Posts

Showing posts from July, 2014

Lucy - July 25, 2014

Lucy - July 25, 2014 #ရုပ်ရှင်မိတ်ဆက် ဒီဇာတ်ကားကတော့ ကျွန်တော် Preview လုပ်ခဲ့သလို၊ ထွေလာ မှာပါသလိုပဲ၊ Lucy က သူ့မရဲ့ ဦးနောက်ကို သာမန်လူတွေထက်ပိုပြီး အသုံးပြုနိုင်သွားတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ ဇာတ်လမ်းကတော့ သာမန်လူတွေက ဦးနောက်ကို ၁၀% နှုန်းပဲ အသုံးပြုနိုင်ပါတယ်။ Professor Norman (Morgan Freeman) က ဒါကို လေ့လာနေသူဖြစ်ပြီး သူ့ရဲ့အဆိုအရ လူတစ်ယောက်က ဦးနောက်ရဲ့ ၂၀% ကိုအသုံးပြုနိုင်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို ထိမ်းချုပ်လာနိုင်ပါမယ်။ ၄၀% အသုံးပြုလာနိုင်ရင် ကျန်တဲ့ သက်ရှိတွေကိုပါ ထိမ်းချုပ်လာနိုင်မှာဖြစ်သလို၊ ၆၀% အဆင့်ရောက်လာရင်တော့ အရာဝတ္ထုတွေကိုပါ ထိမ်းချုပ်လာနိုင်ပါမယ်။ ဒီထက်ပိုများလာရင်တော့ ဘာဆက်ဖြစ်မလည်း မသိဘူးလို့ဆိုထားပါတယ်။ Lucy က မူးယစ်ဆေးရောင်းတဲ့ ကိုရီးယားဂိုဏ်းရဲ့ ပြန်ပေးဆွဲခံရပြီး CPH4 လို့ခေါ်တဲ့ မူးယစ်ဆေးကို ဗိုက်ထဲမှာထည့်ထားပြီး သယ်ပို့ဖို့အတင်းခိုင်းစေခံရရာကနေ ကြားထဲမှာ ချွတ်ချော်သွားပြီးဆေးထုတ်က သူမ ဗိုက်ထဲမှာပေါက်သွားပါတယ်။ CPH4 က ကိုယ်ဝန်ဆောင် မိခင်တွေက ကိုယ်ဝန်ရပြီး ၆ ပတ် အကြာမှာ ပမာဏအနည်းငယ် ထုတ်လွှတ်တာဖြစ်ပြီး၊ ကလေး ရဲ့ အရိုးတွေ တည်ဆောက်ဖို့အတွက် အထော

Chef

Chef - May 30th, 2014 #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ Comedy/Drama ဇာတ်ကားလေးပါ။ Iron-Man ရဲ့ တပည့်ကြီး Happy အဖြစ် သရုပ်ဆောင်တဲ့ Jon Favreau က ကိုယ်တိုင် ရိုက်ကူး၊ သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာ Jon Favreau က စားသောက်ဆိုင် တစ်ခုက စားဖိုမှုးတစ်ယောက် ဖြစ်ပြီး၊ ချက်ပြုတ်ရတာကို နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူက ဟင်းချက်ရာမှာ လူတွေကြိုက်တတ်တဲ့ သမရိုးကျ အစားအစာ တွေကိုပဲ အမြဲတမ်း ချက်မနေချင်သလို၊ သူ့စိတ်ကူး ထဲက ရှိတဲ့အတိုင်း ချက်ပြုတ်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် သူ့ဆိုင်ပိုင်ရှင်ကတော့ သူနဲ့ဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။ သူက ဟင်းချက်တဲ့စားဖိုမှူး ဆိုတာ အနုပညာရှင်တစ်ယောက်လိုပါပဲလို့ပဲဖြစ်ပြီးတော့၊ အစားအသောက်ပြင်ဆင် ချက်ပြုတ်ရာမှာ စားဖိုမှူးတစ်ယောက်က လွတ်လွတ်လပ်လပ်ချက်သင့်တယ်လို့ ခံယူထားသူပါ။ တစ်ရက်မှ အခန့်မသင့်ပဲ အလုပ်ပြုတ်သွားခဲ့ပြီး၊ သူ့သားရဲ့အမေ (သူ့အရင်မိန်းမရဲ့ အကူအညီနဲ့) Florida မှာ အလကားရတဲ့ Food Truck သွားယူပြီး သူ့ အပေါ်သစ္စာရှိတဲ့ သူ့လက်အောက်က စားဖိုမှုးတစ်ဦးရယ်။ သားဖြစ်သူရယ်နဲ့အတူ (သူ့သားက Twitter မှာ ကြော်ငြာ ပေးတာဖြစ်သလို၊ သူ့အဖေကိုလည်း Twitter အကောင့် လုပ်ပေးပြီး နာမည်ကြီးအောင

