Ant-Man Easter Eggs & two end-credit scenes Explained (Major Spoiler)

Ant-Man Easter Eggs & two end-credit scenes Explained (Major Spoiler)


#ရုပ်ရှင်မိတ်ဆက်

Marvel ရဲ့ ဇာတ်ကားတိုင်းမှာ Easter Eggs လေးတွေ ပါတတ်ပြီး အခြား Marvel ဇာတ်ကားတွေကို ရည်ညွှန်းပြောဆိုတာတွေ၊ သူတို့ရဲ့ Comic Book ထဲက အကြောင်းအရာ အချို့ကို တိုက်ရိုက်ရည်ညွှန်းပြောဆို တာတွေပါလေ့ရှိပါတယ်။ ဒါကိုသာမန်လူတွေက သတိမထားမိကြပေမယ့်၊ Comic Book fan တွေက မြင်လိုက်တာနဲ့ တန်းသိကြပါတယ်။ Ant-Man မှာလည်း ဒီလို references လေးတွေပါတာဖြစ်လို့၊ ပရိတ်သတ်ကြီး သိအောင် ကျွန်တော် တင်ဆက်ပေးသွားမှာပါ။ ရုပ်ရှင်မကြည့်ရသေးသူတွေ အတွက် Spoiler တွေပါမယ်လို့ ကြိုသတိပေးလိုက်ပါတယ်။


SHIELD Headquarter
ဇာတ်လမ်းအစမှာ ၁၉၈၉ ခုနှစ် ကိုနောက်ကြောင်းပြန်ပြတဲ့အခန်းမှာ အဲ့ဒီအချိန်ရဲ့ Ant-Man ဖြစ်တဲ့ Hank Pym ကို Howard Stark (Iron-Man 3 က သရုပ်ဆောင်ဖြစ်ပါတယ်။ Captain America ပထမကားက လူမဟုတ်ပါဘူး) ရယ် Peggy Carter (Captain America ပထမကားထဲက) တို့ နဲ့အတူတွေ့ရပြီး သူတို့ အစည်းအဝေးလုပ်နေတဲ့ ဌာနက Captain America: Winter Soldier ထဲက SHIELD HQ ဖြစ်ပါတယ်။ အဲ့ဒီကားထဲမှာ ပျက်ဆီးသွားပြီဖြစ်ပေမယ့် ဒီအခန်းမှာတော့ အသစ်စက်စက်ပဲရှိနေပါတယ်။

Ant-Man issue #47
Ant-Man issue #27

အဲ့ဒီနောက် ဇာတ်ဝင်ခန်းတစ်ခန်းမှာ Darren Cross က Hank Pym ရဲ့ တစ်ချိန်တုန်းက Ant-Man ရဲ့ Secret Mission တွေအကြောင်းက ကိုပြောရင်းနဲ့ "An Ant-Man. That's what they called you. Right Hank? Silly, I know. Propaganda, Tales to Astonish" လို့ပြောခဲ့ပါတယ်။ ဒီနေရာမှာ Comic book ပရိတ်သတ်တွေက ဒါက Ant-Man ရဲ့ Comic Book ကို တိုက်ရိုက် ရည်ညွှန်းပြောဆိုတာဖြစ်တယ်ဆိုတာ တန်းသိကြပါတယ်။ ဘာလို့လည်းဆိုတော့ Hank Pym ရဲ့ Ant-Man က Tales to Astonish ဆိုတဲ့ ကာတွန်း စာအုပ် Issue 27 မှာ ပထမဆုံး အကြိမ် ပါဝင်ခဲ့လို့ဖြစ်ပါတယ်။

ဇာတ်ကားမှာ Scott Lang ထောင်က ထွက်ပြေးတော့ သူ့စီးခဲ့တဲ့ ပုရွက်ဆိတ်လေးကို နောက်ပိုင်း အခန်းတွေမှာ Ant #427 လို့ခေါ်ခဲ့ပါတယ်။ ဒါကလည်း Hank Pym ပထမဆုံး Ant-Man အဖြစ်စပါတဲ့ Comic Book Issue number 27 နဲ့ Scott Lang စပြီး Ant-Man ဖြစ်တဲ့ issue number 47 ကို ရည်ညွှန်းထားတာ လည်းဖြစ်ပါတယ်။

