Posts

Showing posts from March, 2014

Divergent (2014)

Divergent (2014) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီနေ့ပဲ ကြည့်ခဲ့တာ၊ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Catching Fire, Harry Potter တို့လိုပဲ ၀တ္ထုကို ရိုက်ထားတာပါပဲ။ လူတွေရဲ့ စိတ်နေသဘောထား ကို ထင်သာမြင်သာရှိအောင် ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားပါ။ မြန်မာပြည်မှာရုံတင်နေရင်သွား ကြည့်သင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။  ဒီကားက Divergent ဆိုတဲ့စာအုပ်ကို ပြန်ပြီးရုပ်ရှင်ရိုက်ထားတာဖြစ်ပါတယ်။  Twilight လို အညံ့စားမဟုတ်သလို၊ Catching Fire ပထမကား လို ကလေးတွေကြီးပဲလည်း မဟုတ်ပါဘူး။ Harry Potter လိုစိတ်ဝင်စားဖို့ကောင်း ပြီး၊ ဇာတ်လမ်း ကောင်းတာကြောင့် နောက်ထပ် ဇာတ်လမ်းတွဲတွေကိုတောင် စောင့်မျှော်နေကြပါတယ်။   ၀တ္ထုကနေ ပြန်ရိုက်တဲ့ ကားတွေထဲမှာ အကောင်းဆုံးဖြစ်တဲ့ Lord of the Ring ကိုတော့ မမှီပေမယ့် တော်တော် ကောင်းတဲ့ကားလို့ပြောချင်ပါတယ်။ ဇာတ်လမ်းကောင်းကောင်း၊ Graphic ကောင်းကောင်းနဲ့ ရိုက်ကူးထားတာကိုတွေ့ရပြီး မင်းသားမင်းသမီးတွေကလည်း သရုပ်ဆောင် ကောင်းကြပါတယ်။  စိတ်ကူးယဉ်ဇာတ်လမ်းမျိုးမဟုတ်ပဲ၊ သာမန်ဇာတ်လမ်း ကို Sci-fi နဲ့ပေါင်းထားတာ လည်းဖြစ်လို့ ကြည့်လို့ကောင်းပါတယ်။  တစ်ခုပဲပြောစရာရှိတာက Character Building

Bad Words (2014)

Bad Words (2014) - Movie Review (Not Family-Orientated, Rated- R, Cursing, Sex and Nudity) #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ Bad Words ဆိုတဲ့ ဟာသ ကားလေးတစ်ကားနဲ့ ပရိတ်သတ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို Horrible Bosses ကားထဲကမင်းသား Jason Bateman ကိုယ်တိုင် ရိုက်ကူးပါဝင်သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကားမှာ 8th Grade နဲ့ အောက် ကျောင်းသားတွေအတွက် Spelling Bee ဆိုတဲ့ စာလုံးပေါင်း ပြိုင်ပွဲ လေးကို ကျောင်းအလိုက်၊ ဒေသအလိုက်၊ ပြိုင်ပြီး နောက်ဆုံး နိုင်ငံ အဆင့်ပါ ပြိုင် ပွဲလုပ်ပေးလေ့ရှိပါတယ်။ (လက်ရှိတောင် မြန်မာလူမျိုး ကောင်လေးတစ်ယောက် Regionalအဆင့် မှာ ဆုရတယ်လို့ Facebook မှာတင်ထားတာ တွေ့ကြမှာပါ။) အဲ့ဒီပွဲကို မင်းသား Jason Bateman က ၀င်ပြိုင်ဖို့လုပ်ပါတယ်။ သူကအသက် ၄၀၊ အလုပ်က Proof Reader (ဆောင်းပါး၊ စာအုပ် စသဖြင့် စာရေးတဲ့အခါမှာ စာလုံးပေါင်း၊ သဒ္ဒါ၊ စသဖြင့် အမှား တွေကို စစ်ပေးရတဲ့သူကိုခေါ်တာပါ။) လုပ်တာဖြစ်ပါတယ်။ သူက Regional ပြိုင်ပွဲဝင်တဲ့အခါမှာ ဘယ်လို မှ ယုတ္တိမရှိပေမယ့်လည်း၊ လျစ်ဟင်းသွားတဲ့ စည်းမျဉ်းတစ်ခုကြောင့် ၀င်ပြိုင်ခွင့်ပေးခဲ့ရပါတယ်။ အဲ့ဒီစည်းမျဉ်းကတော့ ပြိုင်ပွဲဝင်မယ့်သ

