The Gambler

The Gambler - (2014)
:) :) :) :) :) :) -_- -_- -_- -_-

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ Mark Wahlberg ရဲ့ ဇာတ်ကားဖြစ်ပြီး၊ နာမည်အတိုင်းပဲ လောင်းကစားဇာတ်လမ်းဖြစ်ပြီး၊ အဓိက ဇာတ်ကောင် Jim Bennett က တက္ကသိုလ်က အင်္ဂလိပ်စာ ဆရာဖြစ်ပြီး၊ Best Selling Author တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ညပိုင်းမှာတော့ တရားမ၀င်လောင်းကစား ၀ိုင်းတွေမှာ အချိန်ဖြုန်းသူဖြစ်ပါတယ်။ ထွေလာမှာ ပြတုန်းက သူ့မှာ အကြွေးတွေဝိုင်းနေပြီး ဒီဘ၀က လွတ်အောင် လုပ်ဖို့ ကြိုးစားတယ်လို့ သာမန်ထင်ရအောင် လုပ်ထားပေမယ့် တကယ်တန်းမှာတော့ ဇာတ်လမ်းလေးက ထူးခြားပါတယ်။

Jim က တစ်ယောက်တည်းသမားဖြစ်ပြီး၊ အမေတစ်ယောက်ပဲကျန်ပါတော့တယ်။ ဇာတ်လမ်းအစမှ အဖိုးက ဆုံးသွားပြီး၊ မိန်းမလည်းမယူ၊ ရည်းစားလည်းမရှိပါဘူး။ ဒါ့အပြင် သူလောင်းကစားလုပ်တဲ့ပုံစံကိုက နိုင်ချင်လို့လုပ်တာမဟုတ်ပဲ တမင်သက်သက်မရှုံးရှုံးအောင် လုပ်နေသလိုပါပဲ။ လောင်းကစား လောကမှာ ငွေကြောင့် ကစားတဲ့သူတွေရှိသလို၊ စိတ်လှုပ်ရှားမှုကို လိုချင်လို့ သက်သက်ကစားတဲ့သူ ဆိုပြီး နှစ်မျိုးရှိပြီး၊ Jim က ဒုတိယလူမျိုးဖြစ်ပါတယ်။

Jim ကိုလာပြီး အကြွေးတောင်းတဲ့သူတွေက သူ့ကို ဘယ်လောက်နှိပ်စက် နှိပ်စက် သူက တော့မမှုပါဘူး။ သူ့ပုံစံက ငါ့မှာပေးစရာမရှိဘူး၊ မကြေနပ်ရင် သတ်သွားဆိုပြီးပြောနေတော့ ချစ်တီးတွေက အစ Gangastar တွေအဆုံး ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။

ဒါပေမယ့် သူ့အတန်းထဲက Basketball ကစားသမား တပည့်ရယ်၊ Amy Phillips ဆိုတဲ့ တပည့်မလေးရယ်ကြောင့် အပြောင်းအလဲဖြစ်လာပါတော့တယ်။

ဇာတ်ကားထဲမှာ သရုပ်ဆောင်အားလုံး သရုပ်ဆောင်ကောင်းကြပါတယ်။ ဇာတ်လမ်းကလည်း အပြင်းပြေ ကြည့်လို့ကောင်းပြီး၊ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီကားက လောင်းကစားအကြောင်း၊ လောင်းကစားသများ အကြောင်းထက်၊ Jim Bennett ဆိုတဲ့ ဇာတ်ကောင်စာရိုက်ကို အဓိက ထဲထဲဝင်ဝင် သရုပ်ဖော်ထားတဲ့ ဇာတ်ကားလို့တောင် ပြောလို့ရပါတယ်။ Adult Theme ဖြစ်လို့ ဆဲဆိုခန်းတွေပါသလို၊ Club scene တစ်ခန်းနဲ့ Brief Sex Scene တစ်ခန်းပါပါတယ်။ မိသားစုတူတူကြည့်လို့ရပေမယ့် Rated R ဖြစ်တာကြောင့် ကလေးတွေ ကြည့်ဖို့တော့မသင့်တော်ပါဘူး။

အပျင်းပြေအိမ်မှာ အခွေငှားကြည့်ဖို့ပဲကောင်းပါတယ်။

#Sololay

https://www.facebook.com/MoviesforMyanmar/photos/a.1599982836888474.1073742043.1415033035383456/1599982853555139/?type=1&theater



Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2