Superman Origin By ရုပ်ရှင်မိတ်ဆက်

Superman Character မိတ်ဆက်

ရုပ်ရှင်မိတ်ဆက် 

Superman ကို DC Comic က 1938 ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး ယနေ့အချိန်ထိ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး နဲ့ စံထားရတဲ့ Superhero ဖြစ်ခဲ့ပါတယ်။


Superman က ကမ္ဘာကို မရောက်ခင်မှာ Krypton လို့ခေါ်တဲ့ ဂြိုလ်ပေါ်က ဂြိုလ်သားတစ်ဦးဖြစ်ပြီး၊ နာမည် အ၇င်းက Kal-El ဖြစ်ပါတယ်။ Kal-El ကိုမွေးပြီးသိပ်မကြာခင်မှာပဲ Krypton ဂြိုလ်က ပျက်ဆီးတော့မှာဖြစ်လို့ သူ့မိဘတွေက သားလေး အသက်ရှင်ဖို့ ကမ္ဘာကို စေလွှတ်လိုက်တာဖြစ်ပြီး၊ ကမ္ဘာပေါ်ကိုရောက်တဲ့အချိန်မှာ John နဲ့ Martha Kent တို့ လင်မယားက မွေးစားခဲ့ပါတယ်။

ကမ္ဘာမြေကြီးထက် ပိုမိုသိပ်သည်းပြီး ဆွဲအားပိုများတဲ့ Krypton မှာမွေးတဲ့ Superman က ကမ္ဘာပေါ်ကို ရောက်တဲ့အခါမှာ သူများနဲ့မတူတဲ့စွမ်းအားတွေ ပိုင်ဆိုင်လာပါတယ်။ သူ့ရဲ့ စွမ်းအားတွေကို လူသားတွေရဲ့ အ၀ါရောင်နေမင်း (Yellow Sun) ကနေရပြီးတော့ အနီရောင် နေရှိတဲ့ ဂြိုလ်ကို ရောက်သွားရင် သူရဲ့ စွမ်းအားတွေ ဆုတ်ယုတ် လာတာတွေ့ရပါတယ်။

Superman ရဲ့ အဓိက စွမ်းအားတွေက ကျည်ဆံပီးခြင်း (Bulletproof)၊ ခွန်အားကြီးမားခြင်း(Super strong)၊ မျက်လုံးထဲကရောင်ခြည်ပစ်နိုင်ခြင်း (Laser Ray), လေပြင်းမှုတ်ထုတ်နိုင်ခြင်း (Super Breath)၊ အလွန်လျင်မြန်ခြင်း (Super Speed)၊ ထိခိုက်ဒဏ်ရာမရနိုင်ခြင်း (Invulnerability) (Nuclear ဗုံး ပေါက်ကွဲဒဏ်ကိုတောင် ခံနိုင်ရည်ရှိသလို၊ နေလုံးနားကပါ ဖြတ်ပျံနိုင်ပါတယ်။)၊ လေထဲပျံနိုင်ခြင်း (Flight)၊
အဝေးကအသံကိုကြားနိုင်သလို ခဲ(Lead) ကလွဲလို့ အ၇ာဝတ္ထုအားလုံးကို ဖောက်မြင်နိုင်ပါတယ် (Super Hearing and Sight except Lead)၊ အတွေးအခေါ်နဲ့ စဉ်းစားဆင်ခြင် နိုင်စွမ်းလည်းကောင်းပါတယ် (Mental Power)၊ ဒဏ်ရာရခဲ့ရင်လည်း ခဏလေးနဲ့ပြန်ကောင်းနိုင်ပါတယ် (Super Healing Ability) တို့က ဖြစ်ပါတယ်။

Superman ကလည်း Batman လိုပဲ Justice League ရဲ့ ထာဝရအဖွဲဝင်ဖြစ်ပြီး၊ အဖွဲကို တည်ထောင်သူလည်းဖြစ်ပါတယ်။ Superman က Batman နဲ့မတူတဲ့ အဓိကအချက်ကတော့  Batman က Superman လို လူတွေကို ကယ်တင်ပေမယ့်လည်း သူက လူတွေနဲ့ ဝေးရာမှာနေပြီး နောက်ကွယ်ကနေပဲ ကယ်တင်တာဖြစ်ပါတယ်။ နာမည်ကောင်းရရ မရရ သူလုပ်စရာရှိတာကိုပဲ လုပ်သွားပြီး၊ သူရဲ့ရည်မှန်းချက် ဖြစ်ဖို့ ဘာမဆိုလုပ်တဲ့သူဖြစ်ပါတယ်။ နောက်ဆုံး လူတွေရဲ့အမုန်းခံ၊ အထင်လွဲခံပြီးတော့ တောင် မှ လူတွေကို ကယ်တင်ခဲ့သူဖြစ်ပါတယ်။ Superman ကတော့လူတွေကို ကယ်တင်ယုံတင်မကပဲ လူအများရှေ့ထွက်ပြီးတော့ပါ လူတွေနဲ့ ရင်းရင်းနှီးနှီး နေပါတယ်။ လူအများရဲ့ချစ်ခင်လေးစားချင်းပိုခံရပြီး လူတွေရဲ့ စံပြ လည်းဖြစ်ပါတယ်။



Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2