Tom Hanks (1956)

Tom Hanks - July 9, 1956 in Concord, California, USA ဒီတစ်ခါတော့ ပရိတ်သတ်သိပြီးသား မင်းသား ကြီး တစ်ဦးဖြစ်တဲ့ Tom Hanks အကြောင်း ပြောချင်ပါတယ်။ ရုပ်ရှင်တွေကြီးပဲ ပြောနေတာ ဖြစ်လို့ ရုပ်ရှင်ကားတွေရဲ့ဒါရိုက်တာ တွေ မင်းသား တွေ မင်းသမီးတွေ အကြောင်း လည်း သိရအောင် တင်ဆက်ပေးတာပါ။ Tom Hanks ဆိုတာနဲ့ Forrest Gump ကို ပြေးမြင်ကြတဲ့သူတွေများသလို၊ Cast Away နဲ့ လည်း လူသိ များကြပါတယ်။ Terminal, Captain Phillips တို့ကတော့ ဒီဘက်ခေတ် လူငယ်တွေ နဲ့လည်း ရင်းနှီးပါတယ်။ ရုပ်ရှင်ဝါသနာအိုးတွေကတော့ သိကြပေမယ့် သာမန် ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ မသိကြတာက Tom Hanks က Toy Story သုံးကားထဲက Woody ဆိုတဲ့ ကောင်းဘွိုင် ရုပ်ကလေးအဖြစ်လည်း အသံနဲ့ သရုပ်ဆောင် ထားတယ်ဆိုတာပါပဲ။ သူက အချစ်၊ဟာသ၊ ဒရမ်မာ ကားတွေ အများဆုံး ရိုက်ကူးပေမယ့်လည်း ရုပ်ရှင်လောကမှာ အကောင်းဆုံး စစ်ကားတစ်ကားဖြစ်တဲ့ Saving Private Ryan မှာလည်း Captain Miller အဖြစ်နဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ Tom Hanks က ၁၉၅၆ ခုနှစ် ဂျူလိုင်လ ၉ ရက်နေ့မှာမွေးဖွားခဲ့ပြီး၊ သူရဲ့ဇာတိကတော့ Concord, California ဖြစ်ပါတယ်။ အမေ ဖြစ်သူ Janet Marylyn (Frager), a hospital wo

