Posts

Showing posts from February, 2014

RoboCop (2014) - Movie Review

RoboCop (2014) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကားက မထွက်ခင်ကတည်းက ပြောထားခဲ့သလိုပါပဲ ၁၉၈၀ ခုနှစ်တွေတုန်းကထွက်ခဲ့တဲ့ RoboCop ကို Remake ပြန်လုပ်ထားပေမယ့် မူလကားကို လုံးဝမမှီပါဘူး။ ဇာတ်လမ်းကတော့ ပထမကားနဲ့ သိပ်မတူပါဘူး။ မူလကားမှာ Detroit မြို့တော်ဝန်က ရဲဌာနကို OCP ကုမ္ပဏီကို လွှဲပေးပြီး ငွေထောက်ပံ့ခိုင်းရာက OCP က လူတွေအစား စက်ရုပ်တွေအစားထိုးဖို့လုပ်ပါတယ်။ အဲ့ဒီမှာ သူ့တို့ရဲ့စက်ရုပ်က အဆင်မပြေဖြစ်ပြီး၊ စက်၇ုပ်သီးသန့်အစား လူနဲ့ စက်နဲ့ပေါင်းဖို့ အစီအစဉ်လုပ်ပါတယ်။ အဲ့ဒီမှာ Officer Murphy က လူဆိုးတွေ ရက်ရက်စက်စက်သတ်တာ ခံရပေမယ့် အသက်မသေခင်မှာပဲ စက်ရုပ်အဖြစ် OCP ကပြောင်းပေးလိုက်ပြီး RobCop ဖြစ်လာပါတယ်။ ၂၀၁၄ ကားမှာတော့ OCP ကစက်ရုပ်တွေကို ထုတ်လုပ်ထားနိုင်ပြီး အမေရိကန်ရဲ့ လက်အောက်ခံနိုင်ငံတွေ ဖြစ်တဲ့ အရှေ့အလယ်ပိုင်း၊ ဗီယက်နမ်၊ ကိုရီးယား နဲ့ အခြားအခြားသော နိုင်ငံတွေမှာ သုံးနေပေမယ့် အမေရိကန်နိုင်ငံ မှာတော့ ဥပဒေအရတားမြစ်ထားပါတယ်။ ပြည်သူတွေက စက်ရုပ်တွေကို မယုံကြည်ကြသလို လူတွေလို ဆုံးဖြတ်နိုင်စွမ်းမရှိတာ၊ လူတွေလို အမှားအမှန် ဝေဖန် ပိုင်းခြားနိုင်စွမ်းမရှိတာကြောင့် လက်မခံကြပါဘူး။ အဲ့ဒီဒါကြောင့် အ

Brick Mansions - Movie Preview

Image
Brick Mansions - Movie Preview (April 25, 2014) #ရုပ်ရှင်မိတ်ဆက်

Guardian of the Galaxy (2014) - Movie Preview

Image
Guardian of the Galaxy (2014) - Movie Preview #ရုပ်ရှင်မိတ်ဆက်

Up (2009)

Image
Up (2009) - Movie Link Included #ရုပ်ရှင်မိတ်ဆက်

The Lake House (2006)

