Posts

Showing posts from April, 2014

The Other Woman (2014) - Movie Review

The Other Woman (2014) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်သတ်ကြီးကို တစ်မျိုးထူးခြားတဲ့ ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ Drama ကားလေးဆိုပေမယ့် ချစ်ကွဲညား ဇာတ်ကားမျိုးမဟုတ်ပဲ၊ အမြင်ဆန်းဆန်းနဲ့ ရိုက်ကူး ထားပါတယ်။ The Other Man ဆိုတာ မင်းသား ကြီး Liam Neeson နဲ့ Antonio Banderas တို့ရိုက်ကူးထားတာဖြစ်ပြီး၊ အဲ့ဒီကားမှာက Liam Nesson ရဲ့ မိန်းမက Antonio နဲ့ ဖောက်ပြန်တာကို ဇာတ်လမ်းလုပ် ရိုက်ကူးထားပါတယ်။ အခုကားကတော့ Cameron Diaz, Leslie Mann (Change-up), Kate Upton တို့အဓိကပါဝင်ထားပြီး၊ Niki Minaj က ဧည့်သည်သရုပ်ဆောင်အဖြစ် ၃ လေးခန်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက Cameron Diaz နဲ့ တွဲနေတဲ့ Mark ဆိုသူက အိမ်ထောင်ရှိနေရဲ့ နဲ့ မိန်းမရှုပ်တဲ့သူဖြစ်ပြီး၊ Cameron Diaz အပြင် တခြားမိန်းမတွေနဲ့ပါ ရှုပ်ထားသူဖြစ်ပါတယ်။ Mark ရဲ့ မိန်းမ Kate အဖြစ်သရုပ်ဆောင်တဲ့ Leslie Mann က ဒါကိုသိသွားတဲ့နောက်မှာ Carly (Cameron Diaz) ကို လာဆွေးနွေးရင်းနဲ့ သူ့ယောက်ျားရဲ့ အရှုပ်တော်ပုံတွေကို တဖြည်းဖြည်းသိလာပါတယ်။ Carly က ရှေ့နေတစ်ဦးလည်းဖြစ်ပြီး နဂိုထဲကလည်း မသိလို့ တွဲမိတာဖြစ်လို့ မိန်းမရ

Spider-Man 3 (2007) - Movie Review

Spider-Man 3 (2007) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ Spider-Man သုံးကားမှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ အညံ့ဆုံးကားလည်းဖြစ်ပါတယ်။ The Amazing Spider-Man မထွက်ခင်မှာ Spider-Man 4 အတွက် Sony က စီစဉ်ခဲ့ပြီး၊ Spider-Man ရဲ့ ငယ်ဘ၀ကို ပြန်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် မင်းသား Tobey Maguire က အသက် သုံးဆယ်ကျော် တစ်ယောက်အနေနဲ့ ဆယ်ကျော်သက် ဘ၀ကို ရိုက်ကူးဖို့ မသင့်တော်ဘူးလို့ ငြင်းပယ်ခဲ့သလို၊ မင်းသမီးကလည်း ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် Amazing Spider-Man အနေနဲ့ Reboot လုပ်ခဲ့ပြီး Director Sam Raimi ကိုဆက်ရိုက်ခိုင်းပေမယ့် Scrip ကို မကြိုက်တာကြောင့် ဒါရိုက်တာကလည်း ငြင်းခဲ့ပါတယ်။ ဒီဇာတ်ကားမှာ တကယ်ဆိုရင် Spider-Man ရဲ့ အဓိကရန်သူတွေဖြစ်တဲ့ Sandman နဲ့ Venom ပါဝင်လာသလို၊ Green Goblin အဖြစ်လည်း Harry Osborn (The Amazing Spider-Man 2 မှာ ပါမယ့် Green Goblin ဖြစ်ပါတယ်။) က ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Spider-Man ရဲ့ Comic Book ထဲက ချစ်သူ ဖြစ်တဲ့ Gwen Stacy (Marry Jane က Gwen Stacy သေပြီးမှာ Spider-Man ချစ်သူဖြစ်လာတာပါ။ Marry Jane နဲ့ Harry က Spider-Man ရဲ့ ကလေးဘ၀တုန်းက သူငယ်ချင်းဖြစ်