Forrest Gump (1994) - Movie Link Included

Forrest Gump (1994) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ပရိတ်သတ် တစ်ယောက်တောင်းဆိုထားတာကြာပါပြီ။ Review ရေးဖို့ကြတော့ မှတ်မိ အောင် ကျွန်တော်ကိုယ်တိုင် ပြန်ကြည့်နေရလို့ မတင်ဖြစ်တာပါ။ Forrest Gump ကို မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပြီး အဲ့ဒီကားနဲ့ပဲ သူ့ရဲ့ဒုတိယမြောက် အော်စကာကို ရယူနိုင်ခဲ့ပြီး ၂နှစ်ဆက်ရတဲ့ ဒုတိယမြောက် သရုပ်ဆောင် ဖြစ်ခဲ့ပါ တယ်။ Forrest Gump က Forrest Gump ဆိုတဲ့ လူငယ်လေး ကို အခြေခံရိုက်ကူးထားပါတယ်။ သူက လူအများလို ဥာဏ်မကောင်းပေမယ့် သူ့ဘ၀မှာ ထူးခြားတာတွေ လုပ်ခဲ့ပြီး မရည်ရွယ်ပဲနဲ့ အမေရိကန်သမိုင်းမှာ ဖြစ်ခဲ့တဲ့ ထူးခြားဖြစ်ရပ်တွေမှာ သူပါဝင်နေပုံကို ရိုက်ကူးထားပါတယ်။ ဒီကားက Romantic Comedy-Drama ဇာတ်ကား ကောင်းတစ်ကားဖြစ်ပြီးတော့ "Stupid is as stupid does" ဆိုတဲ့ စကားလေးနဲ့ Forrest ရဲ့အမေက သားဖြစ်သူကို အမြဲဆုံးမခဲ့ပါတယ်။ ဆိုလိုရင်းကတော့ ညံ့ဖျင်းတယ်ဆိုတာ ကိုယ်တိုင်ကမကြိုးလို့ဖြစ်ပါတယ်လို့ဆိုပါတယ်။။ တစ်နည်းအားဖြင့် ဥာဏ်ကောင်းတဲ့သူတွေတောင် မကြိုးစားရင် အသုံးမကျတဲ့သူ ညံ့ဖျင်းတယ်သူ ဖြစ်တယ်ပါတယ်။ ညံ့ဖျင်းတာက မွေးရာပါမဟုတ်ပါဘူး၊ ကြိုးစားရင် ဖြစ်တယ်

The Bourne Identity (2002)

The Bourne Identity (2002) - Movie Link Included (Family-Oriented, Must See Movie) Movie Link - http://watch32.com/movies-online/the-bourne-identity-238 ဒီကားကတော့ Matt Daemon ရဲ့ အကောင်းဆုံး ဇာတ်ကား တစ်ကားဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အကောင်းဆုံး Action, Spy, Thriller ဇာတ်ကားပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော၊ ရုပ်ရှင်ဝေဖန်သူတွေ ပါ တစ်ညီတစ်ညွတ်ထဲ ထောက်ခံအားပေးမှုကိုရထားပြီး၊ လက်ရှိအချိန် အထိ သူလောက်ကောင်းတဲ့ အက်ရှင် ကားကောင်း မထွက်လာသေးဘူးလို့ တောင် သတ်မှတ်ထားပါတယ်။ ကျွန်တော့် အကြိုက်ဆုံး ကားတွေထဲကတစ်ကားဖြစ်သလို၊ ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင်ကောင်းကောင်း၊ သရုပ်ဆောင် ကောင်းကောင်းနဲ့ ရိုက်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။၂၀၀၈ ခုနှစ်ထုတ် Taken က အက်ရှင် Scene တွေအရ ကောင်းပေမယ့် ဇာတ်လမ်းမှာတော့ Bourne ကားတွေကို လုံးဝမမှီပါဘူး။ The Bourne Identity ဇာတ်ကားရဲ့ နောက်က ၂ ကားလည်း သူ့လိုပဲကောင်းပေမယ့် ဒီကားကို ဦးစားပေး ပြီး အရင်တင်လိုက်ပါတယ်။ CIA ကားကောင်းတောင်းဆိုထားတဲ့သူတွေ၊ အက်ရှင်ကားကောင်းကြည့်ချင်နေတဲ့သူတွေ၊ Matt Daemon ရဲ့ ပရိတ်သတ်တွေအတွက် တင်ပေးလိုက်ပါတယ်။ Spoiler Alert .. ဇာတ်လ

