The World's End (2013)

The Wolrd's End (23 August 2013)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာထွက်တဲ့ ကားတွေထဲမှာ ဒုတိယမြောက် Alien ကိုဟာသနှောပြီး တင်ဆက်ထားတဲ့
ကားလို့ပြောလို့ရပါတယ်။ (ပထမဇာတ်လမ်းကတော့ This Is The End ပါ။) ဒီဇာတ်ကားကတော့ အင်္ဂလန်နိုင်ငံကို ဇာတ်အိမ်တည်
ရိုက်ကူးထားတာဖြစ်ပြီး၊ ဇာတ်လမ်းကတော့
သူငယ်ချင်း ၅ယောက် အထက်တန်းကျောင်းနောက်ဆုံးနေ့မှာ 
သူတို့မြို့မှာရှိတဲ့ ဘီယာဘား ၁၂ ခုလုံးမှာ တစ်ဆိုင်ကို တစ်ခွက်နှုံးနဲ့ လိုက်သောက်ပြီး အပီကဲဖို့ပါ.။ ဒါပေမယ့်
အဲ့ဒီနေ့မှာ အပြီးမသောက်နိုင်ပဲ ကြေနပ်ခဲ့ရပါတယ်။ ဒါကြောင့် အနှစ်၂၀ ကြာတဲ့အခါမှာ
သူငယ်ချင်းတွေပြန်ဆုံပြီး သူတို့နေခဲ့တဲ့မြို့လေးကိုပြန်သွားပြီး ဘား ၁၂ ခုလုံးစုံအောင်သောက်ကြဖို့ပါ။ ဇာတ်လမ်းအကျဉ်းကတော့
မြို့ထဲကိုပြန်ရောက်တာတဲ့အချိန်မှာ သူတို့မြို့ကလူတွေရဲ့နေရာမှာ Alien တွေ အစားထိုး ပြီးနေ နေကြတာကို
သိလိုက်ရပြီး သူတို့ကိုယ်တိုင်ပါ Alien တွေလက်ထဲက ဘယ်လိုလွတ်အောင်လုပ်ကြတယ်ဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးတင်ဆက်ထားတာပါ။

ဇာတ်လမ်းရဲ့ အဓိက တည်ချက်ပျောက်နေတယ်လို့ခံစားရပါတယ်။ အထူးသဖြင့် ဒီရုပ်ရှင်ကို Horror မဖြစ်အောင်ရယ်၊
ဟာသကားဆန်ဆန် ရယ် ရိုက်ထားတာကြောင့်ပါ။ ဟာသတွေက ဟောင်းနေပြီလို့ခံစားရပြီး၊ 
ဗြိတိသျှလေသံနဲ့ပြောတာဖြစ်လို့ တစ်ချို့အသံတွေကနားထောင်ဖို့ခက်သလို ကျွန်တော်တို့
မသိတဲ့ ပြက်လုံးတွေ လည်းများပါတယ်။ သရုပ်ဆောင်မှုအပိုင်းမှာတော့ အပြစ်ပြောစရာမရှိပါဘူး.။ အားလုံးတော်ကြပါတယ်။
ဇာတ်လမ်းကတော့ အစပိုင်းမှာ အရမ်းကြီးဆွဲဆောင်မှုမရှိပေမယ့် ဇာတ်ရှိန်မြင့်လာတာနဲ့အမျှ ကြည့်လို့ကောင်းလာပါတယ်။
အထူးသဖြင့် ဇာတ်သိမ်းပိုင်းက (ဒီလိုဇာတ်ကားမျိုးအတွက်) ဘယ်သူမှမထင်ထားတဲ့ အဆုံးသတ်မှုမျိုးလုပ်ပြသွားတာကြောင့်
ထူးခြားတယ်လို့ပြောလို့ရပါတယ်။ အရမ်းကောင်းတဲ့ ဇာတ်ကားမျိုးမဟုတ်ပေမယ့် အပျင်းပြေကြည့်ဖို့တော့ မဆိုးဘူးလို့
ဆိုရမှာပါ။

ဇာတ်ကားကတော့ Rated R ဖြစ်ပြီး ၁၈နှစ်အောက်လူငယ်တွေ မိဘမပါပဲ မကြည့်သင့်ဖူးလို့ဆိုထားပါတယ်။
လိင်နဲ့ပတ်သက်တဲ့ပြက်လုံးတွေအနည်းငယ်ပါပြီး၊ အဖေါ်အချွတ်လည်းအနည်းငယ်ပါပါတယ်။ ကလပ်တစ်ခုမှာ
ကကြတဲ့အခန်းက လည်း ကလေးတွေကြည့်ဖို့မသင့်တော်ပါဘူး.။

ခြုံပြောရရင်တော့ ဒီဇာတ်ကားကနေ အများကြီးမမျှော်လင့်ထားပဲ အပျင်းပြေလောက်သာကြည့်သင့်ပါတယ်။
ရုံမှာကြည့်မယ့်အစား အခွေထွက်မှပဲ အိမ်မှာ ကြည့်ဖို့ပိုကောင်းတဲ့ ကားမျိုးပါ.။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2