Posts

Showing posts from April, 2017

Guardians of the Galaxy: Vol 2

Image
Guardians of the Galaxy: Vol 2 - Spoiler Free review :) :) :) :) :) :) :) :) :) -_- #ရုပ်ရှင်မိတ်ဆက်ွGuardians of the Galaxy: Vol 2 က မေလမှ ရုံတင်မှာဖြစ်လို့ ဇာတ်လမ်းအကြောင်း ဘာမှမပြောပဲ ကျွန်တော့်အမြင်ကိုပဲ တင်ပြမှာဖြစ်ပါတယ်။ ဇာတ်လမ်းထွက်ပြီးတဲ့အချိန် ကျမှပဲ ဒီကားကို Spoiler Review ထပ်တင်ပေးပါ့မယ်။ GOG ပထမကားက ဇာတ်ကောင်တွေအကုန် ပြန်ပါလာတဲ့အပြင် နောက်ထပ်ဇာတ်ကောင်သစ်တွေလည်း ထပ်မံအားဖြည့်ထားပါတယ်။ ဇာတ်ကားထဲမှာ Easter Egg တွေ အခြား MCU ဇာတ်ကားတွေအတွက် References တွေအများကြီးပါပြီး နောက်ထပ် ထပ်ထွက်မဲ့ ဇာတ်ကားတွေမှာ ပါမယ့် ဇာတ်ကောင်တွေကိုလည်း သဲလွန်စပေးထားတာ တွေ့ရပါတယ်။ ဒီကားမှာ ပရိတ်သတ်ကြီး သဘောအကျဆုံးဖြစ်မယ့်ဇာတ်ကောင်က Baby Groot ဖြစ်မှာ ကြိမ်းသေဖြစ်ပါတယ်။ ဇာတ်ကောင်တိုင်းက ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျဖြစ်သလို၊ သဘာဝကျကျဟာသမြောက်အောင်လည်း တင်ဆက်ထားနိုင်ပါတယ်။ ပထမဇာတ်ကားထက် အက်ရှင်ဇာတ်ဝင်ခန်းတွေ ပိုများသလို၊ ဟာသတွေကလည်း ပိုရီရတာကိုတွေ့ရပါတယ်။ ပထမကားထဲမှာပရိသတ်ကြီးရင်းနှီးပြီးသား Drax နဲ့ ဇာတ်ကောင်အသစ် Mantis တို့ နှစ်ယောက်ရဲ့ အပြန်အလှန် စကားပြောခန်တွေက ဇာတ်လမ်းထဲမှာ အရီရဆုံးဖြစ်ပါတယ်။ ဒီ