San Andreas (2015)

San Andreas (2015) - Movie Review (Spoiler!!!)

#ရုပ်ရှင်မိတ်ဆက်

ဒီကားက Dwyane 'The Rock' Johnson ပါဝင်သရုပ်ဆောင်ထားပြီး Race To the Witch Mountain ဇာတ်ကားမှာ တူတူတွဲသရုပ်ဆောင်ဖူးတဲ့ Carla Gugino နဲ့ ပြန်တွဲဖက်သရုပ်ဆောင်ထားပါတယ်။ Disaster Movie ဖြစ်ပြီးတော့ ဇာတ်လမ်းက သိပ်မရှုပ်ပါဘူး။ California State က မြောက်အမေရိကားတိုက် ရဲ့ အနောက်ဖက် ခြမ်းမှာရှိပြီးတော့ သူ့မှာ မိုင် ၈၁၀ ရှည်ပါတဲ့ San Andreas (ဆန်အန်-ဒရေး-ရပ်(စ်)၊ ဆန်းအန်းဒရပ်စ် လို့ မှားပြီးထွက်လေ့ရှိပါတယ်။) ငလျင်ကြောကြီးရှိပြီး ဒီငလျင်ကြောကြီးက နှစ်ပေါင်း ၁၅၀ ကျော်မှာတစ်ခါ ငလျင်အကြီးစားလှုပ်လေ့ရှိပါတယ်။ နောက်ဆုံး အကြီးအကျယ်လှုပ်ခဲ့တာက ၁၉၉၂ ခုနှစ် ကလီဖိုးနီးယား တောင်ပိုင်းမှာဖြစ်ပြီး ပြင်းအား ၇.၃ ရှိပြီး အပျက်အစီးအများဆုံး ငလျင်ကတော့ ၁၉၀၆ ခုနှစ် San Francisco ငလျင်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ထဲမှာ ငလျင်မလှုပ်ထားတာ နှစ်တစ်ရာကျော် ကြာနေပြီ လို့ ပြောခဲ့တာဖြစ်ပြီး အပြင်မှာလည်း တကယ် ဖြစ်လာနိုင်ပါတယ်။

ဇာတ်လမ်းထဲမှာအဓိက သရုပ်ဆောင် The Rock က Firefighter တစ်ဦးဖြစ်ပြီး သူက အာဖဂန်နစ္စတန် မှာတုန်းကလည်း ကယ်ဆယ်ရေးလုပ်ခဲ့ဖူးပြီး ကယ်တင်ရေး ၆၀၀ရာကျော် လုပ်ထားဖူးသူတစ်ဦးဖြစ်ပါတယ်။ သူက အတွေ့အကြုံ ရှိ ကယ်ဆယ်ရေးသမားတစ်ယောက်ဖြစ်ပြီး၊ မိန်းမနဲ့ ကွဲနေပါတယ်။ သူ့မိန်းမက လည်း မီလျံနာ သူဌေးတစ်ယောက်နဲ့ တွဲနေပြီး တူတူနေဖို့လုပ်နေသလို၊ ကွာရှင်းစာချုပ်လည်း ပို့ထားပါတယ်။ ဇာတ်လမ်းတစ်ဝက်မှာ သူ့တို့ ရဲ့ သမီးငယ်လေးက ရေနစ်သေသွားတယ်ဆိုတာ လည်းပါလာပါတယ်။ ဇာတ်လမ်းကလည်း သူတို့ မိသားစုတူတူ ပြန်ဖြစ်ဖို့ ငလျင်လှုပ်ပေးရသလို ဖြစ်အောင် ရိုက်ကူးထားတာမို့ သိပ်တော့ ယုတ္တိမရှိလှပါဘူး။ Disaster ရုပ်ရှင်တွေ အပျက်အဆီးတွေ ကိုကြိုက်တယ်ဆိုရင်တော့ ဒီကားကို
ကြိုက်မှာဖြစ်ပါတယ်။