Evangeline Lilly vs Janet Van Dyne
Hank Pym ရဲ့ သမီး Hope Van Dyne က ကျွန်တော် Review မှာပြောခဲ့သလို ပဲ တစ်ချိန်မှာ The Wasp ဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် Comic Book ထဲမှာတော့ Hope Van Dyne က အဓိက ဇာတ်လမ်းတွေမှာ မပါပဲ၊ Alternate Story-line မှာ ပါတာဖြစ်ပြီး Villain တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ ဗီလိန်နာမည်က Red Queen ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲမှာတော့ သူကမ The Wasp ဖြစ်လာမှာဖြစ်ပြီး သူမရဲ့ ဆံပင်ပုံစံက Comic book ထဲက The Wasp ဖြစ်တဲ့ သူမရဲ့ အမေ Janet Van Dyne ရဲ့ ဆံပင်ပုံစံနဲ့ တစ်ထေရာတည်းတူနေတာလည်း တွေ့ရပါတယ်။

ဒီကားထဲမှာ Avengers ကို မကြာခဏ ရည်ညွှန်းထားပြီး၊ တစ်ခန်းမှာ Hank က Scott ကို Ant-Man အဖြစ်နဲ့ Darren Cross ရဲ့ Yellowjacket Project ကို ဖျက်ဆီးဖို့ပြောတဲ့အခန်းမှာ Scott က "I think our first move, should be calling The Avengers" လို့ပြောခဲ့ပါတယ်။ ဒါကလည်း Ant-Man က Avengers ရှိနေ တဲ့ ကမ္ဘာထဲမှာပဲ ဖြစ်ပျက်နေတယ်ဆိုတာ သာမန်ပရိတ်သတ်တွေသိအောင် ပြတာဖြစ်သလို၊ inside joke အနေနဲ့ထည့်ထားတာလည်းဖြစ်ပါတယ်။ ဒါတွေအပြင် ဒီစကားပြောအပြီးမှာ Hank Pym က သူ Avengers ကို မယုံကြောင်း၊ တစ်ချိန်က Howard Stark က သူရဲ့ Pym Particle formula ကို တုပဖို့လုပ်ခဲ့ဖူးလို့ သူ့ရဲ့သားဖြစ်သူ Tony Stark ကိုလည်း မယုံကြောင်း သူရဲ့ နည်းပညာက Iron-Man Suit လိုမဟုတ်ကြောင်းလည်းပြောခဲ့တာကြည့်ရင် Captain America: Civil war မှာ Ant-Man က Captain America ဘက်က ပါလောက်တယ်လို့ ယူဆရပါတယ်။ ဒီအကြောင်းအရာ နောက်ထပ် reference တစ်ခုမှာ ထပ်ပါဦးမှာပါ။ ဒါ့အပြင် ဒီအခန်းမှာပဲ Hank Pym က "Besides, they are probably too busy dropping cities from the sky" လို့ပြောခဲ့ပြီး ဒါကလည်း Avengers: Age of Ultron ကို တိုက်ရိုက် ရည်ညွှန်းထားတာဖြစ်ပါတယ်။

Ant-Man vs Falcon
နောက်ထပ် Avengers reference တစ်ခုကတော့ တစ်ခန်းမှာ Scott Lang က Ant-Man အဖြစ်နဲ့ Stark industry ရဲ့ ဂိုထောင်အဟောင်းတစ်ခုကနေ ပစ္စည်းတစ်ခုသွားယူရပါမယ်။ ဒါပေမယ့် ဒီနေရာရောက်တဲ့အခါမှာ Age of Ultron နောက်ဆုံး အခန်းက  New Avengers ရဲ့ Headquarter ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ ဒါ့အပြင် ဒီအခန်းမှာ Age of Ultron နဲ့ Winter Soldier ထဲက Sam Wilson (Falcon) နဲ့ ရင်ဆိုင် ခဲ့ရပြီး Ant-Man က အနိုင်ယူခဲ့ပါတယ်။

