်ဖို့ Time Machine နဲ့ပြန်လွှတ်တာကိုလည်းပြထားပါတယ်။ Kyle Reese အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ The Terminator (1984) တုန်းက လိုမဟုတ်တော့ပဲ အဖြစ်အပျက်တွေပြောင်းနေတာကို တွေ့လိုက်ရပါတယ်။ ၁၉၈၄ တုန်းကကားကို ကြည့်ဖူးသူတွေကမှတ်မိဦးမှာပါ။ အဲ့ဒီတုန်းက T-800 (Arnold) က Sarah ကိုသတ်ဖို့လာပြီး Kyle က ကယ်တင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ The Terminator လို့ခေါ်တဲ့ Arnold အဖိုးကြီးက Sarah ကို ကယ်တင်ထားရုံသာမက ကလေးဘ၀ထဲက ထိန်းကျောင်းနေခဲ့တာဖြစ်ပါတယ်။ ဒီစက်ရုပ် က အတိအကျတော့ မပြောထားပေမ

Horrible Bosses 2

Horrible Bosses 2 :) :) :) :) :) -_- -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ၂၀၁၁ တုန်းက Horrible Bosses ရဲ့ အဆက်ဖြစ်ပြီး ပထမကားက လူတွေ အကုန်လုံး နီးပါး ပြန်ပါလာကြပါတယ်။ ဒီကားမှာတော့ ဇာတ်လမ်းက Dale, Kurt and Nick တို့ သုံးယောက်က သူများလက်အောက်မှာ မလုပ်ချင်တော့လို့ ကိုယ်ပိုင်စီးပွားရေးလုပ်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ အဆိုးတကာ့ အဆိုးဆုံး သူဌေးဖြစ်တဲ့ Bert Hanson (Christoph Waltz) နဲ့ကြုံတွေ့ရပြီးတော့ သူတို့ရဲ့ ကုမ္ပဏီ ဒေ၀ါလီခံခဲ့ရပါတယ်။ ဒါကြောင့် Bert ရဲ့သား Rex Hanson (Chris Pine) ကိုပြန်ပေးဆွဲပြီး ငွေညစ်ဖို့ ကြိုးစားရာက အဆင်မပြေ ဖြစ်ကြတာတွေကို ဇာတ်လမ်းလုပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက ဇာတ်လမ်းအရ လည်းမကောင်းသလို၊ အဓိကဇာတ်ကောင်သုံးယောက်ကလည်း ပထမကားမှာတုန်းကလောက် မရယ်ရပါဘူး။ တစ်ချို့ ဟာသတွေက မရယ် ရယ်ရအောင် တမင်လုပ်ယူ နေသလို ဖြစ်နေပြီး၊ ဇာတ်လမ်းကလည်း ပထမကားကအတိုင်းပဲ ပြန်ရိုက်ထားပြီး၊ တစ်ချို့နေရာတွေမှာ ပိုတောင်ညံ့သွားပါသေးတယ်။ အထူးသဖြင့် အဓိက ဇာတ်ကောင် သုံးယောက်ဖြစ်တဲ့ Dale, Kurt နဲ့ Nick တို့က ပိုပိုပြီး ထုံထိုင်းလာပါတယ်။ ဇာတ်လမ်းကလည်း အတက်အကျမမှန်သလို၊ အဓိပ္ပာယ်လည်းမရှိပါဘူ

Dumb and Dumber To

Dumb and Dumber To :) :) :) :) -_- -_- -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ၁၉၉၄ တုန်းက ထွက်ခဲ့တဲ့ Dumb & Dumber ရဲ့ အဆက်ဖြစ်ပါတယ်။ ပထမဇာတ်ကားက ထူးထူးခြားခြား ဟာသကားဖြစ်လို့ ပရိတ်သတ်အကြိုက်တွေ့ခဲ့ကြပြီး၊ Jim Carey ရဲ့ အကောင်းဆုံး၊ အအောင်မြင်ဆုံး အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ပထမကားကနေ အနှစ်နှစ်ဆယ်ကြာပြီးချိန်မှာတော့ Dumb and Dumber To က ပထမကားလောက် မရီရတော့သလို၊ ပထမကားလောက်လည်း မကောင်းတော့ပါဘူး။ ဇာတ်လမ်းကတော့ ပထမကားအပြီးမှာ Lloyd က Mary ကြောင့် အသဲကွဲခဲ့ရပြီး စိတ်ရောဂါကုဆေးရုံမှာ အနှစ်နှစ်ဆယ်လုံးနေနေခဲ့ပါတယ်။ တကယ်တမ်းမှာတော့ (Trailer မှာပါတဲ့အတိုင်း) Lloyd က အနှစ်နှစ်ဆယ်လုံး ဟန်ဆောင်နေခဲ့တာဖြစ်တယ်လို့ Harry ကသိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Harry က ကျောက်ကပ် အစားထိုးဖို့လိုနေတယ်လို့ သလိုက်ရသလို တစ်ချိန်ထဲမှာပဲ သူ့မှာ မိန်းမတစ်ယောက် ရှိခဲ့ဖူးပြီး၊ အဲ့ဒီမိန်းမနဲ့ သမီး တစ်ယောက်ရခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီသမီးက မွေးပြီးကာစမှာပဲ အခြားသူကို မွေးစားဖို့ပေးလိုက်တာကြောင့် Lloyd နဲ့ Harry က Harry ရဲ့ သမီး ရှာပုံတော်ဖွင့်ကြရင်းနဲ့ ပေါက်ကရလေးဆယ်ဖြစ်ပုံကို ဟာသဆန်ဆန် ရိုက်ကူးထားတ

Big Hero 6

Big Hero 6 (2014) - Movie Review #ရုပ်ရှင်မိတ်ဆက် Big Hero 6 က Marvel ရဲ့ Japan Base Superhero Team ဖြစ်ပါတယ်။ ဒီကားကတော့ Disney ကာတွန်းဖြစ်ပြီး Comic Book ကို သိပ်အခြေမခံပဲ ကလေးတွေကြည့်လို့ရအောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Marvel Comic Book ကို Disney က ဘာလို့ ရိုက်ကူးလို့ရတာလည်း လို့ တွေးနေတဲ့သူတွေ အတွက်ကတော့ Marvel ကုမ္ပဏီက Disney ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တာကြောင့် ရိုက်ကူးလို့ရတာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ Trailer မှာပါခဲ့သလိုပဲ Hiro က အရမ်းဥာဏ်ကောင်းတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး သူ့အကို Tadashi ကလည်း စက်ရုပ်တီထွင်သူတစ်ဦးဖြစ်ပါတယ်။ Hiro က လမ်းဘေးက Robot fight တွေမှာပဲ အချိန်ဖြုန်းနေလို့ သူ့အကို ဖြစ်သူက သူနဲ့အတူ Lab မှာ လုပ်ဖို့ ခေါ်ခဲ့ရာက အခြား ဇာတ်ကောင်တွေဖြစ်တဲ့ GoGo Tomago (Jamie Chung), Wasabi (Damon Wayans, Jr.), Honey Lemon (Génesis Rodríguez), and Fred (T.J. Miller) နဲ့ Baymax (Scott Adsit) တို့နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့်ကံဆိုးစွာနဲ့ University Lab မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး Tadashi က မီးထဲမှာသေဆုံးသွားပါတယ်။ တစ်နေ့မှာတော့ Hiro တီထွင်ထားတဲ့ Micro-Bots တွေ

