Superman Vs Batman (2015) - Movie Preview

Superman vs Batman (2015) - Movie Preview








၂၀၁၅ မှာတင်မယ့်ကားကို အခုထဲက ကြိုပြီး Preview လုပ်ရတဲ့အကြောင်းကတော့ ဒီကားမှာ ပရိတ်သတ် ကြိုက် Superman အပြင် Batman ပါ ပါဝင်မှာဖြစ်ပြီး သူတို့ နှစ်ဦး စတင် တွေ့ဆုံတဲ့ ဇာတ်လမ်းကို ဒီကားမှာ ကြည့်ရမှာဖြစ်ပါတယ်။

Man of Steel ဇာတ်ကားနဲ့ နာမည်ကြီးလာတဲ့ မင်းသား Henry Cavil ကပဲ Superman အဖြစ် ပါဝင်သရုပ်ဆောင် မှာဖြစ်ပြီး ဒါရိုက်တာ Zack Snyder ကပဲ ဆက်လက်ရိုက်ကူးမှာဖြစ်ပါတယ်။

Batman မင်းသား Christian Bale ကတော့ Batman ၃ကားနဲ့အပြီးမှာ ဆက်ရိုက်ကူးမှာမဟုတ်လို့ မင်းသား Ben Affleck ကို Warner Brothers Studio က အစားထိုးခဲ့ပါတယ်။

Superman Vs Batman (Unnamed Project) မှာတော့ လူတွေက Superman ထက် Batman ကို ပိုစိတ်ဝင်စားနေပါတယ်။ Batman နောက်ဆုံး သုံးကားက ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Batman ဇာတ်လမ်းတွဲဖြစ်ခဲ့သလို အောင်မြင်မှုလည်း အကြီးအကျယ်ရခဲ့ပေမယ့် အဲ့ဒီကားရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်း Christopher Nolan ရော မင်းသား Christian Bale ပါ မပါတော့လို့ လူတွေက ဒီကားထဲမှာ Batman ကဘယ်လို ပုံစံနဲ့ထွက်လာမလည်းဆိုတာ ပိုစိတ်ဝင်စားနေကြပါတယ်။


ဒီကားကို San Diego မှာလုပ်သွားတဲ့ Comic-Con ပွဲမှာ Man of Steel ဒါရိုက်တာက မိတ်ဆက်သွားတာဖြစ်ပြီး ၂၀၁၅ မှာထွက်မှာဖြစ်ပါတယ်။ ရိုက်ကူးရေးအဖွဲ့ကတော့  ၂၀၁၃ မှာထွက်ထားတဲ့ Batman: The Dark Knight Returns ထဲက ဇာတ်ဝင်ခန်းတစ်တစ်ခုဖြစ်တဲ့ Batman နဲ့ Superman အချင်းချင်း ချ ကြတဲ့အခန်းနဲ့ မိတ်ဆက်သွားလို့ ဒီကားကို Superman Vs Batman ဆိုပြီးလူတွေ က ထင်ကြေးပေးနေကြတာပါ။

တကယ်တမ်းက ဒီကားက Superman နဲ့ Batman စတွေ့ကြတဲ့ မိတ်ဆက် ဇာတ်လမ်းလည်းဖြစ်နိုင်ပါတယ်။ Superman က အခုမှ စပေါ်လာတာဖြစ်ပြီး Batman နဲ့ ထိပ်တိုက်တွေ့ကြရာကနေ သူတို့ နှစ်ယောက် တူတူ ကယ်ဆယ်ရေးတွေ လုပ်ကြမယ့် ပုံစံလည်းဖြစ် နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကားက Justice League ရုပ်ရှင် ဖြစ်မြောက်ေ၇းအတွက် နောက်ထပ် ခြေတစ်လှမ်းဆိုရင်လည်း မမှားပါဘူး.။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ ရုပ်ရှင်ထွက်လာမယ့် အချိန်ကိုပဲ ရင်ခုံစောင့်စားနေကြပါပြီ..။


အောက်က Youtube video ကတော့ Batman:The Dark Knight Returns Part2 ကာတွန်းထဲက Fight Scene ပါ။

https://www.youtube.com/watch?v=K-0ITPXhrqo

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2