Wall-E (2008) - Movie Link Included

Wall-E (2008) - Movie Link Included (Must See Movie, General audience, Family-Oriented) Movie Link - http://watch32.com/movies-online/wall-e-302 #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ Wall-E ဆိုတဲ့ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ကာတွန်းဆိုပေမယ့် လူငယ်တွေအတွက်သာမကပဲ လူကြီးတွေပါ ကြည့်သင့်တဲ့ကားကောင်းတစ်ကား ဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်း ကောင်းကောင်း နဲ့ လှလှပပရိုက်ကူးထားပြီးတော့ ဇာတ်လမ်းကောင်းကောင်း အချိတ် အဆက်မိမိနဲ့ ရိုက်ကူးထားပါတယ်။ ဒီကားက ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပြီး ပရိတ်သတ် လက်မလွတ်သင့်တဲ့ကားကောင်းတစ်ကားပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ ကျွန်တော့် အမြင်ကိုပြောပြီးပြီဖြစ်လို့ အခုကတော့ ဇာတ်လမ်း အကြောင်းအရာ၊ ကို တင်ပြမှာဖြစ်လို့ မကြည့်ရသေးသူတွေ ကြိုမသိချင်ရင် အောက်ကို ဆက်မဖတ်ပါနဲ့တော့လို့ ကြိုသတိပေးပါရစေ။ ဇာတ်လမ်းကတော့ ၂၈၀၅ခုနှစ် ကမ္ဘာမြေကြီးက လူတွေနေထိုင်ဖို့ မသင့်တော့လို့ လူတွေက ကမ္ဘာကြီးကို စွန့်ခွာသွားပြီး ကမ္ဘာကြီးရဲ့အထက် အာကာသထဲမှာ လူတွေ နေဖို့ စခန်းကြီးဆောက်ပြီး သွားနေကြပါတယ်။ ကမ္ဘာပေါ်မှာလည်း အပင်ကစ သတ္တ၀ါအဆုံး သက်ရှိဘာမှမရှိတော့ပဲ၊ WALL-E လို့ခေါ်တဲ့ အမှိုက်သ

300: Rise of an Empire (March 7 2014) - Movie Review

300: Rise of an Empire (March 7 2014) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ 2006 ခုနှစ် တုန်းက ထွက်ခဲ့တဲ့ 300 ဇာတ်ကားရဲ့အဆက် အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက 300 လောက်သိပ်မကောင်းပါဘူး။ အထူးသဖြင့် ဒီကားမှာ စစ် ပွဲကောင်းကောင်းတွေ တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ကျွန်တော်အတွက်တော့ စိတ်ပျက်စရာဖြစ် ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ Themistokles ဆိုတဲ့ အေသင် မြို့က စစ်သူကြီး က ပထမဆုံးအကြိမ် Persian တွေ စစ်ချီလာကတည်းက ရင်ဆိုင်တွေ့ခဲ့ဖူးသလို၊ Xerxes ရဲ့ အဖေဖြစ်တဲ့ (အဲ့ဒီအချိန်တုန်းက စစ်ချီလာတဲ့ Persian ဘုရင်) Darius ကို ပါ မြှားနဲ့ပစ်ခွင်းပြီး သတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဘုရင့်သားတော် Xerxes ကိုတော့ မသတ်ပဲ လွှတ်ပေးမိရာကနေ Xerxes က နောက်တစ်ကြိမ် ပြန်ပြီး စစ်ချီလာတာဖြစ်ပါတယ်။ ၃၀၀ မှာတုန်းက Sparta ကို Messenger လွှတ်ပြီး အညံ့ခံဖို့ပြောသလိုပဲ Athens မြို့ကိုလည်း အညံ့ခံဖို့ ပြောပါတယ်။ အဲ့ဒါကြောင့် Themistokles က Sparta ကို သွားပြီး King Leonidas ကို သူနဲ့ ပူပေါင်း ဖို့ပြောသလို၊ ဂရိအနေနဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် စုပေါင်းပြီး တိုက်ခိုက်ဖို့ပြောပါတယ်။ ဒါပေမယ့် သူသွားတဲ့အချိန်မှာ Leonidas က Or

