Home Alone (1990)

Home Alone (1990) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ ပရိတ်သတ်နဲ့ ရင်းနှီးပြီးသား ရုပ်ရှင်ကားဖြစ်တဲ့ Home Alone ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက Christmas ကာလကို ဇာတ်အိမ်တည်ရိုက်ကူးထား သလို အကောင်းဆုံး Christmas ဇာတ်လမ်းတွေထဲက တစ်ကားဖြစ်လို့ အခုလို အချိန်မှာ မိတ်ဆက်ပေး တာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အားလုံးသိပြီးတဲ့ အတိုင်း ၈နှစ်သား Kevin က မိသားစု ခရီးမှာ ပါမသွားပဲ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ ဒီအချိန်မှာ ရပ်ကွက်ထဲမှာ လှည့်ပြီး ခိုးနေတဲ့ သူခိုး နှစ်ယောက် ကို တစ်ယောက်တည်း ရင်ဆိုင် ရပုံကို ဟာသနှောပြီး တင်ဆက်ထားသလို၊ လမ်းတစ်ဝက်ရောက်မှ သားဖြစ်သူ မပါလာတာကို သိလိုက်ရတဲ့ Kevin ရဲ့အမေ က ပြင်သစ်ကိုရောက်ရောက်ချင်း လေဆိပ်က နေ လှည့်ပြန်ဖို့ ကြိုးစားပေမယ့် Christmas ကာလဖြစ်တာ ကြောင့် လေယာဉ်တွေအားလုံး လူပြည့်နေပါတယ်။ ဒါ့အပြင် သူ့အိမ်ကိုလည်း ဖုန်းခေါ်လို့မရ၊ အိမ်နီးနားချင်းတွေ အကုန်လုံးလည်း ခရီးသွားနေကြတာ မို့ သားဖြစ်သူကို စိုးရိမ် စိတ်နဲ့ သောကေ၇ာက်ရပုံ၊ Chicago က နေအိမ်ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ အရောက် ပြန်ပုံ တို့ကို ပညာသားပါပါ ရိုက်ကူးတင်ဆက်ထားပါတယ်။

ဒီကားက ကျွန်တော်မွေးတဲ့နှစ်မှာ ထွက်ခဲ့တဲ့ကားဖြစ်သလို၊ လက်ရှိအချိန်ထိ
ကောင်းနေဆဲဇာတ်ကားလည်း ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်တွေအာလုံးကလည်း သူနေရာနဲ့ သူ အံဝင် ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်သလို၊ Goodfellas, Casino ဇာတ်ကားတွေမှာ အကယ်ဒမီရှော့ သရုပ်ဆောင်နိုင်ခဲ့တဲ့ Joe Pesci ကလည်း ဒီကားမှာ သူ့ရဲ့ ဇာတ်၇ုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ လူငယ်တိုင်း ကလေးဘ၀မှာ လွတ်လွတ်လပ်လပ်နေ ချင် ကြပေမယ့် တကယ်တမ်း မိဘ တွေ မရှိတဲ့အချိန်မှာ အားငယ်တတ်ကြပုံ၊ မိဘတွေသား သမီးအပေါ်မှာ ထားရှိတဲ့ မေတ္တာ တရားနဲ့၊ မိသားစု ရဲ့အရေးပါပုံကို ထင်ဟပ်ပြနိုင်ပါတယ်။

ဒါကြောင့်လည်း Home Alone က Christmas ရာသီအတွက် အသင့်တော်ဆုံးကားဖြစ်သလို၊ လက်ရှိအချိန်ထိ ကမ္ဘာဝင်ငွေအကောင်းဆုံး ဟာသ ကားအဖြစ် ရပ်တည်နေ နိုင်ဆဲဖြစ်ပါတယ်။ (World Wide မှာ ၄၇၆ သန်းကျော်ဝင်ငွေရပြီး၊ သူနောက်မှာ The Hangover က ၄၆၇ သန်းရထားပါတယ်။)

ပိတ်ရက်မှာ မိသားစု တူတူ ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ (no sex, no nudity, no gory)

#Sololay

Movie Link
http://watch32.com/movies-online/home-alone-62

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2