Mission Impossible: Rogue Nation - Cool Stunts (Spoiler!!!!)



ရုပ်ရှင်မိတ်ဆက်





ဒီကားအကြောင်းကို Review တင်ပေးထားပြီးဖြစ်ပေမယ့် သူနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ လေးတွေ တင်ပြချင်လို့ တင်ဆက်လိုက်တာဖြစ်ပါတယ်။ Mission Impossible ဇာတ်ကားတိုင်းမှာ Tom Cruise က သူ့ရဲ့ Stunt တွေကို ကိုယ်တိုင် လုပ်တာဖြစ်ပါတယ်။ ဥပမာ Ghost Protocol ထဲက Dubai က ကမ္ဘာအမြင့်ဆုံး တိုက်ကြီးကို တွယ်တက်တဲ့အခန်းကို ကိုယ်တိုင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခု ပဉ္စမမြောက်ကားထဲမှာလည်း အသက် ၅၅ နှစ်ရှိပြီ ဖြစ်တဲ့ Tom Cruise က ဇာတ်ကားထဲက စွန့်စားခန်း (Stunt) တွေကို ကိုယ်တိုင် လုပ်နေတုန်းပဲဖြစ်ပါတယ်။ ဒီကားက ဇာတ်လမ်း သိပ်မထူးခြားပေမယ့် သူ့ရဲ့ စွန့်စားခန်းတွေ အက်ရှင်ခန်းတွေက အရမ်းကောင်းပါတယ်။

ဒီနေရာမှာ ပရိတ်သတ်တော်တော်များများ မသိကြတာက ဒီကားထဲက Stunt အားလုံးလိုလိုက အပြင်မှာ တကယ်ပြုလုပ်ထားတာဖြစ်ပြီး Ethan Hunt ရဲ့ စွန့်စားခန်း အကုန်လုံးကို Tom Cruise ကိုယ်တိုင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ No Speical Effect, No CGI ဖြစ်ပြီး စွန့်စားခန်းတွေမှာသုံးတဲ့ ကြိုးတွေကို ဖျောက် ထားတာကလွဲရင် Computer Effect မသုံးထားပါဘူး။ ဇာတ်ကားကြည့်ဖူးပြီးသား လူတွေအနေနဲ့ မဖြစ်နိုင်ဖူးလို့ ထင်စရာရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ဇာတ်လမ်းထဲမှာ အရမ်း အန္တရာယ်များတဲ့ အခန်း သုံးခန်းပါလို့ဖြစ်ပါတယ်။


ပထမဆုံး အနေနဲ့ ဇာတ်လမ်းစစချင်းမှာ ရော ပိုစတာမှာရော ပါတဲ့ Tom Cruise လေယာဉ်ပျံဘေးမှာ တွဲလောင်းခိုလိုက်နေတဲ့ အခန်း ကိုပြချင်ပါတယ်။ အဲ့ဒီအခန်းက Tom Cruise တကယ် လေယာဉ်ဘေးမှာ ခိုနေတာဖြစ်ပြီး တကယ့်လေယာဉ်ပျံ အစစ်ဖြစ်ပါတယ်။ လေယာဉ်ပျံ ရပ်နေတုန်းမှာ ခိုနေတာကိုပြောတာ မဟုတ်ပါဘူး။ လေယာဉ်ကလည်း တကယ်ပျံတက် နေတာဖြစ်သလို အပြင်မှာလည်း Tom က လေထဲမှာ ပျံနေတဲ့ လေယာဉ် နဲ့တွဲပြီး လိုက်ပါသွားခဲ့ပါတယ်။



နောက်ထပ်တစ်ခန်းကတော့ ဇာတ်လမ်း အလယ်မှာ Tom Cruise တစ်ယောက် ရေအောက်ထဲမှာ Stunt လုပ်ရမှာဖြစ်ပါတယ်။ ဒီအခန်းက လေယာဉ်ပျံပေါ်ပါသွားတဲ့အခန်းထက် ပိုကြောက်ဖို့ကောင်းသလို သူခုံဆင်း သွားရတဲ့ ရေကန် (Cooling System အဖြစ်လုပ်ထားတဲ့) ကြီးကလည်း ရုံမှာကြည့်တဲ့အခါ တော်တော် ကြည့်လို့ကောင်းပြီး ကြောက်ဖို့လည်းကောင်းပါတယ်။ ဒီအခန်းမှာ Computer Effect နဲ့ စက်တွေကို ထည့်ထားတာ တစ်ချို့ရှိပေမယ့် Tom Cruise က တကယ်ရေအောက်ထဲမှာ ရေငုပ်နေတာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ Tom Cruise ရဲ့ အမှတ်အသားဖြစ်တဲ့ Motorcycle Chase Scene ဖြစ်ပြီး  ဒီအခန်းမှာ အပိုင်းနှစ်ပိုင်းပါပါတယ်။ တစ်ပိုင်းက Tom Cruise က ကားမောင်းပြီး လိုက်တဲ့အခန်း နဲ့ ကားမှောက်သွားပြီးနောက် Motorcycle ပြောင်းစီးပြီး လိုက်တဲ့အခန်းဖြစ်ပါတယ်။ နှစ်ခန်းလုံးက စိတ်ဝင်စား ဖို့ကောင်းပြီး မော်တော်ဆိုင်ကယ် မောင်းတဲ့ အခန်းက တကယ့်ရင်သပ်ရှုမောဖွယ် ဖြစ်အောင် ရိုက်ကူးထားနိုင်တာ တွေ့ရပါတယ်။

BMW ကားနဲ့ လှေကားတွေပေါ် မောင်းဆင်းတဲ့အခန်းကလည်း Morocco နိုင်ငံ Casablanca မြို့မှာ တကယ် ရိုက်ကူးထားတာဖြစ်ပြီး BMW လည်း တကယ်ပျက်ဆီးသွားတာဖြစ်ပါတယ်။



ဒီသုံးခန်းက ကျွန်တော့်စိတ်ကြိုက် ဖြစ်ပြီး အခြား Fight Scene တွေ စွန့်စားခန်းတွေ အကုန်လုံးကိုလည်း Tom Cruise ကိုယ်တိုင် သရုပ်ဆောင်တာဖြစ်သလို Practical Effect တွေ ဖြစ်တာကြောင့် ဒီကားကြည့်ရ တာ ပိုပြီး ကြည့်လို့ကောင်းပြီး ပရိတ်သတ်တွေ ကိုဆွဲဆောင်ထားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော် အကြိုက်ဆုံး Stunt ကတော့ ရေအောက် မှာ ရိုက်ထားတဲ့အခန်းဖြစ်ပြီး တကယ် ရင်သပ်ရှုမောဖွယ်ကြည့်လို့ကောင်းပါတယ်။

Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review