Foolproof (2003) - Movie link Included

Foolproof (2003)
ရုပ်ရှင်မိတ်ဆက်



ဒီကားက Green Lantern နဲ့ The Proposal ဇာတ်ကားတွေရဲ့ မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းမှာ Kevin, Sam နဲ့ Rob တို့ သူငယ်ချင်းသုံးယောက် က ဘဏ်ဓါးပြတိုက်ခြင်း၊ စိန်တိုက်ကို ဖောက်ထွင်းခြင်းစတဲ့ အစီအစဉ်တွေကို အသေအချာဆွဲပြီး၊ တကယ်တမ်း ဓါးပြတော့မတိုက်ပဲ ဘဏ်တွေ၊ စိန်တိုက်တွေ ကို ပုံစံတူပြုလုပ်ပြီး လေ့ကျင့်တဲ့အနေနဲ့ပဲ Simulation လုပ်တာကို ၀ါသနာပါ ကြပါတယ်။ သူတို့ က Real-life simulation ကစားနည်း ပုံစံနဲ့ လုပ်ကြတာဖြစ်ပါတယ်။

ဒါကိုတစ်နေ့မှာ သူတို့ရဲ့အစီအစဉ်ဆွဲထားတဲ့ စာရွက်တွေကို လူဆိုးဂိုဏ်းတစ်ခုက ရသွားပြီး သူတို့ကို ခြိမ်းခြောက်ခိုင်းစေပုံ၊ လူဆိုးရဲ့ လက်က နေလွတ်အောင် ဘယ်လိုလုပ်မလည်း၊ စိန်တွေခိုးတဲ့ အခါမှာရော ခိုးလို့ရမှာလား၊ ဖမ်းခံရမလား ဆိုတာ ကို ရင်သက်ရှုမောခံစားရမှာဖြစ်ပါတယ်။

ဒီကားက ကနေဒါက ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်း က စိတ်ဝင်စားဖို့ကောင်းပါတယ်။ အပျင်းပြေကြည့်ဖို့ သင့်ပြီး မိသားစု တူတူ ကြည့်နိုင်ပါတယ်။ သရုပ်ဆောင် နဲ့ ဒါရိုက်တာက သာမန် လောက်သာဖြစ်ပေမယ့် ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပါတယ်။ သာမန် Heist ကားတွေနဲ့မတူပဲ စိတ်ကူး ကောင်းပေမယ့် ထူးထူးခြားခြား တော့ သိပ်မလုပ်ပြနိုင်ပါဘူး။ အပြင်းပြေအခွေငှားကြည့်ဖို့ သင့်တော်ပြီး အများ ကြီး တော့ မျှော်လင့်လို့မရပါဘူး။

#Sololay
http://www.youtube.com/watch?v=Y8G76uM_LC8

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2