50 First Dates - Movie Review (2004) by ရုပ်ရှင်မိတ်ဆက် - Movie Link Included

50 First Dates (2004)


ဒီတစ်ခါတော့ ကျွန်တော့်အကြိုက်ဆုံး ဇာတ်ကား တွေထဲက ဒရမ်မာ ကားလေးတစ်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

ဇာတ်ကားလေးက ဟာဝိုင်ယီ ကျွန်းစုမှာ ရိုက်ကူးထားပြီး မင်းသား Adam Sandler နဲ့ မင်းသမီး Drew Berrymore တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Henry Roth (Play by Adam Sandler) က   ငါးပြတိုက်က တိရိစ္ဆာန် ဆ၇ာဝန်ဖြစ်ပြီး၊ ချစ်သူအတည်တကျ မထားပဲ ဟာဝိုင်ယီကို အပန်းဖြေလာတဲ့ အမျိုးသမီးတွေနဲ့ပဲ အီစီကလီလုပ်နေခဲ့ပါတယ်။ သူမှာ ကိုယ်ပိုင် ရွက်လှေတစ်စီးရှိပြီး တစ်နေ့မှာ Alaska ကိုသွားပြီး ပင်လယ်ရေနေသတ္တ၀ါတွေကို လေ့လာဖို့ အစီအစဉ်လည်း ရှိပါတယ်။ဒါပေမယ့် တစ်နေမှာ Lucy Whitmore ဆိုတဲ့ မိန်းကလေးနဲ့ စားသောက်ဆိုင် တစ်ခုမှာ တွေ့မိပြီး ထုံးစံအတိုင်း ကောင်မလေးနဲ့ အဆင်ပြေသွားပြီး နောက်တစ်ခါတွေ့ဖို့ပါချိန်းခဲ့ပါတယ်။



ဒီမှာဇာတ်လမ်း အလှည့်အပြောင်းဖြစ်လာတာက နောက်တစ်နေ့ Lucy နဲ့သွားတော့ သူ့ကို Lucy က လုံးဝမမှတ်မိပဲ ခါးခါးသီးသီး ငြင်းတာခံလိုက်၇ပါတယ်။ အဲ့ဒီမှာပဲ ဆိုင်ရှင်တွေရဲ့ ပြောပြချက်အရ Lucy က မနှစ်က မွေးနေ့မှာ ကားအက်ဆီးဒင့် ဖြစ်ခဲ့ပြီး Short-term memory lost ဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ဒါကြောင့် သူမရဲ့ဦးနှောက် က ကားအက်ဆီဒင့် ဖြစ်ခဲ့တဲ့ နောက်ပိုင်းက အဖြစ်အပျက်တွေကို မှတ်သားနိုင်စွမ်းမရှိတော့ပါဘူး။ အရင်တုန်းကအကြောင်းအရာတွေကတော့ Long Term Memory တွေဖြစ်ပြီး မထိခိုက်ပဲကျန်ခဲ့တဲ့ ဦးနောက်တစ်ခြမ်းမှဖြစ်လို့ ကားအက်ဆီးဒင့် မဖြစ်ခင်အထိကို မှတ်မိနေပါတယ်။

ဒါကြောင့် သူက နေ့တိုင်းကို သူရဲ့မွေးနေ့လို့ ထင်မှတ်နေပြီး နေ့တိုင်း ဒီဆိုင်ကိုပဲလာပြီး ဒီမုန့်ကိုပဲ မှာစားနေခဲ့ပါတယ်။ သူ့ရဲ့အဖေနဲ့ အကို၊ သူ့အဖေရဲ့မိတ်ဆွေ ဖြစ်တဲ့ စားသောက်ဆိုင်ပိုင်ရှင်တို့ကလည်း ဒီလိုပဲဖြစ်နေအောင် ညာထားကြပါတယ်။

အဲ့ဒီမှာ Henry ကနေ့တိုင်း ဆိုင်လာပြီး  ကောင်မလေးနဲ့ပြန် အဆင်ပြေအောင် နေတိုင်းလာပြီး ကြိုးစားပါတယ်။ ဒါကို ကောင်မလေးရဲ့အဖေက အစပိုင်းမှာ အထင်လွဲခဲ့ပေမယ့် နောက်ပိုင်းတော့  Lucy က Henry နဲ့တွေ့ပြီး အိမ်ပြန်ရောက်လာတဲ့နေ့တွေဆိုရင် ပိုပြီး ရွှင်ရွှင်လန်းလန်း ဖြစ်နေတတ်တာကို သတိထားမိပြီး Henry ကို လက်ခံခဲ့ပါတယ်။ 
Henry ကလည်း အရင်မိန်းကလေးတွေနဲ့လို One Night Stand မျိုးမဟုတ်ပဲ Lucy ကို တကယ် သံယောစဉ်ဖြစ်သွားပြီး အစီအစဉ်တစ်ခုကို လုပ်ပါတယ်။ သူရဲ့အစီစဉ်က Video ခွေ လေးတစ်ခု လုပ်ထားပြီး ကောင်မလေးကို မနက်တိုင်း အခွေပြပြီး သူ ရဲ့ အဖြစ်အပျက်တွေကို သတိပြန်ရစေပါတယ်။ အဲ့ဒီနောက်မှာတော့ Lucy ကို သူနဲ့ တစ်စိမ်းတစ်ယောက် ဖြစ်က နေပြန်ပြီး ချစ်သူတွေ ဖြစ်အောင် ကြိုးစားရပါတယ်။

