The Flash Origin by ရုပ်ရှင်မိတ်ဆက်

The Flash Character မိတ်ဆက်
ရုပ်ရှင်မိတ်ဆက်



The Flash ကိုတော့ မြန်မာပရိတ်သတ် ၉၀% နှုန်းက သိကြမှာမဟုတ်ပါဘူး။ သူ့ကို ရုပ်ရှင်လည်းတစ်ခါ မှမရိုက်ဘူးပါဘူး။ မြန်မာပြန် စာအုပ်တွေမှာလည်း Batman, Superman, Spider-man တို့နေရာ ယူထားလို့ The Flash ကိုသိပ်မတွေ့ရပါဘူး။

Flash ကို ၁၉၄၀ ခုနှစ်ထုတ် DC ကာတွန်းမှာ ပထမဆုံး မိတ်ဆက်ထားပါတယ်။ Flash က Batman နဲ့ Superman လိုမဟုတ်ပဲ Character ၃ ယောက်ထက်မက သရုပ်ဆောင်ထားပြီး၊ ပထမဆုံး Flash က Jay Garrick ဖြစ်ပြီး သူနောက်မှာ Barry Allen နဲ့ Wally West စတဲ့ ကာရိုက်တာတွေ ဖြစ်ကြပြီး သူတို့ သုံးယောက်က အထင်ရှားဆုံးဖြစ်ပါတယ်။ ဒီထဲမှာမှ Jay နဲ့ Barry က ပထမကမ္ဘာစစ်မတိုင်ခင် ကာရိုက်တာတွေဖြစ်ပြီး ဒီဘက်ခေတ် Comic Book Reboot မှာ Wally West က The Flash အဖြစ်ပါဝင်လာ ပါတယ်။

Flash က ကမ္ဘာပေါ်မှာ အမြန်ဆုံး လူသား ဖြစ်ပြီး (The Fastest Man Alive က သူရဲ့လက်သုံး စကားဖြစ်ပါတယ်)၊ Superman ထက်တောင်မှ မြန်တယ်လို့ ဆိုကြပါတယ်။ (သူတို့နှစ်ယောက် Charity အတွက် အပြေးပြိုင်ဖူးပြီး အနိုင်အရှုံး မပေါ်ခဲ့ပါဘူး။) Flash က Lab ထဲမှာ Chamical တွေကို မိုးကြိုးပစ်ခံရတာကနေ စပြီး ပါဝါရခဲ့ပါတယ် (Barry Allen နဲ့ Wally West တို့ပါဝါပုံခြင်းတူပါတယ်။)

Flash က သူ့ရဲ့စွမ်းအားကိုအသုံးပြုပြီး ရန်ဖန်ရန်ခါ Time Travel လည်း လုပ်လို့ရပါသေးတယ်။ (များသောအားဖြင့်က မရည်ရွယ်ပဲဖြစ်သွားတာပါ။) Flash က Justice League အဖွဲ့ တည်ထောင်သူ ခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်သလို၊ သူ့ရဲ့ ဟာသဥာဏ်၊ ကလေးဆန်ဆန် နေတတ်မှုတွေကြောင့် League ထဲမှာ ထူးထူးခြားခြားဖြစ်နေသလို၊ တစ်ဖွဲ့လုံးရဲ့ ကြားခံ လို့တောင်ပြောလို့ရပါတယ်။

ဒီ Clip ထဲမှာတော့ Flash က ဘယ်လောက် မြန်မြန် လှုပ်ရှားနိုင်တယ် သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို ကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=gIn9IaUUeco

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2