Posts

Showing posts from 2015

Creed

Creed (2015) - Movie Review ပထမဆုံး အနေနဲ့ ပရိတ်သတ်ကြီးကို  Review တွေ မရေးတာကြာသွားတဲ့အတွက် အရင်တောင်းပန်လိုပါတယ်။ အခုလို အားပေးကြတာကိုလည်း ၀မ်းသာအားရမိပါတယ်။ ကျွန်တော် ဒီသုံးလေး အလုပ်နဲ့ ကျောင်း ဖြစ်နေပြီး ဘာရုပ်ရှင်မှမကြည့်ဖြစ်လို့ မတင်ဖြစ်တာဖြစ်ပြီး၊ ကျွန်တော် က Review ကို ကိုယ်တိုင် ကြည့်ပြီး ရေးရတာ ပိုကြိုက်ပါတယ်။ သူများ ပြောထားတာကို ဘာသာပြန် မရေးဘူးဆိုတာ ပရိတ်သတ်ကြီးသိတဲ့ အတိုင်းပါပဲ။ အခု ဒီဇာတ်ကားကတော့ ထွေလာ ထွက်ကတည်းက ဇာတ်ကားကောင်းဖြစ်မယ်လို့ ပြောခဲ့တဲ့ အတိုင်းပဲ တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်၊ ဇာတ်လမ်း ဇာတ်အိမ် အကုန် ကောင်းပြီး Rocky ပရိတ်သတ်မဟုတ်တဲ့ သာမန် ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ တောင်ကြိုက်ကြမှာပါ။ ဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမား Apollo Creed က အခြား မိန်းမတစ်ယောက်နဲ့ ကလေးရခဲ့ပါတယ်။ Apollo သေသွားပြီးတဲ့ နောက်မှာ (Rocky 4 မှာ Apollo ကလက်ဝှေ့ ကြိုးဝိုင်းထဲမှာ သေသွားခဲ့ပါတယ်။) Apollo ရဲ့ မိန်းမက ကလေးအကြောင်းသိသွားပြီး ကောင်လေးကို သားအရင်း သဖွယ် မွေးစားစောင့်ရှောက်ခဲ့ပါတယ်။ အဖေသွေးပါတဲ့ Adonis (Donnie လို့လည်းခေါ်တဲ့) က သူ့ လက်ဝှေ့ ထိုးရ

The Walk

The Walk (Oct 2nd, 2015) - Short Review :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ကျွန်တော်မအားလို့ Review မရေးနိုင်တဲ့ အခါမျိုးတွေမှာ ပရိတ်သတ်တွေ Review မဖတ်ရတာမျိုးတွေ မရှိတော့ အောင် အခုလို Short Review လေးတွေတင်ပေးပါမယ်။ Short Review က ကျွန်တော် ကြည့်ပြီးလို့ အရမ်းကြိုက်တဲ့ကားကိုပဲဖြစ်ဖြစ်၊ သာမန်လောက်ပဲပြောရမယ့်ကားမျိုးကိုပဲ ဖြစ်ဖြစ် တိုတို နဲ့ လိုရင်း ကို တင် ဆက်သွားမှာပါ။ Review အရှည်တွေလည်း တင်ပေးဦးမှာ ဖြစ်လို့ ဆက်ပြီး အားပေးကြပါဦးဗျာ..။ The Walk ဆိုတဲ့ ဇာတ်ကားက  Aug. 7, 1974. ပြင်သင်လူမျိုး Philippe Petit က အမေရိကန်နိုင်ငံက 9/11 အကြမ်းဖက်မှုကြောင့် ပြိုကျသွားတဲ့ World Trade Center (Twin Tower) ကို ကြိုးတန်းတန်းပြီး ကြိုးတန်းပေါ်လျှောက်ပြတဲ့ အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီကားက ကြည့်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပြီး၊ ရုံမှာသွားကြည့်သင့်ပါတယ်။ 3D, IMax 3D နဲ့ ကြည့်ရတာ အရမ်းကောင်းပါတယ်။ သူ့အကြောင်းကို Man on Wire ဆိုပြီး Documantry ထွက်ထားပါသေးတယ်။ ပြိုကျသွားပြီဖြစ်တဲ့ World Trade Center ကြီးကိုအမှတ်တရ ပြန်ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက အရမ်း မထူးခြားပေမယ့်

Sicario

Image
Sicario (October 2nd, 2015) - Movie Reviews Spoiler!!!! ရုပ်ရှင်မိတ်ဆက်

No Escape

No Escape ဒီကားကို အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ လို့ပဲ သုံးထားပြီး နိုင်ငံအမည်ကို မထည့်ထားပါဘူး။ ဇာတ်လမ်းကတော့ အဲ့ဒီနိုင်ငံမှာ ၀န်ကြီးချုပ် ကို တော်လှန်ရေးသမားတွေက သတ်လိုက်ကြပြီးနောက် နိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံခြားသားတွေကို လိုက်ပြီး သုတ်သင်ကြတာဖြစ်ပါတယ်။ နိုင်ငံ ထဲက လူတွေရဲ့ ပုံစံနဲ့ အနေအထားအရ မလေးရှားနိုင်ငံလို့ ပရိတ်သတ်တော်တော်များများ က ထင်ကြပါတယ်။ ဇာတ်လမ်းမှာ မင်းသား Owen Wilson က မိန်းမနဲ့ သမီးနှစ်ယောက်နဲ့ အတူ အမည်မဖော်လိုတဲ့ (မလေးရှား) နိုင်ငံကို အလုပ်ကိစ္စနဲ့ပြောင်းလာပြီး၊ မြို့မှာအနေကြာနေပြီဖြစ်တဲ့ အင်္ဂလိပ်လူမျိုး Pierce Brosnan (James Bond မင်းသား) နဲ့ တွေ့ကြပါတယ်။ ကံဆိုးစွာနဲ့ ရောက်ရောက်ပြီး နောက်တစ်နေ့မှာပဲ အကြမ်းဖက်မှုတွေစတင်ပြီး Pierce Brosnan ရဲ့ အကူအညီ နဲ့ သူတို့ မိသားစုတွေ လွတ်ရာကိုပြေးကြရပါတယ်။ ဒီကားကို ကြည့်ရတာ Zombie ဇာတ်ကားကြည့်ရသလို ပုံစံမျိုးဖြစ်နေပြီး Survivor/Action ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ နောက်က လိုက်သတ်နေတဲ့ လူတွေကလည်း ဒေါနဲ့မောနဲ့လိုက်နေပြီး ဒေါသကလွဲရင် ဘာခံစားချက်မှ မရှိတဲ့ပုံဖြစ်နေပြီး Zombie တွေလိုပါပဲ။ World War Z ကြည့်ရသလို ဖြစ်ပါတယ်။

