Drive (2011) - Movie Link Included

Drive (2011) - Movie Link Included

ရုပ်ရှင်မိတ်ဆက်




ဒီတစ်ခါတော့ Crime/Drama ဇာတ်ကားကောင်းတစ်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားမှာ အမျိုးသမီး ပရိတ်သတ် အကြိုက် မင်းသားချော Ryan Gosling (Notebook မင်းသား) က အဓိက သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းမှာ မင်းသားက Mechanic, Stunt Driver, Getaway Driver (လူဆိုးတွေ ဓါးပြတိုက်ပြီး ထွက်ပြေးဖို့ ကားမောင်းပေးရတာပါ။ Transporter ကားထဲကလိုပါ။) ဖြစ်ပြီး Hollywood ကိုရောက်လာတာ မကြာသေးပါဘူး။

သူရဲ့ဘေးအခန်းမှာ မိသားစုတစ်စု နေပြီး ယောက်ျားဖြစ်သူ Standard Gabriel, Irene နဲ့သားလေးတစ်ယောက်တို့ရှိပြီး Standard က ထောင်ကျနေပြီး မင်းသားက ကလေးလေးနဲ့ သူ့မိန်းမ Irene ပေါ် သံယောစဉ်ဖြစ်နေပါတယ်။ Standard ကထောင်က လွတ်လာပြီးတဲ့နောက်မှာ လူဆိုးတွေကို အကြွေးလးသောင်းတင်နေပါတယ်။ မင်းသားက Irene နဲ့ ကလေး လေးအပေါ် သံယောစဉ် တွယ်နေတာကြောင့် သူတို့မိသားစုကို လူဆိုးတွေက လာလာ နှောက်ယှက်နေတာတွေရပ်တန့်သွားအောင် Standard ကို အကြွေးကျေအောင် ကူညီပေးရပါတယ်။ ဘယ်လိုကူညီရလည်းဆိုတော့ Standard နဲ့ မင်းသားက အပေါင်ဆိုင်တစ်ခုကို ဓါးပြတိုက်ရမှာဖြစ်ပါတယ်။ ဒီဓါးပြတိုက်ပြီးရင် အကြွေးကျေမှဖြစ် ပေမယ့် ဓါးပြမှုရဲ့ နောက်ကွယ်မှာ တစ်ခြား ဇာတ်လမ်း ရှိနေတာကို မသိပဲ အရှုပ်ထုပ်ထဲမှာ ၀င်ပါမိတဲ့ နောက် Driver (Ryan Gosling) တစ်ယောက် ကိုယ်တိုင်လည်း ဒီအမှုထဲက လွတ်အောင် လုပ်၇မှာဖြစ်သလို Irene နဲ့ သူ့ရဲ့သားလေးကို လည်း ဘေးအန္တရာယ်မကျအောင် စောင့်ရှောက်ရပုံတွေကို ပညာသားပါပါ ရိုက်ကူး တင်ဆက်ထားပါတယ်။

ဒီကားက Ryan Gosling ရဲ့ အကောင်းဆုံး သရုပ်ဆောင် မှုဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ Notebook နဲ့ အမျိုးသမီးထုရဲ့ အားပေးမှုကိုရခဲ့သလို Driver နဲ့ သူ့ရဲ့ သရုပ်ဆောင်ပညာကို ပရိတ်သတ်အားလုံးကို ချပြနိုင်ခဲ့ပါတယ်။ ဒါအပြင် ဒီကားက ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ အတွက် စကားအများကြီး ပြော ပြဖို့ မလို ဘူးဆိုတာ ပြခဲ့သလို Ryan Gosling က တစ်ချိန်က Stallone ရဲ့ Rambo၊ Arnold ရဲ့ Commando ကားတွေထဲက သရုပ်ဆောင်မှုတွေလို စကား များများ မပြောပဲ မျက်နှာအမူအရာနဲ့ပဲ သရုပ်ဆောင်သွားနိုင် ခဲ့ပါတယ်။ သွေးအေးအေး နဲ့ လုပ်ဆောင်တတ် ပြီး၊ လူသတ်ဖို့လည်း လက်မတွန့်ပေမယ့်၊ ကူလည်း ကူညီ တတ်သလို ကလေးလည်း ချစ်တတ်တဲ့ လူတစ်ယောက် အဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဇာတ်လမ်း အချိတ်အဆက်မိသလို၊ ဇာတ်လမ်းကောင်းကောင်း ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရိုက်ကူး တင်ဆက်နိုင်ခဲ့တဲ့ Crime ဇာတ်ကားကောင်းတစ်ကားပါ။ Drama ကားတစ်ကားဖြစ်ပေမယ့် Action ကောင်းကောင်း တွေကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်ရှိန်အတက်အကျ ကောင်းသလို၊ ဇာတ်လမ်းတင် ဆက်ပုံ၊ ဇာတ်လမ်း အကြောင်း အရာ ရှင်းပြထားတာလည်း ပညာသားပါပြီး သရုပ်ဆောင် တွေအားလုံး ကိုလည်း အံဝင်ခွင်ကျ အသုံးပြုထားပါတယ်။ ဇာတ်ကွက် အပိုအလို မရှိပဲ တင်ဆက်ထားပြီး သဲထိတ်ရင်ဖို အခန်းတွေပါသလို၊ လူသတ်တဲ့အခန်းတွေ ပါလို့ ကလေးတွေ မကြည့်သင့်ပါဘူး။

မိသားစု တူတူ မကြည့်သင့်သလို သွေးထွက်သံယိုများပြီး၊ LA နဲ့ Hollywood ရဲ့ စရိုက်ကျ ပြီး ပြစ်မှုများလှတဲ့ နေရာတွေကို ဇာတ်အိမ်တည်ပြီး ရိုက်ထားလို့ ကလေးတွေမကြည့်သင့်ပါဘူး။ Rated R ဖြစ်ပြီး Night Club Nudity နဲ့ သွေးထွက်သံယိုများပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ အရွယ်ရောက်ပြီးသူ လူငယ်တွေ ကြည့်သင့်တဲ့ကားတစ်ကားဖြစ်သလို၊ ဇာတ်လမ်းတင်ဆက်ပုံညံ့ပြီး၊ သရုပ်ဆောင်တွေကို စကားပြောခိုင်း၊ နောက်ခံစကားပြောခိုင်းပြီး တင်ဆက်လေ့ရှိတဲ့ မြန်မာကား တွေ အတုယူသင့်တဲ့ကားတစ်ကားပါ။ ကိုရီးယားကား ပရိတ်သတ်တွေ ကြိုက်ကြမှာပါ။ စကားပြောခန်း နည်းနည်းနဲ့ တင်ဆက်ထားတာတကယ်ကောင်းပါတယ်။

#Sololay

Movie Link
http://viooz.co/movies/327-drive-2011.html

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2