Dragon Blade (2015) - Movie Review

Dragon Blade (2015) - Movie Review





#ရုပ်ရှင်မိတ်ဆက်




ဒီကားကတော့ Jackie Chan ရဲ့ Action/Adventure ဇာတ်ကားဖြစ်ပြီး၊ Jackie Chan နဲ့ အတူ John Cusack (2012, 1408) နဲ့ Adrien Brody ( The Pianist, King Kong) မင်းသားနှစ်ဦးတို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်ကားမှာ Jackie Chan က Silk Road Protection Squad လို့ခေါ်တဲ့ Silk Route/Silk Road ရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ Silk Route ဆိုတာ ရှေးရှေးတုန်းက အာရှတိုက် အရှေ့ဘက်ကနေ အိန္ဒိယ၊ ပါရှား နဲ့ ဥရောပတိုက် မြေထဲပင်လယ်ထဲ အထိ ကုန်ကူးသန်းသွားလာတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းမှာ Jackie Chan တို့က အဲ့ဒီလမ်းကြောင်းပေါ်မှာ ဟန်လူမျိုးတွေနဲ့ အိန္ဒိယလူမျိုးတွေ တိုက်ပွဲမဖြစ်အောင် ဟန့်တားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့အဖွဲ့ထဲက တစ်ယောက်က အကျင့်ပျက်ချစားတဲ့အတွက်ကြောင့် သူတို့တစ်ဖွဲ့လုံးကို ရာထူးချပြီး အပြစ်ဒဏ်ပေးတဲ့အနေနဲ့ Goose Gate ခံတပ်တံတိုင်းပျက်ကို ပြန်တည်ဆောက်ရေးအတွက် ၀ိုင်းကူဖို့စေလွှတ်ခံရခဲ့ပါတယ်။ သူတို့ရောက်ပြီး မကြာမီမှာပဲ Roman တပ်ဖွဲ့တစ်ခုရဲ့ ၀ိုင်းရံတာကိုခံရပြီး၊ Huo An (Jackie Chan) နဲ့ Lucius (John Cusack) တို့ နှစ်ယောက် Dual ချနေကြတုန်းမှာ သဲမုန်တိုင်းဝင်လာလို့ Jackie Chan က John Cusack ကို လက်နှက်ချဖို့ ပြောပြီး လက်နှက်ချရင် ခံတပ်ထဲမှာ ခိုလှုံခွင့်ပေးမယ်လို့ဆိုပါတယ်။

ဒီနေရာမှာ နောက်ပိုင်းမှာမှ John Cusack က ကလေးလေးတစ်ယောက်နဲ့ ထွက်ပြေးလာတာဖြစ်ပြီး ကလေးလေးရဲ့ အကိုဖြစ်သူ Tiberius (Adrien Brody) က Roman ကောင်စစ်ဝန် ဖြစ်ပြီး သူ့အဖေသူ ပြန်သတ်ပြီး သူ့ညီသူလည်း သတ်ဖို့ လုပ်နေတာကြောင့် Lucius က ကောင်လေးကို ခေါ်ပြီးထွက်ပြေးလာတာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အရမ်းကြီးမကောင်းလှပေမယ့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ မင်းသားသုံးယောက်လုံးက တကယ်အရည်အချင်းရှိတဲ့ သူတွေဖြစ်ပေမယ့် ထူးထူးခြားခြား သရုပ်ဆောင်မကောင်းလှပါဘူး။ အထူးသဖြင့် Adrien Brody ဆိုရင် Oscar ဆုရမင်းသားဖြစ်ပေမယ့် ဒီကားမှာ သရုပ်ဆောင် က သာမန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီကားထဲက Fight Scene တွေကတော့ သေချာ (choreography) ဇာတ်တိုက်ထားတာဖြစ်ပြီး ကြည့်လို့ကောင်းပါတယ်။ Jackie Chan vs John Cusack နဲ့ Jackie Chan vs Adrien Brody တစ်ခန်းစီပါပြီး ကြည့်လို့ကောင်းပါတယ်။ ကွန်ဖူးကား မဟုတ်ပေမယ့် Jackie Chan ပရိတ်သတ်တွေကြိုက်ကြမှာဖြစ်ပါတယ်။

အပျင်းပြေကြည့်လို့ကောင်းပြီး သွေးထွက်သံယိုတွေပါလို့ Rated R ဖြစ်လို့ ကလေးတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်း အစတစ်ခန်း မှာ သရုပ်ဆောင်တစ်ဦးကို အနောက်ဖက်ကနေ ၀တ်စလစ်တွေ့ရပေမယ့် ခဏပဲဖြစ်ပါတယ်။ Jackie Chan ရဲ့ထုံးစံအတိုင်း ဟာသဆန်ဆန်လေးတွေပါပေမယ့် ဇာတ်လမ်းက အက်ရှင် ဒရမ်မာကား သဘောဖြစ်ပါတယ်။ မိသားစု တူတူကြည့်နိုင်ပါတယ်။

#Sololay


Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review