Everest

Everest (2015) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ Everest (ဧ၀ရတ်တောင်) တက်တဲ့ အဖွဲ့နှစ်ဖွဲ့ Adventure Consultants and Mountain Madness အကြောင်း ရိုက်ကူးထားတာဖြစ်ပြီး၊ ၁၉၉၆ Everest Disaster အကြောင်းကို အကြမ်းဖျင်း အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Rob Hall (Jason Clarke) က လမ်းပြသုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး Beck Weathers (Josh Brolin), Doug Hansen (John Hawkes), Yasuko Namba (Naoko Mori), Scott Fischer (Jake Gyllenhaal) တို့ ပါဝင်တဲ့ တောင်တက်အဖွဲ့နှစ်ဖွဲ့က တောင်ခြေမှာ ဆုံကြပြီး ကမ္ဘာအမြင့်ဆုံး တောင်ကို တက်ဖို့ပြင်ဆင်ကြပါတယ်။ Rob ရဲ့ မိန်းမက ဗိုက်ကြီးနေပြီး သမီးလေး ဖြစ်တယ်လို့ အကြောင်း ကြားလာသလို သမီးလေးကို Sarah လို့နာမည်ပေးဖို့ Rob ကပြောဆိုခဲ့ပါတယ်။ အခက်အခဲပေါင်းများစွာကြုံတွေ့ခဲ့ရပြီး နောက်မှာ တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ကြပြီးနောက်မှာ၊ ရာသီဥတု ပြောင်းလဲလာခဲ့ပြီး၊ ပြန်အဆင်းမှာ စတင်ပြီး ကံကြမ္မာဆိုး ကြုံရတာဖြစ်ကြောင်း ကို ရင်သပ်ရှုမောဖွယ် ရှုစားရမှာဖြစ်ပါတယ်။ စွန့်စားခန်း၊ ရင်သက်ရှုမောဖွယ်ရာများနဲ့ ဇာတ်လမ်း အစအဆုံး မရိုးရအောင်ြ

Black Mass

Image
Black Mass (2015) - Movie Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက်

The Visit

Image
The Visit (September 11, 2015) - Movie Reivew #ရုပ်ရှင်မိတ်ဆက်

Dragon Blade (2015) - Movie Review

Image
Dragon Blade (2015) - Movie Review #ရုပ်ရှင်မိတ်ဆက်

The Man From U.N.C.L.E

Image
The Man From U.N.C.L.E #ရုပ်ရှင်မိတ်ဆက်

The Gift (2015) - Spoiler Review

Image
The Gift (2015) - Spoiler Review ရုပ်ရှင်မိတ်ဆက်

R.I.P.D (2013) - Movie Review

Image
R.I.P.D (2013) - Movie Review #ရုပ်ရှင်မိတ်ဆက်

The Gift

Image
The Gift (2015) - Movie Review ရုပ်ရှင်မိတ်ဆက်

The History of Fantastic Four

Image
ရုပ်ရှင်မိတ်ဆက်

Fantastic Four

Image
Don't waste your time. ရုပ်ရှင်မိတ်ဆက်

Mission Impossible: Rogue Nation - Cool Stunts (Spoiler!!!!)

Image
ရုပ်ရှင်မိတ်ဆက်

Mission Impossible Rogue Nation

Image
#ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher McQuarrie (Edge of Tomorrow) ကရိုက်ကူးထားပါတယ်။ ဇာတ်ကားအားလုံးကို Tom Cruise က တည်းဖြတ်ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာတွေကိုလည်း သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

The History of Deadpool

Image
Deadpool First Appearance  ရုပ်ရှင်မိတ်ဆက်

Pixels

Image
Pixels (July 23, 2015) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ နှစ်စပိုင်း ထွေလာထွက်လာ ကတည်းက ကျွန်တော်တစ်ခါ တင်ခဲ့ဖူးပြီး အဲ့ဒီတုန်းကတည်းက ဒီကားက ကောင်းချင်မှကောင်းမယ်လို့ပြောခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက ဒီကားကို ကြည့်ချင်တယ်လို့ ပြောခဲ့ တဲ့သူတွေအများကြီးရှိပြီး ကျွန်တော်ကိုယ်တိုင်လည်း ကြည့်ချင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ထင်ထားသလိုပဲ Adam Sandler ရဲ့ ဇာတ်ကားက တော်တော်ညံ့ပါတယ်။ တော်ရုံတန်ယုံ ဆိုရင်တောင် ခွင့်လွှတ်ပေးလို့ရပေမယ့် ဒီကားက အရင်တုန်းက Adam Sandler ကားတွေလိုမဟုတ်ပဲ ငွေများများသုံး ပြီး Effect ကောင်းကောင်းနဲ့ ရိုက်ထားတာဖြစ်ပေမယ့် ဇာတ်လမ်းက သုံးမရတဲ့အတွက် တော်တော်ကြည့်ရဆိုးပါတယ်။

Ant-Man Easter Eggs & two end-credit scenes Explained (Major Spoiler)

Image
Ant-Man Easter Eggs & two end-credit scenes Explained (Major Spoiler) #ရုပ်ရှင်မိတ်ဆက် Marvel ရဲ့ ဇာတ်ကားတိုင်းမှာ Easter Eggs လေးတွေ ပါတတ်ပြီး အခြား Marvel ဇာတ်ကားတွေကို ရည်ညွှန်းပြောဆိုတာတွေ၊ သူတို့ရဲ့ Comic Book ထဲက အကြောင်းအရာ အချို့ကို တိုက်ရိုက်ရည်ညွှန်းပြောဆို တာတွေပါလေ့ရှိပါတယ်။ ဒါကိုသာမန်လူတွေက သတိမထားမိကြပေမယ့်၊ Comic Book fan တွေက မြင်လိုက်တာနဲ့ တန်းသိကြပါတယ်။ Ant-Man မှာလည်း ဒီလို references လေးတွေပါတာဖြစ်လို့၊ ပရိတ်သတ်ကြီး သိအောင် ကျွန်တော် တင်ဆက်ပေးသွားမှာပါ။ ရုပ်ရှင်မကြည့်ရသေးသူတွေ အတွက် Spoiler တွေပါမယ်လို့ ကြိုသတိပေးလိုက်ပါတယ်။

Ant-Man

Image
Ant-Man (2015) :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက Marvel Cinematic Universe ထဲက ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ဒီကားအပြီးမှာ ပရိတ်သတ်တွေနဲ့မရင်းနှီးသေးတဲ့ Superhero တွေတစ်ယောက်ပြီး တစ်ယောက် ရုပ်ရှင်အဖြစ်လာမှာဖြစ်ပါတယ်။ ဇာတ်ကားအကြောင်း ရှင်းပြအပြီးမှာ Ant-Man ရဲ့ ရာဇ၀င်ကို အောက်မှာ ထည့်ပေးထားပါတယ်။

Ted 2

Image
Ted 2 (2015) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ 2012 တုန်းက ထွက်ခဲ့တဲ့ Ted ရဲ့ အဆက်ဇာတ်ကားဖြစ်ပါတယ်။ ပထမကားတုန်းက မင်းသား Mark Wahlberg နဲ့ ဒါရိုက်တာ၊ Creator နဲ့ ဟာသသရုပ်ဆောင် Seth MacFarlane (က Ted အဖြစ် အသံနဲ့သရုပ်ဆောင်ထားတာဖြစ်ပြီး) တို့ ပြန်လည်ပြန်ပါဝင်ခဲ့ကြပေမယ့် Milas Kunis ကတော့ ဒီကားအတွက် ပြန်မပါချင်တော့တာကြောင့် ဇာတ်လမ်းမှာ John Bennett (Mark Wahlberg) နဲ့ Milas Kunis ရဲ့ ဇာတ်ကောင် Lori တို့ ကွာရှင်းပြီး ၆လအကြာ ကနေဇာတ်လမ်းစထားပါတယ်။

