Posts

Showing posts from December, 2013

47 Ronin

47 Ronin (2013) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီကားကတော့ တစ်ချိန်က နာမည်ကြီးမင်းသား Keanu Reeves ပါဝင်သရုပ်ဆောင်ထားပြီး ဂျပန် ရဲ့ သမိုင်းဝင် သူရဲကောင်း ၄၇ ယောက်ရဲ့ တကယ့်အဖြစ်အပျက်တွေက နေ အိုင်ဒီယာယူပြီး Sci-Fi, Fantasy ဇာတ်ကားအနေနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကိုမပြောခင်မှာ တစ်ခုကြိုပြောချင်တာက ဒီကားကို ကြည့်တဲ့အခါ ဒီကားက လက်ရှိကျွန်တော် တို့ ကမ္ဘာထဲမှာဖြစ်နေတာမဟုတ်ပဲ တစ်ခြား Parallel ကမ္ဘာတစ်ခုမှာ ဖြစ်နေတာလို့ သဘောထားပြီး ကြည့်ရင်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဟယ်ရီပေါ်တာတို့၊ Batman: The Dark Knight Return (Animation) တို့ လိုမျိုးပါ။ ဟယ်ရီပေါ်တာလို တကယ်မရှိတာကို စိတ်ကူးယဉ် ဆန်ဆန် လက်ရှိကမ္ဘာနဲ့ တွဲရိုက်ထားပြီး၊ Batman ကာတွန်းလို့ လက်ရှိ Batman Main stream ကာတွန်းမှာ မဟုတ်တဲ့ ဇာတ်လမ်းကို တစ်ခြားစင်္ကြာဝဠာတစ်ခု (Parallel Universe) အနေနဲ့ ရိုက်ကူးထားပါတယ်။ တစ်ချို့က ဒီကားကိုကြည့်ပြီး မကောင်းဘူး၊ ဂျပန် ၇ိုးရာကို စော်ကားတယ် လို့ ပြောနေတာဟာ အထက်က ကျွန်တော် ပြောသလို သဘောမထားလို့ပါ။ ဒီကားက သမိုင်း ကြောင်းပြန်ပြောပြတဲ့၊ History, Biography မဟုတ်ပါဘူး။ Fantasy ကားပါ။ ဇာတ်လမ်း

ရုပ်ရှင်ကို ခံစားကြည့်ရှုခြင်း

Image
ရုပ်ရှင်ကို ခံစားကြည့်ရှုခြင်း

Home Alone (1990)

Home Alone (1990) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်သတ်နဲ့ ရင်းနှီးပြီးသား ရုပ်ရှင်ကားဖြစ်တဲ့ Home Alone ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက Christmas ကာလကို ဇာတ်အိမ်တည်ရိုက်ကူးထား သလို အကောင်းဆုံး Christmas ဇာတ်လမ်းတွေထဲက တစ်ကားဖြစ်လို့ အခုလို အချိန်မှာ မိတ်ဆက်ပေး တာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိပြီးတဲ့ အတိုင်း ၈နှစ်သား Kevin က မိသားစု ခရီးမှာ ပါမသွားပဲ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့ပါတယ်။ ဒီအချိန်မှာ ရပ်ကွက်ထဲမှာ လှည့်ပြီး ခိုးနေတဲ့ သူခိုး နှစ်ယောက် ကို တစ်ယောက်တည်း ရင်ဆိုင် ရပုံကို ဟာသနှောပြီး တင်ဆက်ထားသလို၊ လမ်းတစ်ဝက်ရောက်မှ သားဖြစ်သူ မပါလာတာကို သိလိုက်ရတဲ့ Kevin ရဲ့အမေ က ပြင်သစ်ကိုရောက်ရောက်ချင်း လေဆိပ်က နေ လှည့်ပြန်ဖို့ ကြိုးစားပေမယ့် Christmas ကာလဖြစ်တာ ကြောင့် လေယာဉ်တွေအားလုံး လူပြည့်နေပါတယ်။ ဒါ့အပြင် သူ့အိမ်ကိုလည်း ဖုန်းခေါ်လို့မရ၊ အိမ်နီးနားချင်းတွေ အကုန်လုံးလည်း ခရီးသွားနေကြတာ မို့ သားဖြစ်သူကို စိုးရိမ် စိတ်နဲ့ သောကေ၇ာက်ရပုံ၊ Chicago က နေအိမ်ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ အရောက် ပြန်ပုံ တို့ကို ပညာသားပါပါ ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒီကားက ကျွန်တော်မွေ

