Posts

Showing posts from 2017

Guardians of the Galaxy: Vol 2

Image
Guardians of the Galaxy: Vol 2 - Spoiler Free review :) :) :) :) :) :) :) :) :) -_- #ရုပ်ရှင်မိတ်ဆက်ွGuardians of the Galaxy: Vol 2 က မေလမှ ရုံတင်မှာဖြစ်လို့ ဇာတ်လမ်းအကြောင်း ဘာမှမပြောပဲ ကျွန်တော့်အမြင်ကိုပဲ တင်ပြမှာဖြစ်ပါတယ်။ ဇာတ်လမ်းထွက်ပြီးတဲ့အချိန် ကျမှပဲ ဒီကားကို Spoiler Review ထပ်တင်ပေးပါ့မယ်။ GOG ပထမကားက ဇာတ်ကောင်တွေအကုန် ပြန်ပါလာတဲ့အပြင် နောက်ထပ်ဇာတ်ကောင်သစ်တွေလည်း ထပ်မံအားဖြည့်ထားပါတယ်။ ဇာတ်ကားထဲမှာ Easter Egg တွေ အခြား MCU ဇာတ်ကားတွေအတွက် References တွေအများကြီးပါပြီး နောက်ထပ် ထပ်ထွက်မဲ့ ဇာတ်ကားတွေမှာ ပါမယ့် ဇာတ်ကောင်တွေကိုလည်း သဲလွန်စပေးထားတာ တွေ့ရပါတယ်။ ဒီကားမှာ ပရိတ်သတ်ကြီး သဘောအကျဆုံးဖြစ်မယ့်ဇာတ်ကောင်က Baby Groot ဖြစ်မှာ ကြိမ်းသေဖြစ်ပါတယ်။ ဇာတ်ကောင်တိုင်းက ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျဖြစ်သလို၊ သဘာဝကျကျဟာသမြောက်အောင်လည်း တင်ဆက်ထားနိုင်ပါတယ်။ ပထမဇာတ်ကားထက် အက်ရှင်ဇာတ်ဝင်ခန်းတွေ ပိုများသလို၊ ဟာသတွေကလည်း ပိုရီရတာကိုတွေ့ရပါတယ်။ ပထမကားထဲမှာပရိသတ်ကြီးရင်းနှီးပြီးသား Drax နဲ့ ဇာတ်ကောင်အသစ် Mantis တို့ နှစ်ယောက်ရဲ့ အပြန်အလှန် စကားပြောခန်တွေက ဇာတ်လမ်းထဲမှာ အရီရဆုံးဖြစ်ပါတယ်။ ဒီ

Power Ranger (2017) - Movie Review

Image
Power Ranger (2017) - Movie Review Power Ranger ဇာတ်ကားကတော့ ကျွန်တော်တို့ ကလေးဘ၀က ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားတွေကို Reboot ပြန်လုပ်ထားတာဖြစ်ပါတယ်။ ခေတ်နဲ့ အညီ အသစ်ဖြစ်အောင် ပြန်လုပ်ထားလို့ အရင်တုန်းက ဇာတ်ကားတွေနဲ့ လုံးဝမတူအောင်ပြောင်းထားပါတယ်။ ဒီကားက အရင်တုန်းကလို ကလေးကလား မဟုတ်တော့ပဲ၊ ပိုပြီး Serious ဖြစ်တာလည်းတွေ့ရပါတယ်။ Power Ranger ရဲ့ ဇာတ်လမ်းမှာ အဓိက ကျတဲ့ အကြောင်းတွေကိုတော့ သိပ်မပြောင်းပဲ ပြန်သုံးထားတာတွေ့ရပါတယ်။ Zordon, Alpha 5, Zords စတာတွေအရင်တုန်းကအတိုင်းပြန်ပါပါတယ်။ ဇာတ်ကားက ကြည့်လို့ကောင်းပေမယ့်၊ ဇာတ်လမ်းစစချင်းမှာတော့ Origin Story ဖြစ်တာနဲ့ အညီ ဒီလူငယ် ၅ယောက် Power Ranger ဖြစ်လာပုံကို ဇာတ်လမ်းဆင်နေတာ တော်တော်ကြာပါတယ်။ Power Ranger ၀တ်စုံနဲ့ က နောက်ဆုံး ပြီးကာနီးကျမှ တွေ့ရပါတယ်။ Rita Repulsa က ဒီကားသစ်မှာ ပိုပြီး Serious ဖြစ်ပြီး၊ အရင်တုန်းကလိုပေါတောတော မဟုတ်တော့ပါဘူး။ Action အခန်းတွေကလည်း ကြည့်လို့ ကောင်းပါတယ်။ ဇာတ်လမ်းကလည်း သာမန်ပဲဖြစ်ပြီး ကလေးတွေအကြိုက်တွေ့စေမှာပါ။ ဒီကားထဲမှာ Original Power Ranger ပရိတ်သတ်တွေအတွက် Easter Egg လေးတွေ ပေးထားပါတယ်။ Original power ranger

