Captain Phillips (2013) - Movie Review

Captain Phillips (2013)





ရုပ်ရှင်မိတ်ဆက်


ဒီတစ်ခါတော့ Drama ကားကောင်း တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက အပြင်မှာတကယ်ဖြစ် ခဲ့တဲ့ အဖြစ်အပျက် ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ Captain Phillips က Drama ကားကောင်းတစ်ကားဖြစ်တယ်ဆိုရင် Tom Hanks ကလည်း တကယ် အရည်အချင်းရှိတဲ့ မင်းသားတစ်ယောက် ဖြစ်ပါတယ်ဆိုတာ ဒီကားက သက်သေပြနေပါတယ်။

ဇာတ်လမ်းက အမေရိကန် ကုမ္ပဏီ ပိုင် ကွန်တိန်နာ သင်္ဘောက ပင်လယ်ထဲမှာသွားနေတုန်း ဆိုမာလီ ပင်လယ်ဓါးပြတွေရဲ့ စီးနင်းချင်းကိုခံရပြီး အမေရိကန် ရေတပ်က ကယ်တင်ခဲ့ရပုံရိုက်ကူးထားပါတယ်။ Tom Hanks က Rich Phillips (Captain Phillips) အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း အစမှာပဲ Captain က သင်္ဘောပေါ်တက်ရတဲ့ အခန်းကိုပြပြီး သူတို့သွားရမယ့် လမ်းကြောင်းကို ပြတော့ ပင်လယ်ဓါးပြတွေ သောင်းကြမ်းတဲ့ေ၇ကြောင်းဖြစ်တာကြောင့် အစစ အရာရာ အဆင်သင့် ပြင်ခဲ့ပါတယ်။ ပင်လယ်ဓါးပြတွေ ကပ်လာရင် ရင်ဆိုင်ဖို့ကိုလည်း လေ့ကျင်ပြင်ဆင်သလို ရေကြောင်း ကာကွယ်ရေးကလည်း သူကို  အီးမေးလ်နဲ့ သတိပေးထားပြီး အရေးပေါ်ဖုန်းနံပါတ်လည်း ပေးထားပါတယ်။

ဒီလို ပြင်ဆင်နေတုန်းမှာပဲ စက်တပ်လှေနှစ်စီး သူတို့ဆီ လာနေတာကို တွေ့သွားပြီး လွတ်အောင် ပြေးဖို့ ကြိုးစာရပါတော့တယ်။ တစ်ဖက်မှာလည်း ဆိုမာလီတွေက ဓါးပြတိုက်ဖို့ ပြင်ဆင်နေပြီး ဓါးပြတိုက်ဖို့ ဘယ်သူက စေခိုင်းတယ်၊ ဘယ်လို လူတွေရွေးပြီး ဘာကြောင့် ဓါးပြတိုက်တယ်ဆိုတာကိုပါ စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။ ဓါးပြတွေက ရေဒါကို ကြည့်ပြီး တစ်စီးထဲကွဲထွက်နေတဲ့ သင်္ဘောတွေကို ရှာဖွေပြီး ဓါးပြတိုက် ပြန်ပေးဆွဲတာဖြစ်ပါတယ်။ အဲ့လို ရှာဖွေရာမှာ Maersk Alabama (Captain Phillips ရဲ့သင်္ဘော) က တစ်စီးထဲဖြစ်နေတာကို တွေ့သွားပြီး ဓါးပြတိုက်ဖို့ ပြင်ဆင်ပါတော့တယ်။

ဒီအထိ ဇာတ်လမ်းက ဇာတ်ရှိန်တက်လိုက်ကျလိုက် ဖြစ်နေရာကနေ တစ်ခန်းမှာ Captain Phillips ရဲ့ ပရိယာယ် ကြွယ်ဝမှု သင်္ဘောသားတွေရဲ့ ရဲ့ရင်မှုကြောင့် ကို ဓါးပြဗိုလ်ကို ဖမ်းမိခဲ့ပြီး သူတို့ကို လှေပေါ်ကနေ မောင်းထုတ်နိုင်ခဲ့ပြီး သက်ကယ်လှေနဲ့ထွက်သွားဖို့ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဓါးပြတွေက Captain Phillips ကို သူတို့နဲ့အတူ အပါခေါ်သွားပြီး ပြန်ပေးဆွဲဖို့ကြိုးစားတာကြောင့် အမေရိကန် ရေတပ်က Navy Seal တွေ လွှတ်ပြီးတော့တောင် ကယ်တင်ခဲ့ရပါတယ်။ အဲ့ဒီအခန်းက စလို့ ဇာတ်ရှိန်က အမြင့်ဆုံးကိုရောက်ခဲ့ပြီး နောက်ဆုံးအချိန်ထိ သဘာဝကျကျ ပညာသားပါပါ သရုပ်ဆောင်မှုတွေနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားနိုင်ခဲ့တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဒီကားက အစပိုင်းမှာထဲက အချိန်ဆွဲမနေပဲ ဇာတ်ရှိန်ကောင်းကောင်းနဲ့ စခဲ့ပြီး အဆုံး သတ်ထိ တစ်ကားလုံးကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပရိတ်သတ်တစ်ချို့က အဆုံးသတ်ပိုင်းကို သိပ်သဘောမကျကြပါဘူး။ ကျွန်တော့်အမြင်ကတော့ ဒါက အပြင်က အဖြစ်အပျက်ဖြစ်လို့ ပရိတ်သတ်လိုချင်တဲ့ အဆုံးသတ် မျိုးတော့ ဖြစ်ဖို့မလွယ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကားက Drama ကားကောင်းတစ်ကားပါ။ Drama ကားလို့သာ ပြောရတယ် တကယ်က Action ကားကောင်းကောင်း တစ်ကား နီးပါး Action တွေကောင်းပါတယ်။ စိတ်လှုပ်ရှားဖွယ်ရာ တွေလည်း များစွာပါပြီး ပရိတ်သတ် အကြိုက်တွေ့မှာပါ။

အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ၀ါရင့်မင်းသားကြီး Tom Hankျ တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ ရုံမှာသွားကြည့်သင့်ပါတယ်။ Violence နည်းနည်းများလို့ Rated R ဆိုပေမယ့် မိသားစု အတူ ကြည့်ရှုနိုင်တဲ့ကားပါ။ (No Sex, No Nudity) ပါ။ Admin #Jisu ကတော့ ပြန်ပေးဆွဲခံရတဲ့ အခန်းက အရမ်းရှည်တယ်လို့ ဝေဖန်ထားပါတယ်။

#Sololay (Credit to Admin #Jisu)

Trailer
https://www.youtube.com/watch?v=_3ASoBrFGlc

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2