Seven Pounds (2008)

Seven Pounds (2008)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

ဒရမ်မာကားကောင်းကြိုက်တဲ့သူတွေ၊ ရုပ်ရှင်ကြည့်ဝါသနာ ပါသူတွေအတွက် ကတော့ အရမ်းကောင်းတဲ့ကားလေးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ Will Smith က M.I.T ဘွဲ့ရ Aerospace Engineer (အာကာသယဉ် တည်ဆောက်တဲ့ အင်ဂျင်နီယာ)၊ ပိုက်ဆံလည်း ချမ်းသာတယ်၊ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်လည်းရှိတယ်။ တစ်နေ့မှာ ကားမောင်းပြန်လာရင်းနဲ့ ကားအက်ဆီးဒင့် ဖြစ်ပြီး တစ်ဖက်ကားက လူ၆ယောက်နဲ့ သူ့ ချစ်သူက ပွဲချင်းပြီး သေသွားတယ်။ အက်ဆီဒင့်ဖြစ်ပြီး တစ်နှစ်အကြာမှာ သူ့ညီက အဆုတ်ကင်ဆာဖြစ်ပြီး အဆုတ် ၂ဖက်လုံး လဲဖို့ လိုလာပါတယ်။ ဒါပေမယ့် အကိုဖြစ်သူက တစ်ဖက်ပဲပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီကစလို့ သူ့ချစ်သူ မရှိတော့ တဲ့ ဘ၀မှာ မနေချင်တော့တာရယ် သူ့ရဲ့ညီဖြစ်သူ ကို ကယ်တင်ဖို့ အစီစဉ်နဲ့ သူ့ရဲ့ ကိုယ်တွင်း အင်္ဂါ အစိတ်ပိုင်းတွေကို သာမက ပစ္စည်းဥစ္စာတွေကိုပါ စိတ်ကောင်းရှိပြီး အများအကျိုးပြုတဲ့သူ၊ တကယ် လိုအပ်တဲ့သူတွေကို ပေးခဲ့ဖို့ စီစဉ်ပါတယ်။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို သတ်သေပြီး ဆေးရုံမှာ သေတမ်းစာနဲ့ လှူချင်တဲ့သူ လှုဆိုပြီး မလုပ်ပဲနဲ့၊ သူလှုမယ့် လူစာရင်းကို ပြုစု၊ အဲ့ဒီလူတွေကို အနီးကပ်လေ့လာပြီး အမှန်တကယ် စိတ်ကောင်းရှိတဲ့သူ၊ အသက်ရှင်သင့်တဲ့သူတွေကိုပဲ သူက လိုက်လှုပါတယ်။ အဲ့လို လှုရင်းနဲ့ သူ နှလုံးလှုမယ်လို့ ရည်ရွယ်ထားတဲ့ကောင်မလေး ကို သွားတွေ့တဲ့အခါမှာ ကောင်မလေးနဲ့ မထင်မှတ်ထားပဲ သံယောစဉ် ငြိတွယ်သွားပုံ၊ ကောင်မလေးနဲ့ ချစ်သက်ဝင်ပြီး အချစ်သစ်ကို ပြန်ရှာတွေ့သွားပုံကိုလည်း ပီပြင်စွာရိုက်ကူးတင်ဆက်ထားပါတယ်။ ကောင်မလေးနဲ့ ဆုံဆည်းပြီး ကြည်နူးစရာလေးတွေရှိပေမယ့် တစ်ဖက်ကလည်း ကောင်မလေးက နှလုံးအလှုရှင်ကို မျှော်နေရပါတယ်။ ကိုယ့်ရှေ့မှာ ကိုယ်ချစ်သူ တစ်ဖြည်းဖြည်းနဲ့ အခြေအနေဆိုးပြီး မျှော်လင့်ချက်နည်းနေတဲ့ ချစ်သူကို ဖြည့်ဆည်းပေးနေတဲ့ Will Smith ရဲ့ သရုပ်ဆောင် ချက်ကလည်း ပရိတ်သတ်ရင်ကို ထိမှန်စေပါတယ်။ ပထမချစ်သူကိုဆုံးရှုံးသွားလို့ ချစ်သူနောက် မလိုက်ခင် သူ့ရဲ့ ကိုယ်ခန္ဓာအစိတ် အပိုင်းတွေကို အကျိုးရှိရှိ လှုဖို့ လုပ်နေရင်းနဲ့ အချစ်သစ်နဲ့တွေ့သော်လည်း နောက်ထပ် တစ်ကြိမ်မဆုံး ရှုံးရအောင် ဘယ်လို ကယ်တင်မလည်း၊ နောက်ဆုံးဘာဖြစ်မလည်းဆိုတာ ဖန်သားပြင်ပေါ်မှာပဲ ဆက်လက်ရှုစားလိုက်ကြပါ။