Terminator Genisys

Image
Terminator Genisys (2015) - Movie Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားအကြောင်းကို အတတ်နိုင်ဆုံး Spoiler မပါအောင်ရေးပေးသွားမှာဖြစ်ပြီး ဇာတ်လမ်းက သိပ်မရှုပ်လို့ မရှင်းပြတော့ပါဘူး။ ဇာတ်လမ်းမပြောခင်မှာ

Green Mile

Image
Green Mile (1999) - Movie Review (Spoiler!!!) :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက မင်းသားကြီး Tom Hank ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး၊ စာရေးဆရာကြီး Stephen King ရဲ့ စာအုပ်ကို ပြန်ရိုက်ထားတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်သလို ပရိတ်သတ်ကို ထူးထူးခြားခြား ရသကောင်း ပေးနိုင်မှာဖြစ်ပါတယ်။

Swing Vote

Image
Swing Vote (2008) - Movie Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက်

Minions (2015) - Movie Review

Image
Minions (July 10, 2015) - Movie Review #ရုပ်ရှင်မိတ်ဆက်

Spy

Spy (2015) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကား Spy ဆိုတဲ့အတိုင်း စုံထောက် အက်ရှင် ဟာသကားဖြစ်ပြီး Melissa Mccarthy, Jason Statham နဲ့ Jude Law တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Melissa Mccarthy နဲ့ Jason Statham တို့ ကို တမူထားခြားတဲ့ ဇာတ်ကောင်တွေအဖြစ်တွေ့ရမှာဖြစ်ပြီး နှစ်ယောက်ဆုံးကလည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်ပါတယ်။ Jason က ပုံမှန်ဆိုရင် အက်ရှင်မင်းသား နေရာ သို့မဟုတ် ဗီလိန် အဖြစ်သရုပ်ဆောင်လေ့ရှိပြီး ဒီကားမှာ ပေါတောတော ဟာသသမားတစ်ယောက် အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Melissa Mccarthy က ဒီကားမတိုင်ခင်အထိ တော်တော်များများ ဟာသကားတွေမှာ ကာရိုက်တာတစ်ခုတည်းကိုပဲ မရိုးရအောင် သရုပ်ဆောင်ထားတာကို သူ့ကားကြည့်ဖူးရင် သိကြမှာပါ။ မြန်မာကားတွေထဲက ပွင့်လို မျိုး သူကလည်း ၀၀တုတ်တုတ် အာပြဲပြဲနဲ့ ပုံစံမျိုးကိုပဲသရုပ်ဆောင်လေ့ရှိပေမယ့် ဒီကားမှာတော့ သူများအနှိမ်ခံ၊ ဘ၀နဲ့နေရတဲ့ CIA agent တစ်ဦးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ သူမက တကယ့် အဆင့်အတန်းရှိရှိ သရုပ်ဆောင်သွားပြီး သဘာဝကျကျ သရုပ်ဆောင်ထားနိုင်တာလည်းတွေ့ရပါတယ်။ ဇာတ်လမ်းကတော့ သာမန် စုံထောက်ကား၊ ဟာသကားတွေလိုပဲပါ သိပ်မထူးခြားပါဘူး။

Inside Out

Inside Out (2015) - Movie Review :) :) :) :) :) :) :) :) :) :) #ရုပ်ရှင်မိတ်ဆက် ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။ The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ၀မ်းနည်းကြည်နူး စရာ ကောင်းပြီး၊ ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။ Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက Pixar အတွက်သာမက ကာတွန်းကားတွေအားလုံးထဲမှာပါ အကောင်းဆုံး လို့ သတ်မှတ်ထားကြတာဖြစ်ပြီး Original Idea ဖြစ်တဲ့ Toy Story 1 က အကောင်းဆုံး လို့သတ်မှတ်ထားကြပါတယ်။ ကျွန်တော်ဘာလို့ဒီအကြောင်းကို ပြောရလည်းဆိုရင် ဒီ Inside Out က Toy Story ဇာတ်လမ်းတွေနဲ့တန်းတူ ကောင်းတဲ့ ကာတွန်းကားဖြစ်ပြီး အနုပညာရှုထောင့်ကကြည့်ကြည့်၊ ဖျော်ဖြည်ရေး ရှုထောင့်ကကြည့်ကြည့် ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ ဒီကားက ကာ

The Game Plan

The Game Plan (2007) - Movie Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက Dwayne Johnson ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အပျင်းပြေကြည့်ဖို့သင့်တော်တဲ့ မိသားစုကားလေး ဖြစ်ပြီး၊ အဖေများနေ့မှာ မိသားစုတူတူ အပန်းဖြေကြည့်ရှုနိုင်ပါတယ်။ No Sex, No Nudity ဖြစ်ပြီး အဖေနဲ့ သမီး ကြားက သံယောစဉ်ကို ဟာသနှောပြီး မရိုးရအောင် တင်ဆက်ထားပါတယ်။ ဒီကားက ပေါ့ပေါ့ပါးပါး ဒရမ်မာကားလေးတစ်ကား ဖြစ်ပြီး ဇာတ်လမ်းမှာ The Rock က Boston Rebels, NFL အသင်းရဲ့ Quarterback တစ်ဦး ဖြစ်သူ Joe Kingman အဖြစ် သရုပ်ဆောင်ထားပါတယ်။ အမေရိကန် Football ကစားနည်းမှာ QB က အသင်းခေါင်းဆောင်ပုံစံမျိုးဖြစ်ပြီး သူက အသင်းကို ကွင်းအတွင်းမှာ ညွှန်ကြားသလို၊ ဘောလုံး ကို Receiver တွေထံရောက်အောင် ပစ်ပေးရသူဖြစ်ပါတယ်။ သူက အသက်သုံးဆယ် ကျော်လာပြီဖြစ်လို့ အားကစားသမား ဘ၀ နားရခန်နီးနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ လက်ရှိ ရာသီ သူတို့အသင်းက အခြေအနေကောင်းနေပြီး ဖလားအရ ယူနိုင်ဖို့လည်း ရေပန်းစားနေပါတယ်။ ဒီအချိန်မှာပဲ မမျှော်လင့်ထားပဲ ကလေးမလေးတစ်ယောက် သူ့အိမ်ကိုရောက်လာ ပြီး သူ့သမီး ပါလို့ ဆိုလာပါတယ်။ အမေဖြစ်သူက အာဖရိက ရေကောင်းရေသန့်ရရှိေ

