Posts

Showing posts from January, 2015

Lord of the Rings

Lord of the Rings: Fellowship of the Ring :) :) :) :) :) :) :) :) -_- -_- ဒီကားကတော့ တစ်ချိန်မှာ လူကြိုက်များ နာမည်ကြီးလာမယ့် Lord of the Ring Trilogy ရဲ့ အစ၊ Middle Earth ကို ရုပ်ရှင် ကြည့်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နဂိုထဲက ကောင်းပြီးသား ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ Harry Potter လိုကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ပရိတ်သတ်တွေ သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါ ချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းအကြောင်း ပြောပြရာမှာ အသေးစိတ်ပြောဖို့ မလွယ်သလို၊ အသေးစိတ်ပြောရင် ဇာတ်လမ်း ရဲ့အဓိကအချက်တွေ ပါကုန်မှာဖြစ်လို့၊ အနည်းငယ်ပဲ တင်ပြမှာဖြစ်ပါတယ်။ ဒါပေမယ့် အောက်ကအကြောင်းအရာက ဇာတ်လမ်းမှာ သိကိုသိသင့်တဲ့ အကြောင်းအရာတွေ လည်းဖြစ်ပါတယ်။ အတတ်နိုင်ဆုံး Spoiler မပါအောင်ရေးထားပေးပါတယ်။ ဒီကားမှာတော့ The Dark Lord Sauron ရဲ့ Spirit က တစ်ဖန်ပြန် လည်နိုးထလာပြီး၊ သူရဲ့ လက်စွပ

The Boy Next Door (2015)

The Boy Next Door (2015) - Movie Review :) :) :) -_- -_- -_- -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် January နဲ့ February က တကယ့် မကောင်းတကာ့ မကောင်းတဲ့ ကားတွေ တင်တဲ့လတွေဖြစ်ပါတယ်။ နှစ်တိုင်း December အကုန်နဲ့ February မှာ မကောင်းတဲ့ဇာတ်ကားတွေ ထွက်ထွက်လာတတ်ပါတယ်။ Oscar Nominated ကားတွေ ပါတယ်ဆိုပေမယ့် အဲ့ဒီကားတွေက ဒီဇင်ဘာမှာထဲက Hollywood ကရုံတွေမှာ တင်နေပြီဖြစ်ပါတယ်။ ကျန်ရုံတွေမှာ သာ နောက်ကျပြီးတင်တာပါ။ အော်စကာအမှီ တင်ထားပြီးသားဖြစ်ပါတယ်။ ဒီကားက January မှာထွက်တဲ့ကားဖြစ်တာနဲ့အညီ၊ တော်တော်ညံ့တဲ့ဇာတ်ကားဖြစ်တယ်လို့ဆိုရမှာပါ။ ဒီကားက Drama ကားမဟုတ်ပဲ၊ Cheap Horror/Thriller ပုံစံလုပ်ထားပါတယ်။ မနှစ်ကထွက်ခဲ့ဖူးတဲ့ The Guest ဆိုတဲ့ ဇာတ်ကားလိုပဲဖြစ်ပြီး၊ ဒီကားက ပိုညံ့ပါတယ်။ Trailer မှာတုန်းက ပြထားတာ ဆရာမနဲ့ ကျောင်းသား ဇာတ်ရှုပ်ပုံစံမျိုး ဖြစ်ပေမယ့် တကယ်တမ်းမှာတော့ Jennifer Lopez က အိမ်နီးချင်း ၁၉ နှစ် အရွယ် ကောင်လေးနဲ့ တစ်ခါမှားယွင်းမိပြီးနောက် အသက်ကွာဟလို့ မဖြစ်သင့်ဖူးဆိုပြီး ထိမ်းပေမယ့် ကောင်လေးက သူ့နောက်ကို လိုက်ကပ်နေတာဖြစ်ပါတယ်။ ဒီလို လိုက်ကပ်နေတာတင်အားမရပဲ သူစာသင်တဲ့ကျောင်းကိုပါ ၀င်တက်လိုက်ပ

The Maze Runner

The Maze Runner (2014) - Movie Review :) :) :) :) :) :) -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ဒီဘက်ခေတ် ဆယ်ကျော်သက် လူငယ် (Young Adult) တွေကို အဓိက ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဒီနာမည်နဲ့ပဲ စာအုပ်ရှိပြီးတော့ စာအလုပ်ကလည်း YA တွေအတွက် ရေးထားတာဖြစ်ပါတယ်။ ဒီကားက ဒီနှစ်ထွက်ထားတဲ့ Divergent လိုပဲ ဇာတ်လမ်းက စိတ်ဝင်စားစရာ မကောင်းလှပါဘူး။ အထူးသဖြင့် လူကြိုက်များအောင်မြင်နေတဲ့ နောက်ထပ် Young Adult Movie တစ်ခုဖြစ်တဲ့ Hunger Game လောက် မကောင်းပါဘူး။ အခု Review က Spoiler ပါမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာပျက်ပြီး နောက်ကာလမှ ကျန်ခဲ့တဲ့ လူတွေထဲက လူငယ်လေးတွေကို the Glade လို့ခေါ်တဲ့ ဥယျာဥ ထဲမှာ ထည့်ထားပြီး ပတ်ပတ်လည်မှာ တော့ Maze နဲ့ပိတ်ထားပါတယ်။ ဒီထဲကနေထွက်ဖို့ဆိုရင် Maze ကိုဖြတ်သွားရမှာဖြစ်ပြီး၊ Maze ထဲမှာ Grievers လို့ခေါ်တဲ့ စက်ရုပ်တွေရှိပြီး ဘယ်သူမှ ဒီကနေမလွတ်ဖူးသေးဘူးလို့လည်းဆိုပါတယ်။ ဒီလိုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီး က နေရောင်ခြည် လွန်ကဲမှုကြောင့် ပျက်ခဲ့ရပြီး၊ ကျန်နေခဲ့တဲ့ သူတွေကိုလည်း The Flare လို့ခေါ်တဲ့ Virus က ဒုက္ခပေးနေပါတယ်။ ဒီလူငယ်လေးတွေက Virus မဖြစ်တာကြော