John Wick

John Wick (2014) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားက တော့ ကျွန်တော် ပြောထားသလိုပဲ Keanu Reeves ရဲ့ တကြော့ပြန်ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ 1999 The Matrix ဇာတ်ကားနဲ့ ကမ္ဘာကျော်မင်းသားဖြစ်လာခဲ့တဲ့ Keanu ဒီဇာတ်ကားမှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။ မနှစ်က ထွက်တဲ့ 47 Ronin မှာထဲက ကောင်းပေမယ့် ဇာတ်လမ်က မကောင်းတာကြောင့် လူတွေသိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ဒါပေမယ့် John Wick ကတော့ ပရိတ်သတ်အားပေးမှုရော၊ ရုပ်ရှင်ဝေဖန်သူတွေရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါတယ်။ ဇာတ်လမ်းက တော့ John Wick ရဲ့ မိန်းမက ကင်ဆာရောဂါနဲ့ သေသွားခဲ့ ပြီးနောက်မှာ သူ့အတွက် ခွေးကလေး တစ်ကောင် ချန်ထားခဲ့ပါတယ်။ တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ ချစ်ပါလို့ စာရေးသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာမထင်မှတ်ပဲ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီး လိုချင်လို့ ၀င်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက် အနားမှာရှိတဲ့ ကားဝပ်ရှော့ (မာဖီးယားနဲ့ပေါင်းလုပ်တဲ့ဝပ်ရှော့) ကို ကား VIN Number နဲ့ အရောင်ပြောင်းပေးဖို့ ယူသွားခဲ့ပါတယ်။

Unthinkable

Unthinkable #ရုပ်ရှင်မိတ်ဆက် Unthinkable ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားမှာ မင်းသားကြီး Samuel L Jackson အဓိက ပါဝင်သရုပ်ဆောင်ထားပြီး၊ မင်းသမီး Carrie-Anne Moss, နဲ့ ဗြိတိန်မင်းသား Michael Sheen တို့ ပါဝင်ထားပါတယ်။ ဒီကားရဲ့ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ရှင်းရှင်းလင်းရှိပေမယ့်၊ ဇာတ်ကားကတော့ တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းကတော့ Michael Sheen က အမေရိကန်နိုင်ငံသားဖြစ်ပြီး၊ စစ်မှုထမ်းခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူက မူဆလင်ဘာသာ ကိုးကွယ်သူဖြစ်ပြီး အမေရိကန်က မွတ်ဆလင်နိုင်ငံတွေမှာ ခြယ်လှယ်နေတာကို ရပ်တန့်ဖို့အတွက် Nuclear ဗုံး ၃ လုံးကို အမေရိကန်နိုင်ငံက မြို့ ကြီးသုံးမြို့ မှာထောင်ထားကြောင်း အသိပေးပြီး ကိုယ်တိုင်အဖမ်းခံခဲ့ပါတယ်။ ဗုံးတွေက ၆ရက်အကြာမှာ ပေါက်ကွဲမှာဖြစ်လို့ အစိုးရက Special Interrogator ဖြစ်တဲ့ Sam Jackson ကို ခေါ်ပြီး စစ်ဆေးစေပါတယ်။ Sam Jackson က Terrorist တွေ၊ ရန်သူသုံ့ပန်းတွေကို စစ်တပ်က ဖမ်းမိတဲ့အခါ စစ်ဆေးပေးရတဲ့ သူဖြစ်ပြီး သူရဲ့ Method ကတော့ တရားမ၀င်နည်းလမ်းတွေဖြစ်တဲ့ ညှင်းပန်းနှိပ်ဆက် ပြီးစစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် FBI Agent တစ်ဦးဖြစ်တဲ့ Carrie-Anne က လက်မခံချ

The Hunger Games: Mockingjay - Part 1

The Hunger Games: Mockingjay - Part 1 :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ လက်ရှိ အမေရိကား မှာ ရုံဝင်ကြေးအများဆုံး ရထားတဲ့ကားဖြစ်ပြီး ဒီနှစ်ရဲ့ ရုံဝင်ကြေးအများဆုံးရထားတဲ့ Guardians of The Galaxy (အမေရိကားမှာ 331 သန်း) ကိုကျော်ဖြတ်တော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သန်း ၂၀၀ ကျော်သွားပြီဖြစ်ပြီး ရုံတင်တာ ၂ပတ်ပဲရှိပါသေးတယ်။ ဇာတ်လမ်းကတော့ အရင်ဇာတ်ကားတွေနဲ့မတူတော့ပါဘူး။ Hunger Game တွေမလာတော့ပဲနဲ့ ဒီကားက နိုင်ငံရေးတွေပါလာပြီး၊ လူတွေ ထကြွပုံကန်ကြတဲ့ ဇာတ်လမ်းမျိုးဖြစ်သွားပါပြီ။ ဒီကားကို စာအုပ်ဖတ်ထားဖူးတဲ့ သူတွေက ကြိုက်ကြမှာဖြစ်ပြီး၊ သာမန်ပရိတ်သတ်တွေ အတွက်ကတော့ အနည်းငယ် ပျင်းဖို့ကောင်းမှာပါ။ ဒုတိယဇာတ်ကား Hunger Games: Catching Fire အပြီးမှာ Katniss က Hunger Games Stadium ကိုဖျက်ဆီးလိုက်ပြီးတဲ့ နောက်ကနေဆက်ထားပါတယ်။ Katniss ကို ကယ်တင်ပြီးတဲ့နောက် သူမကို District 13 ကိုပြန်ခေါ်သွားပြီး သူပုန်ခေါင်းဆောင် President Alma Coin နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇာတ်လမ်းမှာ President Coin က ခေါင်းဆောင်ဖြစ်ပေမယ့် ပြည်သူတွေအကုန် ပူးပေါင်း ပြီး နေပြည်တော်ကို (Capitol) တွန်းလှန်ဖို့ဆိုရင်

Jurassic World Trailer Review

Jurassic World Trailer Review #ရုပ်ရှင်မိတ်ဆက် ဒီကားက ၂၀၀၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jurassic Park 3 အပြီး ဆယ့်လေးနှစ် အကြာ အနေနဲ့ ရိုက်ကူးထားဖြစ်ပါတယ်။ ဒီကားက Original Jurassic Park အပြီး ၂၂ နှစ်အကြာမှာ Isla Nublar ကျွန်းမှာ မှာပဲ ဒိုင်နိုဆောတွေကို ပြန်ထိန်းသိမ်းပြီး Jurassic World ဆိုပြီး Theme Park ဖွင့်ထားတာဖြစ်ပါတယ်။ Trailer အစမှာ ကောင်လေးနှစ်ယောက်ကို သူတို့အမေက Jurassic World သွားဖို့ လက်မှတ်နှစ်စောင် ပေးလိုက်ပြီးတော့ နောက်ပြောင်တဲ့အနေနဲ့ သူ့တို့နောက်ကို ဘာပဲလိုက်လိုက် ပြေးသာပြေးဆိုပြီး ပြောလိုက်ပါတယ်။ (Something chases you, run!). အဲဒီနောက်မှာတော့ ကောင်လေးတွေက ကျွန်းကို သင်္ဘောစီးပြီး သွားတဲ့ အခန်းကိုပြပြီးနောက် The Park is Open ဆိုပြီး စာတမ်းထိုထားသလို၊ ၁၉၉၃ တုန်းက ပန်းခြံထဲ ပတ်တဲ့ ကားတွေနေရာမှာ အဆင့် မြင့် ရထားတွဲနဲ့ အစားထိုးထားပေမယ့် ကစားကွင်းထဲ့ ၀င်တဲ့ ဂိတ်ကတော့ ၁၉၉၃ တုန်းက ဂိတ်တံခါး ပုံစံအတိုင်းပဲလုပ်ထားပြီး အပေါ်မှာ Jurassic Park အစား Jurassic World ဆိုပြီး စာလုံးအပြာတွေနဲ့ ရေးထိုးထားတာ တွေရမှာပါ။ အထဲမှာလည်း လူတွေ နဲ့ ပြည့်နေသလို ကွင်းပြင်ထဲမှာ ကားနဲ့သွားနေရင်းနဲ့ ဘေးနာ

