Batman Origin by ရုပ်ရှင်မိတ်ဆက်

Batman Character မိတ်ဆက်



ရုပ်ရှင်မိတ်ဆက်


Batman ကတော့ မြန်မာပရိတ်သတ်တွေနဲ့ အထူးမိတ်ဆက်ပေးဖို့မလိုဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဇာတ်ကြောင်းကိုတော့ သိပ်သိကြမှာမဟုတ်ပါဘူး။ Comic Book Heroes တွေရဲ့ ထုံးစံ အတိုင်း ဟီးရိုးတွေကို ခေတ်ကာလ နဲ့ အညီ အသစ်ပြန်ပြန်ပြီး မိတ်ဆက်ရပါတယ်။ ဒါကြောင့် Batman မှာလည်း ကွဲပြားတဲ့ ဇာတ်လမ်းတွေရှိပါတယ်။


Comic Book Hero တွေထဲမှာ Superman နဲ့ Batman က အစောဆုံး ပေါ်တာမဟုတ်ပေမယ့် လူကြိုက်အများဆုံး လူသိအများဆုံး၊ စံအဖြစ်ထားရတဲ့ Hero တွေဖြစ်ပါတယ်။ ကျန်တဲ့ Superhero တွေက သူတို့ နှစ်ယောက် ကို အခြေခံပြီး ဖြစ်လာတယ်လို့ တောင်ပြောလို့ရပါတယ်။

Superhero လို့ပြောပေမယ့် Batman က ထူးထူးခြားခြား ဘာစွမ်းအားမှမရှိပါဘူး။ Batman (Bruce Wayne) က ဘီလျံနာ မိသားစုက Wayne မိသားစုကနေ မွေးဖွားလာပြီး ကလေးဘ၀မှာထဲက မိဘနှစ်ပါးလုံး အသတ်ခံခဲ့ရပြီး မိဘမဲ့ဖြစ်ခဲ့ပါတယ်။ မိဘတွေ အသတ်ခံခဲ့ရတာက Bruce ကို Batman ဖြစ်လာ စေတဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။ Yale Law School ဘွဲ့ရတစ်ဦးလည်းသလို နေ့ဘက်မှာဘီလျံနာ တစ်ယောက်ဖြစ်ပြီး ညဘက်မှာ မြို့ကို စောင့်ရှောက်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။

 Batman က သာမန်လူတစ်ယောက်ဖြစ်ပေမယ့် စွမ်းအာရှင် စူပါဟီးရိုးတွေထက်သာတဲ့ အချက် က သူ့ရဲ့ ဦးနှောက်ဖြစ်ပါတယ်။ သူက ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး သူနဲ့ ယှဉ်လာတဲ့သူအားလုံးထက် သုံးလေးကွက် ကြိုမြင်တတ်ပြီး လက်နှက်ဆန်းတွေလည်း တည်ထွင်နိုင်ပါတယ်။ သူက ကိုယ်ခံပညာ မျိုးစုံကို တဖက်ကမ်းခတ် ကျွမ်းကျင်ပြီး၊ ရန်သူကို လှည့်စားပြီး တိုက်ခိုက်တတ်သလို၊ မျက်စိရှေ့ကနေလည်း ရုတ်တရက် ပုန်းရှောင်နိုင်ပါတယ်။ အလေးချိန် ပေါင် တစ်ထောင့်တစ်ရာ (၁၁၀၀) ထိ အလေးမနိုင်သလို၊ ၁မိုင်ခရီးကို ၁မိနစ်အတွင်းမှာ မနားတမ်းရောက်အောင် ပြေးနိုင်ပါတယ်။ သက်လုံကောင်းပြီး၊ သွက်လက်ဖြတ်လပ်သလို၊ ရန်သူကို ရင်ဆိုင်ရာမှာလည်း ရန်သူရဲ့အားနည်းချက်ကို စက္ကန့်ပိုင်းအတွင်း ရအောင်ရှာပြီး အနိုင်ယူတိုင်ခိုက်နိုင်ပါတယ်။ တိုက်ရေးခိုက်ရေးကျွမ်းကျင်သလို နည်းပရိယာယ်လည်း ကြွယ်ဝလို့ Superman ကို အလဲထိုးနိုင်ခဲ့တဲ့ တစ်ဦးတည်းသောလူသားလည်းဖြစ်ပါတယ်။  Superman ကလည်း "Bruce Wayne က ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အရှိဆုံး လူသားလို့" မှတ်ချက်ပေးဖူးပါတယ်။

Batman ရဲ့ အရင်နှီးဆုံးမိတ်ဆွေက Superman လို့ပြောလို့ရသလို သူတို့နှစ်ယောက်က Justice League ရဲ့ ထာဝရအဖွဲဝင်လည်းဖြစ်ပါတယ်။ အဖွဲကိုစတင် တည်ထောင်သူ ၇နှစ်ယောက် အဖြစ် Superman, Batman, Wonder Woman, The Flash, Green Lantern, Martian Manhunter, Aquaman တို့နဲ့အတူ ပါဝင်တဲ့ Batman က ကျန်အဖွဲဝင် တွေရဲ့ လေးစားမှုကို ခံရတဲ့သူဖြစ်ပါတယ်။ ကာတွန်းစာအုပ်ထဲမှာ Batman က Superman အပါအ၀င် Justice League တစ်ခုလုံးရဲ့အားနည်းချက်ကို ရှာနိုင်ခဲ့ပြီး အနိုင်ယူပြခဲ့ဖူးပါတယ်။

သာမန်လူသားတစ်ယောက် ကနေ စူပါဟီးရိုး စာရင်းဝင်ယုံမကပဲ စွမ်းအားရှင်တွေ လေးစားအားကျ ရတဲ့  Marvel ရဲ့ Iron Man, DC Comic ကပဲ Green Arrow စတဲ့ ဘီလျံနာ တွေ က ဟီးရိုးအဖြစ် ပြောင်းသွားတဲ့ Batman ကို အခြေခံပြီး ထွက်ပေါ်လာဖြစ်ပါတယ်။











Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2