Hercules - July 25, 2014

Hercules - July 25, 2014 #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ The Rock ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်။ တကယ်လည်း Hercules က ဒီသတ္တ၀ါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က

The Expendables 3

The Expendables 3 - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ၁၉၈၀၊ ၁၉၉၀ ကာလက နာမည်ကြီးအက်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Stallone, Arnold, Harrison Ford, Jet Li, Jason Statham, Antonio Banderas, Wesley Snipes, Mel Gibson, Dolph Lundgren တို့အဓိကပါဝင်ထားပြီး Expendables Series ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အထွေအထူးပြောစရာမရှိပါဘူး။ ထုံးစံအတိုင်း ပဲ Expendables အဖွဲက Expendables အဖွဲ့ကိုစတင်ခဲ့သူ ဖြစ်တဲ့ Mel Gibson ကို လုပ်ကြံဖို့သွားရာကနေ မအောင်မြင်ပဲ သူတို့အဖွဲ့ထဲက တစ်ယောက် ဒဏ်ရာရသွားပါတယ်။ အဲ့ဒီအခါမှာ Stallone က သူ့အဖွဲ့ဟောင်းကို ထားခဲ့ပြီး လူသစ်တွေ နဲ့ ထပ်သွားပါတယ်။ ဒီတစ်ခါတော့ အသေသတ်ဖို့မဟုတ်ပဲ အရှင်ဖမ်းရမယ်ဆိုပြီး ဖြစ်ပြန်ပါတယ်။ ဒါလည်း မအောင်မြင်ပဲ သူ့အဖွဲ့ ဖမ်းခံရပြီး သူပဲပြန်လွတ်လာပါတယ်။ ဒါနဲ့သူ့ အဖွဲ့ဟောင်းနဲ့ ပြန်ပေါင်းပြီး အဖွဲ့သစ်ကို ပြန်သွားကယ်ပါတယ်။ ဇာတ်လမ်းက ဘာမှမထူးခြားသလို၊ စိတ်ဝင်စားစရာလည်းမရှိပါဘူး။ အထူးသဖြင့် တစ်ချိန်တုန်းက Action မင်းသားကြီးတွေအားလုံးကို မပါပါအောင် လုပ်ယူပြီး ထည့်ထားရတော့ ဇာတ်လမ်းဇာတ်ကွက်ဆိုတာ မရှိတော့ပါဘူး။ ဖြစ်သလိုရိုက်ပြီး ဖြစ်သလ

Batman v Superman: Dawn of Justice

Batman v Superman: Dawn of Justice #ရုပ်ရှင်မိတ်ဆက် ပရိတ်သတ်ကြီး စိတ်ဝင်စားနေတဲ့ DC ရဲ့ Batman vs Superman အကြောင်း နည်းနည်း ဆွေးနွေးချင်လို့ပါ။ San Diego Comic Con မှာ Warner Brothers က Batman v Superman ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကို ပြသွားသလို Wonder Woman ရဲ့ပိုစတာကိုလည်း ပြသွားခဲ့ပါတယ်။ ဇာတ်ဝင်ခန်းက တရားဝင် မကြေငြာသေးသလို၊ ပွဲလာတဲ့သူတွေကိုပဲ ပြသွားတာဖြစ်လို့ မကြည့်ရသေးပေမယ့်၊ ကြည့်ပြီးတဲ့သူတွေပြန်ပြောပြချက်အရရော၊ Camera နဲ့ ရိုက်ထားတဲ့ Version အရပါ ကျွန်တော် အမြင်ကိုပြောပြချင်ပါတယ်။ Batman က အောက်မှာရပ်နေပြီးတော့ Batsignal ကိုဖွင့်လိုက်တဲ့အခါမှာ Superman ကလေထဲမှာရပ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် Superman မျက်လုံးက နီနေပြီး၊ (Heat Vision) နဲ့ပစ်မယ့် ပုံစံဖြစ်နေပါတယ်။ Batman မျက်လုံးကလည်း အဖြူရောင် ဖြစ်နေပါတယ်။ ဒါကိုတော့သိပြီးသားပါ။ ဒါ့အပြင် Batman ရဲ့ ပရိတ်သတ်တွေ သိပြီးတဲ့အတိုင်း Batman က Armor ၀တ်ထားပါတယ်။ သိတဲ့သူတွေကလည်း ပြောနေကြသလို မသိတဲ့သူတွေလည်းရှိလို့ ဘာလည်းဆိုတာ ရှင်းပြချင်ပါတယ်။ Batman က The Dark Knight Returns ဆိုတဲ့ စာအုပ်ထဲမှာ Superman နဲ့ရင်ဆိုင်တော့ သူက အဲ့ဒီဝတ်စုံ