Equalizer

The Equalizer #ရုပ်ရှင်မိတ်ဆက် ဒီကားက Trailer မထွက်လာခင်ကတည်းက Sequel ထွက်မယ်လို့ သတင်းထွက် နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ပုံမှန်ဆို ဇာတ်ကားအဆက် ထွက်ဖို့ဆိုတာ ပထမကားအောင်မြင်မှ စီစဉ်လေ့ရှိတာဖြစ် ပေမယ့်ဒီကားကိုတော့ Sony က အပြည့်အ၀ယုံကြည်နေပါတယ်။ Pre-Screening Review မှာ Sony က ထုတ်ထားသမျှဇာတ်ကားတွေထဲမှာ Rating အကောင်းဆုံး ရထားတယ်လို့လည်းသိရပါတယ်။ ဇာတ်လမ်းကတော့ The Equalizer လို့ခေါ်တဲ့ TV Show ကို ရုပ်ရှင်အဖြစ် တင်ဆက်ထား တာဖြစ်ပြီး၊ Robert McCall က Retire intelligence Officer တစ်ဦးဖြစ်ပြီး၊ အထူးလေ့ကျင့်ပေးထားတဲ့ CIA အေးဂျင့်တစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Home Front ဆိုတဲ့ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင် တစ်ခုမှာ အလုပ်ဝင်လုပ်နေ ရင်း မတရားမှုတွေ့ရင် လိုက်ပြီး ကူညီပေးပုံတွေ ကို ရိုက်ကူးတင်ဆက်တာဖြစ်ပါတယ်။ ဒီကားမှာတော့ Denzel က ပြည့်တန်ဆာ ကောင်မလေးတစ်ယောက်ကို ကူညီပေးရင်း Russian Mafia နဲ့ ထိပ်တိုက်တွေ့ပုံကို ဇာတ်လမ်းဆင်ထားပါတယ်။ ကောင်မလေးက တစ်နေ့မှာ အနှိပ်စက်ခံရတာကြောင့် ဆေးရုံရောက်သွား တဲ့အခါမှာ Denzel က ပြည့်တန်ဆာခေါင်း ဆီသွားပြီးတော့ ကောင်မလေးကို ဆက်မလုပ်ခိုင်းဖို့ နဲ့ ဒေါ်လာ ကိုးထာင့်ရှစ်

A Walk Among the Tombstones

A Walk Among the Tombstones #ရုပ်ရှင်မိတ်ဆက် ဒီနေ့ ကစပြီး ရုပ်ရှင်မိတ်ဆက်လေးတွေ ပြန်တင်ပေးပါ့မယ်။ ဒီကားကတော့ Liam Neeson ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Psychological Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားကတော့ ၁၈ နှစ်အောက်ကလေးတွေ မကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပြီး၊ ကလေးတွေ မကြည့်သင့်ပါဘူး။ မိသားစုတူတူလည်းကြည့်ဖို့အဆင်မပြေပါဘူး။ Nudity တစ်ချို့ နဲ့ စိတ်ခြောက်ခြားစရာ တစ်ချို့ ပါဝင်တာကြောင့် ကလေးတွေကို မပြတာပိုကောင်းပါတယ်။ ဇာတ်လမ်းကတော့ မင်းသားကြီး Liam Neeson (Matt Scudder) က အရင်တုန်းက ရဲအရာရှိတစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာတော့ သူက Private Investigator တစ်ယောက် ဖြစ်နေပြီး၊ တရားဝင်လိုင်စင်လည်း မရှိပါဘူး။ သူက ရဲအဖြစ်တာဝန်ထမ်းဆောင်တုန်းက အရက်စွဲနေသူဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ ရဲ့ တာဝန်ပြီးလို့ အရက်ဝင်သောက်နေတုန်းမှာ၊ အရက်ဆိုင်ကို လူဆိုးသုံးယောက် ဓါးပြ၀င်တိုက်ရင်း  အပြန်အလှန်ပစ်ခတ်ကြရာမှာ Matt က နှစ်ယောက်ကို အသေသတ်ပြီး တစ်ယောက်ကို တော့ ခြေထောက်ကိုပစ်ပြီး ဖမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုပစ်ခတ်ကြရင်းနဲ့ Matt ရဲ့ ကျည်ဆံက လမ်းပေါ်က ၇ နှစ်သမီးလေး ထိမှန်ပြီး ကလေးမလေး သေသွ

Awakenings

Awakenings #ရုပ်ရှင်မိတ်ဆက် ဒီဇာတ်ကားက မင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကား ဖြစ်ပြီး၊ စိတ်ဝင်စား ဖို့ကောင်းပြီး၊ ရင့်နင့်စရာ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ၁၉၉၀ ထဲက ထွက်ခဲ့ တဲ့ဇာတ်ကားဖြစ်ပြီး ကြည့်ဖူးသူတွေလည်းရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရပြန်ကြည့်ချင်တဲ့သူတွေ မကြည့်ရသေးသူတွေ အတွက် တင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာ Robin က Dr. Malcolm Sayer အဖြစ်သရုပ်ဆောင်ထားပြီး၊ တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Robin Williams က အကြောသေ ရောဂါ ဖြစ်နေတဲ့ လူတွေကို ကုသပေးဖို့ ရောက်လာတာဖြစ်ပြီး၊ လူနာတွေ ကို ကုသပေးနေရာက Leonard Lowe (Robert De Niro) လို့ခေါ်တဲ့လူနာတစ်ယောက်က Ouija Board ကိုသုံးပြီး သူနဲ့ Communicate လုပ်နိုင်လာပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Parkinson's Disease လို့ခေါ်တဲ့ ခြေလက် တုန်ယင် တဲ့ရောဂါနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတစ်ခုအပြီးမှာ သူ့လူနာတွေကို Parkinson ရောဂါကို ကုတဲ့ ဆေးနဲ့ စမ်းပြီး ကုသကြည့်ဖို့စိတ်ကူး ရလာပါတယ်။ တကယ်တမ်းမှာလည်း Leonard ကို စတင်စမ်းသပ်ကုသကြည့်ရာမှာ အောင်မြင်ခဲ့ပြီး ပြန်လည်လှုပ်ရှား သွားလာနိုင်ခဲ့ပါတယ်။ ဒါကြောင့် က

Teenage Mutant Ninja Turtles (2014)

Teenage Mutant Ninja Turtles (August 8, 2014) #ရုပ်ရှင်မိတ်ဆက် ပရိတ်သတ်ကြီး စောင့်မျှော်နေတဲ့ TMNT ဇာတ်ကား နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက တစ်ချိန်တုန်းက နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ နဲ့ ကာတွန်းစာအုပ် တွေထဲက Superheros ဖြစ်တဲ့ TMNT ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သူက အခုမှ ရုပ်ရှင်ထွက်တာတော့မဟုတ်ပါဘူး။ ၁၉၉၀ တုန်းက ဇာတ်ကား ၃ကားထွက်ထားဖူးသလို၊ ၂၀၀၇ မှာလည်း ကာတွန်းအနေနဲ့ထွက်ထားဖူးပါတယ်။ ဇာတ်လမ်းမှာ April O'Neil (Megan Fox) က သတင်းထောက်တစ်ဦးဖြစ်ပြီး New York မြို့က Foot Clan ဆိုတဲ့ ဂိုဏ်းကို လိုက်လံသတင်းယူနေရာကနေ Turtles တွေနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတယ်။ ဒီကနေ သူမ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဖြစ်အပျက်ကို သတိရသွားပြီး Turtles တွေရဲ့ Origin ကို မှတ်မိသွားပါတယ်။ တစ်ဖက်မှာလည်း ဆရာ Splinter က April ကို Foot Clan ရဲ့ ရန်က ကာကွယ်ဖို့အတွက် April ကို ရအောင် ရှာပြီး ခေါ်လာဖို့ ညွှန်ကြားပါတယ်။ ဇာတ်လမ်းကသိပ်မထူးခြားပေမယ့် ပရိတ်သတ် စိတ်ဝင်စားမယ့် Action ကားကောင်းတစ်ကားပါ ကျွန်တော်တို့ ကလေးဘ၀ကတည်းက တီဗီမှာ ကာတွန်းအဖြစ်နဲ့ကြည့်ခဲ့ဖူးကြပြီး၊ Nintendo ဂိမ်းတွေ အဖြစ်လည်း ဆော့ကစားခဲ့ကြပါတယ်။ ဒါကြောင်

