Posts

Showing posts from September, 2014

A Walk Among the Tombstones

A Walk Among the Tombstones #ရုပ်ရှင်မိတ်ဆက် ဒီနေ့ ကစပြီး ရုပ်ရှင်မိတ်ဆက်လေးတွေ ပြန်တင်ပေးပါ့မယ်။ ဒီကားကတော့ Liam Neeson ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Psychological Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားကတော့ ၁၈ နှစ်အောက်ကလေးတွေ မကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပြီး၊ ကလေးတွေ မကြည့်သင့်ပါဘူး။ မိသားစုတူတူလည်းကြည့်ဖို့အဆင်မပြေပါဘူး။ Nudity တစ်ချို့ နဲ့ စိတ်ခြောက်ခြားစရာ တစ်ချို့ ပါဝင်တာကြောင့် ကလေးတွေကို မပြတာပိုကောင်းပါတယ်။ ဇာတ်လမ်းကတော့ မင်းသားကြီး Liam Neeson (Matt Scudder) က အရင်တုန်းက ရဲအရာရှိတစ်ယောက်ဖြစ်ပေမယ့် လက်ရှိမှာတော့ သူက Private Investigator တစ်ယောက် ဖြစ်နေပြီး၊ တရားဝင်လိုင်စင်လည်း မရှိပါဘူး။ သူက ရဲအဖြစ်တာဝန်ထမ်းဆောင်တုန်းက အရက်စွဲနေသူဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ ရဲ့ တာဝန်ပြီးလို့ အရက်ဝင်သောက်နေတုန်းမှာ၊ အရက်ဆိုင်ကို လူဆိုးသုံးယောက် ဓါးပြ၀င်တိုက်ရင်း  အပြန်အလှန်ပစ်ခတ်ကြရာမှာ Matt က နှစ်ယောက်ကို အသေသတ်ပြီး တစ်ယောက်ကို တော့ ခြေထောက်ကိုပစ်ပြီး ဖမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုပစ်ခတ်ကြရင်းနဲ့ Matt ရဲ့ ကျည်ဆံက လမ်းပေါ်က ၇ နှစ်သမီးလေး ထိမှန်ပြီး ကလေးမလေး သေသွ