The Dark Knight Rises (2012) - Movie Link Included

The Dark Knight Rises (2012) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။  Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight လောက်မကောင်းတာပဲရှိပါတယ်။ ဇာတ်လမ်းအစမှ Bruce Wyane က ၈နှစ်လုံးလုံး အိမ်ထဲမှာပဲနေနေပြီးတော့၊ Batman ကလည်း Gotham မြို့ကနေ ပျောက်သွားခဲ့ပါတယ်။ ၈နှစ်လုံးလုံး Harvey Dent ရဲ့ လူသတ်မှုတွေကို Batman သတ်တယ်လို့လူတွေကြပြီး၊ Harvey Dent ကြောင့် ပေါ်လာတဲ့ ဥပဒေကြောင့် Organized Crime တွေလည်း ပပျောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲနောက်ထ

Dawn of the Planet of the Apes (2014)

Dawn of the Planet of the Apes - (July 11, 2014) #ရုပ်ရှင်မိတ်ဆက် ပရိတ်သတ်ကြီးမျှော်လင့်နေကြတဲ့ Apes ဇာတ်ကား နဲ့ မိတ်ဆက်ပေးပါ့ရစေ။ ဒီကား အကြောင်းမပြောခင်မှာ Planet of the Apes အကြောင်း နည်းနည်းပြောပြချင်ပါတယ်။ Planet of the Apes ဇာတ်လမ်းတွေက ၁၉၆၈ ထဲက စတင် ရိုက်ကူးခဲ့တာဖြစ်ပြီး၊ Planet of the Apes (February 8, 1968), Beneath the Planet of the Apes (May 27, 1970), Escape from the Planet of the Apes (May 21, 1971), Conquest of the Planet of the Apes (June 29, 1972), Battle for the Planet of the Apes (June 15, 1973) ဆိုပြီး ၅ ကားရှိခဲ့သလို၊ Mark Wahlberg ရဲ့ ၂၀၀၁ ခုနှစ် Remake ဆိုပြီး ရှိပါတယ်။ လက်ရှိဇာတ်ကားတွေကတော့ ဒီ Series ရဲ့ Reboot တွေဖြစ်ပြီး Rise of the Planet of the Ape က ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်က ဇာတ်ကား နဲ့ ဇာတ်လမ်းမတူတော့ပဲ၊ ဇာတ်လမ်း သဘောတရားကိုပဲ ပြန်ယူသုံးထားတာဖြစ်ပါတယ်။ အခု Dawn of the Planet of the Apes ဇာတ်ကားကတော့ ၁၉၆၈ Planet of the Apes ပြီးရင် အကောင်းဆုံး ဇာတ်ကားလို့ သတ်မှတ်လို့ရ လောက်အောင်ကောင်းပါတယ်။ ဇာတ်လမ်းကတော့ Rise of the Planet of the Apes အပြ