Kong: Skull Island

Kong: Skull Island (2017) - Spoiler Free Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက Monster ဇာတ်ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမယ့် ကားဖြစ်ပါတယ်။ King Kong or Kong လို့ လူသိများတဲ့ ဇာတ်ကောင်က ၁၉၃၃ ခုနှစ်ထဲ့ ရုပ်ရှင်ပိတ်ကားထက်မှာ နေရာယူခဲ့တာဖြစ်ပြီး ပရိတ်သတ်တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ဒီကားက ၁၉၃၃ တုန်းက ဇာတ်ကားရယ်၊ ၂၀၀၅ မှာ ပြန်ရိုက်ထားတဲ့ ဇာတ်ကားရယ်နဲ့ပါ လုံးဝမတူပါဘူး။ အရင်တုန်းက ဇာတ်ကားတွေတုန်းက Kong က ကောင်မလေး ကို သံယောစဉ်ဖြစ်သွားတာရယ်၊ မြို့ထဲကို သယ်လာခံရပြီး Empire State Building ကို တွယ်တက်တာရယ်နဲ့ ပဲ ပြီးသွားပါတယ်။ ဇာတ်လမ်းက Vietnam စစ်ပွဲအပြီးကာလ ကို နောက်ခံထားရိုက်ကူးထားတာကြောင့် ၁၉၇၀ ကာလဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားက 2014 Godzilla နဲ့ same universe ဖြစ်ပြီး၊ Marvel Cinematic Universe အောင်မြင်ပြီးတဲ့ နောက်မှာ၊ Share universe တွေကို ရှိပြီးသား ရုပ်ရှင် ဇာတ်ကောင်တွေနဲ့ ရိုက်ကူးဖို့ ကြိုးစားလာကြပါတယ်။ ဒီနှစ်မှာထွက်မယ့် Tom Cruise ရဲ့ The Mummy ဇာတ်ကားကလည်း၊ Mummy, Dracula, Werewolf စတဲ့ ဇာတ်ကောင်တွေနဲ့ Share uni

John Wick: Chapter 2

John Wick: Chapter 2 :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ရုပ်ရှင်တွေပုံမှန်မကြည့်ဖြစ်လို့ မတင်ပေးဖြစ်တာတော်တော်ကြာပြီ ဆိုတော့ ပရိတ်သတ်ကြီးတောင် ရှိသေးရဲ့လားမသိဘူး..။ :P ဒီတစ်ခါတော့ ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ John Wick ရဲ့ အဆက် ဇာတ်လမ်းဖြစ်ပါတယ်။ John Wick က မထင်ထားပဲနဲ့ လူကြိုက်များသွားတဲ့ ကားဖြစ်ပြီး ပရိတ်သတ်တွေက တောင်းဆိုနေတာကြောင့် John Wick: Chapter 2 ဆိုပြီး နောက်တစ်ကားထပ်ထွက်လာတာဖြစ်ပါတယ်။ John Wick: Chapter 2 က တစ်ခြား Action Sequel တွေလို ပထမဇာတ်ကားက ဇာတ်လမ်းကိုပဲ ပြန်ရိုက်ထားတာမျိုးမဟုတ်ပါဘူး။ သူက ပထမဇာတ်ကားမှာ လူတွေစိတ်ဝင်စားတဲ့ Assassin တွေ နေတဲ့ Continental ဟိုတယ် အကြောင်းရယ်ကို ပိုပြီးရှင်းပြထားပါတယ်။ ပထမကားတုန်းက John Wick universe ရဲ့ အပေါ်ယံသဘောတရားလောက်ပဲ ပါပေမယ့်၊ ဒီကားမှာတော့ ဒီ ကြေးစားလူသတ်သမားတွေရဲ့ အကြောင်းကို ပို အသားပေးရိုက်ကူးထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကြောင်း ပြောရင် Spoiler ပါမှာ ဖြစ်လို့ ရုပ်ရှင်ကြည့်ပြီးမှ Spoiler Review ကို လာဖတ်ကြည့်တာပိုကောင်းပါတယ်။ ဇာတ်လမ်း က ပထမကားအပြီး ကနေပြန်ဆက်ထားပြီး၊ ဒီကားမှာ John Wick က မတတ်သာလို့ ဒီလောကထဲ တစ်ခါပြန

