47 Ronin (December 25, 2013) - Movie Preview

47 Ronin - Preview






ရုပ်ရှင်မိတ်ဆက်



ဒီကားကတော့ ဂျပန် ဆာမူရိုင်း ၄၇ ယောက်ရဲ့ တကယ်အဖြစ်အပျက်ကို အခြေခံပြီး စိတ်ကူးယဉ် သိပ္ပံကား အဖြစ် အသွင်ပြောင်းထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားက မှော်ဆရာတွေ၊ မကောင်းဆိုးဝါးတွေ ရဲ့ ကမ္ဘာထဲမှာ အခြေခံရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသား က Keanu Reeves က တစ်ချိန်က အရမ်းနာမည်ကြီးခဲ့ပြီး ၂၁ရာစု သိပ္ပံကား (Sci-fi) တွေလမ်းသစ်ဖွင့်ပေးခဲ့တဲ့ ရုပ်ရှင်၊ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်ပိုင် ဇာတ်လမ်းကျောရိုး၊ မူပိုင် စိတ်ကူးနဲ့ ရိုက်ကူးပြီး ထွက်ပြီးသား ဘယ်ရုပ်ရှင်ကားကိုမှ ကိုးကားခြင်းမရှိတဲ့ ပထမဆုံး သော သိပ္ပံကား၊ သူ့ရဲ့တီထွင်မှုတွေကို နောက်ထပ် ရုပ်ရှင်ကားပေါင်းများစွာက လိုက်တုကြရတဲ့အထိ အောင်မြင်ခဲ့တဲ့ကားတစ်ကား  ဖြစ်တဲ့ The Matrix နဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီး၊ The Matrix ကားတွေ အပြီးမှာ သူ့ရဲ့ သရုပ်ဆောင် ပိုင်းက အကျဘက်ကို ရောက်လာပါတယ်။

ဒါပေမယ့် ဒီကားကတော့ Keanu Reeves ရဲ့ မင်းသားဘ၀ကို တကျော့ပြန် အောင်မြင်မှုတွေရစေမလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဇာတ်လမ်းကတော့ သာမန် သိပ္ပံအက်ရှင်ကားဖြစ်ပြီး Kai (Keanu Reeves) က ဂျပန်မှာ အပယ်ခံဘ၀ကနေ ဆာမူရိုင်းအဖွဲ့နဲ့ပေါင်းမိပြီး မိစ္စာတွေကို ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Trailer မှာတော့ Keanu Reeves ကို ပြန်တွေ့ရတာဟာ Matrix ထဲက Neo ကို ပြန်အမှတ်ရစေပါတယ်။ ဒါပေမယ့် ဒီကားကတော့ The Matrix သုံးကားလုံး၇ဲ့ Standard ကိုမှီမှာမဟုတ်ပါဘူး။

သို့သော်လည်း Trailer ထဲက CG (Computer Graphic) ကတော့ သိပ်အဆိုးကြီးမဟုတ်လှပါဘူး။ အများကြီးမျှော်လင့်လို့မရပေမယ့် ၁၀နှစ်အတွင်းမှာ Keanu Reeves ကို ဇာတ်ကားကောင်းတစ်ကားနဲ့ ပြန်ကြည့်ရမှာဖြစ်လို့ ပရိတ်သတ်တွေ ရင်ခုံရမယ့်ကားတစ်ကားလို့ ထင်မိပါတယ်။

#Sololay

Trailer
http://www.youtube.com/watch?v=pRnlvU90lSI


Comments

  1. ကျွန်တော်ရဲ့ www.myanmarsubtitlemovie.blogspot.com မှာကူးယူဖော်ပြထားပါတယ်ခင်ဗျာ...
    အဆင်ပြေမယ်ဆိုရင်နောက်လဲ ကူးယူဖော်ပြလိုပါတယ်ခင်ဗျာ...

    ReplyDelete
    Replies
    1. ရပါတယ် ခင်ဗျာ။ ကျွန်တော့် ဘလော့မှာ သိပ်ပြီး Up to date မတင်နိုင်ပေမယ့် ကျွန်တော့် Facebook.com/moviesformyanmar မှာ တင်ထားပါတယ်။

      Delete

Post a Comment

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2