The Walk

The Walk (Oct 2nd, 2015) - Short Review
:) :) :) :) :) :) :) :) -_- -_-
#ရုပ်ရှင်မိတ်ဆက်

ကျွန်တော်မအားလို့ Review မရေးနိုင်တဲ့ အခါမျိုးတွေမှာ ပရိတ်သတ်တွေ Review မဖတ်ရတာမျိုးတွေ မရှိတော့ အောင် အခုလို Short Review လေးတွေတင်ပေးပါမယ်။ Short Review က ကျွန်တော် ကြည့်ပြီးလို့ အရမ်းကြိုက်တဲ့ကားကိုပဲဖြစ်ဖြစ်၊ သာမန်လောက်ပဲပြောရမယ့်ကားမျိုးကိုပဲ ဖြစ်ဖြစ် တိုတို နဲ့ လိုရင်း ကို တင် ဆက်သွားမှာပါ။ Review အရှည်တွေလည်း တင်ပေးဦးမှာ ဖြစ်လို့ ဆက်ပြီး အားပေးကြပါဦးဗျာ..။

The Walk ဆိုတဲ့ ဇာတ်ကားက  Aug. 7, 1974. ပြင်သင်လူမျိုး Philippe Petit က အမေရိကန်နိုင်ငံက 9/11 အကြမ်းဖက်မှုကြောင့် ပြိုကျသွားတဲ့ World Trade Center (Twin Tower) ကို ကြိုးတန်းတန်းပြီး ကြိုးတန်းပေါ်လျှောက်ပြတဲ့ အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီကားက ကြည့်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပြီး၊ ရုံမှာသွားကြည့်သင့်ပါတယ်။ 3D, IMax 3D နဲ့ ကြည့်ရတာ အရမ်းကောင်းပါတယ်။ သူ့အကြောင်းကို Man on Wire ဆိုပြီး Documantry ထွက်ထားပါသေးတယ်။ ပြိုကျသွားပြီဖြစ်တဲ့ World Trade Center ကြီးကိုအမှတ်တရ ပြန်ကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းက အရမ်း မထူးခြားပေမယ့် ဒီကားကို ဘာလို့ ကြည့်သင့်တယ်လို့ ပြောရလည်းဆိုတော့၊ ဇာတ်ကားရဲ့ ရည်ရွယ်ချက်၊ ရိုက်ကူးတင်ဆက်ပုံနဲ့ မင်းသား Joseph Gordon-Levitt ရဲ့ သရုပ်ဆောင် အထူးကောင်းမွန်ပါတယ်။ Stunt သမားတစ်ယောက် စတန့် လုပ်တာ ဘာထူးလို့လည်းလို့ ထင်စရာရှိပါတယ်။ ဘာထူးလည်းဆိုတော့ ဇာတ်ကားက လူတိုင်း ကိုယ်ရဲ့ စိတ်ကူးယဉ်အိမ်မက်ကို အကောင် အထည်ဖေါ်ဖို့၊ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ တွန်းအားပေးနေပါတယ်။ Philippe Petit က ကလေးဘ၀ထဲက ဒီ စတန့်ကို လုပ်ပြဖို့ စိတ်ကူးခဲ့တာဖြစ်ပြီး၊ အခက်အခဲတွေကြားကနေ အောင်မြင်အောင် လုပ်ပြသွားနိုင်ပါတယ်။

နောက်တစ်ချက်က ရိုက်ကူးတင်ဆက်ထားပုံ နဲ့ 3D Effect တွေက အရမ်းပီပြင်ပြီး၊ အမြင့်အကြောက်တဲ့ သူတွေ သာမက သာမန် လူတွေတောင် သဲထိတ်ရင်ဖို ဖြစ်စေမှာဖြစ်ပါတယ်။ Rated PG ဖြစ်လို့ လူကြီး လူငယ်မရွေးကြည့်နိုင်ပြီး၊ မိသားစုတူတူကြည့်နိုင်ပါတယ်။လူငယ်တွေကို ကိုယ့်ရည်မှန်းချက်၊ စိတ်ကူး အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖေါ်ဖို့ ခွန်အားတွေဖြစ်စေမှာဖြစ်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review