300 (2006) - Movie Review

300 (2006) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ 300 ကားအသစ်မထွက်ခင် ပထမကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကတော့ သိပ်ထွေထွေ ထူးထူးပြောစရာမရှိပါဘူး။ Man Of Steel ဒါရိုက်တာ Zack Snyder ရဲ့ ဇာတ်ကားဖြစ်ပြီး၊ 300 ဆိုတဲ့ စာအုပ်ကို ရုပ်ရှင်ရိုက်ထားတာပဲဖြစ်ပါတယ်။ ထူးခြားတာက ဒီကားက စစ်ကားကောင်းတစ်ကားဆိုတာထက် Computer Effect တွေ တစ်ကားလုံး အပြည့်သုံးထားပြီး လှလှပပရိုက်ကူးထားနိုင်တဲ့ ဇာတ်ကားတစ်ကားဆိုပိုမှန်ပါတယ်။ Zack Snyder ရဲ့ထုံးစံ အတိုင်း CGI Effect ကောင်းကောင်းနဲ့ ရိုက်ကူးထားသလို Slow Motionလည်း ကောင်းကောင်း သုံးထားပါတယ်။ တစ်ကားလုံး Slow Motion နဲ့ရိုက်ကူးထားသလို၊ နောက်ခံတွေက အစ Computer Effect ဖြစ်တာကြောင့် သဘာဝ နောက်ခံ မဟုတ်တဲ့အတွက် ပရိတ်သတ်တစ်ချို့အတွက် အမြင်တစ်မျိုး ဖြစ်နေမှာပါ။ ဇာတ်လမ်းကတော့ ပါရှားက ဂရိ ကို တက်ပြီး သိမ်းပိုက်တဲ့အခါမှာ ဂရိ နိုင်ငံမဖြစ်ခင် နိုင်ငံ ငယ်လေး တစ်ခု ဖြစ်တဲ့ Sparta က လူ အယောက်သုံးရာက တောင်ကြားထဲမှာ ပိတ်ဆို့ပြီး ပါရှန် စစ်တပ်ကို ခုခံခဲ့တဲ့ တစ်ကယ့်ဖြစ်ရပ်မှန်ကို အခြေခံရေးထားတဲ့ ၀တ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းကြောင်းအရ တော့ မှန်ကန်

Non-Stop (2014) - Movie Review

Non-Stop (2014) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ကျွန်တော်အကြိုက်ဆုံး မင်းသား တွေထဲက တစ်ယောက်ဖြစ်တဲ့ Liam Neeson (Taken) ရဲ့ကားဖြစ်ပါတယ်။ Liam Neeson က အရင်တုန်းက Schindler's List နဲ့ အကယ်ဒမီ ဆန်ကာတင် စာရင်းဝင်ခဲ့ သလို အခြား နာမည်ကြီး ဒရမ်မာကားတွေ မှာပါဝင်ခဲ့သရုပ်ဆောင်ခဲ့ဖူးပါတယ်။ သူ့အတွက် အလှည့်အပြောင်းဖြစ်စေခဲ့တာကတော့ ၂၀၀၈ ခုနှစ် မှာ ထွက်ခဲ့တဲ့ Taken ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားက သူ့ကို ဒရမ်မာ မင်းသားအဖြစ်ကနေ အက်ရှင် မင်းသားအဖြစ် နာမည်ကြီးလာစေပြီး အဲ့ဒီနောက်မှာ တောက်လျောက် အက်ရှင်ကားတွေရိုက်လာပါတယ်။ ၂၀၀၅ ခုနှစ် Batman Begin, Kingdom of Heaven တို့မှာပါဝင်ခဲ့ပေမယ့် Taken ဇာတ်ကားကြောင့်သာ အက်ရှင်မင်းသား အဖြစ် ပရိတ်သတ် လက်ခံလာတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Taken 2, The A-Team, Unknown, The Grey, Clash of the Titan စသဖြင့် ရိုက်ကူးလာပြီး အခုနောက်ဆုံး အနေနဲ့ Non-Stop မှာပါဝင်ခဲ့ပါတယ်။ Non-Stop က ကျွန်တော် ကြည့်ဖူးသမျှ Liam Neeson ကားတွေထဲမှာ အကောင်းဆုံး လို့တောင် ပြောလို့ရပါတယ်။ Taken မှာလိုတော့ Liam Neeson ကို အကြမ်းအရမ်း အက်ရှင်တွေနဲ့ တွေ့ရ မှာမဟုတ်ပေမယ့် သာမာန် လေယာဉ်ြ