The Incredibles

The Incredibles #ရုပ်ရှင်မိတ်ဆက် Pixar ရဲ့ Inside Out ကို Review မတင်ခင်မှာ သူ့ရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ The Incredibles အကြောင်းကို ပြောရင်း Pixer အကြောင်းကိုနည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ Pixar ကုမ္ပဏီ က ကာတွန်းကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခု (Animation Giant) ဖြစ်ပြီး Dreamwork တို့ Disney တို့လို ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ Lucasfilm ကုမ္ပဏီရဲ့ (Star Wars, Indiana Jones တို့ ရိုက်ကူးခဲ့တဲ့ studio ဖြစ်ပါတယ်။)  animation department အဖြစ် စတင်ခဲ့ပြီး ၁၉၈၆ လောက်မှာ Apple တည်ထောင်သူ Steve Jobs ရဲ့ ထောက်ပံ့မှုနဲ့ ကိုယ်ပိုင်ကုမ္ပဏီအဖြစ်ခွဲထွက်ခဲ့သလို၊ Steve Jobs ကလည်း ကုမ္ပဏီမှာ အဓိက ရှယ်ယာရှင်ဖြစ်လာပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Pixar ကို Disney က 7.6 Billion Dollars နဲ့ ၀ယ်ယူခဲ့ပါတယ်။ Pixar ကို ပရိတ်သတ်ကြီးအနေနဲ့ သိကြမှာဖြစ်ပေမယ့် အများစုမသိကြတာကတော့ သူရိုက်လိုက်သမျှ ကာတွန်းကားအများစုဟာ၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်လေ့ရှိပါတယ်။ ၁၉၉၅ မှာ Toy Story နဲ့စခဲ့ပြီး လက်ရှိအချိန်အထိ Inside Out အပါအ၀င် ၁၅ ကားရိုက်ကူးထားပြီး Cars 2 တစ်ကားသာ ဇာတ်လမ်းမကောင်းဘူးဆ

Scarlet Witch

History of Scarlet Witch The Scarlet Witch (နာမည်အရင်း Wanda Maximoff) က Marvel Comics ထဲက character ဖြစ်ပြီး ပထမဆုံး အဖြစ် X-Men #4 (March 1964) မှာစတင်ပါဝင်ခဲ့ပြီး Stan Lee and Jack Kirby တို့က ဒီဇာတ်ကောင်ကို ရေးသားခဲ့တာဖြစ်ပါတယ်။ Avengers: Age of Ultron ထဲမှာပါလာပြီးနောက် လူတွေ စိတ်ဝင်စားလာကြလို့ သူမအကြောင်းကို နည်းနည်း ရှင်းပြတာဖြစ်ပါတယ်။ Scarlet Witch နဲ့ Quicksilver က အမွှာမောင်နှမဖြစ်ပြီး Magneto (X-Men) ရဲ့ သားနဲ့သမီးဖြစ်ပါတယ်။ Wanda & Pietro Maximoff တို့က ငယ်ရွယ်စဉ်မှာပဲ မိဘမဲ့အဖြစ်ကြီးပြင်းလာပြီး၊ ဂျစ်ပစီ မိသားစုက မွေးစားထားပြီး သူတို့နဲ့အတူ ကြီးပြင်းလာပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဂျစ်ပစီတွေကို လူတွေက နှိမ်ထားကြပါတယ်။ တစ်နေ့မှာ Wanda ကို သူနဲ့ရွယ်တူကောင်လေးတစ်ယောက်က မတရားကျင့်ဖို့ကြိုးစားရာကနေ သူမက သူမရဲ့ အစွမ်းနဲ့ ကောင်လေးကိုတိုက်ခိုက်ပြီး ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ရွာသားတွေက သူမကို စုန်းမအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ကြတဲ့ အချိန်မှာ Magneto ကရောက်လာပြီး ကယ်ဆယ်ခဲ့ပါတယ်။ ဒီလိုနဲ့ Magneto နဲ့ ပေါင်းမိသွားပြီး The Brotherhood of Mutant (X-Men ပထမဆုံးကားမှာပါပါတယ်။) အဖွ

San Andreas (2015)

San Andreas (2015) - Movie Review (Spoiler!!!) #ရုပ်ရှင်မိတ်ဆက် ဒီကားက Dwyane 'The Rock' Johnson ပါဝင်သရုပ်ဆောင်ထားပြီး Race To the Witch Mountain ဇာတ်ကားမှာ တူတူတွဲသရုပ်ဆောင်ဖူးတဲ့ Carla Gugino နဲ့ ပြန်တွဲဖက်သရုပ်ဆောင်ထားပါတယ်။ Disaster Movie ဖြစ်ပြီးတော့ ဇာတ်လမ်းက သိပ်မရှုပ်ပါဘူး။ California State က မြောက်အမေရိကားတိုက် ရဲ့ အနောက်ဖက် ခြမ်းမှာရှိပြီးတော့ သူ့မှာ မိုင် ၈၁၀ ရှည်ပါတဲ့ San Andreas (ဆန်အန်-ဒရေး-ရပ်(စ်)၊ ဆန်းအန်းဒရပ်စ် လို့ မှားပြီးထွက်လေ့ရှိပါတယ်။) ငလျင်ကြောကြီးရှိပြီး ဒီငလျင်ကြောကြီးက နှစ်ပေါင်း ၁၅၀ ကျော်မှာတစ်ခါ ငလျင်အကြီးစားလှုပ်လေ့ရှိပါတယ်။ နောက်ဆုံး အကြီးအကျယ်လှုပ်ခဲ့တာက ၁၉၉၂ ခုနှစ် ကလီဖိုးနီးယား တောင်ပိုင်းမှာဖြစ်ပြီး ပြင်းအား ၇.၃ ရှိပြီး အပျက်အစီးအများဆုံး ငလျင်ကတော့ ၁၉၀၆ ခုနှစ် San Francisco ငလျင်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ထဲမှာ ငလျင်မလှုပ်ထားတာ နှစ်တစ်ရာကျော် ကြာနေပြီ လို့ ပြောခဲ့တာဖြစ်ပြီး အပြင်မှာလည်း တကယ် ဖြစ်လာနိုင်ပါတယ်။ ဇာတ်လမ်းထဲမှာအဓိက သရုပ်ဆောင် The Rock က Firefighter တစ်ဦးဖြစ်ပြီး သူက အာဖဂန်နစ္စတန် မှာတုန်းကလည်း ကယ်ဆယ်ရေးလုပ်ခဲ့ဖူးပြီး ကယ်တ

Jurassic World

Jurassic World - Spoiler Review :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက ပထမတစ်ပတ်မှာတင်ပဲ ၀င်ငွေစံချိန် ချိုးထားပြီး၊ The Avengers ရဲ့ US opening weekend စံချိန် 207 သန်းကို 208 သန်းနဲ့ကျော်ဖြတ်သွားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက ပထမဆုံး Jurassic Park ထွက်ခဲ့ပြီး ကျွန်တော်တို့ တတွေကို အမြင်အသစ် အဆန်းဖြစ်စေခဲ့သလို Visual အသစ်အဆန်းတွေနဲ့ ကြည့်ခဲ့ရပါတယ်။ အခု ၂၂ နှစ်အကြာမှာ အသစ်တစ်ဖန် ပြန်ထွက်လာတဲ့ Jurassic World ဟာ ၂၁ရာစု ခေတ်ကလေးတွေအတွက် အမြင်တစ်မျိုးဆန်းစေမှာပါ။ ဒီကားက ပထမဆုံးကားလောက်မကောင်းပေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီကားမှာ Jurassic Park က Reference တွေအများကြီးပါတာကိုတွေ့ရမှာဖြစ်ပါတယ်။ Jurassic Park ကို စတင် တည်ထောင်ခဲ့သူ John Hammond ရဲ့ နာမည်ကိုလည်း မကြာခဏ ပါသလို၊ ဒိုင်နိုဆောတွေကို စတင်မွေးဖွားပေး ခဲ့သူ Dr. Henry Wu လည်း ဒီကားမှာ အဓိက သိပ္ပံပညာရှင်အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။ သူတို့နှစ်ယောက်အပြင် Jurassic Park ရဲ့ အဓိက ဇာတ်ဆောင်တစ်ဦးလည်း ဒီကားမှာ ပြန်ပါဝင်ထားပါ သေးတယ်။ ဇာတ်လမ်းမှာတော့ ၁၉၉၃ ခုနှစ်မှာ အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ Jurassic Park ကို လက်ရ