ဇာတ်လမ်းက အချစ်၊ အလွမ်း၊ အဆွေး၊ ရသပေါင်းစုံကို စုံစုံလင်လင် ခံစားရအောင် ရိုက်ကူး တင်ဆက်ထားပါတယ်။ သာမန်အားဖြင့် ကြည့်ရင် ပျင်းဖို့ကောင်းတယ်လို့ထင်ရပေမယ့် ဇာတ်လမ်းကို တကယ်စိတ်ဝင်စားရင် ကြည့်နေကြအချစ်ကားတွေက နေ ခွဲထွက်ထားတယ်ဆိုတာ တွေ့နိုင်ပါတယ်။ မင်းသား Will Smith ကလည်း ဒီကားမှာ အပိုအလိုမရှိ သရုပ်ဆောင်ထားပါတယ်။ ၀မ်းနည်းတဲ့ မျက်လုံး၊ မျက်နှာ အမူအရာနဲ့တင် ပရိတ်သတ်ကိုလည်း ထပ်တူ ခံစားစေနိုင်လောက်အောင် သရုပ်ဆောင် ကောင်းကြပါတယ်။ အထူးပြောစရာ ဟာကွက် မရှိလောက်အောင် ဇာတ်လမ်းက လည်း ထောင့်စေ့ပါတယ်။ ဇာတ်လမ်း ရဲ့ လျှို့ဝှက်ချက်တွေကို ဇာတ်ရှိန်တက်လာချိန်မှာ တဖြည်းဖြည်းနဲ့ အတိတ်ကို ပြန်သတိရတဲ့ ပုံစံမျိုးနဲ့ ရှင်းလင်းထားပါတယ်။ စကားပြောပြီး ရှင်းထားတာမျိုးမဟုတ်ပဲ ဇာတ်လမ်းကြည့်ရင်းနဲ့ တဖြည်းဖြည်း နားလည်သွားမှာ ဖြစ်လို့ စိတ်ရှည်ရှည် နဲ့ စောင့်ကြည့်ပေးကြပါ။ တကယ်ကောင်းတဲ့ဇာတ်ကားပါ။ ပညာပေးလည်း ဖြစ်သလို လူငယ်တွေ ချစ်သူနဲ့ ကွဲတာနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာ မျိုးတွေမလုပ်ဖို့၊ အဓိပ္ပာယ်ရှိတဲ့ အလုပ်ကို လုပ်ရင်း အသက်စွန့်တယ်ဆိုတာ မှ မြတ်တယ်ဆိုတာကိုလည်း ဒီကားက ပြထားပါတယ်။ (ဒါကြောင့်လည်း သူ ချစ်သူနဲ့ ထပ်ဆုံတယ်ဆိုပြီး ပြထားတာပါ။) လူခုနှစ်ယောက်ရဲ့ ဘ၀ ကို လုံးဝပြောင်းလဲသွားစေ ခဲ့တဲ့ သူ့လုပ်ရပ်ကို အစွဲပြုပြီး Seven Pounds လို့ နာမည်ပေးထားတာပါ။

ကြည့်ဖြစ်အောင်ကို ကြည့်သင့်တဲ့ဇာတ်ကားပါ။ မိသားစုတူတူ ကြည့်မယ်ဆိုရင်တော့ ပြီးခါနီးတစ်ခန်းပဲ Sex Scene တစ်ခန်းပါပါတယ်။ ၀ါးတားတားနဲ့ ရိုက်ပေးထားလို့ စိုးရိမ်စရာမရှိပါဘူး။ သွေးထွက်သံယို အနည်းငယ်ပါတယ်။ Rated PG - 13 ပါ။
#Sololay

Movie Link

http://viooz.co/movies/2042-seven-pounds-2008.html

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2