Prisoners (2013)



Prisoners (20 September 2013)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

ဒီတပတ်အသစ်တင်တဲ့ Prisoners ဆိုတဲ့ကား အကြောင်း ပရိတ်သတ်ကြီးကို ပြောချင်လို့ပါ။ မထွက်ခင်ကလည်း ဒီကားကို ကျွန်တော် Preview လုပ်ထားပါသေးတယ်။ Prisoners ကားက ကျွန်တော်အတွက်တော့ ဒီနှစ်ထဲမှာတင် မကပဲ ထွက်ဖူးသမျှ Crime/Drama/Thriller အကောင်းဆုံးကားတွေထဲက တစ်ကားပါလို့ ပြောချင်ပါတယ်။
ဇာတ်လမ်းကတော့ Kelly Dover (Hugh Jackman) နဲ့ Franklin Birch (Terrence Howard) တို့က သမီးနှစ်ယောက် ပျောက်သွားလို့ ပြန်လိုက်ရှာရတဲ့ အဖေတွေနေရာက သရုပ်ဆောင် ထားပါတယ်။ (No one is guilty until proven, သက်သေမပြနိုင်သရွေ့ ဘယ်သူမှအပြစ်မရှိဘူးဆိုတဲ့အတိုင်း) ဇာတ်လမ်းကြော်ငြာမှာတော့ ကောင်မလေးနှစ်ယောက် ကို ဖမ်းသွားတယ်လို့ သံသယရှိသူ (Alex Jones played by Paul Dano) ကိုလည်း မိထားရဲ့သားနဲ့ အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ သံသယရှိလို့ဖမ်းထားသူကို သက်သေအထောက်အထား ရှိမှ သို့မဟုတ် စွဲချက်တင်နိုင်မှအချုပ်ချထားလို့ရမယ်ဆိုတော့ တရားခံကို ပြန်လွှတ်ရပါတယ်။ ဒီမှာ Hugh Jackman (Wolverine မင်းသားက) သမီးကို ကယ်တင်ဖို့ကြိုးစားထားပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ Jake Gyllenhall (Prince of Persia: The Sands of Time မင်းသား) ကလည်း စုံထောက်အဖြစ်ပါဝင်အားဖြည်ထားပါသေးတယ်။ 

ကျွန်တော် Preview မှာပြောထားသလိုပဲ
ဇာတ်လမ်းက လျှိုဝှက်သဲဖို စုံထောက် ဇာတ်လမ်းဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Hugh Jackman (X-Men, Wolverine), Terrence Howard (Colonel Rhodey From Iron Man), Jake Gyllenhall (Price of Persia), Paul Dano (Looper) တို့က ဒီကားမှာ သရုပ်ဆောင်ထားတာ အရမ်းပီပြင်ပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားက မင်းသား Hugh Jackman နဲ့ Jake Gyllenhall တို့ Oscar စာရင်းဝင်မယ့် ကားလို့ပြောလို့ရအောင် သရုပ်ဆောင်ကောင်းပါတယ်။ Terrence Howard ကလည်း ဇာတ်ပို့နေရာကို ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းကလည်း ဟာကွက်အနည်း ငယ်ရှိတာကလွဲရင် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် Drama ကားပရိတ်သတ်တွေ၊ (စကားပြောခန်းများတာ မကြိုက်တဲ့ ပရိတ်သတ်တွေ အတွက်ကတော့ နည်းနည်းပျင်းဖို့ကောင်းပါလိမ့်မယ်) အတွက်အထူးသင့်တော်ပါတယ်။
ဇာတ်လမ်းစလယ်ဆုံး စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ ဇာတ်လမ်း၊ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ တည်းဖြတ် တွေကလည်း အထူးကြိုးစားထားပြီး ပရိတ်သတ်တွေရဲ့အာရုံကို ၂နာရီခွဲလုံးလုံး ဖမ်းစားထားနိုင်ပါတယ်။ 

ဇာတ်သိမ်းပိုင်းကလည်း စိတ်လှုပ်ရှားဖို့ကောင်းပြီး ပရိတ်သတ်မမျှောင်လင့်ထားတဲ့ ဇာတ်သိမ်းမျိုးနဲ့ အဆုံးသတ်ထားတာကြောင့် ဇာတ်လမ်းပိုပြီးကောင်းသွားပါတယ်။ တစ်ချို့စုံထောက်ကားတွေလို အဆုံးသတ်မှ ဇာတ်လျှောဖြစ်သွားတာမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်း၃ချိုး၂ချိုးလောက်မှာ ဇာတ်လမ်းကို ခန်းမှန်းမိပေမယ့် (တရားခံဘယ်သူဆိုတာ မှန်းလို့ရပေမယ့်) ပျင်းရိမသွားပဲ ဇာတ်ကွက်တစ်ခုနဲ့ တစ်ခု ဘယ်လို အဆက်အစပ်ဖြစ်မယ်ဆိုတာ ကို အဆုံးသတ်အထိ စိတ်ဝင်တစား ကြည့်နေမိပါတယ်။
နောက်ဆုံးပြောချင်တာက ဇာတ်လမ်းကပေးတဲ့ သင်ခန်းစာပါ။ ရာဇ၀တ်ဘေး ပြေးမလွတ်ဘူးဆိုတာရယ်၊ ကိုယ်ပြုသည့်ကံကိုယ့်ထံပြန်လာပါတယ်ဆိုတာရယ်ပါ။ မြန်မာကားတွေမှာတွေ့ရသလို မင်းသားက သူများရည်းစားသွားလုပြီး နောက်ဆုံး ကောင်မလေးရဲ့ ရည်းစားက လူဆိုးဖြစ်ပေးရတာမျိုး မင်းသားက ကယ်တင်ရှင်ကြီး ဖြစ်သွားတာမျိုး ဒီဇာတ်လမ်းမှာ မတွေ့ရပါဘူး။ 

ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ကားတစ်ကားပါ။ မိသားစုအတူကြည့်ဖို့ အဆင်ပြေပါတယ်။ Crime ဇာတ်လမ်းဖြစ်လို့ Rated R ပေးထားပြီး ကလေးတွေ မိဘ မပါပဲ မကြည့်သင့်ပါဘူး။ တစ်ချို့ ဇာတ်ဝင်ခန်းတွေက ခြောက်ခြားစရာတွေပါ ပါတယ်။ (No Nudity, No Sex, No Gory)။ 

#Sololay

P.S. ကျွန်တော့် ရဲ့ Preview ထဲက ခန့်မှန်းချက်က ၃ပုံ၂ပုံ မှန်ပါတယ်။ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါ။ မလွတ်တမ်းကြည့်သင့်ပါတယ်။

Trailer

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2