Pacific Rim (2013)

Pacific Rim (2013)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

Pacific Rim ဆိုတာ ရုံမတင်ခင်ကတည်းက လူတွေရဲ့အာရုံကို Trailer တိုတိုလေးနဲ့တင် ဖမ်းစားနိုင်ခဲ့ပါတယ်။ Godzilla (1954, Japan)ပြီးကတည်းက ပထမဆုံးအကြိမ် အဖြစ် စက်ရုပ်တွေနဲ့ ဂြိုလ်သားတွေ ချတာကို ကြည့်ရမှာဖြစ်တဲ့အတွက် လူတော်တော် များများ အားပေးခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ဂြိုလ်သားတွေက ပစိဖစ် သမုဒ္ဒရာ ထဲက သူတို့ဂြိုလ်နဲ့ ကမ္ဘာကြားက Portal ကို တွေ့သွားပြီး အဲ့ဒီကနေ ဂြိုလ်သားတွေ လွှတ်ပြီး ကမ္ဘာကြီးကို ပျက်ဆီးအောင်၊ လူသားတွေမျိုးတုန်းအောင် လုပ်ပါတယ်။ အဲ့ဒီမှာ ကမ္ဘာ့နိုင်ငံ ပေါင်းစုံက ခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ နည်းပညာတွေ စုပေါင်းပြီး စက်ရုပ်ကြီးတွေတည်ဆောက် ပြီး စက်ရုပ်ကို လူသားတွေက သူတို့ရဲ့ ဦးနောက်နဲ့ချိတ်ဆက်ပြီး ထိန်းချုပ်ရပါတယ်။ (Avatar ကားထဲကလိုမျိုးပါ။) စက်ရုပ်က ကြီးမားတဲ့အတွက် ထိမ်းချုပ်ဖို့ Pilot ၂ ယောက်ထားရပါတယ်။ အဲ့ဒီစက်ရုပ်တွေနဲ့ ဂြိုလ်သားတွေ မြို့ထဲမ၀င်နိုင်အောင် သူတို့ Portal ထဲက ထွက်လာပြီဆိုတာနဲ့ ပင်လယ်ထဲမှာ ကြိုတင်တားဆီးရပါတယ်။ ဒါကတော့ ဒီကားရဲ့ ဇာတ်အိမ်ပါ။
ဇာတ်ကားမှာ မင်းသားနဲ့ သူ့အကိုနဲ့က Pilot ဖြစ်ပြီး တစ်နေ့မှာ ဂြိုလ်သားနဲ့တိုက်ခိုက်နေရင်း မင်းသားရဲ့အကို သေသွားပါတယ်။ သူတို့ တိုက်ခိုက်ရတဲ့ သတ္တ၀ါက အရင် လာနေကြ သတ္တ၀ါတွေထက်ကြီးပြီး ပို သန်မာပါတယ်။ သူရဲ့အကိုသေသွားပြီးနောက်ပိုင်း မင်းသားက အနားယူလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဂြိုလ်သားတွေကြောင့် စက်ရုပ်တွေအပျက်အဆီးများလာပြီး အချိန်မှီမပြင်နိုင်တာက ကြောင့်ရယ်၊ UN က စက်ရုပ် Program အစား ကမ်းခြေတွေမှာ ကြီးမားတဲ့ နံရံကြီးတွေ ကို တည်ဆောက်ပြီး ဂြိုလ်သားတွေမ၀င်နိုင်အောင် လုပ်မှာကြောင့် စက်၇ုပ်တွေ ကို ရပ်ဆိုင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါကို ဒီ Program မှာ အကြီးဆုံး အရာရှိက နောက်ဆုံး အနေနဲ့ သူတို့ Mission တစ်ခုလုပ်မယ်၊ အဲ့ဒီ Mission က လာသမျှ အကောင်တွေကို ချနေမယ့် အစား Portal ကို သွားပြီး ဖျက်ဆီးမယ့် အစီအစဉ်ပါ။

ဇာတ်လမ်း ဇာတ်အိမ်တည်ထားတာ စိတ်ကူးကောင်းပေမယ့် ဟာကွက်တွေ တော်တော်များများ တွေ့ရပါတယ်။ ဥပမာ UN က ဂြိုလ်သားတွေကို အောင်အောင် မြင်မြင်တားဆီးနိုင်နေတဲ့ စက်ရုပ်တွေအစား၊ အလွယ်တကူ ဖြိုလို့ရမယ့် နံရံတွေ ကို အချိန် ကုန်ခံ အလုပ်သမားအကုန်ခံပြီး ဆောက်နေတာမျိုး၊ တစ်ခန်းမှာလည်း စက်ရုပ်က ဂြိုလ်သားကို နောက်ဆုံး မနိုင်တော့မှ ဓါးနဲ့ခုတ်တာ တစ်ချက်တည်းနဲ့ ဂြိုလ်သားသေသွားပါတယ်။ ဒါဆို ဇာတ်လမ်းက ဘာလို့ အစထဲက ဓါးနဲ့ မခုတ်ကြတာလည်း။ ဒီစက်ရုပ်ကလည်း အစထဲက ရှိတာပါ။ ဓါးကို upgrade လုပ်ပြီး ထည့်ထားတာလည်း မဟုတ်ပါဘူး။ ဒီလို ဟာကွက်လေးတွေ တော့ တွေ့ရပါတယ်။

ဒါပေမယ့်လည်း ဒီဇာတ်ကားက ထူးထူးခြားခြား နဲ့ အက်ရှင် များများ ကြည့်ရမယ့် ဇာတ်လမ်မျိုးပါ။ ကျန်တာဘာမှမကြည့်နဲ့ စက်ရုပ်တွေ ချတဲ့ အခန်းနဲ့တင် ကြည့်ရတာတန်ပါတယ်။ 3D နဲ့ ကြည့်ရင် ပိုကောင်းပါတယ်။ တိုက်ခိုက်တဲ့အခန်းတွေကလည်း သဘာဝကျပြီး၊ Graphic ကလည်း ထိပ်တန်း ပါ။ ရိုက်ကူးထားတာလည်း တော်တော် ကို အဆင့်အတန်းမြင့်ပါတယ်။ သာမန် Sci-Fi, Action ကားတွေထက် ထူးခြားပြီး ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ကနေ ခွဲထွက်ထားပါတယ်။

ဇာတ်လမ်းထဲမှာ ဂြိုလ်သားတွေရဲ့ တကယ့် အစီစဉ်ကဘာလည်းဆိုတာရယ်၊ တကယ်လို့သာ သူ့တို့ရဲ့ အစီအစဉ်မအောင်မြင်ခဲ့ရင်...၊ နောက်ဆုံး လက်ကျန် စက်ရုပ် ၄ ရုပ်က ဂြိုလ်သားတွေကို တားဆီးနိုင်မလား ဆိုတာ ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါလို့ တိုက်တွန်းပါရစေ။

ကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်းတကားပါ။ ဇာတ်လမ်းစလယ်ဆုံး စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရမှာဖြစ်ပြီး ရုံမှာသွားကြည့်သင့်ပါတယ်။ မိသားစုတူတူကြည့်ဖို့လည်း သင့်တော်ပြီး၊ လူငယ်တွေနဲ့ ကလေးတွေ ကြိုက်နှစ်သက်ကြမှာပါ။ Rated PG-13 ပါ။ (No Sex, No Nudity)

#Sololay

Movie Link
http://viooz.co/search?q=pacific+rim&s=t

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2