Minions (2015) - Movie Review

Minions (July 10, 2015) - Movie Review

#ရုပ်ရှင်မိတ်ဆက်



ဒီကားက Despicable Me 1 & 2 နဲ့ လူသိများလာတဲ့ Minions လေးတွေရဲ့ Origin ကို ဇာတ်လမ်းလုပ် ရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Despicable Me ထဲက Gru နဲ့မတွေ့ခင် အဖြစ်အပျက်တွေကို ပြထားတာဖြစ်ပါတယ်။ ဇာတ်ကားက ထွေလာထဲမှာ ပါသလိုပဲ minions လေးတွေက လူတွေထက် နှစ်ထောင်ပေါင်းများစွာစောရှိနေတာ ဖြစ်ပြီး၊ ကမ္ဘာဦးအစထဲက သခင်ကောင်းကောင်း ကိုရှာပြီ အလုပ်အကျွေးပြုဖို့ ဖြစ်လာတယ်လို့ ဆိုပါတယ်။ နှစ်သန်းပေါင်းများစွာ ပြောင်းသွားပေမယ့် သူတို့ နဲ့ကိုက်တဲ့ သူကိုရှာမတွေ့သေးပဲဖြစ်နေပြီး၊ Minions လေးတွေက ဦးတည်ရာမဲ့နေပါတယ်။

ဒါကြောင့် Kevin ဆိုတဲ့ Minion လေးက ဦးဆောင်ပြီး သူတို့အတွက်သင့်တော်မယ့် သူတို့ အလုပ်အကျွေးပြုရမယ့် Villain တစ်ယောက်ကို ရှာဖို့ထွက်ခဲ့ပါတယ်။ ဒီလို ထွက်လာရာမှာ Kevin နဲ့အတူ Bob နဲ့ Stuart တို့နှစ်ယောက်က လိုက်လာခဲ့ပြီး ဆရာသခင်ရှာပုံတော်ထွက်ပါတော့တယ်။ ဒီကနေမှ America ကိုရောက်လာပြီး Villain-Con (Villain Convention လို့ခေါ်ပြီး ဗီလိန်တွေ စုံစည်းကြတဲ့နေရာဖြစ်ပါတယ်။) ကို သွားရင်းက နာမည်ကြီး Super Villain ဖြစ်တဲ့ Scarlet Overkill (Sandra Bullock) ရဲ့ တပည့်တွေအဖြစ် အလုပ်ခန့်လိုက်ပြီး England ဘုရင်မကြီးရဲ့ သရဖူကို ခိုးပေးရမယ်လို့ ခိုင်းစေပါတယ်။ ဒီအချိန်မှာ Kevin က သူ့ရဲ့ လက်ကျန် Minions တွေကို England ကိုလာဖို့ ခေါ်လိုက်ပြီး Scarlet က သူတို့ရဲ့ သခင်အဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါပေမယ့် Scarlet က Minions တွေကို အသုံးချရုံသက်သက်ဖြစ်ပြီး ဒုက္ခပေးဖို့ကြိုးစားတဲ့အခါမှာတော့ Kevin က သူ့ သူငယ်ချင်းတွေကို ကယ်တင်ဖို့ကြိုးစားရတာဖြစ်ပါတယ်။

ဒီကားက Minions တွေကို ကြိုက်တဲ့ပရိတ်သတ်တွေအတွက် သီးသန့်လိုဖြစ်နေပြီး၊ ပရိတ်သတ်တွေက Minions လေးတွေကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုကြိုက်မှာပါ။ ဇာတ်လမ်းအရ ဆိုရင်တော့ ဒီကားက ကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်း ပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတော့မဟုတ်ပါဘူး။ ရီရတဲ့ ဇာတ်ကား တစ်ကားအဖြစ်ရိုက်ထားပြီး၊ ကလေးတွေနဲ့ မိန်ကလေးတွေကို အဓိက ပစ်မှတ်ထားပြီး ရိုက်ထားတဲ့ကားလို့ပြောလို့ရပါတယ်။ Minions ချစ်သူ တွေကတော့ ဒီကားကို ကြည့်သင့်ပြီး သာမန်ပရိတ်သတ်တွေကတော့ အခွေထွက်မှပဲ ငှားကြည့်ဖို့ကောင်းပါတယ်။ ဇာတ်ကားထဲမှာ Bob က ဘုရင်ဖြစ်သွားသလို၊ Kevin ကလည်း Knight (သူကောင်းပြုခံရပြီး) Sir ဘွဲ့ချီးမြှင့်ခံရခဲ့ရပါတယ်။ ဒါ့အပြင် နောက်ဆုံးခန်းမှာ Gru က Cameo (Cameo ဆိုတာ ပရိတ်သတ်သိပြီးသား ဇာတ်ကောင် သို့မဟုတ် နာမည်ကျော်တွေက ဇာတ်ကားတစ်ကားမှာ ခဏတစ်ဖြုတ် ၀င်ပါတာကိုဆိုလိုတာဖြစ်ပါတယ်။) ပါဝင်ထားပြီး၊ Minions တွေနဲ့ စတွေပုံကို ပရိတ်သတ်တွေကိုပြထားပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2