The Hobbit: The Desolation of Smaug (December 13 2013) - Movie Review

The Hobbit: The Desolation of Smaug (December 13 2013) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ အများမျှော်လင့်နေကြတဲ့ The Hobbit ဒုတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားက Lord of the Rings Trilogy ရဲ့ Prequel ဖြစ်ပြီး The Hobbit Trilogy ရဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။ ဒီကားမှာ Lord of the Rings ထဲက မင်းသားချော Orlando Bloom က Legolas အဖြစ်ပြန်လည်ပါဝင်လာပြီး၊ အခြား ဇာတ်ကောင်အသစ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ပထမဇာတ်ကား အစပိုင်းမှာ Dwarf တွေရဲ့ ရတနာတွေ ကြောင့် နဂါးကြီးတစ်ကောင်က Dwarf တွေ မြို့ကို ကျူးကျော်ဝင်ရောက် ခဲ့သလို Dwarf တွေလည်း သူတို့ရဲ့ မြို့ကိုစွန့်ခွာခဲ့ရပါတယ်။ ဒီကားမှာ Dwarf တွေက Gandalf နဲ့ Bilbo (Frodo ရဲ့ ဦးလေးဖြစ်သူ) ရဲ့အကူအညီနဲ့ သူတို့ မြို့ထဲကို ခိုးဝင်ပြီး နဂါးကြီးစောင့်ကြပ်နေတဲ့ ရတနာတွေထဲက Dwarf ဘုရင် ရဲ့ ရတနာ ဖြစ်တဲ့ Arkenstone ကို ၀င်ခိုးရမှာဖြစ်ပြီး၊ ဒီရတနာရှိမှသာ တခြား Dwarf တွေကို ဆင့်ခေါ်နိုင်မှာဖြစ်ပါတယ်။ ဇာတ်ကားက ထုံးစံအတိုင်း Action/Adventure ပုံစံရိုက်ကူးထားတာဖြစ်ပြီး လိုရာခရီးကို ရောက်အောင်သွားရင်းနဲ့ အန္တာရာယ်ကြုံတွေ့တာတွေ၊ စွန့်စားခန်းေ

Good Will Hunting

Good Will Hunting - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ ပရိတ်သတ်ကြိုက်မင်းသား Matt Daemon ရဲ့ Oscar ဆုရ ဇာတ်ကား Good Will Hunting နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို Matt Daemon နဲ့ Ben Afleck တို့ နှစ်ယောက် ဇာတ်လမ်းရေးသားခဲ့ပြီး၊ ဇာတ်လမ်းဆုနဲ့ ဇာတ်ပို့ဆု နဲ့ အကယ်ဒီမီ၂ခုရခဲ့ပါတယ်။ ဇာတ်လမ်းကတော့ မင်းသား Matt Daemon (Will Hunting) က MIT (Massachusetts Institute of Technology) တက္ကသိုလ်မှာ သန့်ရှင်းရေးအဖြစ်အလုပ်လုပ်ပြီး၊ သူက ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီး ပညာရှာသလို၊ ဥာဏ်ရည်ထက်မြက်သူတစ်ဦးလည်းဖြစ်ပါတယ်။ ထူးချွန်သူတစ်ဦးဖြစ်သလို သူမှာ၊ photographic memory လို့ခေါ်တဲ့ တစ်ခါကြည့်ရုံနဲ့ မှတ်မိနိုင်လောက်တဲ့ မှတ်ဥာဏ် ပိုင်ရှင်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ MIT က Professor Lambeau က သူ့ရဲ့တပည့်တွေကို ပညာစမ်းဖို့ မေးခွန်းတစ်ခု ကို Notice Board မှာတင်လိုက်ပါတယ်။ ဒါကို Will က လွယ်လွယ်ကူကူ အဖြေထုတ်ပေးလိုက်ပေမယ့် အမည်မဖော်ပဲ ဒီတိုင်းပဲ ဖြေပေးလိုက်ပါတယ်။ ဒါကြောင့် Prof: Lambeau က နောက်တစ်ကြိမ် ထပ်မေးခွန်းထုတ်ခဲ့ပြီး ဖြေဆိုတဲ့သူကို သိအောင်လုပ်ပေမယ့် ဒီတစ်ကြိမ်မှာ လည်း Will က ရှောင်ထွက်သွားခဲ

Homefront (2013) - Movie Link Included

Homefront (2013) - Movie Link Included #ရုပ်ရှင်မိတ်ဆက် ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။ မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ၀င်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ဖြန့်ပေးဖို့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းက စတားလုံး၊ မင်းသားက Jason ဆိုတော့ ဇာတ်လမ်းကလည်း ကျွန်တော်တို့ ခေတ်က အက်ရှင်ကားကောင်း တစ်ကားရဲ့ အငွေ့အသက် အပြည့်အ၀ပါပါတယ်

Running Scared (2006) - Movie Link Included

Image
Running Scared (2006) - Movie Link Included #ရုပ်ရှင်မိတ်ဆက်

The Hunger Games: Catching Fire (2013) - Movie Link Included (Poor Quality)

Image
The Hunger Games: Catching Fire (2013) - Movie Link Included (Poor Quality) ရုပ်ရှင်မိတ်ဆက်

Fast Five - Movie Link Included

Image
Fast Five (2011) - Movie Link Included ရုပ်ရှင်မိတ်ဆက်