Running Scared (2006) - Movie Link Included

Running Scared (2006) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်




ပြောထားပြီး မတင်ဖြစ်ပဲ ကြာနေတဲ့ ကားလေး အခုတော့ တင်လိုက်ပါပြီ။ ကျွန်တော် ဒီကားကို တင်ပေးဖို့ အတွက် နောက်တစ်ခါ ပြန်ကြည့်ခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ဒီကားက ဆဲဆိုတာနဲ့၊ ရက်စက်ကြမ်း ကြုတ်တဲ့အခန်းတွေပါတဲ့အပြင်၊ Psychological Thriller ဖြစ်တာကြောင့် ကလေးပရိတ်သတ်တွေ ကြည့်မိမှာဆိုးလို့ပါ။ ကြိုတင် သတိပေးထားပါတယ်။ ၁၈နှစ်အောက်ကလေးတွေ မိဘမပါပဲ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအစမှာ Love Scene တစ်ခန်းပဲပါပြီး ဇာတ်ကားတစ်လျှောက် နောက်ထပ် မပါတော့ပါဘူး။ Nudity အနည်းငယ်ပါပြီး၊ တကယ့် ဒုစရိုက်လောကကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။

ဒီကားက တော့ မင်းသား Paul Walker အမှတ်တရ တင်ပေးတာဖြစ်ပြီး၊ ကျွန်တော်ကြည့်ဖူးသမျှ Paul ရဲ့ဇာတ်ကားတွေထဲမှာ အကောင်းဆုံး ကားလို့ဆိုနိုင်ပါတယ်။ Fast & Furious ဇာတ်ကားတွေထက်တောင် မှကောင်းပြီး Paul ရဲ့ အကောင်းဆုံး ဇာတ်ကောင်ဖြစ်ပါတယ်။

ဇာတ်လမ်းက မင်းသား Paul Walker (Joey) က Marfia ဂိုဏ်းအဖွဲ့ဝင်ဖြစ်ပြီး ဇာတ်လမ်းအစမှာ သူတို့အဖွဲ့နဲ့ နောက်ထပ်တစ်ဖွဲ့ပစ်ခတ်ကြပြီး၊ နောက်အဖွဲ့က လူတွေကို သတ်ပစ်လိုက်ပါတယ်။ ပြီးမှသိလိုက်တာက အဲ့ဒီလူတွေက ရဲတွေဖြစ်နေပြီး သူတို့ဆီက ပိုက်ဆံကို အချောင်ဝင်နှိုက်တာဖြစ်ပါတယ်။ ဒါနဲ့ မင်းသားကို သက်သေခံဖြစ်တဲ့ သေနတ်ကို လွှင့်ပစ်ခိုင်း ပေမယ့် သူက မပစ်ပဲ သူ့အိမ်က မြေအောက်ခန်းထဲမှာသိမ်းထားပါတယ်။

အဲ့ဒီအချိန်မှာပဲ သူ့သားနဲ့အတူမြေအောက်တိုက်မှာပုံးနေတဲ့ ဘေးအိမ်က ရုရှား မာဖီးယား ဂိုဏ်းဝင်တစ်ယောက်ရဲ့ မယားပါသား Oleg က တွေ့သွားပြီး သေနတ်ကိုခိုးသွားကာ သူ့အမေနဲ့ သူကို နှိပ်စက်တဲ့ပုထွေးကို ပစ်ခတ်ပြီး ထွက်ပြေးသွားပါတယ်။

အဲ့ဒီမှာ Joey တစ်ယောက် ပြသ၁နာ စတွေ့ပါတော့တယ်။ သူကို ဖျောက်ခိုင်းတဲ့ သေနတ်၊ ရဲကိုသတ်ထားတဲ့ သက်သေခံ သေနတ်ကို မရ ရ အောင် လိုက် ပြန်ယူရသလို၊ ထွက်ပြေးသွားတဲ့ Oleg ကိုလည်း ပြန်လိုက်ရှာရပါတယ်။

ဇာတ်လမ်းက ရှင်းရှင်းလေးနဲ့ ကောင်းအောင်ရိုက်ပြနိုင်တဲ့ Crime/Thriller ကားကောင်းတစ်ကားပါ။ Paul Walker ရဲ့ သရုပ်ဆောင် မှုကလည်း ကောင်းပြီး၊ ဇာတ်ကားတစ်ကားလုံး မရိုးရအောင် သရုပ်ဆောင်သွား နိုင်ပါတယ်။ ဒါ့အပြင် ဇာတ်ကားရဲ့ ထူးခြားတဲ့ လှည့်ကွက်တွေ၊ ဇာတ်လမ်းနဲ့မဆိုင်ဘူးလို့ ထင်ရပေမယ့် ဇာတ်လမ်းကို ထောက်ပံ့ပေးထားတဲ့ ဇာတ်ဝင်ခန်းတစ်ချို့တွေကြောင့် ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဆုံး သတ် ခါနီးမှာ လုပ်သွားတဲ့ လှည့်ကွက်က ပညာသားပါပါတယ်။ ဒါပေမယ့် ဇာတ်သိမ်းပိုင်းကိုတော့ လိုတာထက် ပိုဆွဲပြီး ပရိတ်သတ်အကြိုက် Happy Ending လုပ်သွားတာကတော့ ဇာတ်လမ်းရဲ့ ရသကို ပျက်စေပြီး ဇာတ်ကားကောင်းတစ်ကားရဲ့ အဖြစ်ကနေ ပေါ့ပေါ့တန်တန်ဖြစ်သွားစေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ဇာတ်လမ်း ဇာတ်အိမ်ကောင်းပြီး မင်းသား Paul Walker အလွမ်းပြေကြည့်လို့ ကောင်းတဲ့ ဇာတ်ကားပါ။ ကလေးတွေ သတိထားပြီးကြည့်စေချင်ပါတယ်။ မကြည့်ရင်တော့ အကောင်းဆုံးပါ။

#Sololay

Movie Link
http://viooz.co/movies/2432-running-scared-2006.html


Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2