After Earth (2013)

#AfterEarth (31 May 2013)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

Will Smith နဲ့ သူ့သား Jaden Smith တို့တူတူတွဲရိုက်ထားတဲ့ဇာတ်လမ်းပါ။
ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်တုန်းက လူသားတွေက ကမ္ဘာကြီးကိုစွန့်ခွာပြီး တစ်ခြားကမ္ဘာကို ပြောင်းသွားကြတယ်။ Will Smith တို့လက်ထက်မှာ Earth ကိုတောင် တော်ရုံ ဘယ်သူမှမသိတော့ဘူး၊ အန္တရာယ်ရှိတဲ့ြ
ဂိုလ်တစ်ခုအဖြစ်ပဲ သတ်မှတ်ထားတယ်။ သားအဖနှစ်ယောက်က အာကာသယာဉ်ပျက်ကျပြီး လူတွေစွန့်ခွာခဲ့တဲ့ ကမ္ဘာပေါ်ကိုရောက်သွားတယ်။ ပျက်ကျတုန်းက ယာဉ်ပျံက နှစ်ပိုင်းပြတ်ထွက်သွားပြီး Will Smith တို့ပါတဲ့အပိုင်းက Emergency Beacon (အရေးပေါ်ဆက်သွယ်ရေးကိရိယာ) ကပျက်စီးသွားပြီး Will Smith က ဒဏ်ရာ အကြီးအကျယ်ရသွားတယ်။ အဲ့ဒီမှာ သူသားကို သူတို့ယာဉ်ရဲ့ပြတ်ထွက်သွားတဲ့အပိုင်းက Emergency Beacon ကိုသွားယူခိုင်းရာက Jaden Smith ရဲ့ စွန့်စားခန်းစပါတယ်။

ဇာတ်လမ်းတစ်ခုလုံးက
Jaden ရဲ့ စွန့်စားခန်းတွေကိုပဲ အဓိက အသားပေးထားလို့ Jaden’s Adventure on After Earth လို့ပြောင်းပေးဖို့တောင်ကောင်းပါတယ်။ Will Smith က တစ်ကားလုံး ဘာမှမလုပ်ပဲ သူ့သားကိုပဲ ထိုင်ပြီးညွှန်ကြားနေတာပါ။ Will Smith ကိုကြည့်ရမလားလို့ သွားတဲ့သူ့ပရိတ်သတ်တွေ အတွက်ကတော့ အကြီးအကျယ်စိတ်ပျက်ဖို့ကောင်းတဲ့ကားတစ်ကားပါ။ ဒီကားရဲ့ ဒါရိုက်တာကလည်း ၂၀၁၀ ခုနှစ်နောက်ပိုင်း အညံ့ဆုံး Hollywood ကားဖြစ်တဲ့ The Last Air Bender ကားရဲ့ဒါရိုက်တာပါ။ Jaden သရုပ်ဆောင်တာကောင်းပေမယ့် လိုအပ်ချက်တွေရှိနေဆဲပါ။ ဇာတ်လမ်း၊ဇာတ်ကွက်ကလည်း ထူးခြားမှူမရှိသလို ထူးထူးခြားခြား Action ခန်းတွေလည်းမပါဝင်ပါဘူး။ ဇာတ်လမ်းက ရည်ရွယ်ချက်ပျောက်နေပါတယ်။ နောက်ဆုံးသူ့ရဲ့ရည်ရွယ်ချက်က Jaden ကို ရိုက်ပြရုံ သက်သက်ပဲ ဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ Will Smith နဲ့ Jaden ကြားမှာ The Pursuit of Happyness ထဲမှာလို ပရိတ်သတ်အာရုံကိုဖမ်းစားထားနိုင်တဲ့ သားအဖမေတ္တာမျိုး ဒီကားမှာမတွေ့ရပါဘူး။ ကျွန်တော့အတွက်တော့ ဒီကားက မျှော်လင့်ထားသလောက်ဖြစ်မလာတဲ့ကားမျိုးပါ။
သာမန်အပျင်းပြေကြည့်ဖို့လောက်ပဲကောင်းပါတယ်။
အခွေထွက်မှအိမ်မှာပဲကြည့်သင့်တဲ့ကားမျိုးပါ။
Rated PG-13ပါ။ ထိတ်လန့်စရာအနည်းငယ်ပါပေမယ့် မိသားစုတူတူကြည့်ဖို့သင့်တော်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2