Taken 2 (2012) - Movie Link Included

Taken 2 (2012) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ပထမဇာတ်ကားလောက် ပရိသတ်ကို ဖျော်ဖြေမှုမပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အက်ရှင်ကား ကြိုက်ပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြဦးမှာပါ။ အနည်းဆုံးတော့ အပျင်းပြေစေပြီး၊ စိတ်ဝင်စားစရာ တော့ အတော်အသင့် ကောင်းပါတယ်။ ဇာတ်လမ်းကတော့ ပထမကားရဲ့ အဆက်ဖြစ်တဲ့အတိုင်း ဒီကားမှာ Bryan က သူ့သမီးနဲ့ မိန်းမနဲ့ အရင်ကထက် ပိုပြီး အဆင်ပြေနေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ သူ့မိန်းမ Lenore ရဲ့ နောက်ယောက်ျားနဲ့ Lenore တို့ အဆင်မပြေ ဖြစ်နေကြပါတယ်။ ဒါကြောင့် တစ်ရက် သူက Istanbul ကို အလုပ်ကိစ္စနဲ့သွားမယ့် အချိန်မှာ သူ့မိန်းမနဲ့ကလေးကို လိုက်လည်ဖို့ ဖိတ်ရာကနေ သုံးယောက်လုံးကို ပြန်ပေးဆွဲခံရဖို့ဖြစ်လာခဲ့ပါတယ်။ ပထမကားတုန်းက သူ့သမီးကို ပြန်ပေးဆွဲသွားခဲ့တဲ့ Marko ( 'Good Luck' လို့ပြောသွားတဲ့သူ) ရဲ့အဖေက လက်စားချေဖို့ အတွက်ဖြစ်ပါတယ်။ သာမန် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး၊ အပျင်းပြေကြည့်ဖို့ပဲသင့်တော်ပါတယ်။ မိသားစု တူတူကြည့် နိုင်ပြီး၊ No Sex, No Nudity ပါ။ #Sololay Movie Links - http://putlocker.is/watch-taken-2-online-free-putlocker.html

Maleficent (May 30th 2014)

Maleficent (May 30th 2014) Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်းဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ၀င်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက်ကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိပြီးမသေပဲ၊ နှစ်တစ်၇ာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ နိုးမယ်လို့ ဆုတောင်းပေးခဲ့ပါတယ်။ ဒီကားကတော့ Sleeping Beauty ဇာတ်လမ်းကို Maleficent ဆိုတဲ့မှော်ဆရာမ နေရာကနေရိုက်ကူးထားပြီး အပြောင်းအလဲလေးလုပ်ထားပါတယ်။ ဇာတ်လမ်းအစမှ Maleficent ဆိုတဲ့ Faerie (နတ်သမီးလို့ပဲ ဘာသာပြန်ရမယ်ထင်ပါတယ်) တစ်ယောက်က လူငယ်သဘာဝ၊ Stefan ဆိုတဲ့ ကောင်လေး

Limitless (2014) - Movie Review

Limitless (2011) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားတစ်ခါတော့ မင်းသားချော Bradley Cooper ရဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့ Limitless ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ Bradley Cooper က စာရေးဆရာ တစ်ဦးဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ သူရေးရမယ့် စာကိုလည်း ပြီးအောင်မရေးနိုင်သလို၊ ဘ၀မှာလည်း အဆင်မပြေဖြစ်နေပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ အရင်မိန်းမရဲ့ မောင် (ယောက်ဖ ဟောင်းနဲ့) ပြန်တွေ့ရာက သူ့ယောက်ဖက သူ့ကို ဆေးတစ်မျိုး စမ်းသုံးခိုင်းပါတယ်။ အဲ့ဒီဆေးက လူတွေရဲ့ ဦးနှောက် အလုပ်လုပ် နိုင်စွမ်းကို မြှင့်တင်ပေး နိုင်တဲ့ဆေးဖြစ်ပါတယ်။ သာမန်အားဖြင့် လူတိုင်းက ဦးနောက်ရဲ့ ၁၀ ရာခိုင်နှုန်းသာ အသုံး ချ နိုင်ကြပါတယ်။ ဒီဆေးကြောင့် ဦးနောက်ရဲ့ ကျန်တဲ့ ၉၀% ကိုပါ အသုံး ပြုနိုင်လာပြီး၊ ဦးနောက်က မှတ်ထားသမျှ မှတ်ဥာဏ် အကုန်လုံးကို အသုံးချနိုင်လာပါတယ်။ သူ့ရဲ့သဘောတရားက ဦးနောက်က  လူမှန်းသိတတ်စအရွယ်ထဲက မြင်သမျှ ကြားသမျှ အရာအားလုံးကို မှတ်ထားနိုင်ပေမယ့်၊ မှတ်ထားတဲ့ အစိတ်အပိုင်းကိုတော့ လူတွေက အသုံးမချနိုင်ကြပါဘူး။ ဒီဆေးကြောင့် Bradley Cooper တစ်ယောက် တဖြည်းဖြည်းနဲ့ ထူးချွန်လာသလို၊ အောင်မြင်မှုတေ

Ransom (1996)