Spider-Man 2 (2004) - Movie Review

Spider-Man 2 (2004) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ၂၀၀၄ ခုနှစ်အထိ ထွက်ထားသမျှ Superheros ဇာတ်ကားတွေထဲမှာ အကောင်းဆုံးကားလို့ လို့ တောင် သတ်မှတ်ခံထားရတဲ့ ကားဖြစ်ပါတယ်။ ဒီလို ပြောရတဲ့အထိလည်း တကယ်ကောင်းခဲ့တဲ့ဇာတ်ကားဖြစ်သလို၊ ပထမ ကားထက်လည်း အများကြီး သာခဲ့ပါတယ်။ ဒီကားမှာတော့ Spider-man က Peter Parker ရဲ့ နေ့စဉ် လုပ်ငန်းခွင်၊ ကျောင်း၊ မေတ္တာရေး စတာတွေနဲ့ Spider-Man ဘ၀ နှစ်ခု ကြားမှာ ရုန်းကန်နေရပုံကို တင်ဆက်ထားပြီး၊ နောက်ဆုံး Spider-Man မဖြစ်ချင်တော့တာကြောင့်၊ သူ့ရဲ့ စွမ်းအားတွေပါ ပျောက်ကွယ်သွားပါတယ်။ ဒီအချိန်မှာပဲ New York မှာ Doc-Oct လို့ခေါ်တဲ့ ဗီလိန်တစ်ဦးထွက်ပေါ်လာပြီး၊ အဲ့ဒီဗီလိန်ကတော့ Peter Parker လေးစားရတဲ့ သိပ္ပံပညာရှင်တစ်ဦးလည်းဖြစ်တဲ့ Otto Octavius ဖြစ်နေပါတယ်။ Doc-Oct ကိုတားဆီးဖို့၊ သူ့ချစ်သူ Marry Jane ကို ကယ်တင်ဖို့အတွက် လိုလာတဲ့အချိန်၊Spider-Man မရှိတဲ့ New York မြို့မှာ မှုခင်းတွေ များနေတာ တွေကြောင့် နောက်ဆုံး Spider-Man ပြန်ဖြစ်လာတဲ့ Peter Parker နဲ့ Doc-Oct တို့ ထိပ်တိုက်ရင်ဆိုင်ကြပုံ ကို တင်ဆက်ထားပါတယ်။ ဒီကားမှာ ပါတဲ့ ရထားကိုကယ်တဲ့ အခန်းက ကျွန်တော့်

Spider-Man (2002) - Movie Review

Spider-Man (2002) - Movie Link Included #ရုပ်ရှင်မိတ်ဆက် The Amazing Spider-Man 2 မထွက်ခင် မူလလက်ဟောင်း Spider-man ဖြစ်တဲ့ ဒါရိုက်တာ Sam Raimi ရဲ့ Spider-Man သုံးကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို စိတ်ကြေနပ်မှုပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက သာမန်အထက်တန်းကျောင်းသား Peter Parker ဘ၀ကနေ ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို အဓိပ္ပာယ်ရှိရှိ အသုံး ချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက ရိုက်ကူးထားပါတယ်။ Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသားဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee ကစတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သူ့ရဲ့ စိတ်ကူးကို ထုတ်ဝေသူကို ပြောပြချိန်မှာ ထုတ်ေ

Beautiful Mind (2001) - Movie Review

Beautiful Mind (2001) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားလေးကတော့ တောင်းဆိုထားတာလည်းကြာပါပြီ။ အခုမှပဲ တင်ဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်သလို ကြည့်လည်း ကြည့်သင့်ပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ ဒီကားကို ပျင်းစရာ ကောင်းတယ်လို့ ထင်နိုင်ပါတယ်။ တကယ်ကောင်းတဲ့ကားပါ။ ဇာတ်လမ်းက Biopic (လူတစ်ယောက်ရဲ့ ဘ၀အမှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာကို Biopic လို့ခေါ်ပါတယ်။) ဖြစ်ပြီး၊ John Nash လို့ခေါ်တဲ့ သင်္ချာပညာရှင်တစ်ယောက်ရဲ့ ဘ၀ကို ဇာတ်လမ်းရိုက်ကူး ထားတာပါ။ John Nash က Nobel Laureate in Economics ဆုရှင်ဖြစ်ပြီး၊ သူ့ရဲ့ Equation တွေက Economy ကို အများကြီး အထောက်အကူပြု့ခဲ့ပါတယ်။ သူက ၁၉၅၇ ခုနှစ်မှာ Princeton University မှာ ပညာတော်သင်ဆုရခဲ့ပြီး ပညာသင်ကြားခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့ အခါမှာလည်း ကျောင်းမှာပဲ ဆရာအဖြစ်နဲ့ ပြန်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ ဇာတ်ကားက သူဘ၀အကြောင်းကို ဖော်ကြူးထားပြီး၊ သူဘယ်လို ရုန်းကန်ရပုံ၊ အခက်အခဲတွေတွေ့ ရပုံ၊ အခက်အခဲတွေကို ဘယ်လို အောင်မြင်အောင်ကျော်ဖြတ်နိုင်ခဲ့လို့ Nobel ဆုရှင်အဖြစ် ချီးမြှောက်ခံရ ပုံတွေကို ပီပီပြင်ပြင် တင်ဆက်ထားပါတယ်။ Biopic ဖြစ်လို့ ဇာတ်လမ်းအသေးစိတ်