Logan

Logan (2017) - Movie Review :) :) :) :) :) :) :) :) -_- -_- #Sololay ဒီကားက Hugh Jackman ရဲ့ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ ဒီကားအပြီးမှာ Wolverine အဖြစ်ကနေ အနားယူတော့မှာဖြစ်လို့ မပြခင်ကတည်းက စိတ်ဝင်စားနေကြပါတယ်။ ဒါ့အပြင် Old Man Logan ကာတွန်းကို အနည်းငယ်မှီငြမ်းထားတာကြောင့်ရယ်၊ Rated R အဖြစ် သွေးထွက်သံယို နဲ့ ကြမ်းကြမ်းရမ်းရမ်း ရိုက်ကူးမှာကြောင့် ရယ်ပါ တမူထူးခြားမယ့် ဇာတ်ကားဖြစ်မယ်ဆိုတာ ပရိတ်သတ်တွေ ကြိုပြီး ခန့်မှန်းမိနေကြပါတယ်။ တကယ်ထွက်လာတော့လည်း အားလုံးထင်ထားသလိုပဲ၊ အခြား X-Men ဇာတ်ကားတွေနဲ့ မတူတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကား ကောင်း တစ်ကားဖြစ်နေတာတွေ့ရပါတယ်။ ဒါကြောင့် ဒီကားက Non Spoiler နဲ့ Spoiler Review နှစ်မျိုး လုပ်ပေးပါ့မယ်။ ဇာတ်လမ်းက ၂၀၂၉ ခုနှစ်မှာဖြစ်ပြီး၊ ဇာတ်ကားထဲမှာ Mutant တွေမရှိတော့သလို၊ X-Men အဖွဲ့လည်း မရှိကြတော့ပါဘူး။ (ဘာဖြစ်လို့လည်းဆိုတာ ဇာတ်လမ်းထဲမှာ ရှင်းပြထားပါတယ်။ Spoiler Review မှာ တင်ပေးမှာဖြစ်ပြီး ကြိုသိချင်ရင် PM ပို့ပြီး မေးလို့ရပါတယ်။) ရှင်းပြထားပုံကလည်း အရမ်းပညာသားပါပါတယ်။ နောက်ကြောင်းပြန်ပြတာမျိုးမဟုတ်ပဲ၊ ဇာတ်လမ်း အရ လူတွေသိအောင် တင်ဆက်ပေးသွားတာဖြစ်ပါတယ