Ransom (1996) #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ထူးထူးခြားခြားကြည့်လို့ကောင်းတဲ့ ပြန်ပေးဆွဲဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား ကြီး Mel Gibson (Lethal Weapon, Mad Max) ပါဝင်သရုပ်ဆောင်ထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ Mel Gibson (Tom Mullen) က သန်းကြွယ်သဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ရဲ့ တစ်ဦးတည်းသော သားလေးပြန်ပေးဆွဲခံရပါတယ်။ ထုံးစံအတိုင်း FBI က ရောက်လာပြီး ပြန်ပေးသမားကလည်း ဒေါ်လာ ၂သန်း တောင်းပါတယ်။ ပြန်ပေးသမားက Tom ကို သူတို့ပြောတဲ့နေရာမှာ ပိုက်ဆံ သွားပေးခိုင်းပြီး ပိုက်ဆံယူတဲ့သူက ကလေးရှိတဲ့နေရာကို လိပ်စာ ပြန်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်သွားပေးတဲ့အခါမှာတော့ လိပ်စာပြန်မပေးပဲ ပိုက်ဆံပဲ ယူဖို့လုပ်တဲ့အခါမှာ၊ နောက်က လိုက်လာတဲ့ FBI နဲ့ ပစ်ခတ်ကြရင်းနဲ့ ပြန်ပေးသမားဘက်က လူက သေသွားခဲ့ပါတယ်။ ဒီနောက်မှာ နောက်တစ်ခါ ပိုက်ဆံပေးဖို့ ပြောတဲ့အခါမှာတော့ Tom က ဘယ်သူမှမထင်မှတ်ထားတဲ့ လုပ်ကို လုပ်လိုက်ပါတယ်။ ပထမတစ်ခေါက် ကတည်းက ကလေးကို ပြန်ပေးဖို့ အစီအစဉ်မရှိတာကို ရိပ်မိတာကြောင့် ဒီတစ်ခါတော့ ပိုက်ဆံ မပေးတော့ပဲနဲ့ အဲ့ဒီပေးရမယ့် ပိုက်ဆံကို ဆုကြေးငွေအဖြစ်

Deliver Us From Evil (2014)

Deliver Us From Evil (July 2nd, 2014) #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်သတ်ကြီးကို သဲထိပ်ရင်ဖို ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားက ဒီနှစ်နွေရာသီရဲ့ ပရိတ်သတ်စိတ်ဝင်စားဆုံး Horror ဇာတ်ကားလို့ သတ်မှတ်ထားကြပါတယ်။ Hulk (2002) မင်းသား Eric Bana က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ NYPD (New York Police Detective) Ralph Sarchie ရဲ့ အပြင်က ဘ၀ကို ရုပ်ရှင် ရိုက်ကူးထားတာဖြစ်ပါတယ်။ Ralph က မှုခင်းတစ်ခုကိုလိုက်နေတုန်းမှာ priest Mendoza နဲ့ ဆုံတွေ့ပြီး၊ Priest က သူ့ကို ဒီအမှုတွေက သဘာဝလွန်ဖြစ်ရပ်နဲ့ဆက်စပ်နေတဲ့ အကြောင်း ပြောသလို၊ သရဲ သဘက်တွေ နှိမ်နင်းဖို့ ပညာတွေလည်း သင်ပေးခဲ့ပါတယ်။ Horror ကားကောင်းတစ်ကားပါ။ မင်းသားမင်းသမီးတွေကလည်း အညံ့စားတွေမဟုတ်သလို၊ ဇာတ်လမ်းလည်း ကောင်းပါတယ်။ ကြောက်ဖို့လည်း ကောင်းသလို၊ သရဲကားကြိုက်ပရိတ်သတ်တွေ နှစ်သက်ကြမှာပါ။ ရုံမှာသွားကြည့်ဖို့အဆင်ပြေပါတယ်။ #Sololay

Transformers: Age of Extinction

Transformers: Age of Extinction (June 27th, 2014) #ရုပ်ရှင်မိတ်ဆက် ပရိတ်သတ်ကြီးနဲ့ ရင်းနှီးနေပြီးသား Transformers ရဲ့ လေးကားမြောက်ဖြစ်တဲ့ Transformers: Age of Extinction နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကတော့ ပရိတ်သတ် တွေမျှော်လင့်ထားသလို ပိုကောင်းမလာပဲ နောက်ဆုံး ၂ ကားဖြစ်တဲ့ Revenge of the Fallen နဲ့ Dark side of the moon လိုပဲ သာမန်ကား တစ်ကားအဆင့်ပဲရှိပါတယ်။ ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။ Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေ ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့ အ