Ant-Man (End Credit Scene)
အထက်ကပြောခဲ့တဲ့ Civil War မှာ Ant-Man က Captain America ဘက်က ပါနိုင်တယ်ဆိုတဲ့အချက်က Post Credit Scene မှာ ပြန်ပြီးပါလာပါတယ်။ ဒီကားမှာ End-Credit scene နှစ်ခုပါပြီး တစ်ခုက Ant-Man ဇာတ်ကားနဲ့သက်ဆိုင်သလို နောက်တစ်ခုက Civil War နဲ့ဆိုင်တယ်လို့ပြောခဲ့ဖူးပါတယ်။ ဒီတစ်ခုက Civil War နဲ့ဆိုင်တဲ့ Easter Egg ဖြစ်ပြီး နောက်ဆုံးတက နောက်ဆုံးမှာ ထပ်ပါတာဖြစ်ပါတယ်။ ဒီအခန်းမှာ Captain America နဲ့ Falcon က Bucky Barnes (Winter Soldier) ကို ရှာတွေ့သွားပြီး Falcon က Tony Stark ကိုခေါ်ဖို့ပြောပေမယ့် Captain America က Tony Stark မသိစေနဲ့လို့လည်း ပြောခဲ့ပါတယ်။ ဒီမှာ Falcon က "I know a guy" လို့ပြန်ပြောခဲ့ပြီး ဒါက Ant-Man ကို ရည်ညွှန်းတာလည်းဖြစ်ပါတယ်။

Ant-Man (Mid Credit Scene)
Mid-Credit scene မှာတော့ Hank Pym က သူ့သမီး Hope Van Dyne ကို မြေအောက်ခန်းထဲ ခေါ်သွားပြီး The Wasp ရဲ့ ၀တ်စုံကို ပြခဲ့ပါတယ်။ Hank နဲ့ Janet တို့က Janet မပျောက်သွားခင်မှာ ဒီဝတ်စုံကို တီထွင်နေတာဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။ ဒါကိုကြည့်ချင်းအားဖြင့် Hope က တစ်ချိန်မှာ The Wasp အဖြစ်နဲ့ ပြန်ပါလာမှာဖြစ်တယ်လို့လည်း ထင်ရပါတယ်။ ဒါ့အပြင် ဇာတ်ကားတစ်ကားလုံး Hank က သူ့သမီး Hope ကို Ant-Man ၀တ်စုံပေးမ၀တ်ခဲ့တာက သူမမိခင်လို Quantum Realm ထဲရောက်သွားပြီး ပြန်မလာနိုင်တော့မှာ စိုးရိမ်လို့ဖြစ်ပေမယ့် ဇာတ်လမ်းအဆုံးပိုင်းမှာ Scott Lang က ဒီ Quantum Realm ထဲရောက်သွားပြီး ပြန်ထွက်လာနိုင်ခဲ့ပါတယ်။

ဒါကလည်း နောက်ထပ် Ant-Man ဇာတ်ကားတွေမှာ Janet ကိုပြန်တွေ့ရနိုင်တယ်လို့ ယူဆလို့ရသလို Hank Pym က သူ့မိန်းမကို ပြန်ကယ်ဖို့ကြိုးစားတော့မှာဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ Ant-Man Director က Hank Pym ရဲ့ Ant-Man နဲ့ Janet ရဲ့ The Wasp ဇာတ်ကားကို ရိုက်ချင်တယ်လို့ပြောခဲ့ပြီး လက်ရှိမှာတော့ Marvel က ရိုက်ကူးဖို့ အစီအစဉ်မရှိသေးဘူးလို့တော့ ပြောခဲ့ပါတယ်။