Hell or High Water

Hell or High Water (2016) - Movie Review :) :) :) :) :) :) :) :) :) :) #ရုပ်ရှင်မိတ်ဆက် Hell or High Water က မနှစ်က August လမှာ ထွက်ခဲ့တာဖြစ်ပေမယ့် အကယ်ဒမီက အကောင်းဆုံးဇာတ်ကားစာရင်းမှာ ထည့်ဖို့ မမေ့ခဲ့ပါဘူး။ ပုံမှန်ဆိုရင် နှစ်ဆန်းနဲ့ နှစ်လယ်ပိုင်းက ကားတွေ သိပ်ပါလေ့မရှိပါဘူး။ ဒီကားက ၂၀၁၆ အတွက် ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ ရုပ်ရှင်ဇာတ်ကား တစ်ကား အနေနဲ့ လိုအပ်ချက် မရှိဘူးလို့တောင်ပြောလို့ရ အောင်ကောင်းပါတယ်။ ဒီကားက ခေတ်သစ် Western (cowboy ကား) လို့ လည်းပြောလို့ရပြီး၊ ဇာတ်လမ်း တင်ဆက်ပုံ၊ သရုပ်ဆောင်၊ ဒိုင်ယာလော့ တွေက အပိုအလိုမရှိ ဟာကွက် မရှိပါဘူး။ Spoiler အနေနဲ့ ပြောတာထက် ကျွန်တော့် အမြင်ကို ပြောပြပေးသွားမှာဖြစ်ပြီး၊ ကိုယ်တိုင် ကြည့်တာ ပိုကောင်းမယ်ထင်ပါတယ်။ ဇာတ်လမ်းမှာ ညီအကို နှစ်ယောက်အဖြစ် Chris Pine (Star Trek) နဲ့ Ben Foster (Warcraft) တို့က သရုပ်ဆောင်ထားပြီး Texas Midland Bank ရဲ့ ဘဏ်ခွဲတွေကို ဓါးပြလိုက်တိုက်တဲ့ ဘဏ်ဓါးပြနှစ်ယောက်ဖြစ်ပါတယ်။ Jeff Bridges က ပင်စင်သွားတော့မယ့် Texas Ranger တစ်ဦးဖြစ်ပြီး သူနဲ့ သူ့ ပါတနာနဲ့ က Chris Pine တို့ ညီအကို ကို နောက်ယောင်ခံလိုက်စုံစမ်းတဲ

La La Land

La La Land (2016) - Spoiler Movie Review :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကား ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာ ဆန်ကာတင်စာရင်း ၁၄ မျိုးမှာ ပါပြီး အများဆုံး အဖြစ် Titanic နဲ့ All About Eve တို့ နဲ့ တူသွားခဲ့ပါတယ်။ La La Land က Musical ဇာတ်ကားဖြစ်သလို၊ Hollywood က သရုပ်ဆောင် ဖြစ်ချင်တဲ့ သူတွေ၊ နာမည်ကြီးချင်လို့ ရောက်လာတဲ့ သူတွေ အကြောင်း ထင်ဟပ်ပြထားတာဖြစ်ပါတယ်။ Musical တွေ ဒီဘက်ခေတ်နောက်ပိုင်းမှာ သိပ်ခေတ်မစားတော့ပေမယ့်၊ La La Land က တစ်ဖန်အသက်ပြန်သွင်းပေးခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။ ဒီကားအကြောင်း ပြောမယ်ဆိုရင် Spoiler အနေနဲ့ ပြောရ မှာဖြစ်သလို ထွက်ထားတာလည်း ကြာပြီဖြစ်လို့ Spoiler အနေနဲ့ တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းမှာ Ema Stone ရဲ့Mia ဇာတ်ကောင်က သရုပ်ဆောင်ဖြစ်ချင်လို့ Los Angeles ကိုရောက်လာပေမယ့် ၆ နှစ်ကြာအပြီးမှာ ဘာသရုပ်ဆောင် အလုပ်မှ မရဖြစ်နေပြီး၊ ငွေကိုင် တစ်ယောက်အဖြစ်သာ ကော်ဖီဆိုင် တစ်ဆိုင်မှာလုပ်ရင်းနဲ့ ရုပ်ရှင် Audition တွေတစ်ခုပြီးတစ်ခု ၀င် အရွေးခံနေရပါတယ်။ Ryan Gosling ရဲ့ ဇာတ်ကောင် Sebastian က စားသောက်ဆိုင်တွေမှာ ပီယာနိုတီး တဲ့သူဖြစ်ပြီး၊ သူက Jazz Music ကို မြတ

