Tropic Thunder ( 13 August 2008)

Tropic Thunder ( 13 August 2008)

#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

ဒီတစ်ခါတော့ အက်ရှင်ဟာသကားလေးတစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ Tropic Thunder လို့ခေါ်တဲ့ ဇာတ်ကားမှာ Iron Man မင်းသား Robert Downing Jr. ၊ Fockers ကားတွေနဲ့ ပရိတ်သတ်ကြိုက် မင်းသားဖြစ်လာတဲ့ Ben Stiller တို့အဓိကသရုပ်ဆောင်ထားပါတယ်။ ( နာမည်ကြီးမင်းသား Tom Cruise လည်း ပါတယ်နော်။ ရုပ်ရှင်ကြည့်ရင်းနဲ့ တွေ့အောင်ရှာကြပါ)


ဇာတ်လမ်းထဲမှာပါတဲ့ သရုပ်ဆောင်
ငါးယောက်က ဇာတ်လမ်းထဲမှာလည်း ရုပ်ရှင်သရုပ်ဆောင်တွေပါပဲ။ Robert Downing Jr. က အကယ်ဒမီ ငါးခုရထားတဲ့မင်းသား (Kirk Lazarus) အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ Ben Stiller ကတော့ တစ်ချိန်က နာမည်ကြီးအက်ရှင်မင်းသား ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အောင်မြင်မှုတွေရအောင် ပြန်ကြိုး စားနေတဲ့ Tugg Speedman အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက Tugg Speedman, Kirk Lazarus တို့ အပြင် နောက်ထပ် သရုပ်ဆောင် ၃ယောက်နဲ့ ဗီယက်နမ် စစ်ပွဲ အကြောင်း ရုပ်ရှင်ရိုက် မှာဖြစ်ပြီး ရိုက်ကူးတဲ့ အကြောင်းကို ဟာသဆန်ဆန် ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ရိုက်ကူးမည့် စစ်ကားမှာ Kirk Lazarus (Rober Downing Jr.) က Tugg နဲ့အပြိုင် ခေါင်းဆောင်နေရာရအောင် လူမည်း Sergent အဖြစ် သရုပ်ဆောင်ဖို့အတွက် အသားမည်းအောင် ခွဲစိတ်ပြုပြင်ပြီး လူမည်း အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားက ဇာတ်လမ်း ဇာတ်အိမ်ကလည်း တစ်ခြားကားတွေနဲ့ မတူ၊ တမူထူးခြားပါတယ်။ ဇာတ်လမ်းအစမှာထဲက Fake Trailer တွေနဲ့ သရုပ်ဆောင်တွေ ရဲ့ ဇာတ်ကောင်တွေကို မိတ်ဆက်ထားတာကလည်း ထူးထူးခြားခြားလည်းဖြစ်သလို ဟာသလည်း မြောက်ပါတယ်။ ဇာတ်ဝင်ခန်းတွေ အားလုံးကလည်း တစ်ခုနဲ့တစ်ခုကွင်းဆက်မပြတ်သလို သိပ်မရယ်ရတဲ့ အခန်းအနည်းငယ်ပဲပါပါတယ်။ တကယ့် Drama/Comdey ကားတွေရိုက်တဲ့မင်းသား ၅ ယောက်နဲ့ အပြိုင် Matthew MacConaughey နဲ့ မင်းသားကြီး Tom Curise ကလည်း အတည်ပေါက်နဲ့ ရယ်စရာဖြစ်အောင် သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။ 

ဇာတ်ကားတစ်ကားလုံးမှာ ထူးထူးခြားခြား ပရိတ်သတ်ကြိုက်ကြမှာကတော့ Robert Downing Jr. ပဲဖြစ်ပါတယ်။ Iron Man မင်းသား (သြစတြေးလျလူမျိုး) ရဲ့ အာဖရိကန် အမေရိကန် စတိုင် သရုပ်ဆောင်ချက်ကို အာဖရိကန်အမေရိကန် စစ်စစ် တွေတောင် သဘောကျ ကြပါတယ်။ ဇာတ်ရှိန်အတက်အကျ မှန်မှန်နဲ့ ပရိတ်သတ်ကို ဖမ်းစားထားနိုင်ပါတယ်။ စ၊လယ်၊ဆုံး အက်ရှင်ဟာသ ကို ပြည့်ပြည့်၀၀ ခံစားရမှာဖြစ်ပြီး၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်း ထိပ်တန်းပါပဲ။ Ben Stiller က ဒီဇာတ်ကားကို ကိုယ်တိုင်ေ၇းသား၊ရိုက်ကူး၊ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး သူရဲ့အနုပညာ တင်ဆက်မှုကို ဒီကားနဲ့ ပြသနိုင်ခဲ့ပါတယ်။ ပြက်လုံးတွေကလည်း တစ်ခုနဲ့တစ်ခု မထပ်သလို သမရိုးကျ ရိုးအီနေတဲ့ အချစ်ဟာသ ကားတွေကနေ ခွဲထွက်ထားပါတယ်။ တခြား Rated R Comdey ဇာတ်ကား တွေနဲ့မတူတာက Sex Scene တစ်ခန်းမှ မပါပဲ ဟာသ နဲ့ အက်၇ှင် သက်သက်သာ ရိုက်ပြထားတာပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ ဒိုင်ယာလောခ့် အားလုံး တော်တော်ကောင်းပါတယ်။ 
ပရိတ်သတ်တွေ လက်မလွတ်သင့်တဲ့ကားပါ။ မလွတ်တမ်းကြည့်သင့်တဲ့ ကားပါတယ်။ မိသားစုတူတူကြည့်ဖို့ကတော့ မသင့်တော်ပါဘူး။ ပျက်လုံးတစ်ချို့က ညစ်ညမ်းစကားလုံးတွေပါပြီး၊ လိင်နဲ့ပတ်သက်တဲ့ ဟာသတော်တော်များများသုံးထားပါတယ်။
Rated R ဖြစ်ပြီး ၁၈နှစ်အောက် ကလေးများ မိဘမပါပဲ မကြည့်သင့်ပါ။(No Sex, some male Nudity) ပါ။

#Sololay

Movie Link
http://watch32.com/movies-online/tropic-thunder-103

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2