The Lake House (2006) - Movie Link included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ နာမည်ကြီး မင်းသားချော Keanu Reeves (The Matrix, 47 Ronin) နဲ့ မင်းသမီးချော Sandra Bullock (Gravity) တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Romantic ကားကောင်းတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ Valentine's Day အတွက် အသင့်တော်ဆုံး ဇာတ်ကားတစ်ကားဖြစ် သလို စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအစမှာ အချိန်က ၂၀၀၆ ခုနှစ် Valentine's Day မှာ Sandra Bullock (Dr. Kate Froster) က လူတစ်ယောက် ကားလမ်းဖြတ်ကူးရင်း ကားတိုက်ခံရတာကိုတွေ့လိုက်ရပြီး ကယ်တင်ဖို့ကြိုးစားပေမယ့် အဲ့ဒီလူက သေသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Kate က သူနေခဲ့တဲ့ Wisconsin မြို့က Lake House ကနေ Chicago မြို့ကိုပြောင်းတော့ မှာဖြစ်လို့ နောက်ထပ်ရောက် လာမယ့်သူ့ကို သူ့မရဲ့စာတွေ ရောက်လာရင် ပို့ပေးဖို့ရယ်၊ လူသွားလမ်းပေါ်က ဆေးပေနေတဲ့ ခွေးခြေရာ လေးတွေက သူမမနေခင်ထဲကရှိတာပါလို့ စာရေးရှင်းပြပြီး စာတိုက်ပုံးထဲမှာ ထားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ မင်းသား Keanu Reeves (Alex Wyler) က သူရဲ့ ခွေးလေးနဲ့အတူ Lake House ကိုရောက်လာပြီး စာတိုက်ပုံးထဲက စာကိုတွေ့သွားပါတယ်။ သူမပြောသလိ

Oscar Nomination နဲ့ ရုပ်ရှင်မိတ်ဆက်ရဲ့အမြင် (၂၀၁၄)

Image
Oscar အတွက် ကျွန်တော်တို့ရဲ့ အမြင်နဲ့ ခန့်မှန်းချက်လေးကို ပရိတ်သတ်အတွက် တင်ဆက်ပေးထားပါတယ်။ ကျွန်တော်တို့ သိတဲ့ Category တွေကိုပဲ ခန့်မှန်းပေးထားပါတယ်။ ပရိတ်သတ်ကြီးလည်း ပါဝင်ခန့်မှန်းပေးကြပါဦး။

Hitch (2005) - Movie Link Included

Hitch (2005) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါလည်း Will Smith ရဲ့ Fancy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချစ်ပါတယ်။ Drama/Comedy ကားကောင်းလေးတစ်ကားဖြစ်ပြီး၊ ပေါ့ပေါ့ပါးပါး လေး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Alex Hitchens (Will Smith) က တက္ကသိုလ်မှာတုန်းက ရိုးရိုးအအ ကောင်လေး တစ်ယောက်ဖြစ်ပြီး ကောင်မလေးတစ်ယောက်ကို စွဲစွဲလန်းလန်း ချစ်မိရာက အဲ့ဒီကောင်မလေး ရဲ့ သစ္စာဖောက် စွန့်ပစ်တာကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူက သူတင်မက တစ်ခြား ယောက်ျားလေးတွေပါ နောက်တစ်ခါ ဒါမျိုးမဖြစ်ရအောင် ယောက်ျားလေးတွေကို နည်းပြလုပ်ပေးတဲ့ Date Doctor (အချစ်နည်းပြ လို့ပဲဆီလျော်အောင်ပြန်လိုက်ပါတော့မယ်) အဖြစ် လုပ်ရင်းကနေ သူ့ရဲ့ ပုံမှန် စီးပွားရေးဖြစ်လာပါတယ်။ Hitch ဆီလာအလုပ်အပ်တဲ့ သူတွေအများစုက၊ သူတို့ ချစ်နေတဲ့ မိန်းကလေး ကို ဖွင့်မပြောရဲလို့ပဲဖြစ်ဖြစ်၊ ကောင်မလေးက သူတို့ထက် အများကြီး သာနေလို့ သူတို့ကို ပြန်မကြိုက် မှာ ဆိုးလို့ပဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် ကောင်မလေးတစ်ယောက်နဲ့ အဆင်ပြေအောင် လုပ်ပေးဖို့ Hitch ဆီလာကြတာဖြစ်ပါတယ်။ Hitch ကပိုက်ဆံယူပြီး လုပ်ပေးတယ်ဆိုပေမယ့် တကယ့် စေတနာနဲ့ လုပ်ပေ