Guardians of the Galaxy

Guardians of the Galaxy #ရုပ်ရှင်မိတ်ဆက် ပရိတ်သတ်ကြီး မျှော်လင့်နေကြတဲ့ GOG ဇာတ်ကားကို မိတ်ဆက်ပေးပါရစေ။ ဒီ Guardians of the Galaxy ဇာတ်ကားက ၂၀၀၈ခုနှစ်မှာအသစ် ပြန်ရေးထားတဲ့ ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပါတယ်။ သူတို့အဖွဲ့မှာ Peter Quill /  Star-Lord, Rocket Raccoon, Quasar, Adam Warlock, Gamora, Drax the Destroyer, နဲ့ Groot တို့အဓိကပါဝင်ပါတယ်။ Marvel Universe တစ်ခုတည်းမှာဖြစ်တာကြောင့် Avengers: The Earth Mightiest Heros နဲ့ Ultimate Spider-man ကာတွန်းဇာတ်လမ်းတွဲမှာ Cameo ပါဝင်ဖူးတာကလွဲရင် ဒါက ပထမဆုံးအကြိမ် ပိတ်သားထက်မှာကြည့်ရမှာဖြစ် ပါတယ်။ ပရိတ်သတ်တွေသိပ်မသိကြသလို၊ မနှစ်က  ကျွန်တော့် စာရင်းကောက်ထားတဲ့ထဲမှာတောင် ဘယ်သူမှ Vote မလုပ်ထားတဲ့ တစ်ခုတည်းသောကား ဖြစ်ပါတယ်။ Peter Quill/Star-Lord က ခေါင်းဆောင်ဖြစ်ပြီး သူက လူနဲ့ Alien တော်ဝင်မျိုးရိုးနဲ့ ပေါင်းပြီး မွေးလာတာဖြစ်ပါတယ်။ Rocket Raccoon က လူကြိုက်အများဆုံး Character ဖြစ်ပါတယ်။ Groot ကတော့ သူတို့အဖွဲ့ရဲ့ အားထားရတဲ့ လက်ရုံး ဖြစ်ပါတယ်။ Drax the Destroyer က လည်း အားထားရသူတစ်ယောက်ဖြစ်ပြီး၊ Gamora ကတော့ Thanos ရဲ့မွေးစားသမီး ဖြစ်ပြီး Assass

Lucy - July 25, 2014

Lucy - July 25, 2014 #ရုပ်ရှင်မိတ်ဆက် ဒီဇာတ်ကားကတော့ ကျွန်တော် Preview လုပ်ခဲ့သလို၊ ထွေလာ မှာပါသလိုပဲ၊ Lucy က သူ့မရဲ့ ဦးနောက်ကို သာမန်လူတွေထက်ပိုပြီး အသုံးပြုနိုင်သွားတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ သာမန်လူတွေက ဦးနောက်ကို ၁၀% နှုန်းပဲ အသုံးပြုနိုင်ပါတယ်။ Professor Norman (Morgan Freeman) က ဒါကို လေ့လာနေသူဖြစ်ပြီး သူ့ရဲ့အဆိုအရ လူတစ်ယောက်က ဦးနောက်ရဲ့ ၂၀% ကိုအသုံးပြုနိုင်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ထိမ်းချုပ်လာနိုင်ပါမယ်။ ၄၀% အသုံးပြုလာနိုင်ရင် ကျန်တဲ့ သက်ရှိတွေကိုပါ ထိမ်းချုပ်လာနိုင်မှာဖြစ်သလို၊ ၆၀% အဆင့်ရောက်လာရင်တော့ အရာဝတ္ထုတွေကိုပါ ထိမ်းချုပ်လာနိုင်ပါမယ်။ ဒီထက်ပိုများလာရင်တော့ ဘာဆက်ဖြစ်မလည်း မသိဘူးလို့ဆိုထားပါတယ်။ Lucy က မူးယစ်ဆေးရောင်းတဲ့ ကိုရီးယားဂိုဏ်းရဲ့ ပြန်ပေးဆွဲခံရပြီး CPH4 လို့ခေါ်တဲ့ မူးယစ်ဆေးကို ဗိုက်ထဲမှာထည့်ထားပြီး သယ်ပို့ဖို့အတင်းခိုင်းစေခံရရာကနေ ကြားထဲမှာ ချွတ်ချော်သွားပြီးဆေးထုတ်က သူမ ဗိုက်ထဲမှာပေါက်သွားပါတယ်။ CPH4 က ကိုယ်ဝန်ဆောင် မိခင်တွေက ကိုယ်ဝန်ရပြီး ၆ ပတ် အကြာမှာ ပမာဏအနည်းငယ် ထုတ်လွှတ်တာဖြစ်ပြီး၊ ကလေး ရဲ့ အရိုးတွေ တည်ဆောက်ဖို့အတွက် အထော

Chef

Chef - May 30th, 2014 #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ Comedy/Drama ဇာတ်ကားလေးပါ။ Iron-Man ရဲ့ တပည့်ကြီး Happy အဖြစ် သရုပ်ဆောင်တဲ့ Jon Favreau က ကိုယ်တိုင် ရိုက်ကူး၊ သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာ Jon Favreau က စားသောက်ဆိုင် တစ်ခုက စားဖိုမှုးတစ်ယောက် ဖြစ်ပြီး၊ ချက်ပြုတ်ရတာကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူက ဟင်းချက်ရာမှာ လူတွေကြိုက်တတ်တဲ့ သမရိုးကျ အစားအစာ တွေကိုပဲ အမြဲတမ်း ချက်မနေချင်သလို၊ သူ့စိတ်ကူး ထဲက ရှိတဲ့အတိုင်း ချက်ပြုတ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် သူ့ဆိုင်ပိုင်ရှင်ကတော့ သူနဲ့ဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။ သူက ဟင်းချက်တဲ့စားဖိုမှူး ဆိုတာ အနုပညာရှင်တစ်ယောက်လိုပါပဲလို့ပဲဖြစ်ပြီးတော့၊ အစားအသောက်ပြင်ဆင် ချက်ပြုတ်ရာမှာ စားဖိုမှူးတစ်ယောက်က လွတ်လွတ်လပ်လပ်ချက်သင့်တယ်လို့ ခံယူထားသူပါ။ တစ်ရက်မှ အခန့်မသင့်ပဲ အလုပ်ပြုတ်သွားခဲ့ပြီး၊ သူ့သားရဲ့အမေ (သူ့အရင်မိန်းမရဲ့ အကူအညီနဲ့) Florida မှာ အလကားရတဲ့ Food Truck သွားယူပြီး သူ့ အပေါ်သစ္စာရှိတဲ့ သူ့လက်အောက်က စားဖိုမှုးတစ်ဦးရယ်။ သားဖြစ်သူရယ်နဲ့အတူ (သူ့သားက Twitter မှာ ကြော်ငြာ ပေးတာဖြစ်သလို၊ သူ့အဖေကိုလည်း Twitter အကောင့် လုပ်ပေးပြီး နာမည်ကြီးအောင