Tomorrowland

Tomorrowland (2015) - Movie Review :) :) :) :) :) -_- -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက Disney ရဲ့ Original ဇာတ်လမ်းဖြစ်ပြီး အဟောင်းပြန်ရိုက်တာ၊ မှီငြမ်းထားတာမရှိပါဘူး။ ဒါပေမယ့် ဇာတ်လမ်း က သိပ်တော့ မထူးခြားလှပါဘူး။ ဒါ့အပြင် အရမ်း အဆန်းသစ်အောင် လုပ်တာလွန်သွားလို့ တစ်ချို့နေရာတွေမှာ ဟာကွက်တွေဖြစ်သွားတာတွေ့ရပါတယ်။ ထင်ထားသလောက် မကောင်းတဲ့ကားတစ်ကားဖြစ်ပြီး၊ ဇာတ်လမ်းက အရမ်းတိုပြီး အရမ်း ရိုးပါတယ်။ တစ်ဖက်ကလည်း အဓိကအကြောင်းအရာတွေကို သေချာမရှင်းထားသလို၊ နောက်တစ်ကား အတွက် ရည်ရွယ်ရိုက်ကူးသွားတဲ့ ပုံဖြစ်နေပါတယ်။ ဇာတ်လမ်းကတော့ Tomorrowland လို့ ခေါ်တဲ့ ကမ္ဘာတစ်ခုကို သိပ္ပံပညာရှင်တွေက ဖန်တီးထားတာဖြစ်ပြီး Parallel Universe မှာရှိတယ်လို့ ယူဆလို့ရပါတယ်။ Tomorrowland အကြောင်းကို ဇာတ်လမ်းက အတိကျ မရှင်းပြထားပါဘူး။ ဇာတ်အိမ်ကတော့ ဒီ Tomorrowland ကို ၁၉၆၄ မှာ လူငယ်လူတော်လေး (Geroge Clooney ရဲ့ ဇာတ်ကောင်) က ရောက်သွားပြီး ကောင်လေးက အဲ့ဒီက သိပ္ပံပညာရှင်တွေနဲ့ ပေါင်းပြီး အနာဂတ်ကို ကြည့်လို့ရတဲ့ စက်ထွင်လိုက် မိပါတယ်။ ဒီက နေ့ လူတွေနေနေတဲ့ ကမ္ဘာကြီး နောက် နှစ်ငါးဆယ်မှာ ပျက်မယ် ဘယ်တော့ ပျက်မယ်ဆိုပြီး သိသွားခဲ

Mad Max

Mad Max: Road Warrior - Movie Review :) :) :) :) :) :) :) :) :) -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက ၁၉၇၉ တုန်းက ထွက်ခဲ့တဲ့ မင်းသားကြီး Mel Gibson ရဲ့ Mad Max ဇာတ်လမ်းတွဲကို ဇာတ်လမ်းကျောရိုးယူပြီး ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက Rated-R ဖြစ်ပြီး ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်ကားမှာ မင်းသား Tom Hardy က Max အဖြစ်သရုပ်ဆောင်ထားပြီး၊ Charlize Theron နဲ့ Nicholas Hoult က တွဲဖက် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက ကမ္ဘာပျက်ပြီးနောက် Australia ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပြီး၊ ဒီဇာတ်လမ်းထဲက Australia မှာ လူတိုင်းက ဓါတ်ဆီကို လုနေကြပါတယ်။ ဒီဇာတ်ကားက သာမန် Remade ဇာတ်ကားတွေလို Original Mad Max ကို အသစ်အနေနဲ့ ပြန်ရိုက်ထားတာ ဇာတ်လမ်းကျောရိုးကိုပဲယူပြီး ဇာတ်အိမ်အသစ်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားမှာ Superhero ကားတွေလို Robocop (2014)  လို ဇာတ်လမ်းကမင်းသားရဲ့ Origin (သူရဲ့နောက်ကြောင်း) ကို အချိန်ကုန်ခံပြီး ပြမနေပါဘူး။ Max က ဘယ်လိုလူမျိုးလည်းဆိုတာ တခါတည်းတန်းပြပြီး ဇာတ်လမ်း ကို စတင်ထားပါတယ်။ ဒီကားမှာ မင်းသားရဲ့ နောက်ကြောင်းကို သာမက ဇာတ်ကောင်တွေတော်တော်များများရဲ့ နောက်ကြောင်း

Flightplan

Flightplan - Movie Review (2005) #ရုပ်ရှင်မိတ်ဆက် အမေများနေ့မှာ အမေနဲ့ပတ်သက်တဲ့ကားလေးတစ်ကားတင်ပေးဖို့ စဉ်းစားရင်းနဲ့ဒီကား ကိုသတိရသွားလို့ပါ။ ဇာတ်လမ်းကအကောင်းကြီးမဟုတ်ပေမယ့် အပျင်းပြေကြည့်ဖို့အစဉ်ပြေပါတယ်။ Kyle (Jodie Foster) က လေယာဉ်ပျံဒီဇိုင်းဆွဲတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး၊ Berlin, Germany မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ယောက်ျားဖြစ်သူ အလုပ်ခွင်မှာ ဆုံးပါးသွားလို့ နေရပ်ဖြစ်တဲ့ အမေရိကားကို ပြန်ပြီး သဂြိုလ်ဖို့ စီစဉ်ပါတယ်။ သူမစီးရတဲ့ လေယာဉ်က သူမဒီဇိုင်းဆွဲထားတဲ့လေယာဉ်ပဲ  ဖြစ်ပါတယ်။ သူမမှာ သမီးလေးတစ်ယောက် ကျန်ခဲ့ပြီး သမီးနဲ့ အတူတူ လေယာဉ်ပေါ်ကို တက်ပြီး၊ အိပ်စက်အနားယူရင်း လိုက်ပါလာပါတယ်။ ဒါပေမယ့် တရေးနိုးလို့ကြည့်လိုက်တော့ သမီးကအနားမှာမရှိတော့တာကြောင့် လိုက်ရှာရင်း သမီးပျောက်နေမှန်းသိလိုက်ရပါတယ်။ ဒီနေရာမှာ လေယာဉ်ပေါ်က ၀န်ထမ်းတွေ အကုန်ဝိုင်းရှာပေးကြပေမယ့် ရှာမတွေ့ပါဘူး။ ဒါ့အပြင် သူမ သမီးကို ဘယ်သူမှမလည်း မတွေ့ကြသလို၊ လေယာဉ်ပေါ်တက်လာတာကိုလည်း မတွေ့ကြပါဘူး။ သူမနဲ့တူတူထိုင်နေတာကိုလည်း မတွေ့ဖူး၊ ကလေးပါတယ်ဆိုတာကိုလည်း ဘယ်သူမှ သတိမထားမိဘူးလို့ ဆိုလာကြတဲ့အခါမှာတော့၊ လေယာဉ်ပေါ်ကလူတေ