ဇာတ်လမ်းအစမှ Cal Tech University က Seismologist ငလျင်စောင့်ကြည့်လေ့လာသူ သိပ္ပံပညာရှင် Dr. Kim Park (Will Yun Lee) နဲ့ Lawrence Hayes (Paul Giamatti) တို့က ငလျင် မလှုပ်ခင် ကြိုတင်ခန့်မှန်းပေးနိုင်မယ့် Program နမူနာ အောင်မြင်ထားပေမယ့် လူတွေက ဂရုမစိုက်ကြပါဘူး။ ဒီလိုအချိန်မှာပဲ Kim နဲ့ Lawrence တို့က Hoover Dam (Man made wonder လို့တင်စားထားပြီးတဲ့ ရေကာထာကြီးဖြစ်ပြီး နှစ်စဉ် လူပေါင်းများစွာ သွားရောက်လေ့လာလည်ပတ်လေ့ရှိပါတယ်။) နားမှာ ငလျင်အသေးစားလေးတွေ လှုပ်မယ်လို့ သူတို့ ရဲ့ Program က ခန့်မှန်းထားတာကြောင့် သွားလေ့လာနေကြပါတယ်။ ဒီအချိန်မှာ သူတို့ ခန့်မှန်းထားတာမှန်နေတာကိုတွေ့လိုက်ရတဲ့အချိန်မှာပဲ၊ ပရိုဂရမ်က နောက်ထပ် ပြင်းအား ၇.၁ ထပ်လှုပ်မယ်လို့ ပြနေပြီး၊ တကယ်လှုပ်သွားတာကို ကြုံလိုက်ရပါတယ်။ ဒီငလျင်ကြောင့် Hoover Dam ကြီးပျက်ဆီးသွားပြီး Las Vegas မှာလည်း ရေလွှမ်းသွားပါတယ်။ ဒါ့အပြင် Dr. Kim Park ကလည်း ငလျင်လှုပ်နေစဉ်မှာ ကလေးမလေးတစ်ယောက်ကို ကယ်တင်ရာကနေ အသက်ပေးလိုက်ရပါတယ်။

ဒီအချိန်မှာ Cal Tech ကိုပြန်ရောက်လာတဲ့ Lawrence တစ်ယောက်က သူ့သူငယ်ချင်းကို ဆုံးရှံးလိုက်လို့ စိတ်ထိခိုက်နေပေမယ့် သူတို့ Program ရဲ့ ခန့်မှန်းချက်တွေမှန်တယ်ဆိုတာ သိသွားသလို လူတွေကို လည်းသတိပေးဖို့ လုပ်ပါတော့တယ်။ Dr. Kim Park ရဲ့ အသက်နဲ့ရင်းပြီးရလာတဲ့ Data တွေကြောင့် Media ကနေတဆင့်ကြေငြာဖို့လုပ်နေချိန်မှာပဲ San Andreas ငလျင်ကြောကြီးတစ်ခုလုံး လှုပ်တော့မယ်လို့ ပြလာ
ပြီး ငလျင်လှုပ်ခတ်မှုစတင်ပါတော့တယ်။ ကလီဖိုးနီးယားတောင်ပိုင်း Los Angeles မြို့ကစပြီး မြောက်ပိုင်း San Francisco အထိ လှုပ်ခတ်သွားတဲ့ ငလျင်က ပြင်းအား ၉.၁ ရှိပြီး အပျက်အဆီးတော်တော်များပါတယ်။

ဒါပေမယ့် ဒီငလျင်က မပြီးသေးပဲ နောက်ထပ် အလားတူ အင်အားပြင်းငလျင် တစ်ခု ထပ်လှုပ်မှာဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ အပြင်းဆုံး ငလျင် ဖြစ်တဲ့ 1960ခုနှစ် က ပြင်းအား ၉.၅ရှိတဲ့ ချီလီ ငလျင် ထက်ပိုကြီးမှာဖြစ်ပြီး၊ ဒီငလျင်က မြောက်ပိုင်း San Francisco မြို့ကို အဓိက ထိခိုက်စေမှာဖြစ်ပါတယ်။ ဒီငလျင် ဘယ်လောက်အား ပြင်းမလဲဆိုရင် အနောက်ပိုင်း မှာ လှုပ်မှာဖြစ်ပေမယ့် မိုင်သုံးထောင်ကျော်ဝေးတဲ့ East Coast (New York, New Jersey) တို့မှာပါ သိလိမ့်မယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါကြောင့် San Fran မြို့က လူတွေကို မြို့ထဲကနေ ဝေးရာကိုသွားကြဖို့ သတိပေးထုတ်ပြန်လိုက်ပြီး၊ လူတွေကို စတင် ရွေ့ပြောင်းပါတော့တယ်။

ဒီကားက Disaster ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ အက်ရှင်ကောင်းကောင်း၊ Effect ကောင်းကောင်း နဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် The Rock ကလည်း ဒီကားကို တကယ့် သရုပ်ဆောင်ကောင်းကောင်း နဲ့ သရုပ်ဆောင်ထားတာ ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းကတော့ သမရိုးကျ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ အဆုံးသတ်ကိုလည်း ကျွန်တော် စိတ်တိုင်းမကျပါဘူး။ Effect ကောင်းကောင်းနဲ့ ကြည့်ချင်ပြီး၊ The Rock ကိုလည်းကြိုရင်တော့ သွားကြည့်သင့်ပါတယ်။ မဟုတ်ရင် တော့ အခွေထွက်တဲ့အထိစောင့်ပြီးမှ ကြည့်သင့်ပါတယ်။ No Sex, No Nudity ပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ ဇာတ်လမ်းက သိပ်မကောင်းပေမယ့်လည်း Effect ကောင်းကောင်း တွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။

#Sololay


Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2