Despicable Me 1 + 2 - Movie Review by ရုပ်ရှင်မိတ်ဆက် - Movie Links Included

Despicable Me 1 + 2 (2010, 2013)


ရုပ်ရှင်မိတ်ဆက်



ဒီတစ်ခါတော့ ပရိတ်သတ် အကြိုက် ဇာတ်ကားလေးနှစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မိတ်ဆက်ပေးမယ်တာ ပြောတာ အကုန်လုံးကြည့်ပြီးဖြစ်နေလောက်ပါပြီ။

Despicable Me 1 ကို ၂၀၁၀ ခုနှစ်မှာ ရိုက်ကူး ထုတ်လုပ်ခဲ့ပေမယ့် အဲ့ဒီတုန်းက ပရိတ်သတ်တွေ တော်တော်များများသတိမထား မိခဲ့ကြပါဘူး။ အထူးသဖြင့် မြန်မာပြည်က ပရိတ်သတ်တော် တော်များများက ၂၀၁၃ ခုနှစ် Despicable Me 2 ထွက်မှ ဒီဇာတ်ကားကို သတိထားခဲ့မိတာ ဖြစ်ပါတယ်။

ဇာတ်လမ်းက Criminal Master Mind တစ်ဦးဖြစ်တဲ့ Gru ရဲ့ ဒုစရိုက်လုပ်ငန်းတွေကို လူငယ်တစ်ဦးဖြစ်တဲ့ Vector က စိန်ခေါ်လာတဲ့အခါမှာ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့၊ သူ့ရဲ့ နာမည် တွင်ကျန်ခဲ့စေဖို့ ရာဇ၀င်မှာ အကြီးမားဆုံး ခိုးယူမှု ဖြစ်တဲ့ "လ" ကို ခိုးယူဖို့ အစီအစဉ်ဆွဲပါတယ်။ သူ့မှာ ယုံကြည်စိတ်ချရတဲ့ Dr. Nefario လို့ခေါ်တဲ့ တီထွင်သူတစ်ဦးနဲ့ သူ့ရဲ့ တပည့်တွေဖြစ်တဲ့ Minion လေးတွေ ရှိပါတယ်။

သူ့ရဲ့အစီအစဉ်ထဲက အဓိက ကျတဲ့ လက်နှက်ဖြစ်တဲ့ Shink Ray ( အရာဝတ္ထုတွေကို သေးငယ်စေတဲ့ ရောင်ခြည်) ထုတ်ပေးတဲ့ သေနတ်ကို Vector က လုယူသွားတဲ့အခါ၊ Gru အနေနဲ့ ပြန်လုယူဖို့ ကြိုးစားရပါတယ်။ Vector ရဲ့အိမ်က လုံခြုံရေးစနစ်အရမ်းကောင်းတာကြောင့် ခိုးဝင်ဖို့မအောင်မြင်ပဲ စိတ်ပျက်နေချိန်မှာ Girl Scout Cookie လိုက်ရောင်းတဲ့ ( ကလေးတွေ ပိုက်ဆံရှာတတ်အောင် ကျောင်းတွေက Cookie တို့ ချောကလက်တို့ ရောင်းပြီး ပိုက်ဆံရှာခိုင်းလေ့ရှိပါတယ်။ ဥပမာ အတန်း ပျော်ပွဲရွှင်ပွဲအတွက် ပါဝင်ချင်ရင် ဖြစ်ဖြစ်၊ အတန်း Project အတွက်ဖြစ်ဖြစ်လုပ်ခိုင်းတတ်ပါတယ်) မိဘမဲ့ကျောင်းက ကလေးမ သုံးယောက်ကို Vector က အထဲပေးဝင်ပြီး Cookie မှာနေတာတွေ့လိုက်ရပါတယ်။ အဲ့ဒီမှာ သူက ကလေးတွေကို အသုံးချဖို့ အတွက် အကြံရသွားပြီး ကလေးမလေးတွေကို မွေးစားလိုက်ပါတယ်။ အစကတော့ အသုံးချဖို့အတွက်ဖြစ်ပေမယ့် ချစ်စရာကလေးမလေးတွေ နဲ့ သံယောစဉ်ဖြစ်သွားပုံ ကို ရိုက်ကူးတင်ဆင်ထားပါတယ်။

ဒုတိယဇာတ်လမ်းမှာတော့ Gru က ဒုစရိုက်သမားတစ်ဦးမဟုတ်တော့ပဲ ကလေးသုံးယောက် အဖေဖြစ်နေပြီး ကောင်းရောင်းကောင်းဝယ်လုပ် စားဖို့ ကြိုးစားနေပါတယ်။ ဒီမှာ သူ့ကို အစိုးရက သူတို့ရဲ့ စမ်းသပ်ခန်းတစ်ခု အခိုးခံလိုက်ရတာနဲ့ပတ်သက်ပြီး စုံစမ်းဖို့ ကမ်းလှမ်းလာပါတယ်။ Gru နဲ့အတူ အေးဂျင့် Lucy Wilde တို့ အတူတူ စုံစမ်းဖော်ထုတ်ရမှာဖြစ်ပါတယ်။

ဒုတိယကားမှာတော့ ဖခင်တဦးအဖြစ် သမီးတွေကို ထိန်းကျောင်းရပုံ၊ တစ်ဖက်ကလည်း အစိုးရကို ကူညီ စုံစမ်းပေးရင်းနဲ့ အေးဂျင့် Lucy နဲ့ သံယောစဉ်ဖြစ်သွားပုံ တွေအပြင် Minion လေးတွေရဲ့ ချစ်စဖွယ် စကားပြောသံ၊ သရုပ်ဆောင်ပုံလေးတွေကိုလည်း ပရိတ်သတ်တွေကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

Despicable Me ဇာတ်ကား ဒုတိယကားက က ကမ္ဘာအနှံ့က ကလေးတွေကိုပါမက လူကြီးတွေကိုပါ ဖမ်းစားနိုင်ခဲ့ပြီး လူတော်တော်များများကို Minion Crazy ဖြစ်စေခဲ့ပေမယ့်လည်း ပထမကားက လည်း ဒုတိယကားနည်းတူ စိတ်ဝင်စားဖို့ကောင်းပါတယ်။ နှစ်ကားလုံးကိုကြည့်မှလည်း ပိုပြီး အနှစ်သာရ ရှိမှာမို့လို့ တစ်ခါတည်း နှစ်ခုပေါင်းပြီး Review လုပ်လိုက်တာပါ။ နှစ်ကားလုံး ဟာသတွေကလည်း အဓိပ္ပာယ်ရှိရှိ ရီရပြီး၊ ဒုတိယကားမှာ Minion လေးတွေရဲ့ အခန်း ပိုများလာတာကိုလည်းတွေ့ရပြီး၊ Minion လေးတွေရဲ့ သရုပ်ဆောင်မှုကလည်း ချစ်စဖွယ်ကောင်းသလို ဇာတ်လမ်းကိုလည်း အဓိက အထောက်ကူပြုပေးနိုင်တာ တွေ့ရပါတယ်။ ရီရတဲ့အခန်းဆို Minion လေးတွေကြောင့်ပိုရီရသလို၊ ကြည်နူးစရာအခန်းဆိုလည်း သူတို့ကြောင့် ပိုပြီး ချစ်ဖို့ကောင်းသွားပါတယ်။

#Sololay

Movie Link (DM-1)
http://watch32.com/movies-online/despicable-me-1124

Movie Link (DM-2)
http://watch32.com/movies-online/despicable-me-2-2829





Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2