Avengers: Age of Ultron

Avengers: Age of Ultron (Spoiler) #ရုပ်ရှင်မိတ်ဆက် :) :) :) :) :) :) :) :) :) -_- မြန်မာပြည်မှာတင်ပြီးမှ ရှင်းပြမယ်ဆိုပေမယ့် တစ်ချို့တွေက မကြည့်ခင်မှာ ဖတ်ချင်တဲ့သူတွေရှိလို့ ဖတ်လို့ရအောင် တင်ပေးလိုက်ပါတယ်။ အောက်မှာဇာတ်ကားတစ်ကားလုံးရဲ့ ဇာတ်ဝင်ခန်းတွေကို ရှင်းပြထားပြီး၊ ဇာတ်လမ်းကြိုမသိချင်တဲ့ လူတွေ မဖတ်ဖို့ ကြိုသတိပေးထားတာပါ။ --------------------------------------------------- Spoiler -------------------------------------------------- ဒီကားက ၂၀၁၄ C A: Winter Soldier ဇာတ်ကားရဲ့ အဆုံး ကနေ ပြန်ဆက်ထားတာတွေ့ရပါတယ်။ ၂၀၁၀ တုန်းက The Avengers အပြီးမှာ Loki ရဲ့ လက်ကိုင်တုတ်ကို SHIELD အဖွဲ့က သိမ်းမိထားပေမယ့် Winter Soldier မှာ HYDRA က SHIELD ဆီက နေခိုးသွားခဲ့ပါတယ်။ ဒါကို ဒီကားအစမှ ပြန်လိုက်ရှာတာဖြစ်ပြီးရန်သူ့စခန်းကို ၀င်တိုက်တဲ့အခန်းနဲ့ စထားပါတယ်။ ဒီစခန်းက Marvel Comic ရဲ့ စိတ်ကူးယဉ်နိုင်ငွ Sokovia မှာဖြစ်ပြီး Winter Soldier End Credit Scene မှာပါသလိုပဲ၊ Baron Strucker က Scarlet Witch နဲ့ Quicksilver တို့ ကို စမ်းသပ်နေတဲ့နေရာလည်းဖြစ်ပါတယ်။ Baron Strucker ဆိုတာက Hydra အဖွဲက ဖြစ်ပြီး Cap

Avengers: Age of Ultron

Image
Avengers: Age of Ultron (May 2, 2015) - Review #ရုပ်ရှင်မိတ်ဆက် ဒီကားက၂၀၁၀ တုန်းက ထွက်တဲ့ Avengers အပြီး တင်မကပဲ Captain America: Winter Soldier အပြီး ကနေပါဆက်ထားတာဖြစ်ပါတယ်။ Comic Book ပရိတ်သတ်တွေကတော့ Avengers ဇာတ်လမ်းကို သိကြမှာဖြစ်ပေမယ့် သာမန် ရုပ်ရှင်ကြည့်ပရိတ်သတ်တွေကတော့ ရုပ်ရှင်ထဲမှာပါတာ ကိုပဲသိကြပါတယ်။ ဒီနေရာမှာ Marvel ကို ချီးကျူးရမှာက Marvel ဇာတ်ကားတွေအကုန် လုံးက ကာတွန်း အကြောင်း လုံးဝသိစရာမလိုအောင် ရိုက်ကူးထားပြီး သာမန် ပရိတ်သတ်တွေလည်း ကြည့်လို့ရအောင်...... Read More #Sololay (MFM)

Furious 7 Emotional Ending - Spoiler!!!!

Furious 7 Emotional Ending - Spoiler!!!! ဇာတ်လမ်းက သာမန်ပဲဖြစ်ပေမယ့် ဇာတ်လမ်း တစ်ခုလုံးမှာ နောက်ဆုံး Scene လေးက ပရိတ်သတ်ရင်ကို ထိမှန်စေတဲ့ အခန်းလေး တစ်ခန်းပါပြီး၊ ဒီတစ်ခန်းထဲနဲ့တင် ဇာတ်ကားရဲ့ ဟာကွက်တွေကို ခွင့်လွှတ်ပေးလို့ရပါတယ်။ ဇာတ်ကားတစ်ကားလုံးက ဒီအခန်းကို ဦးတည်လာတာဖြစ်တာကြောင့်လည်းပို ကြေကွဲရပါတယ်။ အပြင်မှာ တကယ်သေသွားပြီဖြစ်တဲ့ Paul က နောက်ထပ်ဇာတ်ကားတွေမှာ ပါဝင်နိုင်တော့မှာမဟုတ်သလို ၊ ဒီ ဇာတ်ဝင်ခန်းလေးက သူတို့ နောက်ဆုံး နုတ်ဆက်တဲ့ဇာတ်ဝင် ခန်းလေးဖြစ်တာနဲ့အညီ Vin Diesel နဲ့ Tyrese Gibson တို့ရဲ့ မျက်နှာ်မှာ ၀မ်းနည်းနေတာ၊ အရမ်းသိတာသလို၊ တကယ့် ၀မ်းနည်းဖို့လည်းကောင်းပါတယ်။ Facebook မှာတင်ပေးလို့မရလို့ ဒေါင်းလို့ရအောင် တင်ပေးလိုက်ပါတယ်။ Sendspace နဲ့ပါ။ အဆင်မပြေတာရှိရင် ပြောလို့ရပါတယ်။ အဲ့ဒီနောက်ဆုံးအခန်းမှာ ကားနဲ့ဘေးမှာလာရပ်ပြီး Dom ကို လှမ်းကြည့်တဲ့ပုံက Fast Five ထဲက ပုံဖြစ်ပြီး၊ သူတို့ ပုလိပ်ကားတွေ ခိုးပြီး ထွက်လာတဲ့ အခန်းက ပုံကို Digital Effect တွေနဲ့ ထည့်ပေးထားတာဖြစ်ပါတယ်။ Download Link (24MB) -  Download Full Review -  Review ------------------- Unicode ----------------------- ဇာ

Groundhog Day

Groundhog Day - Movie Review (1993) :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ၁၉၉၃ တုန်းကထွက်ခဲ့တဲ့ Bill Murray ရဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ Drama Comedy ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ ၀င်ငွေအရရော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Read More #Sololay Movie Link -  Watch

American Sniper

American Sniper (2015) - Movie Review :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် Spoiler-Free Review  vs  Spolier Review #Sololay

Focus (2015)

#ရုပ်ရှင်မိတ်ဆက် Focus (2015) :) :) :) :) :) :) :) -_- -_- -_- ဒီကားကတော့ Will Smith ရဲ့ ဇာတ်ကားဖြစ်ပြီး၊ တစ်ချိန်တုန်းက Will Smith ရဲ့ ဇာတ်ကားတွေလောက် မကောင်းတော့ပါဘူး။ After Earth နောက်ပိုင်း Will Smith တစ်ယောက် ဇာတ်ကားကောင်း မရိုက်ဖြစ် သေးတာ အခုထိလည်း သိပ်မထူးခြားပါဘူး။ ဇာတ်လမ်းမှာ Will Smith က Con-Man (လူလိမ်၊ အကြံအဖန်သမား) အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး၊ မင်းသမီး Margot Robbie (The Wolf of Wall Street) နဲ့ Read More #Sololay

