Lucky You (2007) - Movie Review by ရုပ်ရှင်မိတ်ဆက် - Movie Link Included

Lucky You (2007)



ရုပ်ရှင်မိတ်ဆက်



ဒီတစ်ခါတော့ ဖန်ဆီ ကားလေးတွေကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် Lucky You ဆိုတဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။

ဒီကားကတော့ အမေရိကန်လူမျိုးတွေရဲ့ ကစားနည်းတစ်မျိုးဖြစ်တဲ့ Poker ကစားနည်းနဲ့ Las Vegas မြို့ကို အခြေခံရိုက်ကူးထားပါတယ်။ မင်းသား Eric Bana (The Hulk, Munich) နဲ့ မင်းသမီး Drew Berrymore တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Robert Duvall လည်း ပါဝင်အားဖြည့်ထားပါတယ်။

မင်းသား Eric Bana က Huck Cheever ဆိုတဲ့ Poker ကစားသမားအဖြစ်သရုပ်ဆောင်ထားပါတယ်။ Huck က ပိုကာ ကစားတာ ကျွမ်းကျင်သလို တစ်ဖက်လူရဲ့ အရိပ်အကဲကို ခန့်မှန်းရာမှာလည်း သူမတူ အောင်တော်ပါတယ်။ ဒါပေမယ့် သူရဲ့ မဆင်မခြင် လောင်းကစားမှု၊ မိုက်ရူးရဲဆန်ဆန် လောင်းကြေးထပ်မှု၊ ကိုယ့်ကိုယ်ကို အထင်ကြီးဘ၀င် မြင့်မှုတွေကြောင့် မရှုံးသင့်တာတွေ ရှုံး ပြီး ကြွေးတွေတင်နေသူဖြစ်ပါတယ်။ အလုပ်လည်း မယ်မယ်ရရ မလုပ်ပဲ နေ့စဉ်နဲ့အမျှ ပိုကာပဲကစားနေပါတယ်။ သူက တစ်ခြား လောင်းကစားတော့ လုံးဝမလုပ်ပဲ ပိုကာတစ်ခုပဲ စွဲစွဲမြဲမြဲကာစားပါတယ်။

မင်းသမီး Drew Berrymore ကတော့ Billie Offer အဖြစ်သရုပ်ဆောင်ထားပြီး သူက Bakersfield, California ကနေ Las Vegas ကို ပြောင်းလာသူဖြစ်ပြီး၊ Vegas မှာ စားသောက်ဆိုင် အဆိုတော် အဖြစ် အလုပ် လုပ်ဖို့ ကြိုးစားနေတဲ့သူဖြစ်ပါတယ်။

Huck က သူတို့ Vegas မှာ ကျင်းပ မယ့် Poker Tournament ၀င်ပြိုင်ဖို့ ကြိုးစားနေရင်း၊ Billie နဲ့ တွေ့ပြီး သံယောစဉ်ဖြစ်သွားပါတယ်။ ဒါပေမယ့် သူ့ရဲ့မကောင်းတဲ့အကျင့်ကြောင့် Billie က စိတ်ကုန်သွားပြီး အတွေ့မခံတော့ပါဘူး။ ဒီလိုနဲ့ Huck တစ်ယောက် Tournament ပြိုင်ပွဲကြီးမှာ ၀င်ပြိုင် နိုင်ဖို့ကြိုးစားရင်း Billie နဲ့လည်း ပြန်နီးစပ်အောင် ဘယ်လိုလုပ်ထားလည်းဆိုတာ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒါအပြင် ဒီကားထဲမှာ သားအဖကြားက သံယောစဉ်ကို၊ သားအဖနှစ်ဦးကြားက ပြသ၁နာတွေ နောက်ဆုံး ဘယ်လို ပြေလည်သွားမလည်းဆိုတာလည်း ကြည့်ရှုရမှာပါ။



ဒီကားကတော့ သာမန် ဖန်စီ အချစ်ကားလေးတစ်ကားဖြစ်ပြီး ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားရမှာပါ။ Taxes Hold'em Poker ကစားနည်းကို စိတ်ဝင်စားတဲ့သူတွေ (မြန်မာအခေါ် ရှိုး) အတွက် ကြည့်ကောင်းမယ့်ကားပါ။ သာမန်ကားတစ်ကားဖြစ်လို့ ဇာတ်လမ်းမှာ ဟာကွက်လေးတွေ ရှိသလို ထူးထူးခြားခြား ပြောစရာလည်း ဘာမှ သိပ်မရှိပါဘူး။ Rated PG-13 ဖြစ်ပြီး မိသားစု အတူတူကြည့်နိုင်ပါတယ်။ Sex Scene တစ်ခန်းပါပေမယ့် No Nudity ပါ။ လောင်းကစားလုပ်တဲ့ကားဖြစ်လို့ လူငယ်တွေ ဆင်ခြင်ကြည့်သင့်ပါတယ်။

#Sololay

Movie Link
http://watch32.com/movies-online/lucky-you-4242


Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2