The Man From U.N.C.L.E

The Man From U.N.C.L.E

#ရုပ်ရှင်မိတ်ဆက်



သာမန် အက်ရှင် စပိုင်ဇာတ်ကားတစ်ကားဖြစ်ပြီး ၁၉၆၀ ကျော်ကာလတုန်းက ထွက်ခဲ့တဲ့ တီဗီဇာတ်လမ်း တွဲ The Man from UNCLE ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Guy Ritchie (Sherlock Holmes, Snatch) က သူ့ရဲ့အရင်ကားတွေလိုပဲ ဇာတ်လမ်းထက် Visual Style ကို ဦးစားပေးထားတာ တွေ့ရပါတယ်။ ဒီကားက ၁၉၆၀ ကျော် Cold War အတွင်းက ဇာတ်လမ်းဖြစ်တာနဲ့ အညီ အဲ့ဒီဘက်ခေတ်က အ၀တ်အစားတွေက အစ၊ အဆောက်အအုံတွေ အပြင်အဆင်တွေအထိ တိတိကျကျပြင်ဆင် ထားနိုင်တာတွေ့ရပါတယ်။ ဒါပေမယ့်ဇာတ်လမ်းပိုင်းမှာတော့ အားနည်းပြီး ဇာတ်လမ်းမှာ ဟာကွက်အနည်းငယ်ရှိတာတွေ့ရပါတယ်။

ဇာတ်လမ်းအစမှာ American ဘက်က ဂျာမန် သိပ္ပံပညာရှင် တစ်ယောက်က အစပျောက်သွားပြီး၊ လူဆိုးတွေ ပြန်ပေးဆွဲသွားပြီလို့ ယူဆရပါတယ်။ အဲ့ဒီသိပ္ပံပညာရှင်က American တွေရဲ့ Nuclear Program မှာ ဦးဆောင်လုပ်နေသူဖြစ်တာကြောင့် ဒီလူကို လိုက်ရှာဖို့အတွက် Solo ကို တာဝန်ပေးလိုက်သလို၊ Illya ကိုလည်း ရုရှားက တာဝန်ပေးလိုက်ပါတယ်။ အဲ့ဒီ သိပ္ပံပညာရှင်မှာ သမီးတစ်ယောက်ရှိပြီး East Germany ဘက်မှာနေနေတာဖြစ်လို့ Solo က သူ့သမီးကို အမေရိကန်ဘက်ရောက်အောင် ခေါ်ထုတ်ရမှာဖြစ်သလို Illya ကလည်း တားဆီးရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Solo ရဲ့ နောက်ကြောင်းက Solo က အရင်တုန်းက US စစ်တပ်က စစ်သားဖြစ်ပြီး၊ စစ်ပွဲအပြီးမှာ ဥရောပမှာနေခဲ့ပြီး ဟစ်တစ်လာ လက်ထက်တုန်းက သိမ်းထားတဲ့ အနုပညာလက်ရာ ပန်းချီကားတွေ၊ ပန်းပုစတာတွေကို ခိုးယူရောင်းစားတဲ့ သူခိုးဖြစ်ပါတယ်။ သူက ဘာသာစကားမျိုးစုံတတ်ကျွမ်းသလို၊ ဥရောပမှာလည်း နှံ့စပ်တာကြောင့် CIA က သူ့ကို ထောင်မချပဲ သူတို့အတွက် အလုပ်လုပ်ဖို့ ခိုင်းစေတာဖြစ်ပါတယ်။

ဇာတ်လမ်းမှာ American ဘက်က CIA spy ဖြစ်သူ Napoleon Solo (Henry Cavill) နဲ့ Soviet Spy ဖြစ်သူ Illya Kuryakin (Armie Hammer) တို့ နှစ်ယောက် ပူးပေါင်းပြီး Nazi တွေလက်ထဲ Nuclear ဗုံးမရောက်အောင် တားဆီးရမှာဖြစ်ပါတယ်။ Soviet နဲ့ America တို့က အချင်းချင်းမတည့်ကြပေမယ့် ဒီတစ်နေရာမှာ တော့ တူတူပူးပေါင်းရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက သိပ်ပြီး မရှုပ်ထွေးသလို သိပ်လည်းမထူးခြားပါဘူး။
ကျွန်တော်ပြောခဲ့သလိုပဲ Visual ကောင်းကောင်းနဲ့ ကြည့်ရမှာဖြစ်ပြီး၊ အပျင်းပြေကြည့်လို့တော့ကောင်းပါတယ်။

Cold War အတွင်းမှာ US နဲ့ မဟာမိတ်တွေက Germany ရဲ့ အနောက်ဖက်ခြမ်းကို သိမ်းထားပြီး၊ Russia (အဲ့ဒီအချိန်က Soviet Union) က အရှေ့ပိုင်းကို သိမ်းထားတာဖြစ်ပါတယ်။ ဘာလင်တံတိုင်း ကြီးခြားထားပြီး German Scientist တွေကို သူ့ဖက်ကိုယ့်ဖက်ပါအောင် သိမ်းသွင်းခဲ့ကြတာဖြစ်ပြီး၊ US နဲ့ Soviet တို့က ခေတ်ပြိုင်ဖြစ်လာကြပါတယ်။

ဇာတ်လမ်းက Spy ကားကောင်းတော့မဟုတ်ပေမယ့် စတိုင်ကျကျ လှလှပပ ရိုက်ကူးထားတာ ဖြစ်လို့ ကြည့်လို့တော့ကောင်းပါတယ်။ ရုံမှာသွားကြည့်လို့လည်း ကောင်းပေမယ့် အခွေငှားကြည့်တာပိုတန်ပါတယ်။ မိသားစုတူတူ ကြည့်နိုင်ပေမယ့် Sex scene အချို့နဲ့ Nudity အနည်းငယ်ပါတာတော့သတိပြုရမှာပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review