Posts

Showing posts from November, 2014

Jurassic World Trailer Review

Jurassic World Trailer Review #ရုပ်ရှင်မိတ်ဆက် ဒီကားက ၂၀၀၁ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jurassic Park 3 အပြီး ဆယ့်လေးနှစ် အကြာ အနေနဲ့ ရိုက်ကူးထားဖြစ်ပါတယ်။ ဒီကားက Original Jurassic Park အပြီး ၂၂ နှစ်အကြာမှာ Isla Nublar ကျွန်းမှာ မှာပဲ ဒိုင်နိုဆောတွေကို ပြန်ထိန်းသိမ်းပြီး Jurassic World ဆိုပြီး Theme Park ဖွင့်ထားတာဖြစ်ပါတယ်။ Trailer အစမှာ ကောင်လေးနှစ်ယောက်ကို သူတို့အမေက Jurassic World သွားဖို့ လက်မှတ်နှစ်စောင် ပေးလိုက်ပြီးတော့ နောက်ပြောင်တဲ့အနေနဲ့ သူ့တို့နောက်ကို ဘာပဲလိုက်လိုက် ပြေးသာပြေးဆိုပြီး ပြောလိုက်ပါတယ်။ (Something chases you, run!). အဲဒီနောက်မှာတော့ ကောင်လေးတွေက ကျွန်းကို သင်္ဘောစီးပြီး သွားတဲ့ အခန်းကိုပြပြီးနောက် The Park is Open ဆိုပြီး စာတမ်းထိုထားသလို၊ ၁၉၉၃ တုန်းက ပန်းခြံထဲ ပတ်တဲ့ ကားတွေနေရာမှာ အဆင့် မြင့် ရထားတွဲနဲ့ အစားထိုးထားပေမယ့် ကစားကွင်းထဲ့ ၀င်တဲ့ ဂိတ်ကတော့ ၁၉၉၃ တုန်းက ဂိတ်တံခါး ပုံစံအတိုင်းပဲလုပ်ထားပြီး အပေါ်မှာ Jurassic Park အစား Jurassic World ဆိုပြီး စာလုံးအပြာတွေနဲ့ ရေးထိုးထားတာ တွေရမှာပါ။ အထဲမှာလည်း လူတွေ နဲ့ ပြည့်နေသလို ကွင်းပြင်ထဲမှာ ကားနဲ့သွားနေရင်းနဲ့ ဘေးနာ