Scent of a Woman

#ရုပ်ရှင်မိတ်ဆက် Scent of a Woman (1992) :) :) :) :) :) :) :) :) :) -_- ဒီကားက ၁၉၉၂ တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Al Pacino ရဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ Al Pacino ကို မသိတဲ့၊ မမှီလိုက်တဲ့ လူငယ်တွေအတွက်က သူက အီတာလျံ အမေရိကန် မင်းသား တစ်ဦးဖြစ်ပြီး ၁၉၇၀ကျော် ၈၀ ကာလတွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပြီး၊ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး နဲ့ ပြီးပြည့်စုံ တဲ့ ဇာတ်ကားကောင်း တစ်ကားလို့ အားလုံးက သတ်မှတ်ထားတဲ့ Godfather နဲ့ Godfather Part 2 မှာ ပါဝင်ထားတဲ့မင်းသား ဖြစ်ပါတယ်။ Read More #Sololay

Furious 7

Furious 7 ရုပ်ရှင်မိတ်ဆက် ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက်ပြီးတဲ့နောက်မှာမှ လူတွပိုစိတ်ဝင်စားလာတာတွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ Justin Lin က နေလူစိတ်ဝင်စားလာအောင် ရိုက်ကူးခဲ့ပြီး Fast Five က ဒီစီးရီးရဲ့ အကောင်းဆုံး ဇာတ်ကား အဖြစ် ပရိတ်သတ်တွေ လက်ခံထားကြပါတယ်။ Read More Sololay

Imitation Game

Imitation Game :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက ဒုတိယကမ္ဘာစစ် အတွင်းက ဖြစ်ရပ်မှန် ကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်သလို  Alan Turing ရဲ့ အတ္ထုပ္ပတိရုပ်ရှင် ဖြစ်ပါတယ်။ Alan Turning က သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး တက္ကသိုလ်က ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အချိန် ကာလ သုံးခု ခွဲပြီး တင်ဆက်ထားတာ ဖြစ်လို့ ပရိတ်သတ်ကြီး မျက်စိမရှုပ်ဖို့ တော့လိုပါတယ်။ ပထမဆုံး ကာလအပိုင်းအခြားက 1951 ဇာတ်လမ်းအစမှာ ဒုတိယကမ္ဘာစစ်အပြီး ကာလဖြစ်ပြီး၊ Alan ရဲ့ အိမ်ကို သူခိုးဝင်ခိုးခံရတဲ့အခန်းဖြစ်ပါတယ်။ ဒီအချိန်အပိုင်းအခြားမှာ အင်္ဂလန်က ပုလိပ်က သူ့အကြောင်း လိုက်စုံစမ်းနေသလို၊ သူက အဲ့ဒီပုလိပ်ကို သူ့အကြောင်း ပြောပြနေတာဖြစ်ပါတယ်။ Read More #Sololay

Taken 3 (2015) - Movie Reivew

Taken 3 (2015) - Movie Review :) :) :) :) :) -_- -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက တော့ Liam Neeson ကို Action မင်းသားအဖြစ် ကမ္ဘာကျော်စေခဲ့တဲ့ Taken ဇာတ်ကား ရဲ့ တတိယမြောက်နဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Liam Neeson က သူ့ရဲ့ အရင်မိန်းမ Lenny နဲ့ ပြန်အဆက်အသွယ်လုပ်နေပြီး၊ Lenny ကလည်း လက်ရှိယောက်ျားနဲ့ အဆင်မပြေ ဖြစ်နေခိုက် ဖြစ်ပါတယ်။ လက်ရှိယောက်ျား Stuart (ပထမဆုံး ဇာတ်ကားမှာ သူ့သမီး Kim ကို မြင်းဝယ်ပေးခဲ့တဲ့တစ်ယောက်ဖြစ်ပါတယ်။) က Liam Neeson ရဲ့ ဇာတ်ကောင် Bryan ကို သူ့မိန်းမနဲ့ ဝေးဝေးနေဖို့ သတိပေးခဲ့ပါတယ်။ ဒီအချိန်မှာ Lenny တစ်ယောက် Bryan ရဲ့ အိမ်မှာ အသတ်ခံရပြီး တဲ့အခါမှာ Bryan နေနဲ့ သူမိန်းမကိုသတ်တဲ့သူကို ရှာဖွေပြီး လက်စားချေရမှာဖြစ်သလို၊ တစ်ဖက်ကလည်း သမီးကို လည်းကာကွယ်ရမှာဖြစ်ပါတယ်။ ၂၀၀၈ တုန်းကထွက်ခဲ့တဲ့ Taken က တစ်ချိန်က Drama မင်းသားကြီးဖြစ်တဲ့ Liam Neeson ကို အက်ရှင် မင်းသား အဖြစ် ပရိတ်သတ်နဲ့မိတ်ဆက်ပေးခဲ့ နိုင်ပေမယ့်၊ ဒီကားမှာတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်း နဲ့ တည်းဖြတ် မကောင်းတာကြောင့် တော်တော်ကို ကြည့်ရဆိုးလှပါတယ်။ အထူးသဖြင့် တည်းဖြတ်တာ ညံ့ဖျင်းတာကြောင့် စတန့်သမား သုံးထာ

The Loft

The Loft - Movies Review (2015) :) :) :) :) -_- -_- -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ အိမ်ထောင်ရေးဇာတ်ကားကို သဲထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့မကောင်းသလို သဲထိတ်ရင်ဖိုလည်းမဖြစ်ပါဘူး။ ဒီကားက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကားဖြစ်ပြီး၊ ဇာတ်လမ်းကလည်း ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်လို့ မိသားစုတူတူကြည့်ဖို့မသင့်သလို ကလေးတွေလည်း မကြည့်သင့်ပါဘူး။ Read More Sololay

Lord of the Rings

Lord of the Rings: Fellowship of the Ring :) :) :) :) :) :) :) :) -_- -_- ဒီကားကတော့ တစ်ချိန်မှာ လူကြိုက်များ နာမည်ကြီးလာမယ့် Lord of the Ring Trilogy ရဲ့ အစ၊ Middle Earth ကို ရုပ်ရှင် ကြည့်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ Harry Potter လိုကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ပရိတ်သတ်တွေ သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းအကြောင်း ပြောပြရာမှာ အသေးစိတ်ပြောဖို့ မလွယ်သလို၊ အသေးစိတ်ပြောရင် ဇာတ်လမ်း ရဲ့အဓိကအချက်တွေ ပါကုန်မှာဖြစ်လို့၊ အနည်းငယ်ပဲ တင်ပြမှာဖြစ်ပါတယ်။ ဒါပေမယ့် အောက်ကအကြောင်းအရာက ဇာတ်လမ်းမှာ သိကိုသိသင့်တဲ့ အကြောင်းအရာတွေ လည်းဖြစ်ပါတယ်။ အတတ်နိုင်ဆုံး Spoiler မပါအောင်ရေးထားပေးပါတယ်။ ဒီကားမှာတော့ The Dark Lord Sauron ရဲ့ Spirit က တစ်ဖန်ပြန် လည်နိုးထလာပြီး၊ သူရဲ့ လက်စွပ