ဒီလိုမျိုး ကိုယ့်ကို လုံးဝမသိတော့တဲ့ ချစ်သူမိန်းကလေးကို ကိုယ့်ကို ပြန်ပြီး သတိရလာအောင်၊ ဒါထက် ကိုယ့်ကို ပြန်ပြီး ချစ်လာအောင် နေ့တိုင်းနေ့တိုင်း ကြိုးစားတာကို သဘာဝကျကျ သရုပ်ဆောင် ရိုက်ကူး တင်ဆက်ထားပါတယ်။

နောက်ဆုံးမှာ ကောင်မလေးက Henry ကို ဒီလိုမျိုးသူနဲ့ အချိန်ကုန်မနေစေတော့ ပဲ့ သူဘ၀ထဲက နေထွက်သွားဖို့ပြောခဲ့ပြီး၊ Henry ရဲ့ အကြောင်းတွေ ကို ပြန်သတိပေးတဲ့၊ အခွေတွေ စာအုပ်တွေ အကုန် လုံး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နောက်ဆုံး Henry က Alaska ကိုခရီးထွက်ခါနီး မင်းသမီးအဖေက လာပြီး သတိပေးလို့ Lucy နဲ့ပြန်သွားတွေ့တဲ့ အခါ Lucy က သူမရဲ့ အခန်းထဲ ခေါ်သွားခဲ့ပြီး၊ သူဆွဲထားတဲ့ ပန်းချီကားတွေကိုပြသခဲ့ပါတယ်။

အဲဒီပန်းချီကားတွေအားလုံးက ထူးဆန်းစွာနဲ့ပဲ Henry ရဲ့ ပုံတူပန်းချီတွေဖြစ်နေခဲ့ပြီး၊ တကယ်တမ်းမှာတော့ Lucy က ဘာကိုမှ မမှတ်မိပေမယ့် သူတို့နှစ်ယောက်ရဲ့ စစ်မှန်တဲ့ အချစ်ကြောင့် Lucy က သူ့ရဲ့ အိမ်မက်ထဲမှာ Henry ကို ပဲ မြင်နေပြီး ဒီပန်းချီတွေကိုဆွဲ နိုင်ခဲ့တာဖြစ်ပါတယ်။

ဇာတ်ကားလေးက သာမန် အချစ်ဇာတ်ကားတွေထက်ထူးခြားပါတယ်။ ဇာတ်လမ်းထဲမှာ မင်းသားက သူ့ရဲ့ချစ်သူက သူ့ကို လုံးဝသတိမရတော့ တာတောင်မှ အချစ်မလျော့ပဲ သူကို ပြန်ပြီးချစ်လာအောင် နေ့တိုင်းကြိုးစားတာကို ရိုက်ကူးတင်ဆက်ထားပါတယ်။ တစ်ဦးနဲ့တစ်ဦးကြာလာ ရင် သည်းမခံနိုင်ဖြစ်ကြ စုံတွဲတွေ အိမ်ထောင်သည်တွေ ဒီကားလေးကို ကြည့်ပြီး ပညာယူနိုင်ပါတယ်။ အချစ်စစ် မှန်ရင် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် လက်တွဲဖြုတ်စရာ မလိုပါဘူး။ 

အချစ်၊ဟာသ၊ ကြည်နူးဖွယ်၊ ၀မ်းနည်းဖွယ်၊ ရသပေါင်းစုံကို ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ ကြည့်ကိုကြည့်သင့်တဲ့ ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲက ဟာသတွေကလည်း တကယ် ရီရပြီး၊ အချစ်ခန်း၊ အလွမ်းခန်းလေးတွေကလည်း တကယ်ကို ခံစားရပါတယ်။ သရုပ်ဆောင်ထားတာလည်း ကောင်းသလို၊ ဇာတ်လမ်းကျောရိုးလည်း ကောင်းပါတယ်။ အလိုအပိုမရှိ ရိုက်ကူးတင်ဆက်သွားပြီး၊ ဇာတ်ဝင်ခန်းတိုင်းကလည်း ထိထိမိမိ ရှိပါတယ်။ Drama ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ကား ဖြစ်ပါတယ်။ Rated PG-13 ဖြစ်ပြီး မိသားစုတူတူ ကြည့်ဖို့ အဆင်ပြေပေမယ့် ကလေးတွေ မကြည့်တာပိုကောင်းပါတယ်။ အချစ်ဇာတ်ကားဖြစ်လို့ ငယ်သေးတဲ့ကလေးတွေ ကြည့်ဖို့ မသင့်ပါဘူး၊ Sex Scene တစ်ခန်းပါပြီး၊ No Nudity ပါ။ Sexual Joke အနည်းငယ်ပါပါတယ်။

#Sololay

Movie Link

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2