The Pursuit of Happyness (2006) - Movie Link Included

The Pursuit of Happyness (2006) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားတစ်ခါတော့ Will Smith အကယ်ဒမီစာရင်းဝင်ခဲ့တဲ့ ဇာတ်ကား၊ Will Smith ရဲ့ အကောင်းဆုံး ဇာတ်ရုပ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ The Pursuit of Happyness (Happiness) နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားအကြောင်းပြောရရင် ပြောစရာတွေ အရမ်းများပြီး Detail ပြောလိုက်ရင် ဇာတ်ကားကြည့်ရတဲ့ အရသာပျက်သွား ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဘာကြောင့် ကြည့်သင်တယ် ဘာလို့ကောင်းတယ် ဘယ်လိုကောင်းတယ်ဆိုတာကိုပဲ အသေးစိတ်ပြောပြချင်ပါတယ်။ ဇာတ်လမ်းအကြောင်းအနည်းငယ်ပြောပြရရင် အချိန်က ၁၉၈၁ ခုနှစ်၊ San Francisco မြို့ Chris Gardiner က သူ့ရဲ့မိန်းမ နဲ့ အတူ သားလေးတစ်ယောက် ရှိပါတယ်။ သူတို့ရဲ့ လင်မယားက သူတို့ စုထားတဲ့ ပိုက်ဆံတွေကို Bone Scanner Machine တွေကို ၀ယ်ယူရင်းနှီးမြုပ်နှံလိုက်ပြီး Chris က ဒါတွေကို ဆရာဝန်တွေဆီမှာ လိုက်ရောင်းရပါတယ်။ ဒါက သူတို့ ထင်ထားသလောက် အရောင်းအ၀ယ် မဖြစ်လာတဲ့အချိန်မှာ တော့ Chris ရဲ့ မိန်းမက သားနဲ့ ယောက်ျားကို ပစ်ပြီး New York ကိုထွက်သွားခဲ့ ပါတယ်။ ဒီလိုနဲ့ သားတစ်ယောက်နဲ့ ကျန်ခဲ့တဲ့ Chris က Stock ကုမ္ပဏီတစ်ခုက မန်နေဂျာ တစ်ယေ

Ride Along (2014)

Image
Ride Along (2014) - Movie Link Included  #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ အက်ရှင်ဟာသကားတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒီကားမှာ Ice Cube (Are We There Yet, Barbershop)  နဲ့ Kevin Heart (Grudge Match, This is the End) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက Kevin Heart (Ben) က Ice Cube (James) ရဲ့ညီမနဲ့ ချစ်သူတွေဖြစ်နေကြပြီး၊ ကောင်မလေးက Ben ကို သူ့အကိုနဲ့ အဆင်ပြေစေချင်ပါတယ်။ James ကတော့ Ben ကို မျက်မုန်းကျိုးနေပြီး သူ့ညီမနဲ့ သဘောမတူပါဘူး။ ဒါကြောင့် Ben က သူ့ယောက်ဖလောင်း နဲ့ အဆင်ပြေ အောင် ယောက်ဖလိုပဲ ရဲတစ်ယောက်ဖြစ်အောင် အလုပ်လျှောက်ပါတယ်။ Ben ကို Police Academy က လက်ခံလိုက်တဲ့နေ့မှာပဲ James ကို ပြောပြတော့ James က Ben ကို ဒုက္ခပေးဖို့ အကြံရသွားပါတယ်။ James က Ben ကို သူ့ညီမကို ယူဖို့ အရည်အချင်း ရှိကြောင်း ပြဖို့အတွက် ၁ရက် အချိန်ပေးပါတယ်။ အဲ့ဒီတစ်ရက်မှာ သူနဲ့ လိုက်ပြီး မြို့ကို Patrol လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ရဲဖြစ်ဖို့ အရည်အချင်းရှိတယ်လို့ပြနိုင်ရင် သဘောတူမှာဖြစ် တယ်လို့ ပြောပေမယ့် တကယ်တမ်းကျတော့ James က  Ben ကို ဒုက္ခပေးဖို့ ခေါ်သွားတာဖြစ်ပြီး၊ သူတို့ နှစ်ယောက် ရဲ့ တစ်နေ့တာကို ဟာသ နှောပြီး