Posts

Showing posts from May, 2015

Mad Max

Mad Max: Road Warrior - Movie Review :) :) :) :) :) :) :) :) :) -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက ၁၉၇၉ တုန်းက ထွက်ခဲ့တဲ့ မင်းသားကြီး Mel Gibson ရဲ့ Mad Max ဇာတ်လမ်းတွဲကို ဇာတ်လမ်းကျောရိုးယူပြီး ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက Rated-R ဖြစ်ပြီး ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်ကားမှာ မင်းသား Tom Hardy က Max အဖြစ်သရုပ်ဆောင်ထားပြီး၊ Charlize Theron နဲ့ Nicholas Hoult က တွဲဖက် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက ကမ္ဘာပျက်ပြီးနောက် Australia ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပြီး၊ ဒီဇာတ်လမ်းထဲက Australia မှာ လူတိုင်းက ဓါတ်ဆီကို လုနေကြပါတယ်။ ဒီဇာတ်ကားက သာမန် Remade ဇာတ်ကားတွေလို Original Mad Max ကို အသစ်အနေနဲ့ ပြန်ရိုက်ထားတာ ဇာတ်လမ်းကျောရိုးကိုပဲယူပြီး ဇာတ်အိမ်အသစ်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားမှာ Superhero ကားတွေလို Robocop (2014)  လို ဇာတ်လမ်းကမင်းသားရဲ့ Origin (သူရဲ့နောက်ကြောင်း) ကို အချိန်ကုန်ခံပြီး ပြမနေပါဘူး။ Max က ဘယ်လိုလူမျိုးလည်းဆိုတာ တခါတည်းတန်းပြပြီး ဇာတ်လမ်း ကို စတင်ထားပါတယ်။ ဒီကားမှာ မင်းသားရဲ့ နောက်ကြောင်းကို သာမက ဇာတ်ကောင်တွေတော်တော်များများရဲ့ နောက်ကြောင်း

Flightplan

Flightplan - Movie Review (2005) #ရုပ်ရှင်မိတ်ဆက် အမေများနေ့မှာ အမေနဲ့ပတ်သက်တဲ့ကားလေးတစ်ကားတင်ပေးဖို့ စဉ်းစားရင်းနဲ့ဒီကား ကိုသတိရသွားလို့ပါ။ ဇာတ်လမ်းကအကောင်းကြီးမဟုတ်ပေမယ့် အပျင်းပြေကြည့်ဖို့အစဉ်ပြေပါတယ်။ Kyle (Jodie Foster) က လေယာဉ်ပျံဒီဇိုင်းဆွဲတဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး၊ Berlin, Germany မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ယောက်ျားဖြစ်သူ အလုပ်ခွင်မှာ ဆုံးပါးသွားလို့ နေရပ်ဖြစ်တဲ့ အမေရိကားကို ပြန်ပြီး သဂြိုလ်ဖို့ စီစဉ်ပါတယ်။ သူမစီးရတဲ့ လေယာဉ်က သူမဒီဇိုင်းဆွဲထားတဲ့လေယာဉ်ပဲ  ဖြစ်ပါတယ်။ သူမမှာ သမီးလေးတစ်ယောက် ကျန်ခဲ့ပြီး သမီးနဲ့ အတူတူ လေယာဉ်ပေါ်ကို တက်ပြီး၊ အိပ်စက်အနားယူရင်း လိုက်ပါလာပါတယ်။ ဒါပေမယ့် တရေးနိုးလို့ကြည့်လိုက်တော့ သမီးကအနားမှာမရှိတော့တာကြောင့် လိုက်ရှာရင်း သမီးပျောက်နေမှန်းသိလိုက်ရပါတယ်။ ဒီနေရာမှာ လေယာဉ်ပေါ်က ၀န်ထမ်းတွေ အကုန်ဝိုင်းရှာပေးကြပေမယ့် ရှာမတွေ့ပါဘူး။ ဒါ့အပြင် သူမ သမီးကို ဘယ်သူမှမလည်း မတွေ့ကြသလို၊ လေယာဉ်ပေါ်တက်လာတာကိုလည်း မတွေ့ကြပါဘူး။ သူမနဲ့တူတူထိုင်နေတာကိုလည်း မတွေ့ဖူး၊ ကလေးပါတယ်ဆိုတာကိုလည်း ဘယ်သူမှ သတိမထားမိဘူးလို့ ဆိုလာကြတဲ့အခါမှာတော့၊ လေယာဉ်ပေါ်ကလူတေ