The Gambler

The Gambler - (2014) :) :) :) :) :) :) -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ Mark Wahlberg ရဲ့ ဇာတ်ကားဖြစ်ပြီး၊ နာမည်အတိုင်းပဲ လောင်းကစားဇာတ်လမ်းဖြစ်ပြီး၊ အဓိက ဇာတ်ကောင် Jim Bennett က တက္ကသိုလ်က အင်္ဂလိပ်စာ ဆရာဖြစ်ပြီး၊ Best Selling Author တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ညပိုင်းမှာတော့ တရားမ၀င်လောင်းကစား ၀ိုင်းတွေမှာ အချိန်ဖြုန်းသူဖြစ်ပါတယ်။ ထွေလာမှာ ပြတုန်းက သူ့မှာ အကြွေးတွေဝိုင်းနေပြီး ဒီဘ၀က လွတ်အောင် လုပ်ဖို့ ကြိုးစားတယ်လို့ သာမန်ထင်ရအောင် လုပ်ထားပေမယ့် တကယ်တန်းမှာတော့ ဇာတ်လမ်းလေးက ထူးခြားပါတယ်။ Jim က တစ်ယောက်တည်းသမားဖြစ်ပြီး၊ အမေတစ်ယောက်ပဲကျန်ပါတော့တယ်။ ဇာတ်လမ်းအစမှ အဖိုးက ဆုံးသွားပြီး၊ မိန်းမလည်းမယူ၊ ရည်းစားလည်းမရှိပါဘူး။ ဒါ့အပြင် သူလောင်းကစားလုပ်တဲ့ပုံစံကိုက နိုင်ချင်လို့လုပ်တာမဟုတ်ပဲ တမင်သက်သက်မရှုံးရှုံးအောင် လုပ်နေသလိုပါပဲ။ လောင်းကစား လောကမှာ ငွေကြောင့် ကစားတဲ့သူတွေရှိသလို၊ စိတ်လှုပ်ရှားမှုကို လိုချင်လို့ သက်သက်ကစားတဲ့သူ ဆိုပြီး နှစ်မျိုးရှိပြီး၊ Jim က ဒုတိယလူမျိုးဖြစ်ပါတယ်။ Jim ကိုလာပြီး အကြွေးတောင်းတဲ့သူတွေက သူ့ကို ဘယ်လောက်နှိပ်စက် နှိပ်စက် သူက တော့မမှုပါဘူး။ သူ့ပု

Bird Man

Bird Man (2014) - Movie Review #ရုပ်ရှင်မိတ်ဆက် :) :) :) :) :) :) :) :) :) :) ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ Nomination အများဆုံးရထားတဲ့ကားဖြစ်ပြီး၊ မင်းသားကြီး Michael Keaton ရဲ့ တကျော့ပြန်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့် Review တွေဖတ်နေကျ ပရိတ်သတ်ကြီးက သတိထားမိမှာပါ။ ကျွန်တော် ဒီကားကလွဲရင် ဘယ်ဇာတ်ကားကိုမှ Rating 10 မပေးဖူးခဲ့ပါဘူး။ ဒီကားကတော့ တကယ့်ကို ပေးသင့်လို့ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းကတော့ Interstellar တို့ Inception တို့လိုလည်း မရှုပ်ထွေးပါဘူး၊ The Sixth Sense လိုလည်း Twist တွေမပါပါဘူး။ ဇာတ်အိမ်တည်ထားတာလည်း ရိုးရှင်းပါတယ်။ ဇာတ်လမ်း မှာ မင်းသား Michael Keaton က တစ်ချိန်က Birdman ဆိုတဲ့ Superhero အဖြစ်သရုပ်ဆောင်ကာ နာမည်ကြီးမင်းသား တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နေရာတစ်နေရာ ရဖို့အတွက် သူရဲ့သရုပ်ဆောင် အရည်အသွေးကိုပြနိုင်ဖို့အတွက် ရုန်းကန်နေသူဖြစ်ပါတယ်။ သူက Broadway (New York က ပြဇာတ်ရုံတွေ ရှိတဲ့ လမ်း) ပြဇာတ်တစ်ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုက် သရုပ်ဆောင်၊ ကိုယ်တိုင် တင်ဆက်ပြီး သူရဲ့အနုပညာကို ချပြဖို့ကြိုးစားနေပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးလေး