Thor: The Dark World - Movie Review by ရုပ်ရှင်မိတ်ဆက်

Thor: The Dark World (2013)



ရုပ်ရှင်မိတ်ဆက်



Thor ရဲ့ဒုတိယမြောက်ကားက တော့ ပထမကားတုန်းက လိုမဟုတ်ပဲ Thor ကိုပိုပြီး နေရာပေးလာပါတယ်။ ပထမကားတုန်းက Thor ကို မိတ်ဆက်နေတာနဲ့ တင်အချိန်ကုန်နေပြီး သူ့ကို Hero တစ်ယောက်ဖြစ်လာအောင် ဇာတ်လမ်းဆင်နေတာနဲ့ တင် ရုပ်ရှင်တစ်ကားပြီးသွားပါတယ်။ ဒီတစ်ခါတော့ Thor ကို ရုပ်ရှင်စလာတာနဲ့ Action များများ၊ ချ ခန်းများများနဲ့ လုပ်ကွက်ပေးထားပါတယ်။

ဇာတ်လမ်းအဖွင့်မှာ Odin က လက်ရှိ စင်္ကြာဝဠာထဲမှာ ဘာမှမရှိခင်ကာလတုန်းက အရာအားလုံး အမှောင်အတိဖြစ်နေပြီး အဲ့ဒီအမှောင်ထုထဲမှာ Dark Elf လို့ခေါ်တဲ့ လူမျိုးစုတွေ အမှောင်ထဲမှာနေထိုင်ကြပါတယ်။ အဲ့ဒီနောက်မှာ အလင်းရောင်ဖြစ်ပေါ်လာပြီး တစ်ခြား သတ္တ၀ါတွေ ဖြစ်လာပြီးနဲ့နောက်မှာ Dark Elf မင်းသားက စင်္ကြ၀ဠာကြီးကို အရင်လို အမှောင် ဘ၀ ပြန်ရောက်အောင်လုပ်ဖို့ကြိုးစားရာမှာ Odin ရဲ့အဖေ Bor က တားဆီးနိုင်ခဲ့ပါတယ်။

Dark Elf (Malekith) ရဲ့ လက်နှက် အဖြစ်သုံးတဲ့ Aether လို့ခေါ်တဲ့ အရာဝတ္ထုကိုတော့ ဖျက်ဆီးလို့မဖြစ်လို့ ဘယ်သူမှာ မတွေ့နိုင်တဲ့နေရာမှာ ဖွက်ထားခဲ့ပါတယ်။ ဒါကို မင်းသမီး Natalie Portman က Thor နဲ့ အဆက်အသွယ်၇ဖို့ ကြိုးစားနေရင်းနဲ့ မထင်မှတ်ပဲ ရှာတွေ့သွားခဲ့ပါတယ်။ (ကမ္ဘာတွေအားလုံးက နှစ်ပေါင်း ၅၀၀၀ မှာတစ်ကြိမ် တစ်တန်းထဲ ကျပြီး တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိတယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်မှာ Malekith က ကမ္ဘာအားလုံရဲ့ နေတွေကို ဖျက်ဆီးဖို့ကြိုးစားတာပါ။) အဲ့လိုအချိတ်အဆက်ဖြစ်နေတဲ့ အချိန်မှာ မင်းသမီး က မထင်မှတ်ပဲ Aether ကို ဖွက်ထားတဲ့ ဂြိုလ်ပေါ်ရောက်သွားပြီး Aether က သူ့ကိုယ်ထဲ ၀င်သွားသလို Malekith ကလည်း Aether ရဲ့ စွမ်းအားကို အာရုံခံမိသွားပြီး Natalie Portman အနောက်ကို လိုက်ဖို့ကြိုးစား သလို Thor ကလည်း သူချစ်သူကို ရော ကမ္ဘာကြီးကိုပါ Malekith ရဲ့လက်က နေ ကယ်တင်ရပုံတွေကို ကြည့်ရှုခံစားရမှာပါ။

Superman, Batman ကားတွေလောက် ကြည့်လို့မကောင်းပေမယ့် သာမန်ကားတွေထက်တော့ အများကြီး သာပါတယ်။ Ender's Game ထက်စာရင် Thor ကပိုပြီး အပျင်းပြေသလို ပရိတ်သတ် ကြိုက်လည်း ဖြစ်မှာပါ။

Avenger နောက်ပိုင်းရိုက်တဲ့ကားဖြစ်လို့ Thor တစ်ယောက်ထည်း London မှာ ကမ္ဘာကြီးကို ကယ်တင်နေချိန်မှာ ကျန်တဲ့ သူတွေဘယ်ရောက်နေလည်း၊ SHIELD ဘယ်ရောက်နေလည်းလို့ ပဲ ကြံဖန် တွေးစရာရှိပါတယ်။

Superhero ကားကောင်းတစ်ကားပါ။ Christopher Nolan (Batman Trilogy & Man of Steel) ကျေးဇူးနဲ့ Hollywood လည်း Fairy Tales ရုပ်ရှင်တွေရော၊ Superhero ရုပ်ရှင်တွေရော၊ အကုန်လုံး Dark ဖက်ကို ကူးကုန်ပြီ။ စူပါမင်းတောင်မှ ရန်သူကို လည်ချိုးသတ်တဲ့ ဘ၀ဖြစ်နေပြီ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ (No Sex, No Nudity, No Gory) Rated ကတော့ PG-13 ပါ။

#Sololay

Trailer
https://www.youtube.com/watch?v=4KTvjFGgGkk

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2