Avenger A.I.
နောက်တစ်ခုကတော့ Marvel book legend တစ်ဦးဖြစ်ပြီး Marvel ရဲ့ အဓိကဇာတ်ကောင်တော်တော် များများကို ဖန်တီး မွေးဖွားပေးခဲ့သူဖြစ်တဲ့ Stan Lee ရဲ့ Cameo ဖြစ်ပါတယ်။ နောက်ဆုံးအခန်းမှာ Bartender တစ်ဦးအနေနဲ့ ခဏပါဝင်ထားတာဖြစ်ပြီး၊ အဲ့ဒီအခန်းမှာပဲ Asian-American သရုပ်ဆောင် တစ်ဦးဖြစ်သူ Anna Akana ကိုလည်းတွေ့ရပြီး သူမရဲ့ ဇာတ်ကောင်နာမည် မပါပေမယ့် အားလုံးကတော့ ကာတွန်းထဲက Monica Chang ဖြစ်လောက်တယ်လို့ ယူဆနေကြပါတယ်။ Monica Chang က SHIELD Agent တစ်ဦးဖြစ်ပြီး Comic ထဲမှာ Hank Pym နဲ့ အတူတွဲအလုပ်လုပ်ပြီး Avenger AI ဆိုတဲ့ အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။

Monica Chang (Earth 616)
နောက်ဆုံးတစ်ခုကတော့ အထက်က အခန်းမှာပဲ ပါတာဖြစ်ပြီး ဒီအခန်းမှာ Anna Akana ရဲ့ ဇာတ်ကောင်နဲ့ Falcon တို့စကားပြောတဲ့အခန်းဖြစ်ပါတယ်။ Anna Akana ရဲ့ ဇာတ်ကောင်ကို သတင်းထောက်အနေနဲ့ ပဲ မိတ်ဆက်ထားပေမယ့် သူမကို Monica Chang ဖြစ်မယ်လို့လည်း ယူဆနေကြပါတယ်။ ဒီအခန်းမှာ Falcon က Ant-Man ကိုလိုက်ရှာနေတာဖြစ်ပြီး အဲ့အခန်းမှာ Anna Akana ရဲ့ဇာတ်ကောင်က "Well, we've got everything out there. We've got a guy who jumps, we've gotta guy who swings, we've gotta a guy who crawls up the wall, you gotta be more specific" လို့ပြောတဲ့အခန်းက ပရိတ်သတ်ကြီးစောင့်မျှော်နေတဲ့ Spider-Man ကို တိုက်ရိုက်ရည်ညွှန်းပြောဆိုထားတာဖြစ်ပြီး၊ ဒီအခန်းအရ Ant-Man ပေါ်လာချိန်မှာ Spider-Man က ဒီကမ္ဘာထဲမှာရှိနေပြီဖြစ်သလို၊ လူသိလည်းများနေပြီလို့ ပြထားပါတယ်။ ဒီအချိန်မှာ Falcon က "I'm looking for a guy who shrinks" လို့ပြန်ပြောလိုက်တဲ့အတွက် Ant-Man က Civil War မှာပါဖို့သေချာနေပြီး၊ Captain America ဘက်က ပါဖို့များသွားပြီလို့ယူဆရပါတယ်။
Yellowjacket in Marvel Comic Book

ဒါ့အပြင် ဒီကားထဲ Yellowjacket ရဲ့ Design က Comic Book ထဲကနဲ့မတူပဲ Spider-Man ကို Civil War မှာ Iron-Man ပေးခဲ့တဲ့ Iron-Spider ၀တ်စုံနဲ့တူနေပါတယ်။
Yellowjacket (Movie) vs Iron Spider
ဒါတွေကတော့ သိထားသင့်တဲ့ Reference တွေဖြစ်ပြီး Marvel Cinematic Universe နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အဓိကထားတင်ဆက်ပေးထားပါတယ်။ အခြား Reference တွေဒီထက်မကပါသေးပေမယ့် ဒါတွေက လူတွေပိုသိကြတဲ့အကြောင်းတွေဖြစ်လို့ ဦးစားပေးတင်ဆက်လိုက်ရတာဖြစ်ပါတယ်။

Sololay

Comments

Post a Comment

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2