Monsters University (2013)

Monsters University (2013)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

ဒီတစ်ခါ ရုပ်ရှင်ပရိသတ်အတွက် ဒီနှစ်ထဲမှာထွက်ထားတဲ့ နာမည်ကြီး ကားသစ်လည်းဖြစ်၊ လူကြီးလူငယ် အရွယ်စုံကြိုက်မဲ့ ကာတွန်းဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကာတွန်းကားနဲ့ ပတ်သက်လို့ လူတော်တော်များရှိပြီးသား အစွဲနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။ ကာတွန်းကားဆိုတာနဲ့ အများထင်သလို ကလေးပဲ ကြည့်ရမယ်ဆိုတာ မဟုတ်ပါဘူး။ Hero လူစွမ်းကောင်းဇာတ်လမ်းတွေ ( ဥပမာ - Spider Man, Despicable Me, Super Man) တော်တော်များများ ကလေးတွေကို အဓိကဦးတည်ပြီးရိုက်ထားတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အခု မိတ်ဆက်မဲ့ Monsters ဇာတ်လမ်းကတော့ သာမန်ကလေးကာတွန်းဇာတ်လမ်းတွေနဲ့ မတူကွဲထွက်ထားတဲ့ လူကြီးတွေနဲ့ပါ သက်ဆိုင်တဲ့ ကားဖြစ်တယ်ဆိုတာ ဇာတ်လမ်းအကျဉ်းကို ဖတ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
Monsters University ကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော် (၂၀၀၁ ခုနှစ်) က ထွက်ထားတဲ့ Monsters Inc ရဲ့ ဒုတိယကား၊ ဇာတ်လမ်းအားဖြင့် အရှေ့က ဖြစ်ရပ်(Prequel) ပါ။ 

ဇာတ်လမ်းအကျဉ်းကတော့
ပထမဇာတ်လမ်းမှာ ကြောက်စရာအကောင်းဆုံးသတ္တ၀ါများလုပ်ငန်း (Monsters Incorporation) မှာ လုပ်ကိုင်နေတဲ့ Mike ရဲ့ ဘ၀ဇာတ်ကြောင်းကို နောက်ကြောင်းပြန်ရိုက်ထားတာပါ။ အသက် ခြောက်နှစ်အရွယ် Mike ဟာ ကျောင်းမှ လေ့လာရေး အလည်အပတ်ခရီးအနေဖြင့် Monsters Incorporation ရဲ့ လုပ်ငန်းစဉ်ကို သွားရောက်လေ့လာရင်း နောင်တချိန်မှာ ကြောက်စရာအကောင်းဆုံး သတ၀ါဖြစ်ဖို့ သူ့ဘ၀ရဲ့အိမ်မက်ကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူဟာ အရွယ်ရောက်လာတဲ့အခါ Monsters University မှာ သူဖြစ်ချင်ခဲ့တဲ့ ဒီကြောက်စရာကောင်းအောင် ခြှောက်လှန့်ရတဲ့ ဘာသာရပ်ဝင်ခွင့်ရဖို့ မဆုတ်မနစ် ကြိုးပမ်းခဲ့ရပုံများကို ရိုက်ကူးတင်ဆက်ထားပါတယ်။ 

ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင် Mike ဟာ မွေးကတည်းက အထုံပါရမီမပါပေမဲ့လည်း နေ့မအားညမအား မရပ်မနားကြိုးစားခဲ့တဲ့အတွက် သူ့အတွက် ထိုက်တန်တဲ့ နေရာတစ်နေရာဆိုတာ ရှိစမြဲပါဆိုတာကို ပြချင်တာပါ။ ဘေးပတ်ဝန်းကျင်က မည်သို့ဆိုစေ၊ မဖြစ်နိုင်ဘူးဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ကိုယ့်ဘ၀ရဲ့ ရည်မှန်းချက်ကို လက်မလျှော့လိုက်ဖို့၊ ပညာရပ်တခုကို အမှန်တကယ်တတ်မြောက်ချင်ရင် ကိုယ်ကိုယ်တိုင် လေ့လာဖို့ စိတ်ပါဝင်စားမှုရှိရမှာဖြစ်ပြီး၊ အချိန်နဲ့ ဇွဲလုံလ ၀ီရိယသာစိုက်ထုတ်လိုက်ရင် အဲဒီမဖြစ်နိုင်ဘူးဆိုတဲ့ အတားအဆီးတွေအားလုံးကို ရင်ဆိုင်ကျော်လွှားနိုင်တယ်ဆိုတာ အတုယူစရာတွေ့ရပါတယ်။ ဖြစ်ချင်တိုင်း မဖြစ်ရတဲ့ လောကကြီးမှာ၊ ဖြစ်လေရာမှာ အကောင်းဆုံးကြိုးစား ရမယ်ဆိုတာကလည်း ဒီဇာတ်လမ်းက ပေးတဲ့ သင်ခန်းစာတွေထဲက တစ်ခုဖြစ်ပါတယ်။
ဇာတ်လမ်းရည်ရွယ်ချက် ကောင်းသလို၊ ဖန်တီးချက်၊ ရိုက်ကူးတင်ပြပုံလည်း အင်မတန်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားကြည့်ရင်း အမေရိကားမှာရှိတဲ့ နာမည်ကြီး တက္ကသိုလ်ကျောင်းသားဘ၀ကို တစေ့တစောင်း လေ့လာလို့ရနိုင်ပါတယ်။ 

Rated G (General Audience; Standard Language Usage, No Sex, No Nudity, No Violence) ဖြစ်လို့ ကလေးလူငယ်လူကြီးအရွယ်စုံ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တယ်ဆိုတာ အသိပေးရင်း ပရိသတ်များ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းပါရစေ။

Admin #Jisu

Movie Link 
http://watch32.com/movies-online/monsters-university-2801

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2