Hercules - July 25, 2014

Hercules - July 25, 2014 #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ The Rock ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်။ တကယ်လည်း Hercules က ဒီသတ္တ၀ါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က

The Expendables 3

The Expendables 3 - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ၁၉၈၀၊ ၁၉၉၀ ကာလက နာမည်ကြီးအက်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Stallone, Arnold, Harrison Ford, Jet Li, Jason Statham, Antonio Banderas, Wesley Snipes, Mel Gibson, Dolph Lundgren တို့အဓိကပါဝင်ထားပြီး Expendables Series ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အထွေအထူးပြောစရာမရှိပါဘူး။ ထုံးစံအတိုင်း ပဲ Expendables အဖွဲက Expendables အဖွဲ့ကိုစတင်ခဲ့သူ ဖြစ်တဲ့ Mel Gibson ကို လုပ်ကြံဖို့သွားရာကနေ မအောင်မြင်ပဲ သူတို့အဖွဲ့ထဲက တစ်ယောက် ဒဏ်ရာရသွားပါတယ်။ အဲ့ဒီအခါမှာ Stallone က သူ့အဖွဲ့ဟောင်းကို ထားခဲ့ပြီး လူသစ်တွေ နဲ့ ထပ်သွားပါတယ်။ ဒီတစ်ခါတော့ အသေသတ်ဖို့မဟုတ်ပဲ အရှင်ဖမ်းရမယ်ဆိုပြီး ဖြစ်ပြန်ပါတယ်။ ဒါလည်း မအောင်မြင်ပဲ သူ့အဖွဲ့ ဖမ်းခံရပြီး သူပဲပြန်လွတ်လာပါတယ်။ ဒါနဲ့သူ့ အဖွဲ့ဟောင်းနဲ့ ပြန်ပေါင်းပြီး အဖွဲ့သစ်ကို ပြန်သွားကယ်ပါတယ်။ ဇာတ်လမ်းက ဘာမှမထူးခြားသလို၊ စိတ်ဝင်စားစရာလည်းမရှိပါဘူး။ အထူးသဖြင့် တစ်ချိန်တုန်းက Action မင်းသားကြီးတွေအားလုံးကို မပါပါအောင် လုပ်ယူပြီး ထည့်ထားရတော့ ဇာတ်လမ်းဇာတ်ကွက်ဆိုတာ မရှိတော့ပါဘူး။ ဖြစ်သလိုရိုက်ပြီး ဖြစ်သလ

Batman v Superman: Dawn of Justice

Batman v Superman: Dawn of Justice #ရုပ်ရှင်မိတ်ဆက် ပရိတ်သတ်ကြီး စိတ်ဝင်စားနေတဲ့ DC ရဲ့ Batman vs Superman အကြောင်း နည်းနည်း ဆွေးနွေးချင်လို့ပါ။ San Diego Comic Con မှာ Warner Brothers က Batman v Superman ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို ပြသွားသလို Wonder Woman ရဲ့ပိုစတာကိုလည်း ပြသွားခဲ့ပါတယ်။ ဇာတ်ဝင်ခန်းက တရားဝင် မကြေငြာသေးသလို၊ ပွဲလာတဲ့သူတွေကိုပဲ ပြသွားတာဖြစ်လို့ မကြည့်ရသေးပေမယ့်၊ ကြည့်ပြီးတဲ့သူတွေပြန်ပြောပြချက်အရရော၊ Camera နဲ့ ရိုက်ထားတဲ့ Version အရပါ ကျွန်တော် အမြင်ကိုပြောပြချင်ပါတယ်။ Batman က အောက်မှာရပ်နေပြီးတော့ Batsignal ကိုဖွင့်လိုက်တဲ့အခါမှာ Superman ကလေထဲမှာရပ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် Superman မျက်လုံးက နီနေပြီး၊ (Heat Vision) နဲ့ပစ်မယ့် ပုံစံဖြစ်နေပါတယ်။ Batman မျက်လုံးကလည်း အဖြူရောင် ဖြစ်နေပါတယ်။ ဒါကိုတော့သိပြီးသားပါ။ ဒါ့အပြင် Batman ရဲ့ ပရိတ်သတ်တွေ သိပြီးတဲ့အတိုင်း Batman က Armor ၀တ်ထားပါတယ်။ သိတဲ့သူတွေကလည်း ပြောနေကြသလို မသိတဲ့သူတွေလည်းရှိလို့ ဘာလည်းဆိုတာ ရှင်းပြချင်ပါတယ်။ Batman က The Dark Knight Returns ဆိုတဲ့ စာအုပ်ထဲမှာ Superman နဲ့ရင်ဆိုင်တော့ သူက အဲ့ဒီဝတ်စုံ

The Dark Knight Rises (2012) - Movie Link Included

The Dark Knight Rises (2012) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။  Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ ဇာတ်လမ်းအစမှ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထ

Dawn of the Planet of the Apes (2014)

Dawn of the Planet of the Apes - (July 11, 2014) #ရုပ်ရှင်မိတ်ဆက် ပရိတ်သတ်ကြီးမျှော်လင့်နေကြတဲ့ Apes ဇာတ်ကား နဲ့ မိတ်ဆက်ပေးပါ့ရစေ။ ဒီကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for the Planet of the Apes (June 15, 1973) ဆိုပြီး ၅ ကားရှိခဲ့သလို၊ Mark Wahlberg ရဲ့ ၂၀၀၁ ခုနှစ် Remake ဆိုပြီး ရှိပါတယ်။ လက်ရှိဇာတ်ကားတွေကတော့ ဒီ Series ရဲ့ Reboot တွေဖြစ်ပြီး Rise of the Planet of the Ape က ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်က ဇာတ်ကား နဲ့ ဇာတ်လမ်းမတူတော့ပဲ၊ ဇာတ်လမ်း သဘောတရားကိုပဲ ပြန်ယူသုံးထားတာဖြစ်ပါတယ်။ အခု Dawn of the Planet of the Apes ဇာတ်ကားကတော့ ၁၉၆၈ Planet of the Apes ပြီးရင် အကောင်းဆုံး ဇာတ်ကားလို့ သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။ ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြ

Taken 2 (2012) - Movie Link Included

Taken 2 (2012) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ပထမဇာတ်ကားလောက် ပရိသတ်ကို ဖျော်ဖြေမှုမပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အက်ရှင်ကား ကြိုက်ပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြဦးမှာပါ။ အနည်းဆုံးတော့ အပျင်းပြေစေပြီး၊ စိတ်ဝင်စားစရာ တော့ အတော်အသင့် ကောင်းပါတယ်။ ဇာတ်လမ်းကတော့ ပထမကားရဲ့ အဆက်ဖြစ်တဲ့အတိုင်း ဒီကားမှာ Bryan က သူ့သမီးနဲ့ မိန်းမနဲ့ အရင်ကထက် ပိုပြီး အဆင်ပြေနေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ သူ့မိန်းမ Lenore ရဲ့ နောက်ယောက်ျားနဲ့ Lenore တို့ အဆင်မပြေ ဖြစ်နေကြပါတယ်။ ဒါကြောင့် တစ်ရက် သူက Istanbul ကို အလုပ်ကိစ္စနဲ့သွားမယ့် အချိန်မှာ သူ့မိန်းမနဲ့ကလေးကို လိုက်လည်ဖို့ ဖိတ်ရာကနေ သုံးယောက်လုံးကို ပြန်ပေးဆွဲခံရဖို့ဖြစ်လာခဲ့ပါတယ်။ ပထမကားတုန်းက သူ့သမီးကို ပြန်ပေးဆွဲသွားခဲ့တဲ့ Marko ( 'Good Luck' လို့ပြောသွားတဲ့သူ) ရဲ့အဖေက လက်စားချေဖို့ အတွက်ဖြစ်ပါတယ်။ သာမန် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး၊ အပျင်းပြေကြည့်ဖို့ပဲသင့်တော်ပါတယ်။ မိသားစု တူတူကြည့် နိုင်ပြီး၊ No Sex, No Nudity ပါ။ #Sololay Movie Links - http://putlocker.is/watch-taken-2-online-free-putlocker.html