Transcendence (2014) - Movie Review

Image
Transcendence (2014) - Movie Review #ရုပ်ရှင်မိတ်ဆက် Johnny Depp ရဲ့ Transcendence ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်း ကောင်းတစ်ကားဖြစ်ပြီး၊ Sci-fi/Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။ မတူညီတဲ့ အမြင်လေးတွေနဲ့ တင်ဆက်ထားသလို၊ Vis ual Effect တွေလည်းကောင်းပါတယ်။ ဒါပေမယ့် သာမန် Sci-Fi ဇာတ်ကားတွေရဲ့ အစဉ်အလာထဲကတော့ ခွဲမထွက်နိုင်သေးပါဘူး။ အထူးသဖြင့် Thriller ဇာတ်ကားဆိုပေမယ့် စိတ်လှုပ်ရှားမှု အပြည့်အ၀တော့ မပေးနိုင်ပါဘူး။ ဇာတ်လမ်းအတက်အကျ မမှန်ပဲ ပရိတ်သတ်ကို စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်ပါဘူး။ ဇာတ်လမ်း တစ်ဝက်မှာထဲက ဘာဖြစ်မလည်း ဆိုတာ ခန့်မှန်းလို့ရနေတာကလည်း ကျွန်ေတာ့်အတွက်တော့ စိတ်ပျက်စရာအနည်းငယ်ဖြစ်ရပါတယ်။ ရုံထဲက ထွက်လာတာနဲ့ ကောင်းလိုက်တာကွာလို့ ဖြစ်မသွားပဲ အပျင်းပြေကြည့်ခဲ့ရတာပဲရှိပါတယ်။ မင်းသား Johnny Depp ကတော့ ထုံးစံအတိုင်း သရုပ်ဆောင် ကောင်းကောင်းနဲ့ သရုပ်ဆောင်သွားသလို မင်းသမီး Rebecca ကလည်း ယောက်ျားကို အချစ်ကြီးတဲ့ မိန်းမနေရာမှာ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ ပါတယ်။ သာမန် ဇာတ်ကားတွေထက် အနည်းငယ်သာပြီး ရုံမှာ သွားကြည့်ရတာ တန်လောက် အောင် တော့ မကောင်းပါဘူး။ ဒါ

Draft Day - Movie Review (April 11, 2014)

Draft Day - Movie Review (April 11, 2014) :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ Kevin Costner ရဲ့ Draft Day ဆိုတဲ့ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက NFL (National Football League) ရဲ့ အရေးအပါဆုံးနေ့တစ်နေ့ ဖြစ်တဲ့ Draft Day ကို အဓိကထားရိုက်ကူး ထားပေမယ့် ရုပ်ရှင်ပရိတ်သတ်အားလုံး ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအကြောင်း မပြောခင် Draft Day ဆိုတာ ဘာလည်းဆိုတာ ပြောပြချင်ပါတယ်။ Draft Day မှာ NFL (National Football League) က ကလပ်အသင်း ၃၂ သင်းက College Football player တွေကို ရွေးချယ်ရတာဖြစ်ပါတယ်။ ဒီ နေရာက ကလပ်အသင်း တွေအတွက် လူသစ်စုဆောင်းတဲ့ နေရာဖြစ်ပါတယ်။ 1st Pick ရတဲ့အသင်းက အကောင်းဆုံးလူကို ရွေးချယ်ခွင့် ရှိပါတယ်။ ဒါ့အပြင် ပွဲမစခင်နဲ့ ပွဲအတွင်းမှာလည်း အသင်းအချင်းချင်း ညှိနှိုင်းပြီး Pickတွေကို လည်းလှယ်ခွင့်ရှိပါတယ်။ ဇာတ်လမ်းကတော့ အဲ့ဒီနေ့မှာ ဖြစ်ပျက်တဲ့ အကြောင်းအရာတွေကို ရိုက်ကူးတင်ဆက်ထားပြီး၊ Cleveland မြို့ က Browns အသင်းရဲ့ မန်နေဂျာ အဖြစ်သရုပ်ဆောင်တဲ့ Kevin Costner ကို အဓိကထားရိုက်ကူးထားပါတယ်။ သူ့ရဲ့အဖေက ဒီအသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သလို၊ သူတို့အသင်းကလည်း တစ်