The Lego Batman Movie

The Lego Batman Movie (2017) - Movie Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ Batman အကြောင်းကို Lego အတုံးလေးတွေနဲ့ ဇာတ်လမ်းလုပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ Lego က ကစားစရာကုမ္ပဏီဖြစ်တာနဲ့ အညီ သူက နာမည်ကြီး ဇာတ်ကောင်တွေတော်တော်များများ ကို မူပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် သူက The Lego Movie ဆိုပြီးတော့လည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒီကားမှာတော့ တခြား Batman ဇာတ်ကားတွေနဲ့ မတူပဲ Batman ရဲ့ အကြောင်းကို အမြင်တစ်မျိုးနဲ့ ရိုက်ကူးထားတာတွေ့ရပါတယ်။ Batman နဲ့ Joker ရဲ့ ကြားက relationship ကိုလည်း အခြားကားတွေနဲ့ မတူတဲ့ ပုံစံနဲ့ တင်ဆက်ထားပါတယ်။ ဒီကားက ကလေးတွေအတွက်တင် မကပဲ လူကြီးတွေပါ ကြည့်လို့ အဆင်ပြေပါတယ်။ အထူသဖြင့် Batman ပရိတ်သတ်တွေ အတွက် ပိုကြိုက်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ Batman ရဲ့ အတိတ်တ်က ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေကိုပါ ဟာသအနေနဲ့ ပြန်ထည့်သုံးထားပြီး၊ Deadpool လိုပဲ self-aware အနေနဲ့ရိုက်ကူးထားပါတယ်။ Batman (1991), Batman Returns, Batman Forever, Batman & Robin, Batman Begins, The Dark Knight, The Dark Knight Rises, Batman V Superman: Dawn of Justice တို့ ကို r

Moana

Moana (2016) - Movie Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် အကယ်ဒမီမှာ ဆန်ကာတင်စာရင်းဝင် Moana ကတော့ Disney ရဲ့ နောက်ဆုံးထွက်တဲ့ ကာတွန်းဖြစ်ပါတယ်။ ဟာဝါယီ Polynesian လူမျိုးစုတွေရဲ့ အကြီးအကဲ ရဲ့ သမီးဖြစ်သူ Moana ဆိုတဲ့ ကောင်မလေးကို အဓိက ထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ နာမည်ကြီး မင်းသား Dwayne Johnson က Demi-God Maui အဖြစ်အသံနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ Maui က Polynesian တွေအားထားရဲ့ Demi-God တစ်ဦးဖြစ်ပြီး သူက ရေထဲကနေ ကျွန်းတွေဆွဲတင်ပေးနိုင်သလို၊ သူတို့လူတွေအတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့ တာကြောင့် လူတွေက သူ့ကို ချစ်ခင်အားကိုးကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ Maui က လူတွေအတွက်ဆိုပြီး mystical heart of the island goddess Te Whiti (Te Whiti ဆိုတဲ့ Goddess ရဲ့ နလုံးကို သွားခိုး) ရာက စပြီး ကပ်ဆိုးတွေ ဆိုက်ကပ်လာပါတယ်။ Maui လည်း ကျွန်လေးတစ်ကျွန်းပေါ်မှာ သောင်တင်နေပြီး သူ့ရဲ့ Magic Hook လည်းပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း တစ်ထောင်ကြာပြီး နောက်မှာ ဒီကျောက်တုန်းလေးကို Te Whiti ထံပြန်ပို့ဖို့ အတွက် Moana ဆိုတဲ့ ကောင်မလေးကို သမုဒ္ဓယ ကြီးက ရွေးချယ်ခဲ့ပါတယ်။ (ဒီ

The Great Wall

The Great Wall (2017) - Spoiler Free Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ တရုတ်ဒါရိုက်တာ နဲ့ တရုတ် ကုမ္ပဏီတွေ ကရိုက်ကူးထားတာဖြစ်ပြီး လူစိတ်ဝင်စားအောင် နာမည်ကြီးမင်းသား Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကို ကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ Monster တွေရန်က နေကာကွယ်ဖို့ တာဝန်ပေးခဲ့ပါတယ်။ ဒီကားက အက်ရှင်တွေ မဆိုးပေမယ့် ဇာတ်လမ်းကတော့ သာမန်ပဲဖြစ်ပါတယ်။ အရမ်းလည်းမကောင်းသလို အညံ့ထဲမှာလည်းမပါပါဘူး။ တရုတ်ကားတွေထုံးစံအတိုင်း အက်ရှင် ဇာတ်ကွက်တွေက တော့ တခြာ