Maleficent (May 30th 2014)

Maleficent (May 30th 2014) Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်းဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ၀င်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက်ကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိပြီးမသေပဲ၊ နှစ်တစ်၇ာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ နိုးမယ်လို့ ဆုတောင်းပေးခဲ့ပါတယ်။ ဒီကားကတော့ Sleeping Beauty ဇာတ်လမ်းကို Maleficent ဆိုတဲ့မှော်ဆရာမ နေရာကနေရိုက်ကူးထားပြီး အပြောင်းအလဲလေးလုပ်ထားပါတယ်။ ဇာတ်လမ်းအစမှ Maleficent ဆိုတဲ့ Faerie (နတ်သမီးလို့ပဲ ဘာသာပြန်ရမယ်ထင်ပါတယ်) တစ်ယောက်က လူငယ်သဘာဝ၊ Stefan ဆိုတဲ့ ကောင်လေး

Limitless (2014) - Movie Review

Limitless (2011) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားတစ်ခါတော့ မင်းသားချော Bradley Cooper ရဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့ Limitless ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ Bradley Cooper က စာရေးဆရာ တစ်ဦးဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ သူရေးရမယ့် စာကိုလည်း ပြီးအောင်မရေးနိုင်သလို၊ ဘ၀မှာလည်း အဆင်မပြေဖြစ်နေပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ အရင်မိန်းမရဲ့ မောင် (ယောက်ဖ ဟောင်းနဲ့) ပြန်တွေ့ရာက သူ့ယောက်ဖက သူ့ကို ဆေးတစ်မျိုး စမ်းသုံးခိုင်းပါတယ်။ အဲ့ဒီဆေးက လူတွေရဲ့ ဦးနှောက် အလုပ်လုပ် နိုင်စွမ်းကို မြှင့်တင်ပေး နိုင်တဲ့ဆေးဖြစ်ပါတယ်။ သာမန်အားဖြင့် လူတိုင်းက ဦးနောက်ရဲ့ ၁၀ ရာခိုင်နှုန်းသာ အသုံး ချ နိုင်ကြပါတယ်။ ဒီဆေးကြောင့် ဦးနောက်ရဲ့ ကျန်တဲ့ ၉၀% ကိုပါ အသုံး ပြုနိုင်လာပြီး၊ ဦးနောက်က မှတ်ထားသမျှ မှတ်ဥာဏ် အကုန်လုံးကို အသုံးချနိုင်လာပါတယ်။ သူ့ရဲ့သဘောတရားက ဦးနောက်က  လူမှန်းသိတတ်စအရွယ်ထဲက မြင်သမျှ ကြားသမျှ အရာအားလုံးကို မှတ်ထားနိုင်ပေမယ့်၊ မှတ်ထားတဲ့ အစိတ်အပိုင်းကိုတော့ လူတွေက အသုံးမချနိုင်ကြပါဘူး။ ဒီဆေးကြောင့် Bradley Cooper တစ်ယောက် တဖြည်းဖြည်းနဲ့ ထူးချွန်လာသလို၊ အောင်မြင်မှုတေ

Ransom (1996)

Ransom (1996) #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ထူးထူးခြားခြားကြည့်လို့ကောင်းတဲ့ ပြန်ပေးဆွဲဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား ကြီး Mel Gibson (Lethal Weapon, Mad Max) ပါဝင်သရုပ်ဆောင်ထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ Mel Gibson (Tom Mullen) က သန်းကြွယ်သဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ရဲ့ တစ်ဦးတည်းသော သားလေးပြန်ပေးဆွဲခံရပါတယ်။ ထုံးစံအတိုင်း FBI က ရောက်လာပြီး ပြန်ပေးသမားကလည်း ဒေါ်လာ ၂သန်း တောင်းပါတယ်။ ပြန်ပေးသမားက Tom ကို သူတို့ပြောတဲ့နေရာမှာ ပိုက်ဆံ သွားပေးခိုင်းပြီး ပိုက်ဆံယူတဲ့သူက ကလေးရှိတဲ့နေရာကို လိပ်စာ ပြန်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်သွားပေးတဲ့အခါမှာတော့ လိပ်စာပြန်မပေးပဲ ပိုက်ဆံပဲ ယူဖို့လုပ်တဲ့အခါမှာ၊ နောက်က လိုက်လာတဲ့ FBI နဲ့ ပစ်ခတ်ကြရင်းနဲ့ ပြန်ပေးသမားဘက်က လူက သေသွားခဲ့ပါတယ်။ ဒီနောက်မှာ နောက်တစ်ခါ ပိုက်ဆံပေးဖို့ ပြောတဲ့အခါမှာတော့ Tom က ဘယ်သူမှမထင်မှတ်ထားတဲ့ လုပ်ကို လုပ်လိုက်ပါတယ်။ ပထမတစ်ခေါက် ကတည်းက ကလေးကို ပြန်ပေးဖို့ အစီအစဉ်မရှိတာကို ရိပ်မိတာကြောင့် ဒီတစ်ခါတော့ ပိုက်ဆံ မပေးတော့ပဲနဲ့ အဲ့ဒီပေးရမယ့် ပိုက်ဆံကို ဆုကြေးငွေအဖြစ်

Deliver Us From Evil (2014)

Deliver Us From Evil (July 2nd, 2014) #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်သတ်ကြီးကို သဲထိပ်ရင်ဖို ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားက ဒီနှစ်နွေရာသီရဲ့ ပရိတ်သတ်စိတ်ဝင်စားဆုံး Horror ဇာတ်ကားလို့ သတ်မှတ်ထားကြပါတယ်။ Hulk (2002) မင်းသား Eric Bana က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ NYPD (New York Police Detective) Ralph Sarchie ရဲ့ အပြင်က ဘ၀ကို ရုပ်ရှင် ရိုက်ကူးထားတာဖြစ်ပါတယ်။ Ralph က မှုခင်းတစ်ခုကိုလိုက်နေတုန်းမှာ priest Mendoza နဲ့ ဆုံတွေ့ပြီး၊ Priest က သူ့ကို ဒီအမှုတွေက သဘာဝလွန်ဖြစ်ရပ်နဲ့ဆက်စပ်နေတဲ့ အကြောင်း ပြောသလို၊ သရဲ သဘက်တွေ နှိမ်နင်းဖို့ ပညာတွေလည်း သင်ပေးခဲ့ပါတယ်။ Horror ကားကောင်းတစ်ကားပါ။ မင်းသားမင်းသမီးတွေကလည်း အညံ့စားတွေမဟုတ်သလို၊ ဇာတ်လမ်းလည်း ကောင်းပါတယ်။ ကြောက်ဖို့လည်း ကောင်းသလို၊ သရဲကားကြိုက်ပရိတ်သတ်တွေ နှစ်သက်ကြမှာပါ။ ရုံမှာသွားကြည့်ဖို့အဆင်ပြေပါတယ်။ #Sololay