The Boy Next Door (2015)

The Boy Next Door (2015) - Movie Review :) :) :) -_- -_- -_- -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် January နဲ့ February က တကယ့် မကောင်းတကာ့ မကောင်းတဲ့ ကားတွေ တင်တဲ့လတွေဖြစ်ပါတယ်။ နှစ်တိုင်း December အကုန်နဲ့ February မှာ မကောင်းတဲ့ဇာတ်ကားတွေ ထွက်ထွက်လာတတ်ပါတယ်။ Oscar Nominated ကားတွေ ပါတယ်ဆိုပေမယ့် အဲ့ဒီကားတွေက ဒီဇင်ဘာမှာထဲက Hollywood ကရုံတွေမှာ တင်နေပြီဖြစ်ပါတယ်။ ကျန်ရုံတွေမှာ သာ နောက်ကျပြီးတင်တာပါ။ အော်စကာအမှီ တင်ထားပြီးသားဖြစ်ပါတယ်။ ဒီကားက January မှာထွက်တဲ့ကားဖြစ်တာနဲ့အညီ၊ တော်တော်ညံ့တဲ့ဇာတ်ကားဖြစ်တယ်လို့ဆိုရမှာပါ။ ဒီကားက Drama ကားမဟုတ်ပဲ၊ Cheap Horror/Thriller ပုံစံလုပ်ထားပါတယ်။ မနှစ်ကထွက်ခဲ့ဖူးတဲ့ The Guest ဆိုတဲ့ ဇာတ်ကားလိုပဲဖြစ်ပြီး၊ ဒီကားက ပိုညံ့ပါတယ်။ Trailer မှာတုန်းက ပြထားတာ ဆရာမနဲ့ ကျောင်းသား ဇာတ်ရှုပ်ပုံစံမျိုး ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ Jennifer Lopez က အိမ်နီးချင်း ၁၉ နှစ် အရွယ် ကောင်လေးနဲ့ တစ်ခါမှားယွင်းမိပြီးနောက် အသက်ကွာဟလို့ မဖြစ်သင့်ဖူးဆိုပြီး ထိမ်းပေမယ့် ကောင်လေးက သူ့နောက်ကို လိုက်ကပ်နေတာဖြစ်ပါတယ်။ ဒီလို လိုက်ကပ်နေတာတင်အားမရပဲ သူစာသင်တဲ့ကျောင်းကိုပါ ၀င်တက်လိုက်ပ

The Maze Runner

The Maze Runner (2014) - Movie Review :) :) :) :) :) :) -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ဒီဘက်ခေတ် ဆယ်ကျော်သက် လူငယ် (Young Adult) တွေကို အဓိက ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဒီနာမည်နဲ့ပဲ စာအုပ်ရှိပြီးတော့ စာအလုပ်ကလည်း YA တွေအတွက် ရေးထားတာဖြစ်ပါတယ်။ ဒီကားက ဒီနှစ်ထွက်ထားတဲ့ Divergent လိုပဲ ဇာတ်လမ်းက စိတ်ဝင်စားစရာ မကောင်းလှပါဘူး။ အထူးသဖြင့် လူကြိုက်များအောင်မြင်နေတဲ့ နောက်ထပ် Young Adult Movie တစ်ခုဖြစ်တဲ့ Hunger Game လောက် မကောင်းပါဘူး။ အခု Review က Spoiler ပါမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာပျက်ပြီး နောက်ကာလမှ ကျန်ခဲ့တဲ့ လူတွေထဲက လူငယ်လေးတွေကို the Glade လို့ခေါ်တဲ့ ဥယျာဥ ထဲမှာ ထည့်ထားပြီး ပတ်ပတ်လည်မှာ တော့ Maze နဲ့ပိတ်ထားပါတယ်။ ဒီထဲကနေထွက်ဖို့ဆိုရင် Maze ကိုဖြတ်သွားရမှာဖြစ်ပြီး၊ Maze ထဲမှာ Grievers လို့ခေါ်တဲ့ စက်ရုပ်တွေရှိပြီး ဘယ်သူမှ ဒီကနေမလွတ်ဖူးသေးဘူးလို့လည်းဆိုပါတယ်။ ဒီလိုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီး က နေရောင်ခြည် လွန်ကဲမှုကြောင့် ပျက်ခဲ့ရပြီး၊ ကျန်နေခဲ့တဲ့ သူတွေကိုလည်း The Flare လို့ခေါ်တဲ့ Virus က ဒုက္ခပေးနေပါတယ်။ ဒီလူငယ်လေးတွေက Virus မဖြစ်တာကြော

The Gambler

The Gambler - (2014) :) :) :) :) :) :) -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ Mark Wahlberg ရဲ့ ဇာတ်ကားဖြစ်ပြီး၊ နာမည်အတိုင်းပဲ လောင်းကစားဇာတ်လမ်းဖြစ်ပြီး၊ အဓိက ဇာတ်ကောင် Jim Bennett က တက္ကသိုလ်က အင်္ဂလိပ်စာ ဆရာဖြစ်ပြီး၊ Best Selling Author တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ညပိုင်းမှာတော့ တရားမ၀င်လောင်းကစား ၀ိုင်းတွေမှာ အချိန်ဖြုန်းသူဖြစ်ပါတယ်။ ထွေလာမှာ ပြတုန်းက သူ့မှာ အကြွေးတွေဝိုင်းနေပြီး ဒီဘ၀က လွတ်အောင် လုပ်ဖို့ ကြိုးစားတယ်လို့ သာမန်ထင်ရအောင် လုပ်ထားပေမယ့် တကယ်တန်းမှာတော့ ဇာတ်လမ်းလေးက ထူးခြားပါတယ်။ Jim က တစ်ယောက်တည်းသမားဖြစ်ပြီး၊ အမေတစ်ယောက်ပဲကျန်ပါတော့တယ်။ ဇာတ်လမ်းအစမှ အဖိုးက ဆုံးသွားပြီး၊ မိန်းမလည်းမယူ၊ ရည်းစားလည်းမရှိပါဘူး။ ဒါ့အပြင် သူလောင်းကစားလုပ်တဲ့ပုံစံကိုက နိုင်ချင်လို့လုပ်တာမဟုတ်ပဲ တမင်သက်သက်မရှုံးရှုံးအောင် လုပ်နေသလိုပါပဲ။ လောင်းကစား လောကမှာ ငွေကြောင့် ကစားတဲ့သူတွေရှိသလို၊ စိတ်လှုပ်ရှားမှုကို လိုချင်လို့ သက်သက်ကစားတဲ့သူ ဆိုပြီး နှစ်မျိုးရှိပြီး၊ Jim က ဒုတိယလူမျိုးဖြစ်ပါတယ်။ Jim ကိုလာပြီး အကြွေးတောင်းတဲ့သူတွေက သူ့ကို ဘယ်လောက်နှိပ်စက် နှိပ်စက် သူက တော့မမှုပါဘူး။ သူ့ပု