Good Will Hunting

Good Will Hunting - Movie Link Included
#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ ပရိတ်သတ်ကြိုက်မင်းသား Matt Daemon ရဲ့ Oscar ဆုရ ဇာတ်ကား Good Will Hunting နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို Matt Daemon နဲ့ Ben Afleck တို့ နှစ်ယောက် ဇာတ်လမ်းရေးသားခဲ့ပြီး၊ ဇာတ်လမ်းဆုနဲ့ ဇာတ်ပို့ဆု နဲ့ အကယ်ဒီမီ၂ခုရခဲ့ပါတယ်။

ဇာတ်လမ်းကတော့ မင်းသား Matt Daemon (Will Hunting) က MIT (Massachusetts Institute of Technology) တက္ကသိုလ်မှာ သန့်ရှင်းရေးအဖြစ်အလုပ်လုပ်ပြီး၊ သူက ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီး ပညာရှာသလို၊ ဥာဏ်ရည်ထက်မြက်သူတစ်ဦးလည်းဖြစ်ပါတယ်။ ထူးချွန်သူတစ်ဦးဖြစ်သလို သူမှာ၊ photographic memory လို့ခေါ်တဲ့ တစ်ခါကြည့်ရုံနဲ့ မှတ်မိနိုင်လောက်တဲ့ မှတ်ဥာဏ် ပိုင်ရှင်လည်းဖြစ်ပါတယ်။

တစ်နေ့မှာ MIT က Professor Lambeau က သူ့ရဲ့တပည့်တွေကို ပညာစမ်းဖို့ မေးခွန်းတစ်ခု ကို Notice Board မှာတင်လိုက်ပါတယ်။ ဒါကို Will က လွယ်လွယ်ကူကူ အဖြေထုတ်ပေးလိုက်ပေမယ့် အမည်မဖော်ပဲ ဒီတိုင်းပဲ ဖြေပေးလိုက်ပါတယ်။ ဒါကြောင့် Prof: Lambeau က နောက်တစ်ကြိမ် ထပ်မေးခွန်းထုတ်ခဲ့ပြီး ဖြေဆိုတဲ့သူကို သိအောင်လုပ်ပေမယ့် ဒီတစ်ကြိမ်မှာ လည်း Will က ရှောင်ထွက်သွားခဲ့ပါတယ်။

ဇာတ်လမ်းမှာ အဓိကကတော့ Will က ကလေးဘ၀က မိဘမဲ့ဖြစ်သလို သူ ငယ်စဉ်က မွေးစားမိဘတွေနဲ့ နှိပ်စက်ခံခဲ့ရပြီး အသက်ကြီးလာတဲ့အချိန်မှာ တစ်ချိန်က ပြသ၁နာတွေ က သူ့စိတ်ကို လွှမ်းမိုးထားပါတယ်။ ဒါကို Prof: Lambeau နဲ့ သူရဲ့မိတ်ဆွေ Psychiatrist Sean တို့က လမ်းမှန်ရောက်လာအောင် ကူညီပုံ ကိုအဓိက တင်ဆက်ထားပါတယ်။ Ben Afleck က Matt Daemon ရဲ့ သူငယ်ချင်းဖြစ်ပြီး သူနဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ပါတယ်။ Matt Daemon မှာ တက်လမ်းရှိရဲ့သားနဲ့ ရှေ့မတက်ပဲ လက်ရှိ ဘ၀မှာပဲ မနေဖို့ တွန်းအားပေးတဲ့ သူငယ်ချင်း ကောင်းတစ်ဦးအဖြစ်လည်း ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။

ပညာထူးချွန်တဲ့လူငယ်လေးတစ်ဦးကို လမ်းဘေးရောက်မသွားအောင်၊ သူဘ၀တိုးတက်လာအောင်၊ ထူးချွန်တဲ့လူငယ်တွေကို တိုင်းပြည်အတွက် အကျိုးရှိလာအောင် မြေတောင်မြှောက်ပေးချင်တဲ့ ဆရာ ဖြစ်သူရဲ့စေတနာ၊ ကလေးဘ၀က အရိပ်ဆိုးကြီးကို အတိတ်မှာပဲထားခဲ့နိုင်အောင်၊ အနာဂတ်ကို ပါမသွား အောင် အဖြေရှာ ကုသပေးမယ့် စိတ်ကျန်းမာရေးဆ၇ာဝန်၊ သူငယ်ချင်း ကောင်းတစ်ယောက်နဲ့ ချစ်သူကောင်မလေးတစ်ယောက် တို့ နဲ့ ဇာတ်အိမ်တည်ထားပြီး Will Hunting ရဲ့ဘ၀ကို အကောင်းဆုံး သရုပ်ဖော်ထားပါတယ်။

Matt Daemon ရဲ့ အကောင်းဆုံး ကားတွေထဲက တစ်ကားပါ။ သရုပ်ဆောင်၊ ဇာတ်လမ်း၊ ဇာတ်အိမ်၊ အကုန်ကောင်းပြီး၊ သရုပ်ဆောင်တွေကြားက နားလည်မှုရှိရှိ သရုပ်ဆောင် ထားချက်ကြောင့်လည်း ဇာတ်လမ်းက ပိုပြီး အသက်ဝင်ပါတယ်။ ဒရမ်မာ ကားကောင်းတွေ ရှာကြည့်ချင်သူတွေ အတွက် လက်မလွတ်ခံသင့်တဲ့ကားပါ။ မိသားစုကြည့်ဖို သိပ်အဆင်မပြေပါဘူး။
လူလတ်ပိုင်း ဘ၀အကြောင်း ရိုက်ကူးထားလို့၊ အချစ်ခန်း၊ sex ခန်းတွေအပြင် ဆဲဆိုတာတွေ ပါပါတယ်။ (Some Nudity, no Gory)

#Sololay

Movie Link
http://viooz.co/movies/1498-good-will-hunting-1997.html

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2