How To Train Your Dragon - Movie Link Included

How To Train Your Dragon - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်သတ်ကြိုက် ကာတွန်းဇာတ်ကားကောင်းလေး နဲ့မိတ်ဆက်ပေးချင်ပါတယ်။ How To Train Your Dragon က ကာတွန်းကား ဆိုပေမယ့် လူကြီးလူငယ်မရွေး ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်း နဲ့ ရိုက်ကူးထားပြီး ပရိတ်သတ် ကိုဖမ်းစားထားနိုင်သလို၊ 3D Animation ကလည်း ကောင်းသလို၊ Pixar ကာတွန်းကားတွေလောက် နီးပါးကောင်းမွန်တာကိုလည်း တွေရပါတယ်။ ကျွန်ေတာ့်အကြိုက်ဆုံး ကာတွန်းကားတွေထဲမှာ တစ်ကားအပါအ၀င်ဖြစ်သလို ပရိတ်သတ်ကို အပန်းပြေစေမယ့် ဇာတ်ကားကောင်းဖြစ်လို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ပရိတ်သတ်အားပေးမှုရရှိထားတဲ့ ဒီကားက နောက်ဆက်တွဲအဖြစ် 2014 June 13 မှာ ထပ်မံထွက်လာ မှာဖြစ်ပါတယ်။ Spoiler Alert ဇာတ်လမ်းကတော့ Viking တွေနေတဲ့ကျေးရွာ ကို နဂါးတွေက အမြဲတမ်းလိုလို လာတိုက်ခိုက်လေ့ရှိပြီး၊ သူတို့တွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေ၊ စားနပ်ရိက္ခာတွေကို လုယူလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Viking တွေက အလျော့မပေးပဲ ရသလောက်ခုခံ၊ ပြီးနေနေကြပါတယ်။ သူတို့ ဆီမှာ ဖမ်းမိထားတဲ့ နဂါးတွေ လည်းရှိပြီး၊ နဂါးတွေကို ရင်ဆိုင်ဖို့ လည်း Viking မျိုးဆက်သစ

Captain America: The Winter Soldier (2014)

Captain America: The Winter Solider (April 4 2014) #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ ပထမဇာတ်ကားထက်အများကြီးပိုကောင်းပြီး Batman ၃ကားနဲ့ Avengers ပြီးရင် အကောင်းဆုံး Superhero ဇာတ်ကားဖြစ်ပါတယ်။ Man Of Steel ထက်တောင်မှ ပိုကောင်းတယ်လို့ပြောချင်ပါတယ်။ ဒီဇာက်ကားက Captain America: The Winter Solider ကာတွန်းစာအုပ်ကို အခြေခံပြီး ရိုက်ကားထားတာ ဖြစ်သလို၊ ကာတွန်းထဲက ဇာတ်ဝင်ခန်းတော်တော်များများကိုလည်း ဇာတ်ကားမှာ အသုံး ပြုထားတာတွေ့ရပါတယ်။ ဒါကြောင့် Comic ပရိတ်သတ်တွေအကြိုက်တွေ့စေမှာလည်းဖြစ်ပါတယ်။ ဒါအပြင် Captain America က ဒီကားမှာ အရင်ကားတွေထက် (Captain America: The First Avenger, Avengers) အက်ရှင်ခန်းတွေ၊ Fighting ခန်းတွေပိုများပြီး၊ Fight Scene တွေကလည်းတကယ့်ကို ပီပီပြင်ပြင် ရိုက်ကူးထားတာတွေ့ရပါတယ်။ အထူးသဖြင့် ပထမဆုံး အခန်းမှာဆိုရင် Captain America ရဲ့ Speed, Agility, Strength နဲ့ သူ့ရဲ့ Shield ကိုသုံးပြီး ရန်သူတွေကို ရင်ဆိုင်သွားတာကလည်း လက်ရှိထွက်ထားသမျှ Superheros ကားတွေအားလုံးထဲ မှာ အကောင်းဆုံး Fight Scene လို့ပြောလို့ရပါတယ်။ ကျွန်တော့်အကြိုက်ဆုံး Batman ကားတွေထဲက Fight Scene ထက်တောင်မှပိုကောင