Transformers: Age of Extinction

Transformers: Age of Extinction (June 27th, 2014) #ရုပ်ရှင်မိတ်ဆက် ပရိတ်သတ်ကြီးနဲ့ ရင်းနှီးနေပြီးသား Transformers ရဲ့ လေးကားမြောက်ဖြစ်တဲ့ Transformers: Age of Extinction နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကတော့ ပရိတ်သတ် တွေမျှော်လင့်ထားသလို ပိုကောင်းမလာပဲ နောက်ဆုံး ၂ ကားဖြစ်တဲ့ Revenge of the Fallen နဲ့ Dark side of the moon လိုပဲ သာမန်ကား တစ်ကားအဆင့်ပဲရှိပါတယ်။ ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။ Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေ ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့ အ

Transformers

Transformers: Dark of the Moon (2011) #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ Transformers ဇာတ်လမ်းတွေထဲမှာ တတိယမြောက်ကားဖြစ်ပြီး၊ Shia LaBeouf နောက်ဆုံး ပါဝင်ရတဲ့ကားလည်းဖြစ်ပါတယ်။ ဒီကားကလည်း ဒုတိယကား Revange of the Fallen လိုပဲ ပရိတ်သတ်တွေ ကို စိတ်ပျက်စေခဲ့ပါတယ်။ ဒီကားမှာ Autobots တွေက ပျောက်ဆုံးနေတဲ့ သူတို့ရဲ့ ယာဉ်ပျံ Ark နဲ့ အတူ Autobots တွေရဲ့ ခေါင်းဆောင် Sentinel Prime ရဲ့သတင်းအစအနကို ရသွားပြီးနောက် လူတွေက Ark နဲ့ Prime ကို ၁၉၆၁ ခုနှစ် ထဲက တွေ့ထားတယ်လို့လည်း သိသွားပါတယ်။ ဒါပေမယ့် သူတို့ထင်ထားသလို မဟုတ်ပဲ Prime နဲ့ Megatron တို့ နှစ်ဦးပေါင်းပြီး လူတွေကို ဒုက္ခပေးလာတဲ့အခါမှာတော့ Optimus Prime နဲ့ သူ့ရဲ့ Autobots တွေက ပြန်ပြီး ကယ်တင်ရပုံကို ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဇာတ်ညွှန်းညံ့ပါတယ်။ Bad Boys 1 & 2 ဒါရိုက်တာ တစ်ဦးအနေနဲ့ Michael Bay တစ်ယောက် ဒီလောက်အထိ မညံ့သင့်ပါဘူး။ ဒီကားရိုက်ကူးပြီးတဲ့နောက်မှာ Michael Bay ကိုယ်တိုင် ပရိတ်သတ်ကို ပြန်တောင်းပန်ခဲ့ရပါတယ်။ အပျင်းပြေကြည့်ဖို့သင့်တော်ပြီး၊ ဇာတ်ကားကောင်း တစ်ကားတော့ မဟုတ်ပါဘူး။ မင်းသား၊ မင်းသမီး၊ ဇာတ်ညွှန်း အားလုံး သာမန်ပဲဖြစ်ပြီး မိသားစုတူ

22 Jump Street

22 Jump Street - (June 13, 2014) #ရုပ်ရှင်မိတ်ဆက် 22 Jump Street ကတော့ အားလုံးသိပြီးသား 21 Jump Street ရဲ့အဆက်ဖြစ်ပြီး၊ အရင်ကားထဲက လူတွေ တော်တော်များများပြန်ပါလာပါတယ်။ အက်ရှင်ဟာသကား တစ်ကားဖြစ်ပြီး ကြည့်လို့လည်းကောင်း ပါတယ်။ ဒီကားက Rated R ဟာသကားတွေရဲ့ထုံးစံအတိုင်း ညစ်ညမ်း၊ ဆဲဆို တဲ့စကားလုံးတွေ၊ ပြက်လုံး တွေ၊ ပါပါတယ်။ ဇာတ်လမ်းကတော့ ပထမကားက အတိုင်းပဲဖြစ်လို့ ဘာမှမထူးခြားပါဘူး။ ဒီတစ်ခါမှာတော့ Jonah Hill နဲ့ Channing Tatum တို့က ကောလိပ်ကို ကျောင်းသားအနေနဲ့ သွားပြီး၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို စုံစမ်းဖော်ထုတ်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံး အဓိပ္ပာယ်ရှိရှိ ရယ်ရတာမျိုး မဟုတ်ပဲနဲ့ ဇာတ်ကွက် တစ်ခုစီမှာ ပါတဲ့ ဟာသတစ်ချို့ကြောင့် ရယ်စရာ ကောင်းတာ မျိုးဖြစ်ပါတယ်။ Hangover လို ဇာတ်လမ်း မကောင်းပေမယ့်၊ ဟာသကားကောင်း တစ်ကားလို့တော့ပြောလို့ရပါတယ်။ အထူးသဖြင့် 4th Wall Breaks လို့ခေါ်တဲ့ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေက ကြည့်နေတဲ့ပရိတ်သတ်ကို အမှတ်မထင် စကားပြောတာမျိုးကိုခေါ်တာပါ။ ဒါမျိုးက ဟာသကားတွေမှာ အများဆုံးပါလေ့ရှိပြီး ဒီကားမှာ တော့ ပညာသားပါပါနဲ့ ဟာသမြောက်အောင် ထည့်ပေးထားတာကိုလည်း ပရိတ်သတ်ကြီး တွေ့ရမ

How to train your Dragon 2

How To Train Your Dragon 2 (June 13th, 2014) #ရုပ်ရှင်မိတ်ဆက် ဒီဇာတ်ကားကတော့ ပထမကားရဲ့ ခြေရာကိုမှီတယ်လို့ပဲပြောရမှာပါ။ ကာတွန်းကားဆိုပေမယ့် ကလေးရော လူကြီးပါ ကြည့်လို့အဆင်ပြေပါတယ်။ Dreamwork ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ Animation, Story နဲ့ ဇာတ်လမ်းဇာတ်ကွက် ဘာမှပြောစရာမရှိပါဘူး။ ဇာတ်လမ်းကတော့ ပထမကားအပြီး ၅ နှစ်အကြာမှာ၊ Hiccup ကလည်း အရွယ်ရောက်လာပြီး၊ သူချစ်သူ Astrid နဲ့လည်း ယူကြတော့မှာပါ။ သူ့တို့ရဲ့ Viking ရွာလေးမှာလည်း နဂါးတွေ အိမ်တိုင်းမွေးထား ရုံသာမ နဂါးတွေ စီးပြီး ပြိုင်ပွဲတွေပါ လုပ်နေကြတဲ့ အထိ နဂါးတွေနဲ့ ရင်းနှီးနေကြပါပြီ။ Hiccup ကလည်း Toothless နဲ့ အတူ နေရာအနှံ့ ခြေဆန့်ပြီး၊ မရောက်ဖူးတဲ့နေရာတွေကို ပါ လိုက်ရှာ လို့နေပါတယ်။ ဒီလို လိုက်ရှာရင်းနဲ့မှ မထင်မှတ်ပဲ နဲ့ သူတို့အပြင် နဂါးတွေကို စီးနှင်းတဲ့သူတွေ ရော၊ နဂါးတွေကို လိုက်ဖမ်း တဲ့သူကိုပါ တွေ့သွားသလို၊ သူ့ရဲ့အမေနဲ့လည်း အမှတ်မထင် ပြန်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ အဖေရယ်အမေရယ် ပြန်ဆုံ ကြသလို၊ နဂါးတွေမှာ သူတို့သိထားတာထက် ထူးခြားတဲ့အချက်တွေ အများကြီး ရှိသေးတာကိုပါ သိလာပါတယ်။ ဒါ့အပြင် နဂါးတွေကို Drago ဆိုတဲ့ လူက လည်း ထိမ်းချုပ်ထားနို

