Maleficent (2014) - Movie Preview

Maleficent


လာပြန်ပြီ Christopher Nolan ရေ။ Christopher Nolan ရဲ့ Batman ကား တွေကြောင့် Hollywood က ပရိတ်သတ်အကြိုက် ဘယ်လိုရိုက်ရမလည်း ဆိုတာ သိသွားပြီး Nolan ရဲ့လမ်းစဉ်အတိုင်း ရိုက်လို့ရသမျှ Sci-Fi ကားတွေကို Dark ဖြစ်အောင်ပဲ ရိုက်နေကြပါတယ်။ (Snow White and the Huntsman, Superman, Thor:The Dark Wold, Hansel and Gretel,...)

Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်းဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ၀င်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက်ကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိပြီးမသေပဲ၊ နှစ်တစ်၇ာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ နိုးမယ်လို့ ဆုတောင်းပေးခဲ့ပါတယ်။

ဒီကားကတော့ Sleeping Beauty ဇာတ်လမ်းကို Maleficent ဆိုတဲ့မှော်ဆရာမ နေရာကနေ ရိုက်ကူးထားတာပါ။ ရင်သားကင်ဆာ ရောဂါကနေ ပြန်သက်သာလာတဲ့ Angelina Jolie က Maleficent အဖြစ် သရုပ်ဆောင်ထားပါတယ်။ Sci-Fi နဲ့ Jolie ပရိတ်သတ်တွေ အကြိုက်တွေ့မှာပါ။

Trailer
https://www.youtube.com/watch?v=704EXbJ-b5k

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2