3:10 to Yuma (2007) - Movie Link Included

3:10 to Yuma (2007)





ရုပ်ရှင်မိတ်ဆက်




ဒီတစ်ခါတော့ အမေရိကန် ကောင်းဘွိုင် (western) ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ၁၉၅၇ ခုနှစ်တုန်းကထွက်ခဲ့တဲ့ 3:10 to Yuma (Classic) ကို အသစ်ပြန်ရိုက်ထားတဲ့ (Remake) ကားဖြစ်ပါတယ်။ ဒီကားမှာ Christian Bale (Batman Trilogy) နဲ့ Russell Crowe (Gladiator, Robin Hood) မင်းသားနှစ်ယောက် အပြိုင်သရုပ်ဆောင် ထားပါတယ်။

ဇာတ်လမ်းကတော့ Batman မင်းသား Christian Bale က စစ်သားဟောင်း တစ်ယောက်ဖြစ်ပြီး ခြေထောက် တစ်ဖက်ဖြတ်ထားရပါတယ်။ Russell Crowe ကတော့ Ben Wade လို့ခေါ်တဲ့ နာမည်ကြီး လူဆိုး ဗိုလ်တစ်ယောက်ဖြစ်ပြီး အစိုးရက Bounty ထုတ်ထားရတဲ့ လူဆိုးပါ။ (အသေရရ အရှင်ရရ ဆုကြေးငွေပေးတာကို Bounty လို့ခေါ်ပါတယ်။) ဇာတ်လမ်းမှာ Ben Wade ကို ဖမ်းမိသွားတဲ့အချိန်မှာ သူ့ကို Yuma ထောင်ကို သွားမယ့် ရထားပေါ်ကို တင်ပေးရတဲ့ အဖွဲ့မှာ လိုက်ရင် ပိုက်ဆံ ၂၀၀ ရမှာဖြစ်ပြီး Christian Bale အပါအ၀င် လူငါးယောက် ပါတဲ့အဖွဲ့ က သူ့ကို ရထားဆိုက်မယ့် မြို့ကို လိုက်ပို့ရမှာဖြစ်ပါတယ်။ Western ကားကောင်းတို့ရဲ့ ထုံးစံအတိုင်း Ben Wade ကိုပြန်လိုက်ကယ်တဲ့အဖွဲ့သား တွေကို ရင်ဆိုင်ရသလို လမ်းမှာ Apache လို့ခေါ်တဲ့ အမေရိကန်လူရိုင်းတွေနဲ့ရော အခြားအန္တရာယ်တွေကိုပါ ရင်ဆိုင်ကျော်လွှားရမှာဖြစ်ပါတယ်။

 Ben Wade က သာမာန် လူရမ်းကားတစ်ယောက် မဟုတ်ဘူးဆိုတာကို ဇာတ်လမ်းက ဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားပြီး၊ သူ့ရဲ့ လက်မြန်ခြေမြန်ရှိပုံ၊ သေနတ် ထုတ်ပြီး ပစ်ခတ်မှုမြန်ဆန်ပုံတွေကိုလည်း ပရိတ်သတ်သိလာအောင် ပြထားပါတယ်။

Christian Bale ရဲ့ Character ဖြစ်တဲ့ Dan Evens ကတော့ ခြေတစ်ဖက်ပြတ် စစ်သားဟောင်းဖြစ်ပြီး သား နှစ်ယောက်နဲ့ မိန်းမအတွက် ဒီအလုပ်ကိုလက်ခံတာဖြစ်တယ်လို့ ယေဘူယျအားဖြင့် သိထားပေမယ့် ဇာတ်လမ်းရဲ့အလှည့်အပြောင်းအရ ဇာတ်လမ်းအဆုံးမှာ သူဘာလို့ ဒီအလုပ်ကို လက်ခံတယ်၊ ဘယ်သူမှ မလုပ်ရဲတော့တဲ့အချိန်မှာတောင်မှ Ben Wade ကို ရထားပေါ်ရောက်အောင် ပို့ဖို့ ဆက်ကြိုးစားတယ်ဆိုတာ ကို ပရိတ်သတ်တွေ အံ့အားသင့်အောင် ဇာတ်လမ်းက တင်ဆက်ထားပါတယ်။

ဒီကားက Western ကားကောင်းကြိုက်တဲ့ ပရိတ်သတ်တွေ ကြည့်သင့်တဲ့ကားဖြစ်ပြီး၊ မင်းသားနှစ်ယောက်ရဲ့ စကားပြောခန်း၊ သရုပ်ဆောင်ပုံ တွေကလည်း ဒီကားရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း ဇာတ်ရှိန်မြင့်လာတာနဲ့ အမျှ ပရိတ်သတ်ကို ပိုမို ဖမ်းစားနိုင်ပြီး ဇာတ်လမ်းအဆုံးသတ်ကလည်း သာမန် Western ကားတွေနဲ့မတူတဲ့ အဆုံးသတ်ကို မြင်တွေ့ရမှာပါ။ မင်းသားကြီး Russell Crowe က လူဆိုး ဗီလိန် အဖြစ် ပီပီပြင်ပြင်သရုပ် ဆောင်ထားသလို၊ လူကြီး လူကောင်းဆန်ဆန် နဲ့ ဆိုးမိုက်တဲ့ သူတစ်ယောက် အဖြစ်လည်း သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ Christian Bale ကလည်း Russel Crowe နဲ့ အပြိုင် သရုပ်ဆောင်နိုင်ပြီး သူတို့ နှစ်ယောက်ကြားက ထူးခြားတဲ့ ဆက်ဆံရေး၊ စကားပြောခန်းတွေက ဒီကားရဲ့ အဓိက ကျတဲ့ ဇာတ်ဝင်ခန်းတွေလို့တောင် ပြောလို့ရပါတယ်။

လက်မလွှတ်သင့်တဲ့ Action, Drama, Western ကားကောင်းတစ်ကားဖြစ်ပြီး၊ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ တစ်ခန်းမှာ မိန်းမတစ်ယောက် ကျောပေးပြီး ၀တ်လစ်စလစ် လှဲနေတာကလွဲရင် ကျန်တာ No Nudity, No Sex ပါ။ ကြမ်းရမ်း သတ်ဖြတ်မှုတွေ ပါလို့ Rated R ပါ။


#Sololay

Movie Link
http://watch32.com/movies-online/310-to-yuma-555

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2