The Fault in Our Stars

The Fault in Our Stars (June 06, 2014) #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်သတ်ကို Drama ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားတော့ သာမန် ချစ်ကွဲညား ဇာတ်လမ်းဖြစ်တဲ့ Notebook လို Drama ကားမျိုးထက် အနည်းငယ်ပိုကောင်းပေမယ့်၊ About Time လို၊ 50 First Date လို ဇာတ်လမ်းမျိုးတွေလောက်တော့ သိပ်ဆွဲဆောင်မှုမရှိပါဘူး။ Drama ဇာတ်ကား ဆိုကျွန်တော့် အကြိုက်တွေ အများကြီးရှိပေမယ့် အချစ်ကားဆိုရင်တော့ About Time နဲ့ 50 First Date ကျွန်ေတာ့် အကြိုက်ဆုံးကား ၂ကားဖြစ်ပြီး၊ အခကားကတော့ ဒီကား နှစ်ကားလောက် မကောင်းပါဘူး။ ဇာတ်လမ်းကတော့ မင်းသမီးက ကလေးဘ၀ထဲက ကင်ဆာရောဂါဖြစ်နေပြီး၊ အောက်ဆီဂျင်ဘူး တပ်ပြီး နေနေရပါတယ်။ သေရမယ့်နေ့ကိုစောင့် နေရသလိုဖြစ်နေပြီး၊ သူ့ဘ၀သူ စိတ်ဓါတ်ကျနေရာက ဘ၀တူ ကင်ဆာဝေဒနာ ရှင် ကောင်လေး တစ်ယောက် နဲ့ တွေ့ပြီး ချစ်ကြိုက်သွားကြပါတယ်။ ကောင်လေးက Cancer Survivor တစ်ဦးဖြစ်ပြီး အသက်ရှင်နေပေမယ့်၊ ခြေထောက်တစ်ဖက် ဖြတ်ထားရပါတယ်။ ကောင်လေးနဲ့ တွေ့ပြီးမှ ပိုပျော်ရွှင်လာတဲ့ ကောင်မလေး ကို မိဘတွေက ကြည်ကြည်ဖြူဖြူပဲ ခွင့်ပြုထားပေမယ့်၊ ကင်ဆာဝေဒနာရှင်တွေဖြစ်တာကြောင့် မမျှော်လင့်ထားတဲ့ အချိန်မှာပဲ ဘ၀ အလှည့်အပြောင်

Edge of Tomorrow

Edge of Tomorrow (June 06, 2014) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအ၀င်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသ ထဲက နေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။ ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန်နိုင်လာသလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။ ဒီအချိန်မှာ Tom Cruise က စစ်ပွဲမှာ အဓိက ကျတဲ့ General နဲ့ တွေ့ဖို့ လန်ဒန်ကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အမှတ်မထင်ပဲ Tom Cruise ကို စစ်ပွဲမှာ ပါဝင်ဖို့ ပြောတဲ့အခါမှာတော့ Tom Cruise က စစ်ပွဲအတွေ့အကြုံ လုံးဝမရှိသလို၊ သူက တစ်ခါမှာလည်း စစ်မတိုက်ဖူးပါဘူး။ ဒါကြောင့် သူက ငြင်းဆန်ပေမယ့် နောက်ဆုံး ရာထူး

X-Men: Days of Future Past

X-Men: Days of Future Past (May 23, 2014) #ရုပ်ရှင်မိတ်ဆက် ဒီဇာတ်ကားကတော့ ပရိတ်သတ်တွေ တော်တော်များများ စောင့်မျှော်နေတဲ့ကားဖြစ်ပြီး၊ စောင့်ရကြိုးနပ်တယ်လို့ ပဲပြောပါရစေ။ အကောင်းဆုံး Superhero ကားမဟုတ်ရင်တောင်မှ အကောင်း ဆုံး X-Men ဇာတ်ကားတစ်ကား ဖြစ်သလို၊ လက်ရှိ နွေရာသီရဲ့ အကောင်းဆုံး ဇာတ်ကား ဖြစ်ပါတယ်။ Godzilla နဲ့ X-Men က ဒီနှစ်နွေရာသီရဲ့ ကျွန်တော့်အကြိုက်ဆုံး ဇာတ်ကားတွေဖြစ်ပါတယ်။ ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့ ကြည့်ဖူးထားဖို့လိုပါမယ်။ သာမန်ရုပ်ရှင်ကြည့် ပရိတ်သတ်ဆိုရင် ကြည့်ထားဖို့ပိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားနှစ်ကားနဲ့ လက်ရှိ ဇာတ်ကား က အဆက်အစပ်ရှိနေလို့ပါ။ ကာတွန်းကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းတွေသိပြီးသား ဖြစ်လို့ ရုပ်ရှင်ကြည့်ဖူးထားစရာသိပ်မလိုပါဘူး။ ဇာတ်လမ်းမပြောခင် Spoiler အနည်းငယ်ပါမယ်လို့ကြိုသတိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ The Wolverine ဇာတ်ကားအပြီး ကနေဆက်ထားပြီး၊ ဇာတ်လမ်းအစမှာ Trailer မှာပါတဲ့ Sentinel တွေနဲ့ X-Men တွေ တိုက်ခိုက်တဲ့အခန်းနဲ့စထားပါတယ်။ ဒီမှာ X-Men အဖ

Neighbors (9 May 2014) - Move Reviews

Neighbors (9 May 2014) - Move Reviews (Non-Family Oriented, Rated-R for sex & nudity) #ရုပ်ရှင်မိတ်ဆက် ဒီကား က ထွေလာထဲမှာကောင်းပေမယ့် ဒီလောက်အကောင်းကြီးမဟုတ်ပါဘူး။ ဟာသ တွေကလည်း သိပ်မရီရသလို၊ ဇာတ်လမ်းကလည်း အဲ့ဒီလောက်အကောင်းကြီးမဟုတ်ပါဘူး။ Rated-R (Stupid) ဟာသကားတွေထဲမှာ ကျွန်တော့်အကြိုက်ဆုံး ဇာတ်ကား ၃ကားရှိပါတယ်။ Hangover (original) American Pie နဲ့ Ted တို့ဖြစ်ပါတယ်။ ဒီကားကတော့ သူတို့နှစ်ကားကိုလုံးဝမမှီပါဘူး။ Seth Rogen သရုပ်ဆောင်ကောင်းပေမယ့် မလိုအပ်တဲ့အခန်းတွေများနေသလို၊ တစ်ချို့အခန်းတွေမှာ စကားအပိုတွေပြောပြီး ဇာတ်လမ်း ကို အဓိပ္ပာယ်မရှိ ရှည်စေပါတယ်။ ဇာတ်လမ်းကတော့ လူငယ်တွေမကြည့်သင့်သလို၊ မိသားစုလည်း မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအစကို လင်မယားနှစ်ယောက် ရဲ့ Sex scene နဲ့ စထားပါတယ်။ ဟာသအနေနဲ့ ပြထားတာဖြစ်လို့ Sexual မဖြစ်ပေမယ့် နောက်လာမယ့် ဇာတ်လမ်းမှာ ဘာတွေပါမယ်ဆိုတာ ခန့်မှန်းမိမှာပါ။ ဇာတ်လမ်း စစပိုင်းကတော့ ကလေးရသွားပြီးတဲ့ အိမ်ထောင်သည် လင်မယားနှစ်ယောက် ရဲ့ လူနေမှုဘ၀ ပုံစံပါပြောင်းသွားပုံကို ပြထားပါတယ်။ လင်မယားသဘာဝ အတူတူလည်း ကောင်းမနေရ၊ ကလေး ကိုထိမ်းကျောင်းရ၊ ညအိပ်ရင်လည်း ကလေးငိုရင် ထ